Sunday, September 29, 2013

Hernia အူကျ-မကျ သိပါရစေ

Sun, Sep 29, 2013 at 10:08 PM
ကန်တော့နော်ဆရာ ကျွန်တာ့ ညာဖက်အစေ့ဖက်မှာ အူကျတာဖြစ်နေပါတယ်။ ဖြစ်နေတာကတော့ ၅ နစ်လောက်ရှိပါပြီ။ ခွဲစိတ်ဖို့လိုပါသလား။ ခွဲစိတ်သင့်ပါသလား သိချင်ပါတယ်။ အလုပ်ပင်ပန်းရင် တော်တော် ကြီးလားပြီး နည်းနည်းတော့ အောင့်ပါတယ်ဆရာ။

16 Aug 2010, 18:26
ဆရာခင်ဗျား ကိုယ့်ကိုယ်ကို အူကျ-မကျ သိရအောင် မည်သို့ စမ်းသပ် စစ်ဆေးနိုင်ပါသလဲ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

ယောက်ျားတွေမှာ အဲဒီနေရာမယ် ဖြစ်တဲ့ ရောဂါတွေ အဓိက ၄ မျိုး ရှိတယ်။
1. Hernia အူကျတာ၊
2. Hydrocele မုတ္တရောဂါ၊
3. Epididymitis ကျားအစေ့ရောင်တာ နဲ့
4. Varicocele (ဗေရီကိုဆီးလ်) သွေးပြန်ကြောထုံးတာတွေ ဖြစ်ကြတယ်။

ယောက်ျားတိုင်းရဲ့ Scrotum ကပ်ပယ်အိတ် တဖက်စီထဲမယ် Testis ဝှေးစေ့ တလုံးစီ ရှိကြရတယ်။ အစေ့အထက်မှာ အထက်-အောက် တန်းနေတာကို အကြောလို့ အလွယ်ခေါ်တဲ့ထဲမှာ Arteries and Vein သွေးကြောတွေ၊ Nerve အာရုံကြောနဲ့ Vas deferens သုတ်ရည်ပြွန်အားလုံးက ကပ်နေကြပြီး လက်ချောင်းလေး တချောင်း စာလောက်သာ တုတ်တယ်။

ဗိုက်ထဲမှာသာနေရတဲ့ အူက အောက်ဆင်းပြီး ကပ်ပယ်အိတ်ထဲ ကျလာတာကို Hernia (ဟာနီယာ) အူကျတာ ခေါ်ပါတယ်။ မုတ် ဆိုတဲ့ မုတ္က Hydrocele (ဟိုက်ဒရိုဆီး) ကတော့ အစေ့ကို ဖုံးနေတဲ့ အိတ်ထဲက ပုံမှန်ရှိရမဲ့ ခပ်ပါးပါး အရည်တွေ အများကြီး ဖြစ်လာတာကို ခေါ်တယ်။ အူကျတာနဲ့ မုတ်က မနာကြတာမှာ လာတူတယ်။ အသက်အရွယ် မရွေးဖြစ်တာလဲ တူတယ်။ အကြော-အစေ့ ရောင်တယ် ဆိုတာ အတော် နာတယ်။ (စာတပုဒ် ရေးထားပါတယ်။) ဝှေးစေ့ရဲ့ သွေးပြန်ကြောတွေ ဖေါင်းကြွနေတာကို Varicocele (ဗေရီကိုဆီး) ခေါ်တယ်။ မနာဘူး။ (စာတပုဒ် ရေးထားပါတယ်။)

ဒီရောဂါ လေးမျိုးအပြင် ရှားရှားပါးပါးတွေလည်း ရှိသေးတယ်။ Scrotal elephantiasis ဆင်ခြေထောက်ပိုးကြောင့် မုတ်လို ဖြစ်တာ၊ Hydrocele of testis အစေ့က မုတ်လိုဖြစ်တာ၊ Spermatocele သုတ်ပိုးအိတ်ဖြစ်တာ၊ Testicular torsion အကြောထုံးတာ၊ Testicular cancer အစေ့ ကင်ဆာ နဲ့ TB အစေ့ တီဘီတွေ ဖြစ်တယ်။ နောက် ထူးဆန်းတာတခုက Undescended testis မွေးကတည်းက အစေ့က တဖက်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ် ကပ်ပဲ့အိတ်ထဲမှာ မရှိတာ။ အစေ့ တဖက်ထဲသာ စမ်းလို့ရရင် ဒါဖြစ်မယ်။ အောက်အထိမကျဘဲ ပေါင်ခြံမှာဖြစ်ဖြစ် ဗိုက်ထဲဖြစ်ဖြစ် ရှိနေမယ်။ ခွဲစိတ်ပြုပြင်ပေးရတယ်။ (စာတပုဒ် ရေးထားပါတယ်။)

(ဟာနီယာ) အူကျတာက မတ်တပ်ရပ်ရင် ကျလာမယ်။ ချောင်းဆိုး-နှာချေရင်၊ ပြေးရင်၊-ခုန်ရင်၊ အလေးအပင်မရင်၊ ဗိုက်ကို ညှစ်လိုက်ရင် ထွက်လာမယ်။ အိပ်နေရင် သူ့ဖါသာ ဖြစ်ဖြစ်၊ သွင်းပေးလို့ဖြစ်ဖြစ် ပြန်ဝင်သွားမယ်။ ၁ လ၊ ၁ နှစ်ကနေ၊ ၁ဝ နှစ်၊ အနှစ် ၂ဝ အထိ ကြာနိုင်တယ်။ ကြာကြာ ဖြစ်နေသူမှာ ယုတ်တရက် နာလာတာကတော့ အရေးပေါ်။ ပြန်မဝင်နိုင်ဘဲ ကျနေတဲ့ အူက ခေါက်နေလို့။ အူက ရောင်-နာ-ပိတ်တာ ဖြစ်လာတယ်။ Strangulated Hernia နေ့နေ့-ညည အရေးပေါ် ခွဲရလိမ့်မယ်။

ကျလာတဲ့ အူဆိုတာကို အစေ့ရဲ့ အပေါ်မှာ၊ သီးသန့် စမ်းလို့ရတယ်။ မဖြစ်တဲ့ ဘက်နဲ့ ယှဉ်ကြည့်ပါ။ ချောင်းအတု ဆိုးခိုင်းရင် ကျကျလာလို့၊ ဖေါင်းဖေါင်း လာမယ်။ လှဲအိပ်ခိုင်းတာနဲ့ ဝင်သွားမယ်။ ကျလာတဲ့နေရာက ဗိုက်အောက်ပိုင်း၊ ပေါင်ခြံအထက် နေရာက ဖြစ်တယ်။ ပြန်သွင်းပေးရင် ထွက်လာတဲ့ နေရာဆီကို သွင်းပေးရတယ်။ အတိအကျ ပြောရင် ကပ်ပဲ့အိတ် အထက် တည့်တည့်၊ ဆီးစပ်က အရိုးမာမာရဲ့ ဖြစ်တဲ့ဘက် အထက်-ဘေး ၂ လက္မလောက် နေရာပါ။ ကျနေတဲ့အူကို ပြန်သွင်းပြီး၊ မတ်တပ်ရပ် အနေအထားမှာ အဲဒီနေရာမှာ စမ်းတဲ့သူက လက်နဲ့ ဖိ-ပိတ်ထားရင် ချောင်းဆိုးခိုင်းပေမဲ့ အူက ကျမလာဘူး၊ ထွက်ပေါက်ကို ဖိ-ပိတ်ထားလို့ပါ။ ဒါဆို အူကျရောဂါ သေခြာပြီ။

ထွက်လာတဲ့ နေရာဆိုတာ ဘာလဲ။ ဗိုက်ကို ဖုံးကာပေးထားတဲ့ ကြွက်သားလွှာက ၃-၄ ထပ်ရှိတယ်။ (ဒါရိုက်ရှင်) လားရာ အမျိုးမျိုး ရှိတယ်။ အထက်-အောက်၊ တစောင်း။ ကြွက်သားတွေက ပေါင်ခြံထိပ်က အရွတ်ရှည်မှာ လာတွယ်တာတွေက အူကျတာနဲ့ ဆိုင်တယ်။ လာတွယ်ကြတဲ့အခါ ဂဟေဆက်သလို မဟုတ်ဘူး။ အဟလေးတွေ ကျန်နေတယ်။ အဲဒီ နေရာလေးတွေက အပေါက်လို ဖြစ်နေလို့ အားနည်းချက်ဘဲ။ ဗိုက်ကို တင်းအား-ညှစ်အား လုပ်တဲ့အခါ ဗိုက်ထဲ ရှိတာတွေဟာ အပေါက် နေရာတွေကနေ ထွက်ဘို့ ကြိုးစားပါတယ်။ ထွက်လာနိုင်ရင် Hernia ဖြစ်ပြီပေါ့။ ခေါ်တော့သာ အူကျတယ်လို့ အလွယ်ခေါ်တာ၊ ဗိုက်ထဲက အနီးအနာက ထွက်လို့ရတာ ထွက်မှာဘဲ။

ကျလာတယ်ဆိုတာ အူသပ်သပ် ကျတာတော့ မဟုတ်ဘူး။ ကြွက်သားတွေရဲ့ အတွင်းမှာ ဗိုက်တပြင်လုံးကို ဖုံးနေတဲ့ အလွှာပါးပါးလေး ရှိသေးတယ်။ အဲဒီအလွှာက ထွက်မဲ့နေရာကနေ တဖြေးဖြေးချင်း စူစူထွက်လာတာမို့ အိပ်ကလေးဖြစ်ပြီး၊ အိတ်ထဲမှာက အူသိမ်၊ အူမြှေးတွေလဲ ကပ်ပါနေမယ်။ ညာဘက်မှာဖြစ်ရင် အူအတက် ဆိုတာလည်း ပါနိုင်တယ်။

(ဟာနီယာ) ဆိုတာ ယောက်ျားတွေ မှာသာ ဖြစ်တယ် ထင်ကြတယ်။ အမျိုးသမီးတွေလည်း အူကျတာ ဖြစ်တယ်။ နည်းပါတယ်။ ယောက်ျားတွေကို ခွဲပေးဘူးတာ မရေတွက်နိုင်ပေမဲ့ အမျိုးသမီး ၂ ယောက်သာ ခွဲပေးရဘူးတယ်။ သူတို့မှာ ကပ်ပဲ့အိတ် မဟုတ်ဘဲ မ-အင်္ဂါ နှုတ်ခမ်းသားထဲကို ကျလာတယ်။ သိပ်လဲမကြီးလှဘူး။

(၁) အခုထိရေးခဲ့တာက အများဆုံးဖြစ်တဲ့ ပေါင်ခြံမှာဖြစ်တယ်။ Inguinal hernia ခေါ်တယ်။
(၂) ပေါင်ထိပ်မှာဖြစ်ရင် Femoral hernia ခေါ်ပြီး၊ ဒီအမျိုးအစားက အမျိုးသမီးတွေ ပိုဖြစ်တယ်။
(၃) ကလေးငိုရင် ချက်မှာ စူထွက်လာတာကို Umbilical hernia ခေါ်တယ်။ ကလေးကိုတခါတည်း နာမယ်ပေးတယ်။ “ချက်ဖေါင်း” လို့။ ကလေးမှာအဲလိုဖြစ်တိုင်းတော့ မခွဲရပါ။ ကြီးတဲ့အထိရှိနေသေးမှာ ခွဲရတယ်။
(၄) ဗိုက်ခွဲထားတဲ့ ချုပ်ရိုးနေရာကနေ စူထွက်တာကို Incision hernia ခေါ်တယ်။
(၅) ဗိုက်နဲ့ ရင်ခေါင်းကို ပိုင်းခြားထားပေးတဲ့ ကြွက်သားကြီးမှာဖြစ်ရင် Diaphragmatic hernia ခေါ်တယ်။ Acid Reflux အူကျတာ မဟုတ်တဲ့ (ဟာနီယာ) စာတပုဒ်ထဲမှာ ရေးထားပါတယ်။

ဘာလို့ အူကျတာလဲ။ ဗိုက်ဖုံးကြွက်သား ခန္ဓာဗေဒမှာ အားနည်းနေသူ၊ ဗိုက်ကို တင်းအားဖြစ်စေမှာတွေ လုပ်တာ များလို့ကြောင့် ဖြစ်တယ်။ မဖြစ်စေချင်သူတွေ ဒါမျိုး ဆင်ခြင်ရမယ်။ အပြေး-အခုန်၊ အလေးမ၊ အတက်-အဆင်း။ ဒါ့ကြောင့် အားကစားသမား ရောဂါလို့ ထင်ရတယ်။ အမှန်က အဲလိုတော့ မဟုတ်ဘူး။ ခန္ဓာဗေဒက (ပါဖက်) ဆိုရင် မဖြစ်ပါဘူး။

(ဟာနီယာ) သေခြာရင် ခွဲရမှာပါ။ မခွဲဘဲ ယာယီ သက်သာအောင် လုပ်တာမျိုးတော့ ရှိတယ်။ အသက်ကြီးသူတွေ၊ အခွဲ မခံသင့်သေးသူတွေ ဥပမာ ဆီးချို၊ နှလုံးရောဂါရှိနေသူတွေ အတွက်သာ ညွှန်းပါတယ်။ Hernia Belt ခါးပတ်တမျိုး ပတ်ထားရတယ်။ အချိန်ရွေးပြီးခွဲနိုင်ပါတယ်။ တချို့ အသက်အတော်ကြီးမှခွဲတယ်။ သတိထားဘို့တော့ရှိတယ်။ ကြာလေလေ ကြီးလေလေဖြစ်မယ်။ အနေရခက်မယ်။ စိတ်ထဲမှာ ငါ့မှာ ဒီရောဂါရှိနေတယ်လို့ ကသိကအောင့် ခံစားနေရနိုင်တယ်။

ခွဲစိတ်တာက ထမင်းစားရေသောက် ပြောလို့ရပါတယ်။ ဆရာဝန်များ ခွဲတာ-စိတ်တာ လက်တွေ့သင်ရင် (ဖိုင်မိုးဆစ်) ပန်းငုံတာကနေ စကြရတယ်။ ဒိနောက်မှာ (ဟိုက်ဒရိုဆီး) မုတ်ခွဲတာ။ ဒိနောက်မှာ (ဟာနီယာ) ခွဲရတယ်။ အတွေ့အကြုံတော့ လိုတယ်။ တခါတလေ ခွဲရင်းနဲ့ အိတ် ရှာမတွေ့ရင် တောအုပ်ထဲ လမ်းပျောက်သူလဲ ဖြစ်တတ်တယ်။ ခွဲပြီးမှ ပြန်ဖြစ်သူတွေလည်း ရှိတတ်တယ်။ အသက်ကြီးသူတွေ အတွက်တော့ နည်းနည်း ပိုလုပ် ပေးရတာမျိုး ရှိတယ်။ ဖါထေးရတာမျိုး။ ဇရာက ဆရာဝန်တွေကို ပိုဒုက္ခပေးပါတယ်။

ဒီစာကို ၁၇-၈-၂ဝ၁ဝ နေ့က ရေးပြီးတင်တော့ မေးလာတာတခုရှိတယ်။ မခွဲသေးဘဲစောင့်ချင်သူတွေအတွက် ဆက်ဖတ်ပါ။

2011/1/11
ကျွန်တော် အူကျနေတာ ဂ နှစ်လောက်ရှိပါပြီ။ ခုကျွန်တော် တခြားနိုင်ငံသို့ ရောက်နေပါသည်။ အရင်က အူကို တင်လို့ ရသေးတယ်။ အခု အူက မာပြီး တင်လို့မရဘူး ဖြစ်နေပါတယ်။ အရမ်းလည်း အောင့်နေပါတယ်။ ဘယ်လို သက်သာအောင် လုပ်ပေးရမည်ကို ပြောပြပေးပါ။

အခုချက်ချင်း အိပ်ယာမှာ လဲလိုက်ပါ။ အူကျတဲ့ နေရာပေါ်မှာ ရေခဲတင်ပါ။ ရေခဲကို ပလပ်စတစ်အိတ်မှာ ထည့်ပြီး တင်ပါ။ လိုသေးရင် ကုတင် ခြေရင်းပိုင်းကို မြှင့်ထားပါ။ စိတ်ရော ကိုယ်ပါ နားလိုက်ပါ။ အစာအမာ မစားနဲ့အုံး။ သွားရည်စာလဲ ဆာလွန်းမှသာ စားပါ။ ၁-၂ နာရီအတွင်း ပြန်ဝင်ရမယ်။ ကိုယ့်ဖါသာ ပြန်သွင်းကြည့်ပါ။ သွင်းတဲ့အခါမှာ ကပ်ပဲ့အိတ်ကနေ အထက်၊ နောက်၊ ဘေးဘက်ဆီ ဦးတည်ပါ။ ဝင်သွားပါလိမ့်မယ်။ ၂-၃ နာရီမှ မဝင်ရင် ဆရာဝန်ပြပါ။

ဆရာဝန်က ငြိမ်ဆေး၊ အိပ်ဆေး ထိုးပေးမယ်။ သွင်းကြည့်မယ်။ အဲဒါတွေနဲ့ မရရင်တော့ အရေးပေါ်ခွဲရပါမယ်။ နိုင်ငံခြားရောက်နေလဲ ခွဲရပါလိမ့်မယ်။

Dr. တင့်ဆွေ
၃ဝ-၉-၂ဝ၁၃

Alternatives to Penicillin (ပနယ်စလင်) နဲ့ မတည့်သူတွေအတွက်ဆေးများ

ကျွန်တော် အဖေက Penicillin ဆေးမတည့်ပါဘူး။ Penicillin ဆေးနဲ့မတည့်တဲ့သူတွေအတွက် သောက်လို့ရသည့် ဆေးအုပ်စုအမျိုးအစားတွေကို သိချင်ပါတယ်။ အဖေက ဆေးမှားထိုးမိကတည်းက အင်္ဂလိပ်ဆေးတွေ မသောက် ရဲတော့လို့ပါ။ ဗဟုသုတလည်း ရှိထားချင်ပါတယ်။

Penicillin (ပနယ်စလင်) နဲ့ မတည့်သူတွေအတွက် Antibiotics ပဋိဇီဝဆေးများ
1. Cephalosporins
2. Carbapenems
3. Macrolides
4. Vancomycin
5. Bactrim (Trimethoprim + Sulfamethoxazole)

