Wednesday, August 7, 2013

Clindamycin gel (ကလင်ဒါမိုင်စင်) လိမ်းဆေး

အမေး
Wed, Aug 7, 2013 at 11:06 AM
Clindamycin gel က ဘာလိမ်းတဲ့ဆေးပါလဲ။

အဖြေ
• Clindamycin gel ကို ဆိုးနေတဲ့ဝက်ခြံအတွက်သုံးပါတယ်။ တခြားနေရာတွေလဲ သုံးပါသေးတယ်။
• Lincomycin antibiotic ပိုးသေဆေးဖြစ်တယ်။ ဗက်တီးရီးယားတွေကို သေစေတယ်။ ဝက်ခြံမှာရှိနေတဲ့ အဆီပိုကိုလဲ နည်းစေမယ်။
• ကိုယ်ဝန်ဆောင်နေချိန်၊ ကလေးနို့တိုက်နေရချိန် မသုံးသင့်ပါ။
• Vecuronium ဆေး၊ Succinylcholine ဆေးနဲ့ Erythromycin ဆေးတွေနဲ့ တွဲမသုံးသင့်ပါ။
• လိမ်းဆေးသက်သက်ဖြစ်တယ်။ ဖြစ်တဲ့နေရာကို သန့်စင်ပြီး ဆေးခပ်ပါးပါးလိမ်းပါ။ နေ့တိုင်း အချိန်တူမှာလိမ်းပါ။
• ၁၂ နှစ်အောက်ကလေး မသုံးသင့်ပါ။
• ဘေးထွက်-ဆိုးကျိုးတွေကတော့ လိမ်းတဲ့နေရာ ခြောက်တာ၊ အဆီများတာ၊ ယားယံတာ။
• ဆေးမတည့်သူဆိုရင် ဆေးမတည့်လက္ခဏာတွေဖြစ်မယ်။ အင်ပြင်ထာမယ်၊ အတင်းယားလာမယ်။ ဆိုရင် အသက်ရှူခက်မယ် စတာတွေဖြစ်မယ်။ ချက်ချင်းဆရာဝန်ပြပါ။

ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၃

Fibroadenoma ဖိုက်ဘရိုအဒီနိုးမား ရင်သားအကျိတ်

(ကန်တော့ပါ) ၁။ ၂၀ အပျို ရာသီမှန်ပါတယ်ရှင့် Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ https://doctortintswe.blogspot.com/2018/...