ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Tuesday, August 6, 2013

Milk types နွားနို့အမျိုးအစားများ

အမေး
Tue, Aug 6, 2013 at 4:06 PM
အသဲအဆီဖုံးသူအတွက် ဖြေပေးတာတွေက အရမ်းကိုပြည့်စုံလှပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်။ နောက်ထပ် သိချင်တာလေး နဲနဲမေးပါရစေ။ ရိုးရိုးနွားမှရတဲ့နွားနို့နဲ့ အဆီထုတ်ပြီးသား နွားနို့ဘူးနဲ့ ဘယ်ဟာ ကောင်းသလဲ။ အဆီထုတ်ပြီးသား နွားနို့အမှုန့်ရော သောက်လို့ရပါသလားဆရာ။

အဖြေ
နွားနို့အမျိုးအစားတွေကို အထဲမှာ အဆီပါဝင်မှုအရခွဲခြားရင် အမျိုးအစား (၅) မျိုးရှိပါတယ်။
1. Standardized milk စံချိန်ကိုက်နွားနို့၊
2. Whole milk ဘယ်လိုမှ ပြုပြင်မထားတဲ့နွားနို့၊
3. Reduced-fat milk (2%) အဆီလျှော့နွားနို့၊
4. Low-fat milk (1%) အဆီနည်းနွားနို့ နဲ့
5. Skimmed milk/non-fat milk အဆီထုတ်ထားတဲ့နွားနို့်တွေဖြစ်တယ်။

၁။ Standardized milk စံချိန်ကိုက်နွားနို့ဆိုတာ ကျွဲနို့နဲ့ အဆီထုတ်ထားတဲ့နွားနို့်ကိုရောထားတယ်။ Fat အဆီ ၅့၆% နဲ့ Solid not fat (SNF) က ၈့၅% ပါတယ်။

၂။ Whole milk ဘယ်လိုမှ ပြုပြင်မထားတဲ့နွားနို့ထဲမှာ Fat အဆီ ၃့၂၅% နဲ့ solids by weight က ၈့၂၅% ပါတယ်။ သူ့ကိုသောက်ရင် လယ်လိုရီ ၅ဝ%ကို အဆီကနေရမယ်။ အဆီပဝင်မှု များတာကြောင့် မွေးစကလေးတွေနဲ့ ၂ နှစ်သားအထိ ကလေးငယ်တွေအတွက် အသင့်တော်ဆုံးဖြစ်တယ်။

၃။ Reduced-fat milk (2%) အဆီလျှော့နွားနို့ထဲမှာ Fat အဆီ ၂% သာပါတယ်။ အလေးချိန်အပေါ် မူတည်ပြီး တွက်ထားတာ ဖြစ်တယ်။ နွားနို့ရဲ့ အလေးချိန်ဟာ ပါနေတဲ့ရေအလေးချိန်ကများတယ်။ ရေက်နည်းအောင်လုပ်လိုက်ရင် အဆီရာနှုးန် များစေမယ်။ ကယ်လိုရီဟာ အဆီကနေ ၃၅% ရစေတယ်။

၎။ Low-fat milk (1%) အဆီနည်းနွားနို့ထဲမှာ အဆီ ၁% သာပါတယ်။ ကယ်လိုရီဟာ အဆီကနေ ၂၃% ရစေတယ်။

၅။ Skimmed milk/non-fat milk အဆီထုတ်ထားတဲ့နွားနို့်ဆိုတာ အဆီကို အတတ်နိုင်ဆုံးထုတ်ယူထားတယ်။ ဒါတောင်မှ ဝ့၅% အထိပါနိုင်သေးတယ်။ နွားနို့တခွက်ထဲမှာ အဆီ ဝ့၅ ဂရမ်ထက်တော့မများဘူး။ အဆီကနေရမဲ့ ကယ်လိုရီ ၅% သာရှိမယ်။ လူကြီးတွေအတွက် အသင့်လျှော်ဆုံးနွးနို့အမျိုးအစားဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၃