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၃

ARV မျောက်ကိုက်၍ ခွေးရူးကာကွယ်ဆေးထိုးရခြင်း

Sun, Sep 29, 2013 at 1:16 PM
ကျွန်တော်ကို ၂၅၊ ၈၊ ၂ဝ၁၃
ရက်နေ့က ခွေးတစ်ကောင်ကိုက်သွားတယ်။ အိမ်နီးချင်းကလူတွေက အဲ့ဒါခွေးရူးဆိုပြီး ဝိုင်းသတ်လိုက်ကြတယ်။ ဖြစ်ဖြစ်ချင်းနေကိုဘဲ ကျွန်တော် ဆရာဝန်နဲ့ သွားတွေ့တော့ မကိုက်ခင်ထိုးရတဲ့ဆေးကို ထိုးပေးလိုက်တယ်။ ဆရာဝန်က ဒါလဲ safe ဖြစ်တယ်လို့ပြောပြီး ကျွန်တော်က ဆေးကိုဘယ်လိုထိုးရမှာလဲဆိုတော့ ပထမတစ်လုံးထိုးပြီး နောက်တစ်ပတ်ကို နောက်တစ်လုံးထိုးရမှာလိုပြောတယ်။ အဲ့ဒါ ကျွန်တော့စိတ်ထဲမှာ clear မဖြစ်ဘူး။ ကျေးဇူးပြုပြီးဖြေပေးပါ။

ဒေလီမှာ မျောက်တွေ ပေါပါသည်။ ဒေါင်းတွေလည်း နေရာတကာမှာ တွေ့ရသည်။ လင်းတတွေကလည်း များလွန်းလှသည်။ ဆန္ဒပြသူတွေ သူတို့ပြတဲ့ သံရုံးခေါင်မိုးမှာ လင်းတ တအုပ် နားနေတာတွေ့လို့ ကျေနပ်အားရပြီး၊ ဓါတ်ပုံရိုက်ကြ၊ အတိတ်-နိမိတ် ကောက်ကြဘူးပါသည်။ နွားတွေ ကျွဲတွေဆိုတာ တချို့နိုင်ငံက လူတွေထက် အလွတ်လပ်ကြီး လွတ်လပ်ကြပါသည်။

တနေ့က လူနာတဦး မျောက်ကိုက်ခံရလို့ အစိုးရဆေးရုံသွားပြတော့ ခွေးရူးကာကွယ်ဆေး အထိုးခိုင်းတယ်လို့ ပြောပြီး ဆေးခန်းကို အနာလာပြ၊ မေးမြန်း-ဆွေးနွေးပါတယ်။ ဆေးခန်းမှာ အလုပ်ကူ-ပညာယူနေကြတဲ့ (ဗော်လန်တီရာ) ဆရာမများ အံ့သြနေကြသည်။

“ဟုတ်တယ် ခွေးရူးရောဂါဆိုတာ ခွေးသာမက တခြား တိရစ္ဆာန်တွေကနေလည်း ကူးနိုင်တယ်။” တိရစ္ဆာန်တွေဆိုတာ Domestic အိမ်မွေးရော Wild တောနေပါ အကောင်မှန်သမျှကနေ ကူးနိုင်တယ်။ တခါက မူကြိုတန်းတက်နေတဲ့ ကျောင်းသူလေးတယောက် ကျောင်းမှာ domestic animals, wild animals ဆိုတာတွေ သင်ရတယ်။ တနေ့မှာ သူ့ကို ဧည့်သည် ကြိုဘို့ လေဆိပ်သွားတော့ ခေါ်သွားတယ်။ အပြင်ဗဟုသုတလည်း ရအောင်ပေါ့။ “သမီး ဒါက domestic airport လို့ ခေါ်တယ်။ မှတ်ထား။။” ဒီတော့ ကလေးမက “ဒါဆိုရင် wild airport က ဘယ်မှာလည်း” တဲ့။

ခွေးအပြင် လင်းနို့၊ မျောက်၊ ကြောင်၊ မြေခွေး၊ ဝံပုလွေ၊ ရက်ကွန်း-ဝံ၊ နံစော်-ဖျံ၊ ကိုင်အုတ်-ဝံပုလွေ၊ မြွေပါ၊ အသားစား-ဖျံ၊ ဝက်ဝံ စတဲ့ အကောင်တွေကနေလည်း ခွေးရူးရောဂါ ရစေနိုင်တယ်။ လူ့သွားရည်ကလည်း ခွေးရူးကူးနိုင်သေးတယ်။ ကိုက်တဲ့သွားက အသားထဲ နစ်ဝင် မသွားတောင်မှ သွားရည် အဝင်ခံရရင် ကူးနိုင်တယ်။

Rabies ဆိုတဲ့ စကားက (လက်တင်) ရော (သင်္သကရိုက်) ဘာသာကပါ လာတာ။ နေရာတကာမှာ ရှေးကတည်းက ရှိတဲ့သဘော ဆောင်တယ်။ ကမ္ဘာမှာ တနှစ် လူ ၅၅ဝဝဝ ခွေးရူးကြောင့် သေနေရတယ်။ ထုံးစံအတိုင်း အဆိုးတွေ စုနေတာ အာဖရိက နဲ့ အာရှ။ ဆင်းရဲမွဲတေမှု နဲ့ ပညာ-အသိနည်းပါးမှု။ ရောဂါဆိုးတွေ နဲ့ စနစ်ဆိုးတွေ။

ရောဂါရှိတဲ့ အကောင်ရဲ့ တံတွေးထဲမှာ ပါနေတဲ့ (ဗိုင်းရပ်စ်) ပိုးက အကိုက်ခံရသူရဲ့ အာရုံကြောကတဆင့် ဗဟို အာရုံကြောစနစ်ကို ရောက်လာတာနဲ့ ရောဂါလက္ခဏာတွေ ပြလာတယ်။ အဲဒီအဆင့် ရောက်ရင် အခုထိတော့ ကုမရနိုင်တဲ့ရောဂါ ဖြစ်တယ်။ ဒါ့ကြောင့် အကောင်ကိုက်ခံရတာနဲ့ ကာကွယ်ဆေးကိုသာ အားကိုးနိုင်ပါတယ်။ တိရစ္ဆာန်တွေ အိမ်မှာ မွေးရင် ပုံမှန် ကာကွယ်ဆေးတွေ ထိုးပေးပါ။

ခွေးရူးကို Hydrophobia လို့လဲ လူသိများတယ်။ “ရေကြောက်” ရောဂါပေါ့။ Chickenpox “ရေကျောက်” ဆိုတာက တမျိုးပါ။ ရေကို ကြောက်တယ် ဆိုတာက ရေကို မကြိုက်တာ၊ မုန်းတာ မဟုတ်ဘူး။ ရေကို တအားသောက်ချင်ရှာလွန်းလို့ ရေမြင်တာနဲ့ မြိုချဘို့ ပြင်လိုက်ရင် အာခေါင်နဲ့ လည်ချောင်းမှာ အတင်း မခံမရပ်နိုင် နာကျင်တာ ခံစားလာရတာကို ပြောတာပါ။ ရေမြင်ရင် တက်ချင် လာမယ်။

တချိန်တုံးက မြို့နယ်ကောင်စီ ဥက္ကဋ္ဌ ဆေးရုံကို ရောက်လာတယ်။ ဆေးရုံနဲ့ သူတို့ အိမ်ကလည်း မျက်နှာချင်းဆိုင်။ ဥက္ကဋ္ဌ ဗိုလ်မှူးက စိတ်သဘောကောင်းလို့ လူချစ်လူခင် များတယ်။ “ဆရာ ကျွန်တော့် ဇနီ့း့ ခြံထဲ လျောက်ပြီး၊ အပင်တွေ ကိုင်ပုံရပါတယ်၊ တကိုယ်လုံး ယားနေတယ်”။ ဥက္ကဋ္ဌရဲ့ ဇနီးဟာ သူတို့ သားသမီးတွေအပြင် တိရစ္ဆာန်တွေကိုလဲ ချစ်တာ ကျွန်တော် သိတယ်။ လူနာကို အကဲခတ် ကြည့်တယ်။ အင်ပြင် ခေါ်တဲ့ (အလာဂျီ) ရလို့ ယားတာမျိုး မတွေ့ရပါ။ ရေ အသောက်ခိုင်းကြည့်တော့ သိပါပြီ။ လူကြီး၊ မိတ်ဆွေကြီး တဦးရဲ့ဇနီး ဖြစ်နေတာမို့ ပိုသေခြာအောင် ခရိုင်ဆေးရုံကြီး ပို့လွှတ်ပြီး၊ သမားတော်ရဲ့ အဆုံးအဖြတ်ကို ယူစေရတယ်။ သမားတော်ကလည်း ကျွန်တော့် ထင်မြင်ချက်ကို အတည်ပြုပေးတယ်။ လူနာကို ပြန်ခေါ်လာပြီး၊ တတ်စွမ်းသ၍ ကုသပြုစုမှုတွေကို ဗိုလ်မှူးကတော်ရဲ့ နောက်ဆုံး ရက်တွေမှာ အစွမ်းကုန် လုပ်ပေးကြရပါတယ်။

ယားယံတာကို ခွေးရုးရောဂါ လက္ခဏာတွေထဲမှာ တချို့က ထည့်တာ မတွေ့ရပါ။ ရောဂါအကြောင်း စုံအောင် ရေးတာထက် ကာကွယ်မှုက ပိုအကျိုးရှိမယ် ထင်တယ်။ ခွေးကိုက်ခံရရင် ရေနဲ့ဆပ်ပြာသုံးပြီး၊ ကျကျနန ဆေးပါ။ ကိုက်တဲ့ ခွေးကို ၇ ရက် တိတိ စောင့်ကြည့်ပါ။ ခွေးကို စိတ်ဆိုးပြီး သတ်မပြစ်သင့်ပါ။ တပါတ်ကြာလို့ ခွေးက သေသွားတယ်ဆိုရင် သေခြာပြီ ခွေးရုး။ မသေခြာရင် ကံတရား သိပ်အားကိုး မနေပါနဲ့၊ Risk မယူပါနဲ့။ ကာကွယ်ဆေး ထိုးပါ။ တနှစ်မှာ လူပေါင်း ၁ဝ သန်းမက ကာကွယ်ဆေး ထိုးနေကြရတယ်။ အရင်က ချက်တဝှိုက်မှာ ၁၄ ခါ ထိုးရတာ။ နာမှ နာ။ ထိုးပေးရသူကပါ အားနာရတယ်။ အခုပေါ် ဆေးတွေက အဲလောက် မကြာ၊ အဲလောက် မနာတော့ပါ။ အမျိုးအစား ၂ မျိုး ရှိတယ်။ Nerve tissue vaccine နဲ့ Cell culture vaccine တွေပါ။ ပဌမအမျိုးက ဈေးချိုတယ်။ ဈေးချိုတော့ အကောင်း နည်းတာပေါ့။ အခု စာရေးချိန်ကာလ အိန္ဒိယမှာ ၅ ခါထိုးရမဲ့ ARV ဆေးကိုသာ ဆိုင်တင်ခိုင်းတယ်။ ၁ လုံးကို ၃၇ဝ ရူးပီး ဈေးနှုံးလို့ ရိုက်ထားတယ်။ ဝယ်တတ်ရင် ၃၂ဝ ဒါမှ မဟုတ် ဒီထက် ဈေးလျော့မယ်။

တိရစ္ဆာန်မှန်သမျှ အကိုက်ခံရရင် အနာကို ဘယ်လောက် ပြဲထွက်နေနေ ချုပ်မပေးရပါ။ သက်ရှိ တကောင်ကောင်ရဲ့ သွားရည်ဟာ အကိုက်ခံရသူ သွေးထဲဝင်ရင် မတည့်ပါ။ အနာကို ပိုးသန့်အောင်လုပ်၊ အသားနု ကောင်းကောင်း တက်လာအောင် စောင့်ပြီး၊ နောက်မှာ အနာရွတ် သေးချင်ရင် အနာသစ်လုပ်ပြီးမှ လှလှလေး ပြန်ချုပ်ပေးရပါတယ်။

လူကိုက်ခံရရင်လဲ အဲလိုဘဲ။ နယ်တခုမှာ တာဝန်ကျတုံးက လူနှစ်ယောက် ရန်ဖြစ်ကြတယ်။ တယောက်က ကိုက်လိုက်လို့ တယောက်မှာ နှာခေါင်းပြတ်သွားတယ်။ နှာခေါင်းပေါက်ကို ဖုံးထားတဲ့ ညာဘက်က ခုံးခုံးလေးနေတဲ့ နေရာ ပါသွားတယ်။ ခန္ဓာဗေဒမှာ Ala Nasi လို့ ခေါ်တဲ့နေရာပေါ့။ အနာကျက်တော့လဲ ရုပ်ဆိုးနေတာပေါ့။ ယောက်ျားလေး၊ ခပ်ရွယ်ရွယ် ရှိသေးတာ။

(ဂျန်ဂယ်လ်-ဆရာဝန်) ဆင်ကြံကြံပါတော့တယ်။ အရေပြား အစားထိုးယုံနဲ့ မရနိုင်။ အရိုးနု ပါရမယ်။ ခပ်ခုံခုံးလည်း ဖြစ်ရမယ်။ စားလဲ ဒီစိတ်။ သွားလဲ ဒီစိတ်။ ဆရာဝန်မှာ ငယ်ငယ်က ဆရာကတော်ကို ရည်းစားထားခဲ့တုံးကလိုမျိုး ဖြစ်နေရှာတယ်။ နောက်ဆုံးမှာတော့ လူနာရဲ့ နားရွက် တနေရာကို ပုံကျအောင် လှီးဖြတ်ယူပြီး၊ ပြတ်သွားတဲ့ နှာခေါင်းထိပ်မှာ အစားထိုး ချုပ်ပေးလိုက်ပါတယ်။ နောက်တနှစ်မှာ ကျွန်တော့်လူနာ မိန်းမရသွားပါတယ်။

• ARV ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး http://dts-medicaleducation.blogspot.in/2012/08/arv.html

Dr. တင့်ဆွေ
၆-၅-၂ဝ၁ဝ

Feedspot

Hi, Dr. Tint Swe

My name is Anuj. I'm Founder of Feedspot - A Google Reader replacement with built-in Search and Sharing features.
http://www.feedspot.com

We recently launched Feedspot and got reviewed by TechCrunch.

I'm writing this to let you know that your blog 'Medical Writings ဆေးပညာစာများ' has started getting new followers on Feedspot. You can view your blog and its followers on Feedspot from here. If you need detailed monthly/yearly analytics on how your blog is performing on Feedspot, please let me know.

As your blog is adding value to Feedspot, I'd like to give you one year Feedspot Premium subscription for free. Please use drswe01@gmail.com_FEEDSPOT as promocode to enable your annual subscription.
Best,
Anuj

Cod liver oil ငါးကြီးဆီ

Facebook 18 hours ago 30-9-2013
ဆရာရှင့် ငါးကြီးဆီက နေ့တိုင်းသောက်ရင်ကောင်းပါသလား။

• Cod liver oil ငါးကြီးဆီရဲ့ တခြား ဖြစ်နိုင်ခြေရှိတဲ့ ကောင်းကျိုးတွေ -
- အဆစ်နာတာကနေ နှလုံးရောဂါအထိ ကောင်းလို့သောက်ကြတယ်။
- Cancer survival ကင်ဆာရှိနေသူတွေ အသက်ပိုရှည်နိုင်တယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အဆုပ်၊ အူမကြီး၊ ရင်သား ကင်ဆာရှိနေသူတွေ။
- ကလေးတွေမှာဖြစ်တဲ့ Type I diabetesဆီးချို အမျိုးအစား (၁) ဖြစ်မှာကို နည်းစေနိုင်တယ်။ သူ့ထဲမှာပါတဲ့ ဗီတာမင် (ဒီ) ကြောင့် အဲလို အကျိုးရစေတာဖြစ်တယ်။
- Rheumatoid arthritis ရူမက်တစ် အဆစ်နာအတွက်ကောင်းတယ်။
- Sinusitis ဆိုင်းနပ်စ်ရောဂါအတွက်လဲ ကောင်းမယ်။

• Cod liver oil ငါးကြီးဆီမှာ ကောင်းကျိုးတွေရှိသလို သတိထားစရာတွေလဲရှိတယ်။
• Omega-3 fatty acids (အိုမီဂါ-သရီး) ပါတယ်။ Vitamins A နဲ့ D ဗီတာမင် (အေ) နဲ့ (ဒီ) တွေလဲပါတယ်။
• ဖြစ်နိုင်လောက်တဲ့ ဘေးထွက်-ဆိုးကျိုးတွေကတော့ -
- စားသောက်တာထဲမှာလဲ ဒီ Omega-3 ဓါတ်ပါနေတာမို့ များသွားရင်သာ သတိထားရမယ်။
- သွေးခဲစနစ်ကို သက်ရောက်တယ်။ ဒါကြောင့် သွေးယိုနိုင်တယ်။ သွေးထွက်တတ်လို့ Anti-coagulant medication ဆေးသောက်နေရသူတွေ မသင့်ပါ။
- ခွဲစိတ်ကုသမှု ခံယူစရာရှိရင် ဒီအားဆေးသောက်နောကို ၂ ပါတ်ကြိုတင်ပြီး မသောက်ဘဲနေရမယ်။
- ကယ်လိုရီ အများကြီးရစေတယ်။

• ဗီတာမင် (အေ) ရော (ဒီ) ရောက် လိုအပ်တာမှန်ပေမဲ့ များရင် မကောင်းပါ။
• (အေ) များသွားရင် Birth defects မွေးရာပါချို့ယွင်းချက် ရနိုင်တယ်။ ဒါကြောင့် ကလေးမွေးနိုင်တဲ့အရွယ်ရှိ အမျိုးသမီးတွေက သတိထားရမယ်။
• Bone growth အရိုးကြီးထွားမှုကို သက်ရောက်နိုင်တယ်။ ဒါကြောင့် များသွားရင် အရိုးကျိုးလွယ်မယ်။
• ဗီတာမင် (ဒီ) များရင်လဲ အဆိပ်သဘောဖြစ်နိုင်တယ်။
• ဗီတာမင် (အေ) ဟာ အဖုံးလွှာတွေကောင်းနေစေအောင်လုပ်တာမှာ အသုံးကျတယ်။
• Night blindness ကြက်မျက်သင့်တာကို ကာကွယ်မယ်။ မျက်စိရောဂါတိုင်းကို မကောင်းစေတာ သတိထားပါ။
• အရေပြားချောမွေ့စေမယ်။

• လူတယောက်မှာ တနေ့တာလိုအပ်ချက်ကတော့ -
- Vitamin A 1250 IU
- Vitamin D 135 IU
- Cod Liver Oil 400 mg ဖြစ်တယ်။
ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၃

