Friday, August 2, 2013

Health Questions အဝေးရောက်မြန်မာတွေအတွက် အမေး-အဖြေ

အမေး ကျမ အိမ်ထောင်သက် ၂ နှစ်ကျော်ရှိပါပြီ။ ပထမ ၁ နှစ်ကျော်က တားဆေးကဒ်စားပါတယ်ရှင့်။ အခုကလေးလိုချင်လို့ ဆေးဖြတ်ထားတာ ၁ဝ လရှိပါပြီ။ မရသေးပါရှင့်။ အသက်က ၃ဝ နှစ်ပြည့်ပါပြီ။ အမျိုးသားက ၃၆ နှစ်ပါ။ ကျမရဲ့ သားအိမ်ထဲမှာလဲ အလုံးရှိနေပါတယ်။ မနှစ်ကတည်းက သိနေခဲ့ပါတယ်ဆရာ။ မြန်မာပြည်ပြန်တော့ အိုဂျီနဲ့ပြတော့ ဆရာဝန်က ကလေးယူခိုင်းပြီ Folic Acid သောက်ခိုင်းပါတယ်ဆရာ။ အလုံးရဲ့အရွယ်က 5.4 x 5.8 x 3.2 cm လို့ ရေးထားပါတယ်။ အလုံးက သားအိမ်အသားထဲမှာရှိနေလို့ ကလေး၂ ယောက်လောက်မွေးပြီးမှ ခွဲစိတ်ဖို့လဲ အကြံပေးပါတယ်။ ဒါပေမယ့် အခုထိ ကလေးမရသေးတော့ ကျမတို့စိတ်ပူလို့ပါဆရာ။ သားအိမ်ထဲကအလုံးကိုလဲ ကြာကြာထားရင် ကင်ဆာ ဖြစ်မှာ စိုးပါတယ်။ အခုခွဲစိတ်ရင်လဲ သားအိမ်ပါ ထုတ်ပြစ်လိုက်ရတာမျိုး ဖြစ်မှာစိုးပါတယ်။ အလုံးရှိနေရင် ကလေး ရနိုင်ပါ့မလားလဲ သိချင်ပါတယ်ဆရာ။
၁။ အလုံးကိုခွဲစိတ်ရင် သားအိမ်ပါထုတ်ပစ်ရနိုင်ပါသလား။
၂။ ဆက်ထားရင် ကင်ဆာ ပြောင်းသွားနိုင်ပါသလားဆရာ။ (မနှစ်ကတော့ ကင်ဆာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီနှစ်တော့ မစစ်ရသေးပါ)
၃။ ကလေးမြန်မြန်ရအောင် ဘားဆေးတွေစားရင်ကောင်းမလဲဆရာ။
အခု Folic Acid တစ်နေ့တစ်လုံး သောက်နေတာ ၁ဝ လလောက်ရှိပါပြီဆရာ။ နှစ်ဘက်သူငယ်ချင်းတွေ အားလုံးက ကလေးလေးတွေနဲ့ ဆိုတော့ ကျမတို့ ကလေးမရတော့ရင်ဆိုပြီး စိတ်ပူမိတယ်။
မ့
ခေတ္တ (့)

အဖြေ
ရေးပြတာကိုဖတ်ယုံနဲ့ မှန်းကြည့်တာ Fibroid/Myoma ဖြစ်ပါမယ်။ ကင်ဆာ မဖြစ်စေပါ။ ကြီးတော့လာမယ်။ အကြီးမြန်တာ နှေးတာ မတူကြပါ။ သားအိမ်အတွင်းဆုံးလွှာ (ကြွက်သား) ထဲမှာဖြစ်ရင် ခွဲရတာ ပိုလွယ်တယ်။ သားအိမ်တခုလုံး မထုတ်ရလောက်ပါ။ မစိုးရိမ်ပါနဲ့။ စိတ်အားတော့ မငယ်ပါနဲ့၊ ဖေါလစ်အက်စစ်က ရှိနေပြီးကိုယ်ဝန် (ကလေး) အတွက်သာ ပိုကောင်းစေပါတယ်။ OG ကိုဆက်တိုင်ပင်ပါ။ လိုသေးရင် မေးပါ။

