Wednesday, August 7, 2013

Bird flu ငှက်တုပ်ကွေး

• “လူကနေလူကို ကူးစက်တဲ့ငှက်တုပ်ကွေး တရုပ်ပြည်မှာတွေ့လာ” ဆိုတဲ့သတင်းဟာ ဒီနေ့ ကျန်းမာရေး ခေါင်းစဉ် သတင်း ဖြစ်ပါတယ်။
• Avian influenza လို့လဲခေါ်ပါတယ်။ ဗိုင်းရပ်တမျိုးကနေရောဂါဖြစ်စေတဲ့ တုပ်ကွေးတမျိုးဖြစ်တယ်။ Influenza A virus ဗိုင်းရပ်စ်အုပ်စုဝင် ဖြစ်တယ်။
• မူရင်းရောဂါရတာက ငှက်တွေသာဖြစ်တယ်။ နောက်ပိုင်း လူကိုပါရောဂါရလာတယ်။ ငှက်၊ ကြက်တွေနဲ့ နီးစပ်သူတွေမှာ ကူးစက်ခံရဘို့အလားအလာ ရှိတယ်။
• ကူးစက်မှုမဖြစ်စေအာင် အဲဒီနေရာဒေသမှာ Culling infected flocks ငှက်၊ ကြက်တွေကို သတ်ပြစ်ရတယ်။ Vaccinating healthy birds ကြက်ငှက်တွေကို ကာကွယ်ဆေးထိုးပေးရမယ်။
• ၂ဝ၁၁ ခုနှစ်မှာ ရောဂါအပြင်းစားရစေတဲ့ H5N1 ဖြစ်ခဲ့တယ်။ ၂ဝ၁၃ ထဲ တရုပ်ပြည်မှာ H7N9 အမျိုးအစားသစ် ပေါ်လာတယ်။
• ဗိုင်းရပ်စ်တွေက ပိုးရှိနေတဲ့အကောင်တွေရဲ့ သွားရည်နဲ့ အညစ်အကြေးတွေထဲမှာ ပါနေတယ်။
• ၁၉၉၇ မှာ ပဌမဆုံးလူကိုကူးတာ သိရပြီး၊ မှတ်တမ်းအရ လူပေါင်း ၆၂၂ ယောက်ရှိသွားပြီ။ သေဆုံးသူပေါင်း ၃၇၁ ယောက်ရှိနေပြီ။
• ကူးစက်ခံရရင် ပိုးဝင်ခံရပြီးနောက် ၂ ရက်ကနေ ၈ ရက်အကြာမှာ ရောဂါလက္ခဏာစပေါ်မယ်။
• ဖျားမယ်၊ ချောင်းတိုးမယ်၊ လည်ချောင်းနာမယ်၊ ပျို့ချင်မယ်။ ကြွက်သားတွေနာမယ်။ တချို့မှာ မျက်စိနီရဲမယ်။ ဝမ်းပျက်မယ်။ ဆိုးလာရင် အသက်ရှူခက်လာမယ်။ နူမိုးနီးယားရနိုင်တယ်။ ကံမကောင်းရင် သေနိုင်တယ်။
• ရောဂါနာမည်တပ်ဘို့ Immunological tests ဓါတ်ခွဲစမ်းသပ်မှု လုပ်မှသာသိမယ်။
• ဖြစ်လာရင် Antiviral medication ဗိုင်းရပ်စ်ဆေးပေးရတယ်။ ဆိုးတဲ့သူတွေကို အထူးကြပ်မတ်ကုသပေးရမယ်။
• Human-to-human spread လူကနေလူကိုကူးစက်တာ နည်းပေမဲ့ ဖြစ်လာနေတယ်။
• လူမှာဖြစ်လာရင် အလားအလာ မကောင်းလှပါ။ ၆ဝ% သေဆုံးနိုင်တယ်။ တရုပ်ပြည်မှာ H7N9 ကြောင့် ၁၃၂ ယောက်ရောဂါဖြစ်ပြီး ၃၇ ယောက် သေဆုံးပြီးဖြစ်တယ်။
• Oseltamivir (Tamiflu) ဆေးကိုသုံးတယ်။

ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၃

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...