Thursday, September 26, 2013

Daytime sleepiness အိပ်ငိုက်ခြင်း

Facebook 7 hours ago 26-9-2013
အသက် ၂၉ နှစ်ပါ။ အိမ်ထောင်မရှိ အပျိုတယောက်ပါ။ ကျန်းမာရေးပြဿနာကတော့ အရမ်း အိပ်ငိုက်တတ်ခြင်းပါရှင်။ အိပ်ရေးလည်း ဝအောင်အိပ်ပါတယ်ရှင့်။ ဒါပေမယ့် အလုပ်သွားပြီး ခဏအကြာ လုပ်ငန်းခွင်အတွင်း အိပ်ငိုက်လာခြင်း ဖြစ်ပါသည်။ မအိပ်ချင်အောင် ကော်ဖီခါးခါးများ ချိုချဉ်များစားသော်လည်းမရပါ။ ထို့အတူ ဈေးဝယ်ထွက်သော အခါများတွင်လည်း Shopping center ရောက်လျှင်လည်း စတင်အိပ်ချင်လာခြင်းဖြစ်ပါသည်။ အပျိုစဖြစ်သည့်အချိန်မှစ၍ ခုချိန်အထိ ရာသီမမှန်ပါရှင်။ ၂ လတစ်ခါမှလာတတ်သလို ၃,၄ လ အကြာမှလည်း လာတတ်ပါသည်။ တိုင်းရင်းဆေးများ သုံးသော်လည်း မရပါရှင်။ အဲဒီပြဿနာနှင့်အိပ်ချင်ခြင်း ဆက်စပ်မှုရှိပါသလားရှင်။ နောက်ပိုင်း အိမ်ထောင်ပြုဖြစ်ခဲ့ရင် သားသမီးကို မလိုချင်ပဲရသွားတာမျိုးကောဖြစ်နိုင်ပါသလားရှင်။

• Excessive daytime sleepiness (EDS) လို့လဲခေါ်တယ်။
• အိပ်ငိုက်တယ်ဆိုတာ အိပ်ချိန်မဟုတ်ဘဲ အိပ်ချင်လာမယ်၊ မောပန်းမယ်၊ မျက်လုံးကိုမဖွင့်ချင်ဘူး၊ အားယုတ်သလိုဖြစ်မယ်၊ စိတ်တက်ကြွမှုလဲ နည်းလာမယ်။
• ကျန်းမာရေးချို့ယွင်းချက်ရှိနေသလား စစ်ဆေးသင့်တယ်။ ဥပမာ Sleep disorders ရောဂါဖြစ်တယ်။ သူ့ထဲမှာ ခွဲထားသေးတယ်။ Sleep apnea, Insomnia နဲ့ Narcolepsy တွေပါတယ်။ Sleep apnea ဆိုတာ ညအိပ်နေရင်း အသက်ရှူမဝ ဖြစ်မယ်။ တညထဲမှာ အကြိမ်ကြိမ်လဲဖြစ်နိုင်တယ်။
• Jet lag လေယျဉ်နဲ့ ခရီးဝေးသွားရခြင်း၊ အလုပ်ချိန်လွန်ကဲခြင်း၊ သူများတွေနဲ့မတူတဲ့အချိန်တွေမှာ အလုပ်လုပ်ရခြင်း၊
• အောက်စီဂျင် မဝလို့ကနေလဲ နေ့ခင်းမှာ အိပ်ချင်လာတတ်တယ်။
• Heart disease နှလုံးရောဂါ၊ Diabetes ဆီးချိုနဲ့ Obesity အဝလွန်ခြင်းရောဂါတွေကို စစ်ဆေးသင့်တယ်။
• အကြောင်းရှိမဘဲ နေ့ခင်းမှာ အမြဲလိုလိုအိပ်ချင်နေရင် Sleep disorder ကိုစဉ်းစားရတယ်။
• Narcolepsy ဆိုတာ နေ့ခင်းမှာ အိပ်ချင်နေတာ။ Insomnia ဆိုတာက ညအိပ်မရတာ။
• Depression စိတ်ဓါတ်ကျခြင်း၊ Anxiety စိုးရိမ်စိတ်ကဲခြင်း၊ Stress စိတ်ဖိအားများခြင်း၊ Boredom ပျင်းရိခြင်းနဲ့ Grief သောကများခြင်းတွေကနေလဲ ဖြစ်နိုင်တယ်။
• Medications တချို့ဆေးတွေကနေလဲ အိပ်ချင်တယ်။ Sedatives အိပ်ဆေး၊ Tranquilizers စိတ်ငြိမ်ဆေး၊ အနာသက်သာဆေးတွေနဲ့ Antihistamines (အင်တီဟစ်တမင်း) (ဥပမာ အအေးမိ သက်သာဆေးနဲ့ ချောင်းဆိုး ပျောက်ဆေးတွေ) ဖြစ်တယ်။
• ရုတ်တရက်ကြီး နေ့ခင်းကြောင်တောင်မှာ အိပ်ချင်လာရင် ခေါင်းကိုထိခိုက်မသလား။ ဆေးအလွန်အကျွံသောက်သလား စစ်ဆေးရတယ်။
• Hyponatremia /hypernatremia ဆိုဒီယမ်ဓါတ် နည်းခြင်း-များခြင်း၊
• Hypercalcemia ကယ်လ်စီယမ်ဓါတ်များခြင်း၊
• Hypothyroidism လည်ပင်းကြီးဟော်မုန်းနည်းခြင်း။

ကုသတဲ့အခါ ဘာလို့ဖြစ်သလဲအပေါ်မှာ မူတည်တယ်။
• Modafinil, Armodafinil, Xyrem (Sodium oxybate) ဆေးတွေသုံးနိုင်ပါတယ်။
• Methylphenidate (Ritalin), Dextroamphetamine (Dexedrine), Amphetamine (Adderall), Lisdexamfetamine (Vyvanse), Methamphetamine (Desoxyn) နဲ့ Pemoline (Cylert) ဆေးတွေကို အရင်က သုံးပေမဲ့ ဘေးထွက်-ဆိုးကျိုးနဲ့ ဆေးစွဲနိုင်တာတွေကြောင့် သိပ်မသုံးတော့ပါ။

(ရာသီ မမှန်တာကို သပ်သပ်ရေးပါမယ်။)

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၃

Wednesday, September 25, 2013

Health Q and A 25-9-2013

September 22 at 9:22am
ဆရာရှင့် Berclomin tab (Dicyclomine 10mg + Simethicone 100mg) ဆေးအကြောင်းလေးသိပါရစေ။

• Dicyclomine hydrochloride ဆေးဟာ antispasmodic and anticholinergic အမျိုးအစားဆေးဖြစ်တယ်။ functional bowel/irritable bowel syndrome ခေါ်တဲ့ အစာခြေလမ်း ကောင်းကောင်းမလုပ်တဲ့ရောဂါမှာ အများဆုံးသုံးတယ်။ အမှန်က ဗိုက်ထဲက အင်္ဂါတခုခုမှာ ရစ်ပြီးနာတာမျိုးကို သက်သာစေတယ်။
• Simethicone ဆေးဟာ anti-foaming agent အမျိုးအစားဖြင်တယ်။ bloating လေကယ်နေတာ၊ discomfort လေကြောင့် ဗိုက်အနေရခက်တာနဲ့ pain လေကြောင့်နာတာအတွက်သုံးတယ်။

September 21 at 11:18am
သမီးလေးက ၂ လခွဲရှိပါပြီဆရာ။ ဝမ်းသွားတာ အမြူပ်တွေပါတယ်ဆရာ။

မစိုးရိမ်ပါနဲ့။ ဒီအရွယ်မှာဖြစ်တာ ဆေးမလိုတတ်ပါ။

September 16 at 4:08pm
ဝက်ခြံနဲ့အမာအရွတ်အတွက် ဆေးနည်းများ ညွှန်ကြားပေးပါဆရာ။

Acne Laser treatment ဝက်ခြံကို လေဆာ နဲ့ ကုသခြင်း http://dts-medicaleducation.blogspot.com/2011/06/laser-treatment-of-acne.html
Acne ဝက်ခြံ ရောင်စုံ http://dts-medicaleducation.blogspot.com/2010/10/acne.html

September 15 at 10:47pm
ရာသီလာချိန်မှာ ဝမ်းဗိုက်မခံမရ နိုင်အောင် နာဘာကြောင့်ပါလဲဆရာ၊ ရောဂါရှိလို့လား၊ ဘာကြောင့်နာသလဲ၊ ဘာဆေး သောက်သင့်သလဲဆိုတာကို ကျေးဇူးပြုပြီး ညွှန်းကြားပေးပါဆရာ။

Acetaminophen (Paracetamol), Ibuprofen, or Naproxen ဆေးတမျိုးမျိုးသောက်ပါ။ ဟော်မုန်းပါ ကိုယ်ဝန်တားဆေး သောက်ရင်လဲ သက်သာတယ်။ ရေနွေးအိတ်ကပ်ပါ။ ရေနွေးနဲ့ ရေချိုးပါ။

September 15 at 1:06pm
အားလုံး စစ်ဆေးပြီး နှလုံးကြီးတာလို့ သိရပါတယ်ရှင့်။ နှလုံးကြီး သူ တစ်ယောက်အတွက် ဆောင်ရန် ရှောင်ရန်များ နှင့် စားသုံးသင်.သော အစားအစာများကို ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါရှင့်။

September 15 at 1:34pm • Like
သမီး မေမေအတွက် စိတ်ပူလို့ နှလုံးရောဂါနဲ့ ပတ်သက်ပြီး internet ပေါ်မှ လက် လှမ်းမှီသတောက် ရှာဖတ်နေရပါတယ်။ ဆောင်ရန် ရှောင်ရန်များကို အကြမ်းဖျင်းလောက် ပြောလို့ရရင်ပဲဖြစ်ဖြစ် လမ်းညွှန်ပေးပါရှင့်။ ရိုသေစွာဖြင့်။

နှလုံးရောဂါဆိုတာ အမျိုးမျိုးရှိတယ်။ ရောဂါနာမည် စာလုံးပေါင်းပြောပါ။ ဆေးစစ်ချက်တွေရှိရင်လဲ ပို့ပါ။ နှလုံးကြီးလာစေတဲ့အကြောင်းခံသိမှ ပြောရတာ သင့်ပါမယ်။

September 23
အဖေ ဓါတ်ပေါ် ပြုတ်ကျကတည်းက ခဏခဏတက်(ဝက်ရူးပြန်လို ပါစပ်ကအမြူပ်တွေထွက်) နေတယ်။ ခေါင်းအရမ်းကိုက်နေတယ်။ ကျတော်ဘယ်လိုလုပ်ရမှန်းမသိဘူး။ တခါတက်ရင် ၇ကြိမ်လောက် ဆက်တိုက်ဖြစ်နေတယ်။ အခု encorate ဆေးတိုက်နေတယ်။ ဘာဆေးကောင်းတယ်၊ ဘယ်လိုလုပ်မလဲ ညွန်းပေးပါ။

ဦးနှောက်ကို ထိခိုက်မိရက ဝက်ရူးပြန်လို့ခေါ်တာဖြစ်နေပုံရပါတယ်။ Encorate / Epilex (sodium valproate) ဆေးတွေက ကောင်းပါတယ်။ လိုမယ်ထင်ရင် ဦးနှောက်နဲ့ အာရုံကြောအထူးကုဆရာဝန်ကိုပြသင့်ပါတယ်။

ဆရာ လည်ချောင်းကင်ဆာဖြစ်နေရင်ဘယ်လောက်ကြာကြာနေနိုင်အုံးမှာလဲဆရာ။ကျွန်တော် hpv ဖြစ်နေပီထင်တယ်။ နှုတ်ခမ်းမှာအဖြူအစက်ကလေးတွေထွက်လာတယ်။အဲ့ဒါ ဘယ်လိုစစ်ရမလဲ ဘယ်မှာစစ်လို့ရမလဲဆရာ hiv တော့စစ်ပီးပီ။ မရှိဘူးတဲ့။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။

ကင်ဆာမှန်သမျှ ဘယ်လောက်အထိ ကောင်းမလဲဆိုတာ (၁) ကင်ဆာ အမျိုးအစား၊ (၂) အဆင့် နဲ့ (၃) ဆေးကုသမှု ဆိုတာတွေအပေါ်မှာ မူတည်ပါတယ်။ လည်ချောင်းကင်ဆာက သိပ်ဆိုးတာထဲမှာ မပါပါ။ နှုပ်ခမ်းမှာဖြစ်နေတာကို ဒီအတိုင်းတော့ ပြောမရသေးပါ။ ကျန်းမာ-ချမ်းသာပါစေ။

September 20
ဆရာ blog ထဲမှာဖတ်ရပါတယ် နှုတ်ခမ်းမှာအဖြူအစက်လေးတွေဖြစ်လာတယ်။ အာခေါင်မှာ အဖုလေးတွေ ဖြစ်လာတယ်ဆရာ။ ပါးစပ်မှာဖြစ်တဲ့ရောဂါလို့ဆရာရေးထားတာတွေ့တယ် အဲ့ဒါကျွန်တော့ မိန်းမကိုကူးနိုင်လားဆရာ။ ကျွန်တော် ကင်ဆာသွားစစ်ကြည့်ပါ့မယ်။ အခုလောလောဆယ် ဘာဆေးသောက်ရင်သက်သာမလဲဆရာ။အာခေါင်က မနေ့ကမှအဖုလေးတွေဖြစ်လာပြီးလည်ချောင်းထဲမှာတစ်ခုခု ခံနေသလိုဖြစ်လာတာပါ ကူညီပါအုံး ကျွန်တော်က သင်တန်းတက်နေရလို့ ဆေးခန်းသွားမပြနိုင်လို့ပါ။

ကူးစက်ရောဂါ ဟုတ်-မဟုတ် မသိသေးဘဲ ကူးမယ်လို့ မပြောနိုင်ပါ။ ကင်ဆာမဖြစ်ဘို့ မှားပါတယ်။ ဒါပေမဲ့ ဆရာဝန်ကိုပြသင့်ပါတယ်။

ဆရာကန်တော့နော် ကျွန်တော့အင်္ဂါကွန်းသီးခေါင်းနောက်မှာခရမ်းရောင်လို အရစ်လိုက်ဖောင်းနေတာ ဒီနေ့မှတွေ့တယ်ဆရာ။ ကျွန်တော်လိင်လမ်းကြောင်းကြွက်နို့ဖြစ်နေပြီလားဆရာ။ အဲ့ဒါဖြစ်ရင် အမျိုးသမီးနဲ့ တူတူနေလို့မရတော့ဘူးလား။ ကလေးယူလို့ရသေးလား။

လိင်အင်္ဂါကြွက်နို့ကိုဖတ်ပါ။ ဖေ့စ်ဘွတ်မှာတော့ တင်လို့မကောင်းပါ။

Genital Warts (1) လိင်အင်္ဂါ ကြွက်နို့ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/genital-warts.html
Genital Warts (2) လိင်အင်္ဂါ ကြွက်နို့ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/genital-warts-2.html

September 21
အဲ့ရောဂါက ဘယ်လောက်ကြာရင် စဖြစ်တာလဲ။အမျိုးသမီးကိုခုမှကာကွယ်ဆေးထိုးပေးရင်ရော ရမလား။

September 21
HPV Vaccine for Ca Cx သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2013/08/hpv-vaccine-for-ca-cx.html

September 21
ကျွန်တော်တို့ယောက်ျားတွေကျတော့ ဘာဆေးထိုးရမလဲဆရာ လိင်ကြွက်နို့ကို ဘယ်လိုစစ်ရတာလဲဆရာ။ ကျွန်တော့မှာကြွက်နို့တော့ထွက်မလာသေးဘူး လိင်ထိပ် ကွမ်းသီးခေါင်းမှာ အရစ်လိုက်ဖောင်းပြီး အရစ်လိုက် ဖြစ်နေတာပါဆရာ။ ကျွန်တော်တို့သင်တန်းက ကန့်သွင်းထာလို့အပြင်သွားပြီးဆရာဝန်နဲ့မပြနိုင်သေးလို့ပါ။

September 21
အမျိုးသမီးအတွက် ကာကွယ်ဆေးက သားအိမ်ခေါင်းကင်ဆာနဲ့ လိင်ကြွက်နို့ကာကယ်ဆေး နှစ်မျိုးထိုးရမှာပေါ့နော်။ ဆရာ့ blog မှာတွေ့တယ်။ ဆေးက တစ်လုံးကို ဒေါ်လာ ၁၃ဝ တောင်ကျတာလား။ မြန်မာငွေနဲ့ဆို ၁ သိန်း ကျော်မှာပေါ့နော်။

September 22
ကျွန်တော့်အာခေါင်မှာ အနီရောင်အကွက်လေးတစ်ခုဖြစ်လာတယ်ဆရာ။ တစ်ခုပြီးတစ်ခု အန်ချင်သလိုလဲ ခဏခဏ ဖြစ်လာတယ်။ အမျိုးသမီးကိုလဲ မပြောရဲဘူး။ ဘယ်လိုလုပ်ရမလဲဆရာ။

September 22
ကျွန်တော်ဖြစ်နေတာတွေကိုပြောပြစရာဆရာပဲရှိပါတယ်။ ဆရာပြန်ဖြေပေးတာတွေအတွက်လဲ ကျေးဇူးအရမ်းတင်ပါတယ်။ ဆရာ့ blogတွေကို စောစောက ကျွန်တော်ဖတ်ခဲ့ရရင် အရမ်းကောင်းမှာပဲဗျာ။ ဗဟုသုတအရမ်းရတယ်။ ခုတော့ ကျွန်တော်မှာ အမျိုးသမီးကိုတောင် ဘယ်လိုပြောရမှန်းမသိဖြစ်နေပြီ။

Genital Warts (1) လိင်အင်္ဂါ ကြွက်နို့ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/genital-warts.html
Genital Warts (2) လိင်အင်္ဂါ ကြွက်နို့ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/genital-warts-2.html
Genital Wart Q and A လိင်လမ်းကြွက်နို့ အမေး-အဖြေ http://dts-medicaleducation-adult.blogspot.in/2013/08/blog-post_1931.html

HPV ကာကွယ်ဆေးက ယောက်ျား-မိန်မအတွက် အတူဖြစ်ပါတယ်။ ဈေးနှုန်းလဲ တဖြေးဖြေးကျလာတယ်ထင်ပါတယ်။ သွေးစစ်ရင်သိပါမယ်။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၃

Saturday, September 21, 2013

Pancreatic cancer သရက်ရွက်ကင်ဆာ

Sat, Sep 21, 2013 at 9:51 AM
ကျွန်မဦးလေးက အသက် ၄၅ နှစ်ပါ။ သရက်ရွက်ကင်ဆာလို့ ပြောပါတယ်ဆရာ။ ဖြစ်တာမကြာသေးပါဘူး။ ဟိုတလောကမှ ဗိုက်တွေအောင့်လာလို့ဆိုပြီး မန္တလေးကိုသွားပြလိုက်တော့မှ CT Scan ရိုက်လိုက်တော့မှ ကင်ဆာ ဖြစ်နေပြီတဲ့ဆရာ။ အဲ့ဒါကုလို့ရနိုင်အုံးမလားဆရာ။ ဘယ်လိုလုပ်ရမလည်းဆရာ။ လမ်းညွှန်ပေးပါဆရာ။ နိုင်ငံခြားမှာ ကုရင်ရော ပျောက်နိုင်လားဆရာ၊ ကူညီပေးပါ။