အမေး
့ ရဲ့ ဆေးစစ်တဲ့စားရိတ်ကိုကြောက်လို့ ဒီမှာလဲ မပြဖြစ်ပါဘူးဆရာ။ လောလောဆယ် မြန်မာပြည်ကိုလဲ မပြန်သေးတော့ OG နဲ့တိုင်ပင်ဖို့ ကျမအတွက် အခက်အခဲဖြစ်နေတာပါ။ ကလေးရရန်အတွက် (မြန်မာပြည်ပြန်ပြီး မခွဲစိတ်ခင်) အခြား သူများ သောက်သုံးနေသော vitamin E ပါဝင်သော သားအိမ်အားဆေး (သို့) vitamin E ကို အခုလောလောဆယ် သောက်ရင် သားအိမ်အလုံးကို side effect ဖြစ်စေနိုင်ပါသလား။သင့်တော်မယ့် ဆေးအမျိုးအစားကို ညွှန်ကြားပေးပါဆရာ။

အဖြေ
Vitamin E က ကိုယ်ဝန်နဲ့ပတ်သက်တာမှာ ကိုယ်ဝန်ရင့်လာတာအတွက်သာ အသုံးကျပါတယ်။ မေးတာဖတ်ပြီး စာတပုဒ်ရေးဘို့ စိတ်ကူးရလာလို့ ကျေးဇူးတင်ပါတယ်။ ဆေးကိုသိပ်အားမကိုးနဲ့လို့ပြောရင် စိတ်မပျက်ပါနဲ့။

ဆေးကုသစရိတ်ကြီးတာ မှန်ပါတယ်။ ဆရာလဲ စိတ်မကောင်းပါ။ မြန်မာပြည်မှာလဲ တိုးတက်နေပါပြီ။ ဆေးကုသစရိတ် ကြီးတာလဲ အပါအဝင်ပေါ့။ ဆောရီး။

ဆရာတို့ရှိတုံးကတော့ အစိုးရဆေးရုံတွေဘဲရှိတယ်။ အခမဲ့ချည်းပေါ့။ ဆရာခွဲပေးဘူးတာ အရေအတွက်တောင် မှန်းမရတော့ဘူး။ ဆိုချင်တာက ခက်ခဲလှတဲ့ ခွဲစိတ်နည်းမဟုတ်ပါ။ သားသမီးရချင်သူတွေကိုလဲ မထိခိုက်အောင် ခွဲပေးနိုင်တယ်။ အခုဆရာ့ အခမဲ့ဆေးခန်း သေးသေးလေးမှတောင်မှ တယောက်ကို ခက်ခက်ခဲခဲခွဲပေးဘူးသေးတယ်။ ခွဲပေးပြီးနောက်မှရတဲ့ ကိုယ်ဝန်ကိုလဲ ဆရာပဲမွေးပေးလိုက်တယ်။ ဒါကြောင့် စိတ်အားမငယ်ပါနဲ့။

30-10-09 Major Surgical case Leiomyoma (Fibroid Tumor/Myoma) of the Uterus

ခွဲစိတ်ကုသမှုမှတ်တမ်း
482, 30/10/09, Sui Nei Cin, 29 F, Myoma Uterus, Myomectomy, GA, Surgeon Dr. Tint Swe and assistant Daw Thida Myint

သားဖွါးလူနာမှတ်တမ်း
165. Sui Nei Cin, 29 F, W/o Lal Ram Thar, Bodella, G 2, P 1+0. LMP 7-4-10, EDD 14-1-11, DOB 3-1-11 at 04:27 PM, Female baby, Breech & Normal labor

ပြည်ပြေးတယောက် ဟိုရောက် သည်ရောက်

၁။ ၁၉၉၃ ဗုဒ္ဓဂါယာ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ဆံသခဲ့ဖူးတယ်။ ၂။ ဝါရှင်တန်၊ ဒီစီ၊ ကက်ပီတော် ကိုရောက်ခဲ့စဉ်က ကက်ပီတော် တောင်ကုန်းမှာရြှိ...