Saturday, August 10, 2013

Carbon Dioxide Laser Ablation ကာဗွန်ဒိုင်အောက်ဆိုက် လေဆာ

Fri, Aug 9, 2013 at 5:29 AM
ဒေါက်တာ Carbon dioxide laser ablation ကုသနည်းကဘယ်လိုကုလဲသိခြင်ပါတယ်။

Carbon Dioxide Laser Ablation ကာဗွန်ဒိုင်အောက်ဆိုက် လေဆာသုံး ရှင်းလင်းကုသပေးနည်း
ရောဂါအတော်များများအတွက် ဒီနည်းကိုသုံးနိုင်ပါတယ်။ အများအားဖြင့် ကင်ဆာမဟုတ်တဲ့ အျိ့တ်၊ အနာ၊ အရောင်ပြောင်းတာ၊ မွေးရာပါအမှတ်-အနာ စတာတွေကိုကုသဘို့သုံးပါတယ်။ တခြားကုသနည်းတွေဖြစ်တဲ့ curettage ခြစ်ထုတ်ပြစ်နည်း၊ electrosurgery လျှပ်စစ်ခွဲစိတ်နည်း၊ cryotherapy အေးခဲခွဲစိတ်နည်းနဲ့အတူ carbon dioxide laser နည်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

• Viral wart ကြွက်နို့၊
• Sebaceous hyperplasia အရေပြား အဆီများနေခြင်း၊
• Melanocytic nevus မှဲ့အကျိတ်၊
• Seborrhoeic keratosis အရေပြားနာတမျိုး၊
• Epidermal nevus အရေပြားနာတမျိုး၊
• Syringoma အရေပြားနာတမျိုး၊
• Keloid ရုပ်ဆိုးတဲ့အမာရွတ်အသီး စတာတွေအတွက် ဒီနည်းကို သုံးကြတာများတယ်။
• Malignant melanoma ခေးတဲ့ အရေပြားကင်ဆာမှာလဲ သုံးသေးတယ်။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၃

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...