သရက်ရွက်ကင်ဆာထဲမှာ ၉၅% က Adenocarcinoma အမျိုးအစားဖြစ်တယ်။ ကျန်တာက Neuroendocrine tumors ဖြစ်တယ်။ ကင်ဆာကြောင့် သေဆုံးရသူများစာရင်းထဲမှာ အမေရိကားဆိုရင် နံပါတ် ၄ နေရာ၊ တကမ္ဘာလုံးဆိုရင် ၈ နေရာမှာ ရှိတယ်။

ဖြစ်ကာစ ဘာမှမခံစားရသေးဘူး။ ဒါကြောင့် နောက်ကျမှသာ ရောဂါရှိနေတာကို သိရတာများတယ်။ ဗိုက်အပေါ်ပိုင်း နာမယ်။ နာရင် နောက်ကျောအထိနာမယ်။ ရင်ခေါင်းပူးမယ်။ လေအောင့်သလို နေမယ်။ အစာစားချင်စိတ်ပျက်မယ်။ ပျို့ချင်အန်ချင်မယ်။ ဝမ်းပျက်မယ်။ လူက ပိန်လာမယ်။ ဆီး (အသား) ဝါမယ်။ ၇၅% မှာဖြစ်တဲ့ သရက်ရွက်ရဲ့ ခေါင်းပိုင်းမှာဖြစ်ပြီး သည်းခြေလမ်းကိုပိတ်နေရင် ဝမ်းအရောင် ပျော့နေမယ်။ အသားဝါနဲ့အတူ ယားယံမယ်။ Trousseau syndrome ခေါ်တဲ့ သွေးခြေဥစမ်းသပ်နည်းဖြစ်မယ်။ အဆုပ်သွေးကြော ပိတ်နိုင်တယ်။ ဆီးချိုပါဖြစ်လာမယ်။ ကင်ဆာက တခြားနေရာပြန့်လာရင် အဲဒီအတွက်လဲ ခံစားလာရမှာတွေပါ တွဲရှိနေမယ်။

ယောက်ျားတွေက မိန်းမတွေထက် ၃ဝ% ပိုအဖြစ်များတယ်။ မိသားစုလိုက်တာ ၅-၁ဝ% ရှိတယ်။ အသက်ကြီးမှဖြစ်တယ်။ ၆ဝ ကျော်မှာများပြီး ၄ဝ အောက်နည်းတယ်။ ဆေးလိပ် သောက်သူတွေ၊ အစားအသောက်မှာ အသီးအရွက်နဲ့ နည်းသူတွေ၊ အသားစားများသူတွေ၊ အချိုစားများသူတွေ၊ ဝသူတွေ၊ Helicobacter pylori infection ပိုးဝင်ခံရသူတွေ၊ Gingivitis or periodontal disease သွားဖုံးရောဂါရှိသူတွေနဲ့ Partial gastrectomy အစာအိမ်ခွဲထားသူတွေမှာ အဖြစ်များတာ တွေ့ရတယ်။

Axial CT image (စီတီ စကင်) ကို ဆေးထိုးပြီးရိုက်ရင် သိမယ်။

• Exocrine pancreas cancer အမျိုးအစားကို ခွဲစိတ်ကုသပေးမယ်။ အဆင့်အပေါ်မှာမူတည်တယ်။ ခေါင်းပိုင်း ဆိုတမျိုး၊ အမြီးပိုင်းဆိုတမျိုးခွဲတယ်။ ခွဲပြီးရင် Chemotherapy ကင်ဆာဆေးပေးမယ်။ Gemcitabine ဆေးကို သုံးတာများတယ်။ တပါတ် ၁ ခါ သွေးကြောထဲထိုးတယ်။ Radiation ဓါတ်ကင်တာလဲလုပ်နိုင်တယ်။ Erlotinib (Tarceva) ဆေးနဲ့တွဲပေးတာလဲ လုပ်တယ်။
• Pancreatic neuroendocrine tumors အမျိုးအစားဆိုရင် ကင်ဆာဆဲလ်မဟုတ်လို့ စောင့်ကြည့်ရသေးတယ်။ လိုအပ်လာရင်ခွဲစိတ်မယ်။ တချို့ကို ဟော်မုန်းပေးကုသမယ်။ Octreotide ကိုသုံးတယ်။ ဓါတ်ကင်တာလဲ လုပ်နိုင်တယ်။ Chemotherapy ကင်ဆာဆေးပေးတာလဲလုပ်တယ်။

မေးတဲ့သူကို အားပေးရာမကျမှာတော့ စိုးရိမ်ပါတယ်။ Exocrine pancreatic cancer အမျိုးအစားက ဆိုးတယ်။ ၅ နှစ် နေနိုင်တဲ့ရာခိုင်နှုန်းက ၆% နဲ့ ၁ နှစ်နေနိုင်သူက ၂၅% အသီးသီးရှိတယ်။ ပျမ်းမျှ ၁၅% ရှိတယ်။ ၁၉၉ဝ တုံးက သရက်ရွက်ကင်ဆာနဲ့ ကွယ်လွန်သူ ၂ သိန်းရှိရာကနေ ၂ဝ၁ဝ ခုနှစ်မှာ ၃ သိန်း ၁ သောင်းအထိတိုးလာတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၉-၂ဝ၁၃

Friday, September 20, 2013

Inhalant abuse လမ်းဘေး ဆေးရှူ

2011/8/19
ကျနော် ရေးနေတဲ့ “ကော်ဗူးရှူတဲ့ လမ်းပေါ်က ကလေးငယ်တွေ” သတင်းဆောင်းပါးနဲ့ ပါတ်သက်ပြီး ဖြေပေးပါ။
၁။ ရန်ကုန်မြိုမှာ အိမ်မရှိ လမ်းပေါ်မှာနေတဲ့ ကလေးတွေ လမ်းဘေးနေပြိး (ကော်ဗူး) ဆိုတဲ့ မူယစ်ဆေးတမျိုး သုံးစွဲ နေကြတယ်။ သုံစွဲတော့ ကျန်းမာရေးနဲ့ ပါသက်ပြီး သူတိုဘာတွေ ဖြစ်လာနိုင်သလဲ။
၂။ ဒီကလေးတွေရဲ့ ဘဝအတွက် လမ်းမှန် ပြန်ရောက်လာအောင် ဘယ်သူမှာ တာဝန်ရှိပြီး ဆောင်ရွက်ပေးသင့်ပါသလဲ။
၃။ ဒီလိုမျိုးဖြစ်နေတာမျိုးက India နိင်ငံမှာလည်း အများကြီး ရှိပါတယ်။ India အစိုးရနဲ့ မြန်မာအစိုးရ လုပ်ဆောင်ပေးမှုမှာ ဘာတွေ ကွာခြားပြီး တာဝန်ယူမူ ရှိ-မရှိ ဆရာအမြင်။

Inhalant abuse တလွဲသုံးလို့ ဆေးစွဲစေတဲ့ ရှူစရာတွေက အမျိုးအစား အများကြီးရှိတယ်။ Tobacco (ဆေး) ဆေးလိပ်၊ Marijuana ဆေးခြောက် နဲ့ Crack (ကိုကိန်း) တွေလို မီးရှို့ပြီးရှူတာမျိုး မဟုတ်ဘူး။ ဆေးကုရာမှာသုံးတဲ့ Nitrous oxide မေ့ဆေးလိုက တမျိုး ဖြစ်တယ်။ အခုပြောတဲ့ အမျိုးအစားတွေကနေ Intoxicating အဆပ်သင့်ခြင်း ဖြစ်တာကို Huffing လို့ ခေါ်တယ်။ အကြမ်းခွဲပြောရရင် ဆေးသုံးနဲ့ ဆေးသုံးမဟုတ်တဲ့ လူသုံး ပစ္စည်းကို တမင်တကာ ရှူကြတာတွေ ဖြစ်တယ်။

၁။ Aliphatic hydrocarbons ဆိုတဲ့ Petroleum products ဓါတ်ဆီ-ရေနံဆီလို ပစ္စည်းတွေမှာ Propane, Butane ဓါတ်တွေ ပါတယ်။
၂။ Aromatic hydrocarbons တွေထဲမှာ Toluene နဲ့ Xylene ဓါတ်တွေ ပါတယ်။
၃။ Ketones acetone ဆိုတာ လက်သည်းနီ-ဖျက်ဆေးတွေမှာ ပါတယ်။
၎။ Haloalkanes ဆိုတာထဲမှာ Hydrofluorocarbons, Chlorofluorocarbon နဲ့ Trichloroethylene ဓါတ်တွေ ပါတယ်။
၅။ Nitrites ဆိုတာက Alkyl nitrites, Nitrous oxide ဓါတ်တွေ ဖြစ်တယ်။

• Gasoline နဲ့ Paint thinner သုတ်ဆေးတွေ ကြတော့ ဒီအတိုင်းရှူတယ်။
• တချို့က အငွေ့ကို ရှူဘို့ Plastic bags ပလပ်စတစ်အိတ်ကို သုံးတယ်။
• Whipped cream aerosol cans ဗူး၊ Aerosol hairspray (စပရေး)၊ Non-stick frying spray ကြော်ချက်တဲ့ အခါ မကပ်စေတဲ့ (စပရေး) တွေကရတဲ့ Nitrous oxide gases ဓါတ်ငွေ့ကို Plastic bags ပလပ်စတစ်အိတ်မှာ ဖြန်းပြီး ရှူကြတယ်။
• Propane နဲ့ Butane gases အငွေ့တွေကို Canister ထည့်တဲ့ဗူးကနေ တိုက်ရိုက်ရှူတယ်။

ဒီလိုဟာတွေကို ရှူလိုက်တာနဲ့ အဆုပ်မှာရှိတဲ့ သွေးကြောမျှဉ်လေးတွေရဲ့ မျက်နှာပြင်တွေကနေ စုပ်ယူပြီး၊ သွေးထဲ ရောက်လာမယ်။ သွေးပြန်ကြောထဲ ဆေးထိုးသလောက်ကို သက်ရောက်တာ မြန်တယ်။

ဒါတွေ ရှူလိုက်ရင်
• Alcohol-like intoxication အရက်ဆိပ်သင့်သလို ဖြစ်နိုင်တယ်။
• Intense euphoria အကောင်းတွေချည်း မြင်-ထင်နေတာလဲ ဖြစ်နိုင်တယ်။
• Vivid hallucinations မဟုတ်တာတွေ မြင်-ကြား နေတာမျိုးလဲ ဖြစ်နိုင်တယ်။

အမျိုး-အစားနဲ့ အနည်း-အများပေါ်မှာ မူတည်တယ်။ Rubber cement ကော်ဗူးလို Paint thinner (သင်နာ) လိုဟာ နဲနဲသာ ရှူရင် Alcohol inebriation အရက်သောက်ထားသူလို ဖြစ်လာစေမယ်။ များသွားရင် Distortion in perceptions of time and space ဘယ်အချိန်ရှိပြီ၊ ဘယ်နေရာ ရောက်နေတယ် ဆိုတာ မသိတော့ဘူး။ Hallucinations တကယ် မရှိတာတွေ ရှိတယ်-ကြားတယ် ထင်လာ-မြင်လာမယ်။ Emotional disturbances စိတ်လှုတ်ရှားမှုတွေက သူရူးလို ဖြစ်လာတယ်။

1. Methylene chloride အငွေ့ကနေ Carbon monoxide poisoning (ကာဗွန်မိုနော့ဆိုက်) အဆိပ်သင့်နိုင်တယ်။
2. Gasoline ဓါတ်ဆီကနေ Lead poisoning ခဲဆိပ်သင့်နိုင်တယ်။ ဒါ့ကြောင့် ခဲမပါတဲ့ ဓါတ်ဆီကို တီထွင်လာရတာ ဖြစ်တယ်။
3. Carbon tetrachloride ကနေ Liver damage အသဲကို ထိခိုက်နိုင်တယ်။
4. Butane နဲ့ Propane ကနေ မီးလောင်နိုင်တယ်။
5. Benzene ကနေ Bone marrow depression ရိုးတွင်းခြင်ဆီ အားနည်းစေတယ်။
6. Toluene ကနေ Myelin ဆိုတဲ့ အာရုံကြောနေရာကို ထိခိုက်နိုင်တယ်။
7. Butane gas (ဗြူတိန်း) ဓါတ်ငွေ့ရှူရာကနေ Drowsiness မူးဝေမယ်၊ Narcosis ဆဲလ်တွေသေမယ်၊ Asphyxia အသက်ရှူမဝဖြစ်မယ်၊ Cardiac arrhythmia နှလုံးခုန်မမှန်ဖြစ်မယ်၊ Frostbite ရေခဲလောင်တာမျိုး ဖြစ်မယ်။

ခဏဖြစ်တာတွေလဲ ရှိတယ်။ Headache ခေါင်းကိုက်မယ်။ Nausea and vomiting ပျို့ချင်-အန်ချင်ဖြစ်မယ်။ Slurred speech လျှာလေး-အာလေး ဖြစ်လာမယ်။ Loss of motor coordination ကြွက်သား လှုတ်ရှားမှုတွေမှာ အပြန်အလှန် ထိန်းတာမျိုးတွေ မကောင်းဖြစ်လာတယ်။ အောက်စီဂျင်ထက် လေးတဲ့ ဘယ်ဓါတ်ငွေ့မျိုးမဆို ရှူရင် အဆုပ်ထဲမှာ အောက်စီဂျင်ကို နေရာဝင်ယူလို့ Hypoxia လေမဝတာ ဖြစ်မယ်။ Wheezing ရင်ကြပ်လာမယ်။ အငွေ့ရှူသူတွေရဲ့ နှာခေါင်းကို ကြည့်ရင် သိသာတယ်။ Glue sniffer's rash နှာခေါင်းနဲ့ ပါးစပ်မှာ နီရဲရဲ ဖြစ်နေတော့တယ်။

စိတ်ကို တမျိုး ပြောင်းစေတဲ့ စည်းစိမ်ခံချင်လို့ သုံးတဲ့ Recreational drug ဆေးဝါးတိုင်းဟာ အန္တရာယ်ရှိတဲ့ အမူအကျင့်တွေကနေ ဒဏ်ရာတွေ၊ ထိခိုက်မှုတွေ ဖြစ်ကြတယ်။ ဥပမာ ယာဉ်တိုက်မှု ဖြစ်တာ၊ ခိုက်ရန်ဖြစ်တာ။ မီးလောင်တာ။ Computer-cleaning dusters ကွန်ပြူတာ သန့်ပေးတဲ့ အရာတွေကို ရှူမိရင် သိပ်အန္တရာယ်ပေးနိုင်တယ်။

Pneumonia နူမိုးနီးယား၊ Cardiac failure or arrest နှလုံး ရပ်သွားတာ၊ Aspiration of vomit အန်ဖတ် ဆို့တာတွေလဲ ဖြစ်ကြတယ်။ အကြာကြီးရှူနေသူတွေ Brain damage ဦးနှောက်ကို ထိခိုက်လာတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ရှူရင် ကိုယ်အလေးချိန် နည်းတဲ့ကလေး မွေးလာတတ်တယ်။ အင်္ဂါချို့ယွင်းတဲ့ ကလေး မွေးတယ်ဆိုတာလဲ အထောက်အထား ရှိပါတယ်။

ဆောင်းပါးရေးသူ ထောက်ပြတာ မှန်တယ်။ များသောအားဖြင့် လူငယ်တွေနဲ့ ကလေးတွေက သုံးကြတယ်။ လမ်းပေါ်က ကလေးတွေ များတယ်။ ဘာလို့လဲဆိုတော့ Deodorant sprays ချွေးနံ့ပျောက်ဆေး၊ Hair spray ဆံပင်-ပန်းဆေး၊ Air fresheners အနံ့ကောင်းအောင် ဖြန်းဆေးဆိုတာတွေက ဈေးမကြီးဘဲ အလွယ်ရလို့ ဆင်းရဲသားတွေက သုံးနိုင်ကြတယ်။

၂ဝဝဝ ခုနှစ်အတွင်း ဗြိတိန်မှာ Solvent-related deaths ဖျော်စရာပစ္စည်းနဲ့ ပတ်သက်ပြီး သေရတာတွေ အားလုံးထဲမှာ Butane ကြောင့် သေရတာက ၅၂% ရှိခဲ့တယ်။ တချို့မှာ ရုတ်တရက် သေဆုံးရလို့ Sudden sniffing death လို့ နာမယ် တပ်ထားတယ်။ ၁၉၈၈-၉၈ (တက်ကဆပ်စ်) မှာ ၁၄၄ ယောက်သေခဲ့တယ်။ ၁၉၈၇-၁၉၉၆ အတွင်း (ဗာဂျီးနီးယား) မှာ ၃၉ ယောက် ရှိခဲ့တယ်။ အငွေ့ရှူရာကနေ Statistics on deaths သေဆုံးမှု စာရင်းဇယားလုပ်ဘို့ ခက်တယ်။ ရှိပြန်ရင်လဲ တကယ် ဖြစ်နေတာထက် နည်းနေမယ်။ မြန်မာပြည်မှာတော့ Referendum စာရင်းကိုတော့ “အတိအကျ” လုပ်တဲ့အကျင့် ရှိတယ်။ မုန်တိုင်းတိုက်လို့ ကြက်ဥကွဲတာလဲ သိပ်တိကျခဲ့တယ်။ ကျန်းမာရေးက သိပ်အရေးမကြီးတော့ ခပ်ပေါ့ပေါ့ဘဲ။

Glue and gasoline sniffing ကော်ဗူးနဲ့ ဓါတ်ဆီရှူသူတွေ အာရှနဲ့ အာဖရိကမှာ များလှတယ်။ Dendrite brand ဆိုတာ အသုံးအများဆုံး ဖြစ်တယ်။ Contact adhesives ကပ်ရတဲ့ ပလာစတာ၊ Rubber cements ကော်ဗူး၊ Paint thinners သုတ်ဆေး၊ Iodex အကြောနာလို့ လိမ်းရတဲ့ဆေး Erase-X ခေါ်တဲ့ Correction fluid ဖျက်ဆေးထဲမှာ Toluene ပါတယ်။

အိန္ဒိယနိုင်ငံကလဲ ဆင်းရဲသားများလို့ ဒီပြဿနာတွေက လမ်းဘေးမှာ ရှိတယ်။ ကိုင်တွယ်တာကတော့ လွတ်လပ်မှု အတော်ရှိပြီး၊ ဘက်ဒေါင့်စုံကနေ လုပ်နေနိုင်ကြတယ်။ ကိုယ့်နိုင်ငံနဲ့ ကွာတာ ပြောရရင် မဏ္ဍိုင်မှန်သမျှ တခုမှ မတူကြဘူး။

Dr. တင့်ဆွေ
၂ဝ-၈-၂ဝ၁၁

Thursday, September 19, 2013

Amphetamines ယာဘကို ဘယ်လိုဖြတ်ကြသလဲ

L-tyrosin ဆေးနဲ့လဲဖြတ်နိုင်တယ်။
• L-tyrosin ဆိုတာ 4-hydroxyphenylalanine ခေါ်တဲ့ (အမိုင်နိုအက်စစ်) တခုဖြစ်တယ်။
• Stress, Cold, Fatigue, Loss of a loved one, Prolonged work and sleep deprivation စိတ်ဖိအားများတာ၊ အအေးမိတာ၊ အားယုတ်တာ၊ အလုပ်ပင်ပန်းတာစတဲ့ အခြေအနေတွေမှာ သုံးနိုင်တယ်။ အဲလိုဖြစ်ချိန်မှာထွက်တဲ့ Stress hormone levels ဟော်မုန်းကို ကျစေတယ်။
• 100 mg/kg (6.8 grams at 150 lbs) သောက်နိုင်တယ်။ တနေ့မှာ 500–1500 mg per day (1–3 capsules of pure tyrosine) ပေးရတယ်။ 12000 mg (12 g) per day ထက်မပိုရပါ။
• Mind Power Rx ဆေးနဲ့ Bacopa, Fo-Ti, Ginkgo biloba, Ginseng, Mucuna pruriens, and Reishi ဟာဗယ်ဆေးတွေ ဖြစ်တယ်။
• L Tyrosine ဆေးဟာ စိတ်ဓါတ်ကျနေသူတွေအတွက်လဲ ကောင်းတယ်။
• ဘေးထွက်-ဆိုးကျိုးတွေ = Overstimulation စိတ်တက်ကြွလွန်းခြင်း၊ Restlessness ဆောက်တည်ရမရဖြစ်ခြင်း၊ Anxiety စိုးရိမ်စိတ်ကဲခြင်းနဲ့ Insomnia အိပ်မပျော်တာတွေဖြစ်နိုင်တယ်။ ဆေးများသူတွေမှာ Palpitations or Arrhythmias နှလုံးခုန်မမှန်-မြန်တာတွေလဲဖြစ်နိုင်တယ်။
• Tyrosine ဆေးကို 500mg capsules ဆေးတောင့်အနေနဲ့လာတယ်။
• မနက်ခင်း အစာမရှိချိန်သောက်ပါ။ နေ့ ၂ နာရီတခါသောက်ပါ။ ညနေစောင်းတခါသောက်ပါ။ နောက်ပိုင်းမှာ ဆေးလျှော့လို့ရလာမယ်။
• ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ အစားအသောက်စားပေးပါ။
• Multivitamin pills ဗီတာမင်အစုံပါတဲ့ဆေး တနေ့ ၂ ကြိမ်သောက်ပါ။ ဓါတ်ဆားတွေပါ ပါတာကပိုကောင်းတယ်။ Vitamin B6 ဗီတာမင် ဘီ-၆၊ Magnesium မဂ္ဂနီဆီယမ်ဓါတ်ဆား၊
• Sleep Prescription (GABA 1,000mg) အိပ်မပျော်ရင် ညပိုင်းမှာသောက်ပါ။

Ephedra နည်း
• Ephedra extract or Ephedrine pills ဆေးတွေရှိတယ်။
• Ephedra method (အက်ဖီဒရီယား) နည်းရှိတယ်။ အပင်ကနေရတယ်။ ဒါပေမဲ့ ဒီအပင်က တချို့နိုင်ငံတွေမှာ တရားမဝင်ဖြစ်လို့ ကိုယ့်အိမ်မှာကိုယ် Ephedra plant အပင်ကို ကိုယ်ပိုင်စိုက်ထားနိုင်ပါတယ်။ ရုက္ခဗေဒလို Gnetum family (Gnetaceae) ခေါ်တယ်။ ၂-၃ ပေလောက်သာမြင့်တဲ့အပင်မျိုး။ ပေ ၄၅ဝဝ အောက် အမြင့်ဒေသတွေမှာဖြစ်တယ်။
• Ephedrine ဆေးက တရားဝင်ဆေးဖြစ်ပြီး သွေးဖိအားကျတာ၊ ပန်းနာရောဂါစတာတွေအတွက်သုံးတယ်။
• Methamphetamine ယာဘဆေးက Ephedrine နဲ့ မော်လီကြူးတည်ဆောက်ပုံ ဆင်တယ်။ (ရှော့ခ်) ဖြစ်ရင် ထိုးပေးရတဲ့ Epinephrine (Adrenalin) နဲ့လဲဆင်တယ်။
• ကိုယ်အလေးချိန်ကျအောင်လဲ သုံးကြတယ်။ ရေတပ်သားတွေ လှိုင်းမူးတာအတွက် Ephedrine ဆေးကို Promethazine 25 mg နဲ့တွဲပေးတယ်။ တခုက မအန်စေဘဲ၊ တခုက အိပ်ချင်တာကို သက်သာစေတယ်။
• ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။ နှလုံးခုန်မြန်မယ်။ မမှန်ဖြစ်မယ်။ မျက်နှာ နီမြန်းမယ်။ ချွေးထွက်မယ်။ Acne vulgaris ဝက်ခြံထွက်မယ်။ ပျို့၊ ဂနာမငြိမ်၊ စိတ်ရှုတ်ထွေး၊ ကောင်ေးနတယ်ထင်မြင်၊ စတာတွေ ဖြစ်စေနိုင်တယ်။

Amphetamines ယာဘ-ရာဘ-ရာမ-ယာမ http://dts-medicaleducation.blogspot.in/2012/01/amphetamines.html
Methamphetamine (မက်သမ်ဖတမင်း) http://dts-medicaleducation.blogspot.in/2013/09/methamphetamine.html

ဒေါက်တာတင့်ဆွေ
၁၉-၉-၂ဝ၁၃

Monday, September 16, 2013

Vitamin D ဗီတာမင် (ဒီ) မေးခွန်း

၁၅-၉-၂ဝ၁၃
ဆရာရှင့် ကျွန်မသည် ဘယ်ဘက်ပေါင်နှင့် ခါးရိုးတွင် Paget disease ရှိသူဖြစ်ပါသည်။ Fosamax plus ကို တပါတ်လျှင် တကြိမ်သောက်ရန့့် ညွှန်ကြားပါသည်။ ဆေးအမည် FOSAMAX PLUS (EACH TABLE CONTAINS ALENDRONATE SODIUM, EQUIVALENT TO 70 MG ALENGRONIC ACID AND COLECALCIFEROL 70 MICROGRAMS 2800lU)
COLECALCIFEROL 70 MICROGRAMS 2800lU ဆေးတွင် Vitamin D 2800 IU/tablet ပါလေ့ရှိသဖြင့် ကျွန်မ ဆေးသောက်လျှင် Vitamin D ပိုနေနိုင်ပါသလား။ Vitamin D ကို တပါတ်လျှင် စုစုပေါင်းမည်မျှ သောက်သင့်ကြောင်း အကြံဥာဏ်ပေးစေလိုပါသည်။

• အရိုးကျိုးကာကွယ်ဘို့ရာ Vitamin D 400-1,100 IU ပေးတယ်။
• အရိုးကျိုးကာကွယ်ဘို့ရာ Vitamin D2 300,000 IU ကို တနှစ်တခါ၊ ၃ နှစ်ကြာ သွေးထဲထိုးပေးတယ်။
• ဗီတာမင် (ဒီ) နည်းနေတဲ့ရောဂါအတွက် တနေ့မှာ အနည်းဆုံး 1,000 IU (25 micrograms) ပေးတယ်။
• ဒိထက်များပြီး နေ့စဉ် Vitamin D 50,000 IU နဲ့ ၆ ပါတ်ပေးပြီး စမ်းသပ်မှုလုပ်တာရှိတယ်။ Vitamin D 300,000 IU ကို ၆ ပါတ်တခါ၊ တနှစ်မှာ ၃ ကြိမ်။
• အူမကြီးကင်ဆာနဲ့ နှလုံးသွေးကြောရောဂါတွေကို ကာကွယ်ဘို့ နေ့စဉ် 1,000 IU ပေးတယ်။
• ဆီးချို (၂) အတွက် 400-5714 IU ကို ၂ လကနေ ၇ နှစ်အထိပေးတယ်။
• Vitamin D2 ၄ လ တခါ 100,000 IU ၂၆ ပါတ်ကြာပေးတယ်။ ဒါမှမဟုတ် နေ့စဉ် Vitamin D3 10 micrograms နဲ့ ၂၄ လကြာပေးတယ်။
• သွေးတိုးအတွက် Vitamin D 400-8,571 IU ပေးတယ်။
• Hypocalcemia သွေးထဲ (ကယ်လ်စီယမ်) နည်းနေသူကို Calcitriol 0.25 micrograms နဲ့ ၄-၈ ပါတ်ကြာ ပေးတယ်။
• Hypoparathyroidism (ဟိုက်ပိုပါရာသိုင်းရွိုက်) ရောဂါအတွက် Dihydrotachysterol 0.75 milligrams ကနေစပေးပြီး 2.5 milligrams အထိတိုးပြီး ရက်ကြာကြာ ပေးတယ်။ သက်သာရင် 0.2-1 milligram နေ့စဉ် ပေးတယ်။
• ဒါမှမဟုတ် Ergocalciferol 50,000-200,000 IU + Calcium lactate 4 grams of ကို တနေ့ ၆ ကြိမ်လဲ ပေးနိုင်တယ်။
• Mood disorders စိတ်မူရောဂါအတွက် 400-800 IU နေ့စဉ် ၁ လကြာပေးတယ်။ ဝတဲ့လူနာတွေကို တပါတ်မှာ 20,000-40,000 IU နဲ့ ၁ နှစ်ကြာပေးတယ်။
• Multiple sclerosis ရောဂါရှိသေူတွေကို နေ့စဉ် 10,000 IU နဲ့ ၁၂ ပါတ်ကြာပေးတယ်။
• Muscle weakness or pain ကြွက်သားနာ-အဆစ်နာတာအတွက် နေ့စဉ် Calciferol 100,000 IU နဲ့ ၁၂ လပေးတယ်။
• Osteoporosis အရိုးအားနည်တာကို Vitamin D3 5,714 IU ဒါမှမဟုတ် Vitamin D2 10,000 IU နေ့စဉ်၊ ၆ လကြာပေးတယ်။
• Parasitic infections ပါရာဆိုက်ပိုးဝင်တာကို 40 IU နေ့စဉ် ၅ ရက်ပေးတယ်။
• လူကြီးတွေကို 400 IU of vitamin D + Calcium 800 milligrams နေ့စဉ်ပေးတယ်။
• လူအိုတွေကို Vitamin D3 အပါတ်စဉ် 8,400 IU နဲ့ ၁၆ ပါတ်ပေးတယ်။
• Psoriasis အနာ၊ Vitiligo အနာနဲ့ Senile warts (Seborrheic Keratosis) လူကြီးကြွက်နို့အတွက် Vitamin D analog Calcipotriene ကို တနေ့ ၂ ကြိမ်လိမ်းစေတယ်။
• Respiratory infections အသက်ရှူလမ်းပိုးဝင်တာကို နေ့စဉ် 2,000 IU/kilogram နဲ့ ၃ ရက်ပေးတယ်။
• Rheumatoid arthritis အဆစ်နာအတွက် တပါတ်မှာ Vitamin D 50,000 IU နဲ့ ၁၂ ပါတ်ပေးတယ်။
• Tuberculosis တီဘီအတွက် Vitamin D2 10,000 IU တကြိမ်ပေးတယ်။
• Viral infections ဗိုင်းရပ်စ်ပိုးဝင်တာအတွက် Vitamin D 800 IU နေ့စဉ်နဲ့ ၂ နှစ်ကြာပေးတယ်။

Vitamin D toxicity ဗီတာမင် (ဒီ) များခြင်း
• ရှားတယ်။ နေရာင်နဲ့ထိတွေ့လို မဖြစ်စေပါ။
• အသက် ၁၄-၇၁ နှစ်ရှိသူတွေဟာ ခံနိုင်ရည် 4000 IU/day ရှိတယ်။
• 1250 micrograms/day (50,000 IU) ကို နေ့စဉ် ကြာကြာသောက်ရင် အဆိပ်သင့်သလိုဖြစ်နိုင်တယ်။
• Primary hyperparathyroidism ရောဂါရှိနေသူတွေမှာ ပိုဖြစ်နိုင်တယ်။
• Hypercalcemia သွေးထဲမှာ ကယ်လ်စီယမ်များနေခြင်းဟာ Vitamin D toxicity ကိုဖေါ်ပြနေတာဖြစ်နိုင်တယ်။ ဆီးသွားများပြီး ရေငတ်လာမယ်။ မကုဘဲထားရင် ကျောက်ကပ်၊ အဲ၊ နှလုံးတွေကို ထိခိုက်မယ်။
• ၁၂ လအောက်ကလေးငယ်လေးတွေဟာ အများဆုံးခံနိုင်တာက 25 micrograms/day (1000 IU) ဖြစ်တယ်
• Vitamin D overdose ဗီတာမင် (ဒီ) များလို့ Hypercalcemia သွေးထဲမှာ (ကယ်လ်စီယမ်) များတာကို ဖြစ်စေနိုင်တယ်။ စားချင်စိတ်နည်းမယ်၊ ပျို့မယ်၊ အန်မယ်၊ ဆီးများမယ်၊ အားနည်းမယ်၊ အိပ်မရဖြစ်မယ်၊ စိတ်ဂနာမငြိမ်ဖြစ်မယ်၊ ယားယံမယ်၊ ကျောက်ကပ်အလုပ်ပျက်မယ်။
• ကိုယ်ဝန်ဆောင်ရင်လဲ လိုတာထက် ပိုမပေးသင့်ဘူး။ ကလေးကိုသက်ရောက်ပြီး ဦးနှောက်ကို ထိခိုက်စေနိုင်တယ်။
• Vitamin D toxicity ကြောင့် ကလေးတွေမှာ Mental retardation ဥာဏ်ရည်ထိခိုက်မယ်။ အရိုးတည်ဆောက်မှု ထိခိုက်မယ်၊ ဝမ်းလျှောမယ်၊ စိတ်တိုမယ်၊ အလေးချိန်ကျမယ်၊ စိတ်ဓါတ်ကျမယ်။ ဖြစ်သူတွေကို အဲဒီဆေး ၂ မျိုး ပေးနေတာတွေ ရပ်ပြစ်ရမယ်။ ကျောက်ကပ်ပျက်စီးတာကို ပြန်ပြင်လို့မရနိုင်ဘူး။

Paget’s Disease of Bone (ပေးဂျက်စ်) ရောဂါ အသင့်အတင့်ကနေ ဆိုးတာအတွက် Alendronate Sodium ဆေး ပေးတယ်။ လူနာမှာ serum alkaline phosphatase concentrations ≥ twice ULN ရှိနေရင် ဒါမှမဟုတ် နောက်ဆက်တွဲ ဖြစ်မှာ စိုးရသူတွေကိုပေးတယ်။
Alendronate Sodium Dosage ဆေးဘယ်လောက်ပေးမလဲ -
• Vitamin D 400–800 units နေ့စဉ်၊
• Alendronate/Cholecalciferol fixed-combination preparation (Cholecalciferol 2800 or 5600 units) အပါတ်စဉ်၊

အဖြေ (အကြံ) ပေးရလျှင် ဆရာဝန်ညွှန်တဲ့အတိုင်း စိတ်ချပြီး သောက်နိုင်ပါတယ်။

Vitamin D ဗီတာမင် (ဒီ) http://dts-medicaleducation.blogspot.in/2009/08/vitamin-d.html

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၃

Sunday, September 15, 2013

Nosebleed (2) နှာခေါင်းသွေးယိုခြင်း (၂)

Facebook 53 minutes ago 15-9-2013
ဆရာရှင့် နှာခေါင်းကနေ သွေးတွေထွက်ထွက်နေတာရော ဘာဆေးသောက်ရပါမလဲရှင့်။ အဲ့ဒိလိုဖြစ်တာတော့ နဲနဲကြာနေပါပြီရှင့်။ ဆရာဝန်နဲ့သွားပြတာလဲ နှာခေါင်းထဲထည့်တဲ့ဆေးရည်ပေးပါတယ်။ ပေးတုန်းခဏပါပဲ။ ကုန်သွားလို့ မထည့်ဖြစ်ရင် နှာပြန်စေးပြီး နှာခေါင်းပိတ်လာပါတယ်။ အဲ့ဒိကနေပြီး နှာခေါင်းသွေးပြန်ယိုလာပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဆရာ။


2011/11/29
ကျနော့်အသက် ၂ဝ ရှိပါပြီ။ လူမှန်းသိတတ်စ အရွယ်ကတည်းက နှာခေါင်းသွေး ခဏခဏ ထွက်ပါတယ်။ ပူတဲ့ရာသီဆိုရင် ပိုထွက်ပါတယ်။ နွေရာသီဆိုရင် တပတ်ကို တစ်ကြိမ်လောက် ထွက်ပါတယ်။ နှာခေါင်းကို ထိခိုက်မိတာမျိုး မရှိခဲ့ဖူးပါ။ အရမ်းအများကြီး ထွက်တာမဟုတ်ပေမဲ့ ခဏခဏ ဆိုတော့ ကြောက်ပါတယ်။ ဆေးခန်းတွေလဲ ပြပါတယ်။ Ferrous Sulphate တစ်လလောက် သောက်ဖူးပါတယ်။ သွေးစစ်တော့ ဘာမှ Abnormalities မရှိဘူးတဲ့။ ငယ်ငယ်ကတော့ ငှက်ဖျား ခဏခဏ ဖျားပါတယ်။ အဖေအမေ နှစ်ယောက်စလုံးလဲ ငယ်ငယ်တုန်းက နှာခေါင်းသွေးထွက်ပါတယ်တဲ့။ သွေးပေါင်ချိန်လဲ ပုံမှန်ပါပဲ။ ၁။ ဘာကြောင့် နှာခေါင်းသွေးထွက်လဲ။ ၂။ လုံးဝ တသက်လုံး မထွက်အောင် ကုထုံးမရှိဘူးလား။ ၃။ မျိုးရိုးနဲ့ ဆိုင်ပါသလား။

နှာခေါင်းသွေးယိုတာကို Epistaxis လို့ဆေးစာနဲ့ ခေါ်ပါတယ်။ လူ ၇ ယောက်မှာ တယောက် နှာခေါင်းသွေးယိုတယ်။ ဆောင်းတွင်းမှာ ပိုဖြစ်တယ်။ အေးပြီး ခြောက်သွေ့တဲ့ ဥတုမျိုးမှာ ဖြစ်တယ်။ မနက်ခင်းမှာ ဖြစ်တာများတယ်။ အဖြစ်များပေမဲ့ သိပ်စိုးရိမ်စရာ မရှိပါ။ ဘယ်နေရာကနေ သွေးယိုတာလဲဆိုပြီး ခွဲခြားဘို့လိုတယ်။ နှာခေါင်း ရှေ့ပိုင်း နဲ့ နောက်ပိုင်း ကုသရတာ မတူပါ။ ၉ဝ% ဟာ ရှေ့ပိုင်းကနေထွက်တာပါ။ Nasal septum ခေါ်တဲ့ နှာခေါင်းကို ဘယ်-ညာ ပိုင်းခြားထားတဲ့ နေရာမှာရှိနေတဲ့ Kiesselbach plexus ဆိုတဲ့ သွေးကြောစုကနေ သွေးယိုတာဖြစ်ပါတယ်။ နောက်ပိုင်းကနေ သွေးယိုတာက ရှားတယ်။ အသက်ကြီးသူတွေမှာ ပိုဖြစ်တယ်။ သွေးလွှတ်ကြောကနေ ယိုတာမို့ ထိန်းရတာ ခက်တယ်။ လိုအပ်ရင် ဆေးရုံ တင်ရမယ်။ ဆရာဝန်မလိုဘဲ သွေးတိတ်သွားမှာ များပါတယ်။

ဘာလို့ သွေးယိုသလဲ သိနိုင်တာတွေရော မသိနိုင်တာတွေပါ ရှိတယ်။
• Nasal and sinus infections ဆိုင်းနပ်စ်၊
• Allergic rhinitis အလာဂျီ၊
• Nasal foreign body ပစ္စည်းတခုခုဝင်တာ၊
• Nasal surgery ခွဲစိတ်တာ၊
• Cocaine (ကိုကိန်း) ဆေးသုံးတာတွေကနေ ဖြစ်စေတယ်။
• Warfarin (Coumadin), Clopidogrel bisulfate (Plavix), (NSAIDs), or Aspirin ဆေးဝါးတွေကနေလဲ ဖြစ်စေနိုင်တယ်။
• Corticosteroids and Antihistamines ဆေးတွေပါတဲ့ လိမ်းဆေး-ပန်းဆေးတွေကနေလဲ ဖြစ်စေနိုင်တယ်။
• Liver disease အသဲရောဂါ၊
• Chronic alcohol abuse အရက်သမား၊
• Kidney disease ကျောက်ကပ်ရောဂါ၊
• Platelet disorders သွေးမှုံနည်းရောဂါ၊ နဲ့
• Inherited blood clotting disorders မွေးရာပါ သွေးရောဂါတွေကနေလဲ ဖြစ်စေနိုင်တယ်။
• Vascular malformations သွေးကြောပုံမမှန်တာ နဲ့ Nasal tumors ကင်ဆာဆိုတာ အတော်ရှားပါတယ်။
• High blood pressure သွေးတိုးကနေလဲဖြစ်စေနိုင်တယ်။ စိုးရိမ်စိတ်များလို့ သွေးဖိအားတက်လို့ ဖြစ်တာ ဖြစ်ပါမယ်။

Nosebleeds in Children ကလေးတွေမှာ နှာခေါင်းသွေးယိုရင် ပိုစိုးရိမ်တတ်ကြတယ်။ အမှန်ပါ သိပ်စိုးရိမ်စရာ မရှိပါ။ ခိုက်မိလို့ဖြစ်ရတာ များတယ်။
သွေးက နှာခေါင်းတဖက်ကနေထွက်တာ များတယ်။ ထွက်တာများရင် နှာခေါင်းကို ပိတ်နေနိုင်တယ်။ Nasopharynx အောက်ပိုင်းအထိ ဆို့နေနိုင်တယ်။ အောက်ထဲ ဆင်းကျသွားတာလဲရှိမယ်။ အစာလမ်းထဲရောက်ပြီး ပြန်အန်တာလဲ ဖြစ်နိုင်တယ်။

သွေးယိုထွက်တာ များရင်
- ခေါင်းမူးမယ်၊
- အားယုတ်မယ်၊
- စိတ်မကြည်မလင်ဖြစ်မယ်၊
- သတိလစ်ချင်သလိုဖြစ်မယ်။
- နှလုံးခုန်မြန်လာမယ်၊
- သွေးအန်မယ်၊

ဆရာဝန်ပြဘို့လိုမှာတွေကတော့ -
- ခဏခဏယိုရင်၊
- နှာခေါင်းအပြင် တခြားနေရာတွေကနေယိုရင်၊
- သူများထက်ပိုပြီး သွေးခြည်ဥတတ်ရင်၊
- Aspirin or Warfarin သွေးယိုစေနိုင်တဲ့ဆေးတွေသောက်နေရင် ယိုတာဖြစ်ရင်၊
- Liver disease, Kidney disease, Hemophilia ရောဂါတွေ ရှိနေသူဆိုရင်၊
- Chemotherapy ကင်ဆာဆေး သောက်နေသူဆိုရင်၊
- ၁ဝ-၂ဝ မိနစ်မက ယိုနေရင်၊

ဘာလုပ်မလဲ
- စိတ်တည်ငြိမ်ပါ။
- မတ်မတ်ထိုင်ပါ။ ခေါင်းရော ကိုယ်ရော ရှေ့နဲနဲကိုင်းထားပါ။ ခေါင်းနောက်လှန်ထားရင် သွေးက အောက်ပိုင်း ဆင်းကျမယ်။
- နှာခေါင်းကို လက်နဲ့ ဖိညှစ်ထားပါ။ ၁ဝ မိနစ်အထိ ဖိထားပါ။ တောက်လျှောက်ဖိထားပါ။ ဖိလိုက် လျှော့လိုက်မလုပ်ရပါ။
- ပါးစပ်ထဲကျတာကို ထွေးထုတ်ပြစ်ပါ။
- ရပ်သွားပေမဲ့ နှာခေါင်းကို မထိခိုက်အောင်ဂရုစိုက်ပါ။ နှာခြေတာ၊ ချောင်းဆိုးတာ သတိထားပါ။
- ရေခဲတင်တာ အကျိုးမရှိလို့ ဆိုပါတယ်။
- Heater မကောင်းပါ။ Humidifier နဲ့ Vaporizer တွေက ကောင်းမယ်။
- Nasal saline sprays or Lubricating ointments or gels တွေကနေ အနာကျက်တာမြန်စေနိုင်တယ်။

Medical Treatment သုံးနိုင်တဲ့ ဆေးကုနည်းတွေ
(က) ရှေ့ပိုင်းကထွက်တာ
လိုအပ်ရင် သွေးထွက်နေတဲ့ သွေးကြောကိုမြင်နေရရင် Chemical cauterization နည်းနဲ့ ပိတ်နိုင်တယ်။ Silver nitrate ကို Topical anesthetic ထုံဆေးပေးပြီး သုံးတဲ့နည်းပါ။ တချို့ကို Nasal packing နှာခေါင်းထဲကို ပတ္တီးစထည့်ပြီး ပိတ်ဆို့နည်းသုံးနိုင်တယ်။ Petroleum (Vaseline) Gauze, Balloon nasal packs, and Synthetic sponge packs နည်းတွေ အမျိုးမျိုးသုံးနိုင်တယ်။ ၄၈-၇၂ နာရီအကြာမှာ ပြန်ထုတ်ရမယ်။

(ခ) နောက်ပိုင်းကထွက်တာ
Posterior nasal packing ဆို့ပိတ်နည်းသုံးရမယ်။ Balloon nasal pack ကို အများဆုံးသုံးတယ်။ စိတ်ငြိမ်ဆေး၊ အနာသက်သာဆေးလိုနိုင်တယ်။ ၄၈-၇၂ နာရီ အကြာမှာ ပြန်ထုတ်ရမယ်။ Infection ပိုးဝင်တတ်တယ်။ အသက်ရှူလမ်းပိတ်တာ ဖြစ်တတ်တယ်။ ဆေးရုံတက်ရတတ်တယ်။ မရရင်တော့ Arterial embolization ခွဲစိတ်ကုသနည်း တခုခုလုပ်ရနိုင်တယ်။

Dr. တင့်ဆွေ
၂၉-၁၁-၂ဝ၁၁
၁၅-၉-၂ဝ၁၃

Ankylosis အဆစ်ရောဂါ

Facebook 30 minutes ago 15-9-2013
ကျွန်တော် အသက် ၄ဝ ရှိပါပြီ။ ကျွန်တော်မှာ Anchylosis ရောဂါဖြစ်နေပါတယ်။ ဆရာဝန်တွေက ကုလို့မရဘူးလို့ ပြောပါတယ်။ အမှန်ဘဲလားဆိုတာ သိချင်ပါတယ်ဆရာ။

Ankylosis ဆိုတာ အဆစ်ကပုံမှန်မလုပ်နိုင်တာကိုခေါ်တယ်။ လုံးဝဖြစ်တာနဲ့ တစိတ်တိုင်းဖြစ်တာရှိတယ်။ ဒဏ်ရာကြောင့်နဲ့ ရောဂါကြောင့်ဖြစ်ရတယ်။ Ankylosing spondylitis လို့လဲခေါ်တာရှိတယ်။ ခါးရိုးဆစ်တွေမှာဖြစ်တယ်။ အဆစ်တွေခိုင်နေလို့ ပုံမှန် လှုပ်မရဖြစ်မယ်။

Ankylosing Spondylitis ဘာလို့ဖြစ်တယ်ဆိုတာ တိတိကျကျမသိရပါ။ မျိုးဗီဇလိုက်တဲ့တချက်တော့ သိတယ်။ သူ့ဆီမှာ HLA-B27 ခေါ်တဲ့ ပရိုတင်း ရှိနေနိုင်တယ်။ ဒါ့ပြင် ဗက်တီးရီားကိုလဲ သံသယရှိတယ်။

Treatment ကုသနည်းတွေရှိပါတယ်။
• Medication ဆေးပေးနည်း
• NSAIDs ဆေးအုပ်စုထဲက ibuprofen, phenylbutazone, diclofenac, indomethacin, naproxen နဲ့ COX-2 inhibitors တွေကိုပေးတယ်။
• Opioid analgesics ပိုဆိုးရင် ဘိန်း (မူးယစ်) ဆေးပါတဲ့အနာသက်သာဆေးတွေသုံးတယ်။
• DMARDs ဆေးအုပ်စုထဲက cyclosporin, methotrexate, sulfasalazine နဲ့ corticosteroids ဆေးတွေလဲသုံးတယ်။
• Tumor necrosis factor-alpha blockers ဆေးအုပ်စုဝင် biologics etanercept, infliximab, golimumab နဲ့ adalimumab ဆေးတွေသုံးတာလဲရှိတယ်။ ဈေးကြီးတယ်။
• Anti-interleukin-6 inhibitors ဆေးအုပ်စုဝင်ဆေး Tocilizumab နဲ့ rituximab ဆေးတွေလဲသုံးတယ်။

Surgery ခွဲစိတ်နည်းကို ဒူးနဲ့ ပေါင်ရိုးမှာဖြစ်ရင် အဆစ်လဲပေးတာလုပ်နိုင်တယ်။

Physical therapy (ဖီဇီယို) ကုသနည်းမှာ Physical therapy/chiropractic/physiotherapy/osteopathy နည်းတွေရှိတယ်။ Swimming ရေကူးနည်းကလဲ အကျိုးရှိတယ်။ Yoga, climbing, t'ai chi, Pilates method စတဲ့နည်းတွေလဲ စမ်းသပ်နိုင်တယ်။ Jogging နည်းက မသင့်ပါ။

Prognosis အလားအလာ။ ခပ်သင့်သင့်ဆိုးတာကနေ တိုးတိုးလာတဲ့ရောဂါဖြစ်တယ်။ ဆိုးတဲ့အချိန်ကြားမှာ သက်သာနေတာရှိပါတယ်။ ပျောက်ပါမယ်လို့ အာမခံနိုင်တဲ့ ကုသနည်းမပေါ်သေးပါ။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၃

Neuropathy အာရုံကြောအားနည်းခြင်း

Facebook about an hour ago 15-9-2013
အာရုံကြော အားနည်းခြင်းရောဂါ နှင့်ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ သိချင်ပါတယ်ခင်ဗျ။

အာရုံကြောအားနည်းခြင်းဆိုတာ အဖျားအနားအာရုံကြောတွေမှာဖြစ်တယ်။ အာရုံကြောစနစ်ကို ဗဟိုနဲ့ အဖျာပိုင်းလို့ ခွဲခြားလေ့လာရတယ်။ ဗဟိုဆိုတာ ဦးနှောက်နဲ့ ခါရိုးမကြီးထဲက အာရုံကြောကြီးတွေကိုခေါ်တယ်။ ဒါကြောင့် အာရုံကြော အားနည်းတဲ့ရောဂါကို Peripheral neuropathy လို့တိတိကျကျခေါ်တယ်။ အာရုံကြောလေးတွေရဲ့ Nerve axons ဆိုတဲ့ နေရာမှာထိခိုက်လို့ဖြစ်ရတာက များတယ်။ အမေရိကားမှာ လူ သန်း ၂ဝ မှာခံစားနေရတယ်။

အာရုံကြော ၂ မျိုးရှိတယ်။ Motor nerves တွေက ကြွက်သားတွေအလုပ်လုပ်စေအောင်ကူညီတယ်။ Sensory nerves တွေက နာတာ၊ ပူတာတွေကိုသိစေတယ်။ နောက်တမျိုးလဲရှိသေးပြန်တယ်။ Autonomic neuropathy ခေါ်တယ်။ ကိုယ်အတွင်းအင်္ဂါတွေမှာဖြစ်တယ်။ နှလုံး၊ သွေးကြော၊ ဆီးအိမ်၊ အူ၊ စတာတွေ။

• Mononeuropathy အာရုံကြောတခုတည်းမှာဖြစ်တာ၊ ဥပမာ Carpal tunnel syndrome, Ulnar nerve palsy, Radial nerve palsy နဲ့ Peroneal nerve palsy တွေဖြစ်တယ်။
• Multiple mononeuropathy အာရုံကြောတခုမကဖြစ်တယ်။
• Polyneuropathy အထွေထွေခြုံဖြစ်တယ်။ ဥပမာ Giabetic neuropathy ဆီးချိုနဲ့ Guillain-Barre syndrome ရောဂါတွေဖြစ်တယ်။

ခြေလက်တွေမှာ နာတာနဲ့ ထုံတာ၊ ကျင်တာနဲ့ ပူတာတွေကိုခံစားရမယ်။

• Diabetic neuropathy ဆီးချိုကနေဆက်ဖြစ်တာ ၃ဝ% ကဖြစ်တယ်။ ဆီးချိုရှိသူတဝက်မှာ ခံစားနေကြရတယ်။ (စာတပုဒ်ရေးထားပါတယ်။)
• Idiopathic neuropathy ဘာဖြစ်လဲမသိတာမျိုးလဲ ၃ဝ% မှာရှိတယ်။
• Nutrition အာဟာရ (ဗီတာမင် ဘီ) လိုလို့လဲဖြစ်တယ်။
• ထိထားခံရလို့နဲ့ ထိခိုက်ဒဏ်ရာရလို့လဲ ဖြစ်တယ်။
• Alcoholism အရက်စွဲသောက်သူတွေ၊
• Lupus, Rheumatoid arthritis, Guillain-Barre syndrome (အော်တိုအင်မြူး) ရောဂါတွေ၊
• Tumors ကင်ဆာအကျိတ်၊ kidney disease, Liver disease, Lyme disease, HIV/AIDS, Hypothyroidism ရောဂါတွေ၊
• Charcot-Marie-Tooth disease နဲ့ Amyloid polyneuropathy တွေက မွေးရာပါ မျိုးရိုးအရဖြစ်တယ်။
• Heavy metals အဆိပ်သင့်တာ၊
• Cancer treatments ကင်ဆာဆေးတွေကနေ ဖြစ်နိုင်တယ်။

ဖြစ်စေတဲ့အကြောင်းခံကို ကုသပေးရတယ်။ ဒါ့အပြင် ဆေးနည်းတွေရှိပါတယ်။
• Tricyclics နဲ့ SNRI's စိတ်မကျဆေးတွေကလဲ အသုံးကျတယ်။
• Anticonvulsants အတက်သက်သာဆေးတွေကိုလဲ သုံးတယ်။
• Opioid narcotic treatments ဘိန်းကနေထုတ်တဲ့ဆေးလဲ ပေးတာရှိတယ်။
• Post-herpes neuralgia ရေယုံဖြစ်ပြီးနောက် နာနေတာမျိုးကို Lidocaine ထုံဆေးလိမ်းစေတယ်။ Capsaicin ငရုပ်ပွ ပလာစတာကိုလဲ ကပ်ေးနိုင်တယ်။

အစဉ်အလာမဟုတ်တဲ့ ကုသနည်းတွေကတော့
• Cannabinoids ဆေးခြောက်တမျိုး၊
• Botox (ဘိုတောက်) ထိုးဆေး၊
• Ketamine မေ့ဆေးတမျိုး၊
• Alpha lipoic နဲ့ Benfotiamine အားဆေး၊
• Chiropractic massages နှိပ်ခြင်း၊
• Yoga ယောဂ၊
• Meditation တရားထိုင်နည်း၊
• Cognitive therapy စိတ်ကုသနည်းနဲ့
• Acupuncture အပ်စိုက်ကုသနည်းတွေ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၃

Myasthenia gravis ကြွက်သားအာနည်းရောဂါ

Facebook About an hour ago 15-9-2013
ဆရာရှင့် အမေက အသက် ၅၉ နှစ်ပါ။ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကစပြီး ညာဘက်မျက်ခွံတစ်ဘက် အိကျနေပါတယ်။ mestinon 60 mg တစ်ခြမ်းကို တစ်နေ့ ၃ ကြိမ် သောက်ရပါတယ်။ သောက်ခါစက အတော်လေး သက်သာတယ် ထင်ရပေမယ့် ဆေးသောက်တာ ၂ လလောက်ကြာပေမဲ့ အရင်အတိုင်းပဲလို့ ထင်မိပါတယ်။ မျက်စိဆရာဝန်က မျက်လုံးက ပုံမှန်ပါပဲလို့ ပြောပါတယ်ဆရာ။ ကျေးဇူးပြုပြီး ရှင်းပြပေးပါဆရာ။

Mestinon ဆေးဟာ Pyridostigmine bromide ဖြစ်တယ်။ Cholinesterase inhibitor ဆေးအမျိုးအစားဖြစ်တယ်။ Myasthenia gravis ရောဂါအတွက်သုံးတယ်။

Myasthenia gravis ရောဂါဆိုတာ ကြွက်သားတွေ အားနည်းလိုက်၊ အားကုန်လိုက်ဖြစ်တာကို ပြောတာပါ။ Autoimmune neuromuscular ခုခံအားစနစ်မှာ ကမောက်မကမဖြစ်လို့ ကိုယ့်ကိုယ်ပိုင်အရာကို ဆန့်ကျင်တဲ့ဓါတ် (အင်တီဘော်ဒီ) တွေ ထွက်လို့ အဲလိုဖြစ်ရတယ်။ Antibodies တွေက Postsynaptic neuromuscular junction အဆုံနေရာမှာ Acetylcholine receptors တွေကို ပိတ်ပင်ရာကနေဖြစ်တယ်။ Excitatory effects ဖြစ်ရမှာကို တားဆီးစေတယ်။

အသက် ၄ဝ ကျော်မှာ အဖြစ်များတယ်။ ငယ်ငယ်မှာဖြစ်ရင် (သိုင်းမတ်စ်) ကိုစစ်ရမယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ တနှစ်မှာ လူ ၁ သန်းထဲက ၃-၃ဝ ယောက်မှာ ဒီရောဂါကိုတွေ့ရတယ်။ Congenital myasthenic syndromes မွေးရာပါ ရောဂါနဲ့ ခွဲခြားရတယ်။

Myasthenia Gravis Foundation of America Clinical Classification ကနေ ရောဂါအဆင့်သတ်မှတ်ထားတာရှိတယ်။
• Class I: Any eye muscle weakness, possible ptosis, no other evidence of muscle weakness elsewhere
• Class II: Eye muscle weakness of any severity, mild weakness of other muscles
- Class IIa: Predominantly limb or axial muscles
- Class IIb: Predominantly bulbar and/or respiratory muscles
• Class III: Eye muscle weakness of any severity, moderate weakness of other muscles
- Class IIIa: Predominantly limb or axial muscles
- Class IIIb: Predominantly bulbar and/or respiratory muscles
• Class IV: Eye muscle weakness of any severity, severe weakness of other muscles
- Class IVa: Predominantly limb or axial muscles
- Class IVb: Predominantly bulbar and/or respiratory muscles (Can also include feeding tube without intubation)
• Class V: Intubation needed to maintain airway

ရောဂါဖြစ်တာရဲ့ ပင်မလက္ခဏာကတော့ အားမရှိတာဖြစ်တယ်။ ကြွက်သားတွေ ဆိုးနေချိန်မှာ တိုးတိုးပြီး အားမရှိ ဖြစ်လာတယ်။ ကြာထဲ သက်သာအုန်းမယ်။ မျက်လုံးလှုပ်တဲ့၊ စကားပြောတဲ့၊ မျက်နှာအမူအယာလုပ်တဲ့၊ ဝါးတဲ့၊ မျိုချတဲ့ ကြွက်သားတွေကို ထိခိုက်တယ်။ ဆိုးရင် အသက်ရှူတဲ့၊ လည်ပင်လှုပ်ရှားတဲ့ ခြေလက်လှုပ်တဲ့ကြွက်သားတွေကိုပါ ထိခိုက်တယ်။ ဖြစ်ရင် ယုတ်တရက်ဖြစ်တယ်။ ဖြစ်လိုက် သက်သာလိုက်နေတယ်။ ရောဂါအပြင်း-အပျော့မတူဘူး။ အပေါ်မျက်ခွံ အိကျပြီး ပိတ်လာမယ်။ တဖက်တည်းစတာလဲဖြစ်မယ်။ အရုပ်နှစ်ခုမြင်မယ်။ တခြားနေရာတွေမှာဖြစ်ရင် လမ်းလျှောက်မကောင်းတာ၊ လက်လှုပ်မကောင်းတာတွေဖြစ်မယ်။ မျက်နှာအမူအယာတမျိုးဖြစ်လာမယ်။ ဆိုရင် အသက်ရှူခက်တာအထိဖြစ်မယ်။

၇၅% မှာ (သိုင်းမတ်စ်) ပုံမှန်မဟုတ်ဖြစ်နေနိုင်တယ်။ ၁ဝ%မှာ (သိုင်းမတ်စ်) အကျိတ်ဖြစ်နေနိုင်တယ်။ ခွဲစိတ်ရမယ်။ Penicillamine ဆေးပေးနေရသူတွေမှာ ဒီရောဂါရလာစေနိုင်တယ်။ တခြား (အော်တိုအင်မြူး) ရောဂါရှိသူတွေ မိသားစုထဲမှာ ရှိနေတတ်တယ်။ ဒီရောဂါနဲ့အတူ Hashimoto's thyroiditis and Graves' disease လည်ပင်းကြီး ရောဂါတွေ၊ Diabetes mellitus type 1 ဆီးချို အမျိုးအစား (၁)၊ Rheumatoid arthritis (ရူမက်တစ်) အဆစ်နာရောဂါ၊ Lupus (ဘူးပတ်စ်) ရောဂါ နဲ့ Demyelinating CNS diseases အာရုံကြောရောဂါတွေပါ တွဲရှိနေတတ်တယ်။ ကိုယ်ဝန်ဆောင်တာ စိုးရိမ်စရာမရှိပါ။ ဒါပေမဲ့ မွေးလာတဲ့ကလေး ၁ဝ% မှာ ဒီရောဂါရလာစေနိုင်တယ်။

ရောဂါဟုတ်မဟုတ် စမ်းသပ်နည်းတွေရှိတယ်။ (မရေးတော့ပါ။)

• Acetylcholinesterase inhibitors ဆေးတွေဖြစ်တဲ့ Neostigmine နဲ့ Pyridostigmine ဆေးတွေက သက်သာစေမယ်။ 3x20mg pyridostigmine ကနေစပေးတတ်တယ်။ နောက် တိုးပေးမယ်။ ထမင်းမစားခင် မိန်စ ၃ဝ ကြိုသောက်ရင် ထမင်းစားတဲ့အခါ အဆင်ပြေမယ်။
• Immunosuppressive ဆေးတွေဖြစ်တဲ့ Prednisone, Cyclosporin, Mycophenolate နဲ့ Azathioprine တွေကိုလဲ သုံးတယ်။ အစွမ်းပြဘို့ စောင့်ရတယ်။ ဆေးအုပ်စု ၂ ခုတွဲပေးတာလဲရှိတယ်။ မွေးရာပါဆိုရင် Immunosuppressive ဆေးမတိုးဘူး။
• Myasthenic crisis အရေးပေါ်ဖြစ်တာလဲရှိတယ်။ Plasmapheresis and IVIG ဆေးထိုးပေးရတယ်။ IV Immunoglobulins (IVIGs) ကိုလဲထိုးပေးနိုင်တယ်။
• တချို့ကို Thymectomy ရင်ပတ်ထဲက (သိုင်းမတ်စ်) အင်္ဂါကိုခွဲထုတ်ပေးတယ်။

Prognosis အလားအလာ
ဆေးကုနေရင် Malignant thymoma (သိုင်းမတ်စ်) ကင်ဆာကလွဲရင် ပုံမှန်လူလောက်နီးပါးနေနိုင်၊ လုပ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၃

Baby Care ကလေးဗိုက်နာရင်

Q: 3:57am Sep 15
ဆရာရှင့် သမီးလေးက ၁ဝ ကျော်ပါပြီရှင့်။ ၃ လနောက်ပိုင်းလောက်မှာ လေပါလို့ကလေးက ညနေဆိုအချိန်မှန် ငိုပါတယ်။ ဒါပေမယ့် နောက်ပိုင်း တဖြည်းဖြည်းသက်သာလာပါတယ်။ ဒါပေမယ့်ဆရာ အခုတစ်ခါတစ်ခါပြန်ဖြစ်နေပါတယ်။ ဖြစ်ရင် ညဘက်တွေဖြစ်တာ များပါတယ်။ အိပ်ခါနီးဂျီသလိုလို လေအောင့်သလိုလို ငိုပါတယ်။ ညနေ စာထမင်းစားပြီးတိုင်း နာနာကစ် တိုက်ရတယ်။ သမီး အဲလေဆေးတွေကိုအမြဲမတိုက်ချင်ဘူး။ ကလေးအတွက် အန္တရာယ်ဖြစ်စေနိုင်လားဆရာ။ ကလေးရဲ့အစာအိမ်က ဒီဆေးမတိုက်ရင် ကောင်းကောင်းအလုပ်မလုပ်နိုင်တာမျိုး ဖြစ်နေမှာကို အရမ်းစိုးရိမ်မိပါတယ်။ အလိုမျိုးတွေရော ဖြစ်နိုင်လားဆရာ။


A: 11:25am Sep 15, 2013
၁ဝ ကျော်ဆိုတာ၊ ၁ဝ လ လား၊ ၁ဝ နှစ်လား။ ဆေးနာမည်ကို အင်္ဂလိပ်စာလုံးပေါင်းရေးမှ သိမယ်။ တလုံးကလေးလွဲရင် မရပါ။ ရောင်းကုန်နာမည်ကို အမျိုးမျိုးပေးတာမို့ နိုင်ငံတိုင်းမှာ မရှိလို့ မှားပြောမိရင် မကောင်းပါ။

Q: 11:30am Sep 15
10 လကျော်ပါဆရာ။ ဆေးနာမည်က nana kid ပါဆရာ။

A: Nana Kid ဆိုတာကို ဂူဂယ်လ်မှာရှာရင် မဆိုင်တာတွေသာတွေ့တယ်။ လေပါတယ်ဆိုတာ လေနာ-လေအောင့်တာလို့ မှတ်ယူပြီး ရေးထာတဲ့စာတပုဒ် ပို့လိုက်ပါတယ်။

Q: May 25, 2011 at 8:03 AM
ကလေးအတွက် Air X drop ကို အမြဲတိုက်ရင် ဘာဖြစ်တတ်ပါသလဲ။ အညွန်းထဲမှာတော့ ၂ ကြိမ်တိုက်လို့ ရတယ်လို့ ရေးထားပါတယ်။ ဆရာပြောလို ဆေးမတိုက်ဘဲ ထားကြည့်တာ မရလို့ပါ။ ရင်လူးဆေးတွေ လူးလဲမရပါဘူး။ အော်အော် နေပါတယ်။ လေလဲထုတ်ပါတယ်။ Air X တိုက်လိုက်ရင်တော့ ခဏလေးနဲ့ ငြိမ်ပြီးအိပ်သွားပါတယ်။ စိုးရိမ်တာက ဆေးက ကောင်းတာလား၊ ဒါမှမဟုတ် အိပ်ဆေးလိုဟာမျိုး ပါနေလားလို့ပါ။
A: ကလေးငယ်လေးတွေ ငိုတာဟာ ဗိုက်နာလို့သာ မဟုတ်ဘဲ မိဘတွေ၊ လူကြီးတွေကနေ ဂရုစိုက်စေချင်လို့ ငိုတာလဲ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ထင်ကြတယ်။ ကလေးတွေဟာ မိခင်နို့စို့ရင်းဖြစ်ဖြစ် နို့ဗူးစို့ရင်းဖြစ်ဖြစ် လေကိုပါ မျိုချလို့ လေအပိုတွေကြောင့် ဗိုက်နာတတ်တယ်။ ဗူးသုံးရင် Anti Colic Baby Bottles သုံးပါလို့ ညွှန်တယ်။

ကလေး ဗိုက်နာတာကို ကုစားနည်း တမျိုးထဲရှိတာတော့ မဟုတ်ပါ။ တမျိုးနဲ့ မရရင် နောက်တမျိုး လုပ်ရလိမ့်မယ်။ အဓိကကတော့ ကလေးကို ခြော့ပေးဘို့ဘဲ။ သူစိတ်ရှုတ်တာကို လျော့စေဘို့ ဖြစ်တယ်။ ဘာလို့ အော်ငိုသလဲ သိအောင် လုပ်ရမယ်။ ပြုစုသူရဲ့ စိတ်ပူပန်မှုကိုလဲ လိုတာထက် မပိုစေရပါ။ ကလေးတွေဟာ လုံးဝဆိတ်ငြိမ်နေတာ သိပ်မကြိုက်ပါ။ သီချင်းသံ ဖွင့်ထားတာမျိုး လုပ်သင့်တယ်။ ကလေး ဆာတဲ့အထိ မစောင့်ပါနဲ့။ နို့တိုက်နေရင် နို့မဝခင် ခဏနားပေးပါ။

အသုံးပြုနိုင်တဲ့ နည်းတွေ -
• Swaddling ကလေးအနှီး ထပ်ပတ်ခြင်း၊
• Side/stomach soothing ကလေးကို ဘေးတိုက် ဒါမှမဟုတ် မှောက်သိပ်ပါ၊
• Shushing sounds ကလေးကို ဗိုက်ထဲမှာနေတုံးက ကြားနေရတဲ့အသံမျိုး ကြားစေအောင်လုပ်ပါ။ ဥပမာ မောင်းနေတဲ့ ကားပေါ်တင်တာ၊ ဆံပင်ခြောက်ကရိယာကို အသံမည်စေတာ လုပ်ပါ၊
• Swinging ပုခက်လွှဲပေးတာ၊
• Sucking ကလေးပါးစပ်ထဲမှာ စုပ်စရာတခု ထည့်ထားပေးတာ လုပနိုင်တယ်။

သုံးနိုင်တဲ့ ဆေးတွေ -
• Aden + Anais 100% Cotton Muslin Swaddle Wrap, Jungle Jam, 4 Pack
• Baby SleepSack Wearable Cotton Blankets Halo Innovations
• Colic Calm All Natural Gripe Water
• Colic Gas Relief
• Dentinox Infant Colic Drops 100ml
• Enfamil Nutramigen LIPIL with Enflora Powder for Infants with Iron, 12.6-Ounce Cans (Case of 6)
• Equate – Infants’ Gas Relief Drops, Simethicone 20 mg
• Gripe Water, Gripe Mixture
• Happi Tummi Removable Waistband – Blue
• Hyosyne drops for colic
• Infacol Wind Drops
• Kids Baby Sleep Bag
• Little Tummys Gas Relief Drops for Newborns, Infants & Children, Berry, 1 Ounce (Pack of 3)
• Little Tummys Gripe Water – 4 oz
• Miracle Blanket -Baby Swaddling Blanket -Pink
• Mommy’s Bliss Gripe Water, Liquid, 4-Ounce Bottles (Pack of 2)
• Newborn Rock ‘n Play Sleeper, Yellow
• Similac Alimentum Advance Protein Hypoallergenic Formula with Iron, Ready to Feed, 8-Fluid Ounces (Pack of 24)
• Ultimate Baby Music – Baby Got Colic (White Noise for Babies)

Dr. တင့်ဆွေ
၂၅-၅-၂ဝ၁၁
၁၅-၉-၂ဝ၁၃

Artificial eye မျက်လုံးအတု

Sun, Sep 15, 2013 at 11:48 AM
မျက်လုံးအတု အကြောင်းမေးချင်တာပါ။ ကျွန်တော့်အဖေက အစိုးရဝန်ထမ်းပါ။ အသက်က ၅ဝ ကျော်ပါပြီ။ အဖေ ငယ်တုန်း ၁၆ နှစ်လောက်က ဘယ်ဘက်မျက်စိတစ်ဖက် ထိခိုက်မိပြီး ကွယ်နေခဲ့တာပါ။ အကြောင်းအမျိုးမျိုးကြောင့် မခွဲဖြစ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ သုံးလလောက်ကမှ တပ်ကနေ စစ်ဆေးရုံမှာခွဲဖို့ ပြောလာလို့ သွားခွဲခဲ့ပါတယ်။ အခုဆို ခွဲထားတာက ကျတ်ပါပြီ။ သွားသွားလာလာမှာ အမှုန်ဝင်မှာစိုးလို့ ပတ်တီးလေးနဲ့တော့ အုပ်အုပ်ပြီး သွားပါတယ်။ မျက်လုံးအတု ထည့်ဖို့က စောင့်နေတာ တပ်ကလဲ ဘာမှမပြော၊ စစ်ဆေးရုံလဲ မေးမရ ဖြစ်နေလို့၊ ကိုယ့်ဖာသာပဲ အပြင်ဆေးရုံမှာ ထည့်လိုက်တော့မလို့ပါ။ ဘယ်တော့ ဘာပြောမလဲကို စောင့်ရင်း စောင့်ရင်းနဲ့ တစ်ခုခုဖြစ်သွားမှာ စိုးလို့ပါ။ ဟုတ်ကဲ့ ကျွန်တော်သိချင်တာက မျက်လုံးအတုမှာ အမျိုးအစားတွေ ရှိလားဆရာ။ ကျောက်တို့၊ ဖန်တို့ ဘာတို့ပေါ့။ ဘယ်အမျိုးအစားက သက်တောင့်သက်သာ ပိုရှိမလဲဆရာ။ ပြီးတော့ အဖေ့အတွက် ဆောင်ရန်၊ ရှောင်ရန်လေးတွေလဲ သိချင်ပါတယ်။ ဆရာက မြန်မာပြည်မှာ မဟုတ်ဘူးလို့ သိထားပါတယ်၊ ဒါပေမယ့် မန္တလေး ဒါမှမဟုတ် ရန်ကုန်မှာဖြစ်ဖြစ် မျက်လုံးအတု ထည့်ဖို့ အဆင်ပြေမယ့် ဆေးခန်း/ရုံ ဆရာ လမ်းညွှန်နိုင်တာရှိရင်လဲ လမ်းညွှန်ပေးပါဆရာ။

ဆေးစာနဲ့ Ocular prosthesis လို့ခေါ်တယ်။ ကနေ့ခေတ်မှာ Cryolite glass နဲ့လုပ်ထားတယ်။ ရုပ်အတွက်သာ အကောင်းဆုံးလုပ်ပေးတာဖြစ်ပြီး မျက်စိအမြင်က ပြန်မရပါ။ ပုံစံမျိုးစုံရှိတယ်။ လုံးဝန်းတာနဲ့ ဘဲဥပုံ။ အပေါက်လေးတွေ ပါတာနဲ့ မပါတာ။ အုပ်စု ၂ မျိုးရှိတယ်။

(၁) Nonintegrated implants အုပ်စုကို ၁၉၇၆ ကတည်းကသုံးတယ်။ ကြွက်သားတွေနဲ့ ဆက်မထားဘူး။ Acrylic, Glass နဲ့ Silicone spheres တွေပါတယ်။ ပိုပြီးအဆင်ပြေတယ်လို့ ဆိုပါတယ်။
(၂) Integrated implants (Porous)
အပေါက်လေးတွေပါတယ်။ ဆက်ပေးထားတွေပါတယ်။ မျက်လုံးလှုပ်ရှားရတာ ပိုပြီးအဆင်ပြေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ဖြစ်တာတွေ ရှိနိုင်တယ်။

တခုချင်းခေါ်တာတွေရှိတယ်။
• Hydroxyapatite implants
• Porous polyethylene (PP)
• Bioceramic
• Conical orbital implant (COI)
• Multipurpose conical orbital implant (MCOI)
• Pegged (motility post) implants

မျက်လုံးကိုရောဂါကြောင့် ခွဲစိတ်ကုသပြီးတဲ့နောက် ၄-၆ ပါတ်နေမှ အတုထည့်ပေးတယ်။ ဒီကြားထဲမှာ Conformer ခေါ်တဲ့ပလပ်စတစ်ပြားလေးကို နေရာကျုံ့မသွားစေအောင် ထည့်ထားနိုင်တယ်။ ခွဲစိတ်တဲ့အခါ မျက်လုံးအခွက်ထဲမှာ လုံးနေတဲ့ မျက်လုံးအတုကိုထည့်မယ်။ Eyelids မျက်ခွံနဲ့ Conjunctiva မျက်ခွံလွှာကို ဖုံးထားပေးမယ်။

Scleral Cover Shell Prosthesis ဆိုတာကတော့ မွေးရာပါချို့ယွင်းချက်ရှိနေသူတွေကို လုပ်ပေးတဲ့ Cover shell အဖုံးလွှာဖြစ်တယ်။

မျက်လုံးအတုတပ်ထားသူများအတွက် အကြံပေးချက်များ -
• Yearly Checkups မျက်လုံးအတုတပ်ထားသူတွေကို နှစ်စဉ်စစ်ဆေးတာလုပ်ရတယ်။
• Removal and Cleaning တချိန်ချိန်မှာ မျက်လုံးအတုကို ထုတ်ပြီး သန့်စင်ဆေးကြောတာလုပ်ရတယ်။ ခေတ်ပေါ်တွေက ပိုကောင်းလို့ သိပ်လုပ်စရာမလိုဘူး။
• Eye Drops မျက်စဉ်းလိုနိုင်တယ်။ Artificial tears မျက်ရည်တုမျက်စဉ်းကိုသုံးရတယ်။
• Storing the Eye မျက်လုံးအတု ထွက်ကျတာရှိရင် သိမ်းဆည်းနည်းကို ဆရာဝန်ကပြောပါမယ်။
• မျက်လုံးအတုတပ်ထားသူဟာ မျက်လုံးကို ပွတ်ချင်လာရင် မျက်ခွံကိုပိတ်ထားပြီးမှ နှာခေါင်းဘက်ဆီကိုသာ ပွတ်ပါ။
• အရက်ပျံ၊ အီသာ၊ ကလိုရိုဖေါင်း စတဲ့ဖျော်ရည်တွေနဲ့ မထိပါစေနဲ့။
• ရေကူးရင်လဲ ကိစ္စမရှိပါ။ Swim goggles တပ်ထားရင်ကောင်းတယ်။
• ကျန်တဲ့မျက်စိကို ပိုပြီးဂရုစိုက်ပေးပါ။ နေကာမျက်မှန်သုံးပါ။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၃

Horlicks ဟောလစ်

Facebook 6 hours ago 15-9-2013
ဆရာရှင့် သားသားက တစ်နှစ်လေးလကျော်ပါပြီ။ အာဟာရ စုံအောင်ကြိုးစား ချက်ပြုတ်ပြီး သူ့ဖွံ့ဖြိုးမှုကို ဂရုစိုက်ပါတယ်။ နွားနို့ကို ဈေးထဲကဝယ်ပြီး ကိုယ်တိုင်ကြိုတိုက်တာ သား ၆ လ ကတည်းက မပျက်အောင်ဂရုစိုက်ခဲ့ပါတယ်ဆရာ။ ကျန်းမာရေးလည်း အားရလောက်အောင်ကောင်းပါတယ်။ အရပ် အလေးချိန် အမြဲစောင့်ကြည့်ခဲ့ပါတယ်ဆရာ။ သူ့အဖေရော ကျွန်မရော ပုတယ်ဆရာ။ ခုဈေးကွက်ထဲမှာရနိုင်တဲ့ Ovaltine တို့ Zee Horlicks တို့ အကြောင်းပါဆရာ။ ခြံကတိုကိရိုက်ရတဲ့နွားနို့ရယ် အာဟာရထပ်ဖြည့်ထားတဲ့ အဲဒီနို့အမျိုးအစားတွေရဲ့ အားသာချက် အားနည်းချက် ယှဉ်ပြောပြပေးပါရှင်။ အဲဒါတွေ တိုက်သင့်မတိုက်သင့် တိုက်ရမယ်ဆိုရင် အသက်အပိုင်းအခြား ကန့်သတ်ချက် အဲဒါလေးတွေ ဖြေပေးစေချင်ပါတယ်ဆရာ။ သားကို အရပ်ရှည် ဉာဏ်ကောင်းစေချင်တော့ သူတို့ပြောတဲ့ကြော်ငြာတွေ ယုံသင့်မယုံသင့် သိချင်ပါတယ်ဆရာ။ နေ့စဉ်တိုက်ရမယ်ဆိုတော့ သားကို အဆိပ်အတောက်ဖြစ်မှာစိုးပြီးမဝယ်ရဲလို့ပါရှင့်။

မိဘမေတ္တာကိုဖေါ်ပြတဲ့ မေးခွန်းဖြစ်ပါတယ်။ အသက် ၁ နှစ်ကျော်တဲ့ကလေးကို လူကြီးစားတာတွေ အကုန်လောက် ကြွေးနိုင်ပါပြီ။ နွားနို့၊ ဟောလစ်၊ အိုဇာလ်တင်း စတာတွေကို ဖြည့်စွက်အာဟာရအဖြစ်သာ တိုက်ကြွေးရပါမယ်။ တမင်းကို တနေ့ ၃ ခါကြွေးရင်၊ ကြားချိန်မှာ တိုက်နိုင်ပါတယ်။ ဒီလိုဖြည့်စွက်အာဟာရကြောင့် ထမင်း-ဟင်းစားတာကို မလျှော့စေသင့်ပါ။

• Horlicks ဟောလစ်ဆိုတာ Malted milk hot drink နွားနို့ကနေထုတ်လုပ်တယ်။
• Ovaltine ကလဲ Milk flavoring product နွားနို့ကိုဘဲ အနံ့မွှေးတာထည့်ထားတယ်။
• Milk powders နွားကျွဲနို့ကို အမှုံ့လူပ်ထာတာတွေချည်းဖြစ်တယ်။ Proteins ပရိုတင်းတွေနဲ့ Soluble vitamins ဗီတာမင်တွေရယ် Minerals ဓါတ်ဆားတွေပါတယ်။ ပရိုတင်း ၃၆%၊ ကာဗွန်ဟိုက်ဒရိတ် (လက်တို့စ် သကြားဓါတ်) ၅၂%၊ ပိုတက်ဆီယမ် ၁့၈% နဲ့ ကယ်လ်စီယမ် ၁့၃% ပါတယ်။
• Whole milk powder ရိုးရိုးနို့ကနေ ထုတ်တာဆိုရင် ပရိုတင်း ၂၅-၂၇%၊ ကာဗွန်ဟိုက်ဒရိတ် ၃၆-၃၈%၊ အဆီ ၂၆-၄ဝ% နဲ့ ဓါတ်ဆား ၅-၇% ပါဝင်တယ်။ အထားအသို လိုတာကနေ အာဟာဓါတ်တွေလျှော့နည်းတာကို သတိထားရမယ်။
• နွားနို့ လတ်လတ်ဆတ်ဆတ်ထက် ရောင်းကုန် နို့မှုံ့တွေမှာ Oxysterols (Oxidized cholesterol) ကိုလက်စထော ပိုပြီး ပါတယ်။ ဒီဓါတ်က များရင် သွေးကြောကျဉ်းရောဂါဖြစ်စေနိုင်တယ်။
• အစားအသောက်တိုင်းရဲ့ အခြေခံဥပဒေသကတော့ လတ်ဆတ်လေကောင်းလေဖြစ်တယ်။ သဘာဝဟာ အတုအပနဲ့ ပြုပြင်ထားတာတွေထက် ပိုသင့်မြတ်တယ်။
• ကလေးအရပ်ဟာ မျိုးဗီဇကိုလိုက်ပါတယ်။ ဒါပေမဲ့ ချွင်းချက်တွေရှိတယ်။ အရွယ်ရောက်ခါနီး (၁၁-၁၂-၁၃ နှစ်) အရေးကြီးတယ်။ ဥာဏ်ရည်မှာလဲ (မျိုးဗီဇ + သင်ကြားမှု + ပါတ်ဝန်းကျင်) တွေကနေ သက်ရောက်စေပါတယ်။
• အစာအာဟာရကဲ ပြည့်စုံ-မျှတရပါမယ်။ ကလေးတိုင်းက သင်ယူနေတာ အချိန်နဲ့အမျှဖြစ်လို့ တနေ့ထက် တနေ့ အသစ်အဆန်းတွေ သင်ကြားပေးသင့်ပါတယ်။ မိဘတွေက စိတ်တော့ မလောသင့်ပါ။ အတင်းတော်စေ၊ တတ်စေချင်လွန်းတာလဲ မသင့်ပါ။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၃

Low BP သွေးကျနေသလား

Sun, Jan 8, 2012 at 2:37 PM
ကျွန်နော့် နာမည် (့) ပါ။ (့) မှာ နေပါတယ်။ အသက် ၂၈၊ ယောက်ျားလေးပါ။ အရပ် ၆ ပေ၊ ကိုယ်အလေးချိန် ၁၂ဝ ခန့်ပဲ ရှိပါတယ်။ ကျန်းမာရေး များသောအားဖြင့် ကောင်းပါတယ်။ အခုတစ်လော ညစာစားပြီးချိန်လောက်ကစပြီး မူးမူးနေတယ်။ သူငယ်ချင်း တစ်ယောက်က သွေးဘောင်ချိန်တဲ့စက်လေးဝယ်လာလို့  အခုပဲချိန်လိုက်ပါတယ်။ အပေါ်သွေး ၁ဝ၁၊ အောက်သွေး ၆၃ ရှိပါတယ်။ သူငယ်ချင်း အပြောကတော့ အရမ်းကျနေတယ် ပြောတယ်။ အဲဒါဘာကြောင့်ကျတာလဲ။ ဘယ်လို ပြန်တက်အောင် လုပ်ရမလဲ။ ကျန်းမာရေး လိုက်စားမှုမရှိပါ။ ကျန်းမာရေး ဘယ်လိုလိုက်စားရတာလဲ။ အသက် ၂ဝ က သွေးတစ်ခါ လှူဘူးတယ်။ အရမ်းလည်း ပိန်တယ်။

မဖြေခင် ပြင်ပါရစေ၊ "သွေးဖိအား" လို့ရေးမှ မှန်တယ်။ Blood pressure (BP) အတိုင်းအတာ (ယူနစ်) ကို Pound (ပေါင်) နဲ့မသုံးဘဲ mmHg (မီလီမီတာ-မာကျူရီ) နဲ့ သတ်မှတ်ထားလို့ပါ။ "ပေါင်" ဆိုရင် အလေးချိန်နဲ့ ဗြိတိန်-ပိုက်ဆံ ဖြစ်သွားမယ်။ "ဘောင်" ဆိုရင် အကန့်အသတ် ဖြစ်သွားမယ်။

အဲလို ဂဏန်းအတိအကျ ထွက်တာ Digital BP apparatus သွေးဖိအားတိုင်း ကရိယာနဲ့ တိုင်းလို့နေမယ်။ ရိုးရိုးကရိယာ Sphygmomanometer နဲ့ တိုင်းရင် ၅ ဂဏန်း၊ ဆယ်ဂဏန်းသာ သေခြာတယ်။ ဒီသမာရိုးကျ စပေါ်ခဲ့တဲ့ ကရိယာထဲမှာ ပြဒါးသုံးထားပြီး ဖန်ပြွန်လေးမှာ mm (မီလီမီတာ) ရေးမှတ်ထားလို့ သွေးဖိအား အဖြေကို ပြောခဲ့သလို ရေးမှတ်ရတာ ဖြစ်ပါတယ်။ ပြဒါးကို ဓါတုဗေဒအရ Hg (မာကျူရီ) လို့ ခေါ်ကြရတယ် မဟုတ်လား။

(ဒစ်ဂျစ်တယ်လ်) သွေးဖိအားတိုင်း ကရိယာမှာ များသောအားဖြင့် ဂဏန်း ၃ ခု ပါလေ့ရှိတယ်။ တခုက အပေါ်သွေးဖိအား၊ နောက်တခုက အောက်သွေးဖိအားနဲ့ နှလုံးခုန်နှုန်း ဖြစ်တယ်။ နှလုံးခုန်နှုန်းကို တိုင်းမပေးတာလဲ ရှိပါတယ်။ ဒါက တချက်။

နောက်တချက်က သွေးဖိအားဆိုတာ အမြဲမပြတ် တက်လိုက် ကျလိုက်နေတယ်။ သွေးဖိအား များချင်ချင်ဖြစ်တာကိုရော နည်းချင်ချင် ထင်ရတာကိုပါ ၂-၃ ခါလောက် ပြန်တိုင်းသင့်တယ်။ လူနာကို စိတ်အေးလက်သာ ရှိစေအောင်လဲ နှစ်သိမ်တာတို့ ဘာဟင်းနဲ့ စားခဲ့လဲ၊ ဘယ်ကျောင်း တက်နေလဲ စသဖြင့် စိတ်ပြောင်းအောင် လုပ်ပြီးတိုင်းရတယ်။ မောမောပန်းပန်းနဲ့ ဆေးခန်းဝင်လာသူကို တန်းပြီး တိုင်းရင် များနေနိုင်တယ်။ ဆရာဝန်-ဆရာမ အပေါက်ဆိုးလို့ အလိုမကျရင်လဲ သွေးဖိအား ပုံမှန်မဟုတ်တာ ထွက်နိုင်သေးတယ်။

နောက်တချက် ရှိသေးပြန်တယ်။ (ဒစ်ဂျစ်တယ်လ်) တွေဟာ ကြာကြာမခံဘူး။ မေးတဲ့သူကိုတော့ အသစ်နဲ့တိုင်းတာမို့ မဆိုလိုပါဘူး။ ဘယ်ကရိယာနဲ့ တိုင်းတိုင်း တိုင်းတဲ့အခါ စက်-ကရိယာ နဲ့ လူ့နှလုံးရှိရာ ရင်ပတ်အနေမှာ ထားသင့်သေးတယ်။ သွေးဖိအားကို ဘယ်လောက်ဟာ ပုံမှန်၊ ဘယ်လောက်ဆို နည်းတယ်၊ များတယ် ပြောရတာ တခွန်းထဲ မရဘူး။ ဆရာ လျှာရှည်ရတယ်။ အောက်ဂဏန်း ၉ဝ ကျော်ရင်၊ အထက်ဂဏန်း ၁၄ဝ ကျော်ရင် သွေးတိုးလို့ စပြောနိုင်တာကိုတော့ ဆရာဝန် အများစုက သဘောတူကြတယ်။ ဘယ်လောက်ထက် နည်းတာကို နည်းတယ်ပြောမလဲ ဆိုတာကျ ပြောမရပြန်ဘူး။ မပြောကြတာပါ။ အဲလိုနည်းနေတာက ဆေးကုသဘို့ မလိုတတ်လို့ ဖြစ်ပါတယ်။

ကြားဘူးမှာပါ။ သွေးတိုးရှိနေတာကို ဆရာဝန်ကတိုင်းမှ သိကြသူတွေ မနည်းလှဘူး။ ဘာမှခံစားမနေကြလို့ပါ။ အဲလိုပါဘဲ သွေးဖိအား နည်းနေသူမှာ ဘာမှမဖြစ်ရင် ဆေးကုစရာမလိုပါ။ နည်းနည်းပါးပါး များတာ၊ နည်းတာက ခံစားရတာမျိုး ရှိနိုင်ပြန်တယ်။ မေးသူမှာလို မူးတယ်ဆိုတာ ရှိနေတာမျိုးပေါ့။

အဲ့ မူးတိုင်းလဲ သွေးဖိအား တခုထဲကနေ ဖြစ်စေတာ မဟုတ်ပြန်ဘူး။ တခြား အမူးရောဂါတွေ ရှိသေးတယ်။ ရေးပြီးသားတွေ ရှိပါတယ်။
• Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ)
• BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ
• Migraine (1) မိုင်ဂရင်း ခေါင်းမူး-ခေါင်းကိုက်ရောဂါ
• Migraine (2) မိုင်ဂရင်း (အဆက်)

အခြေခံကတော့ လူနေကောင်း-ကျန်းမာနေရင် သွေအား သင့်နေတာအတွက် ပူစရာမလိုပါ။ အောက်ဂဏန်း ၇ဝ အထက်ဂဏန်း ၁ဝဝ ဆိုတာ အကြမ်းဖျင်းသင့်တာတွေ ဖြစ်ပါတယ်။

သွေးဖိအား ပုံမှန်လို့ပြောရမဲ့ ၁ဝဝ/၇ဝ၊ ၁၁ဝ/၇ဝ၊ ၁ဝဝ/၈ဝ၊ ၁၁ဝ/၈ဝ ၁၂ဝ/၇ဝ၊ ၁၂ဝ/၈ဝ ရှိနေပေမဲ့ (အနီးမီးယား) ခေါ်တဲ့ သွေးအားနည်းရောဂါ ရှိနေနိုင်တယ်။ သွေးယိုလို့၊ သွေးဆင်းလို့၊ စတဲ့ အခြေအနေ တခုခုကြောင့် သွေးအားနည်းနေတာက ကြာနေတော့ ကိုယ်ခန္ဓာာရဲ့ ဇီဝကမ္မဗေဒအရ သမမျှတရေး လုပ်ပေးနေတာမို့ သွေးဖိအားကတော့ ပုံမှန် သူလိုကိုယ်လို ဖြစ်လာပါရဲ့ သွေးနီဥအရေအတွက်က တက်မလာတာမျိုးကို ပြောတာပါ။ အသားအရေ ဖျော့တော့နေမယ်။ မူးမယ်။ အားမရှိဘူး။ ဒါဆိုရင် ဆေးကုဘို့ လိုနေပြီ။
• Anemia (အနီးမီးယား) သို့မဟုတ် ဒုက္ခသည်ရောဂါတမျိုး

အစမှာ ရေးခဲ့သလို နှလုံးခုန်နှုန်းက များနေရင်လဲ မကောင်းဘူး နည်းနေရင်လဲ မကောင်းဘူး။ တမိနစ်မှာ ၇ဝ-၈ဝ ရှိရင် ကောင်းတယ်။

ဒါ့ကြောင့် သွေးဖိအားကို ၂-၃ ခါတိုင်းပါ။ သွေးခုန်နှုန်းလဲ သိရချင်တယ်။ သွေးလှူထားသူဟာ ရက် ၁၂ဝ နေရင် သွေးအား ပြန်ပြည့်တယ်။ မူးတာအတွက် တခြားဘာဖြစ်နိုင်သေးလဲ စစ်ဆေးသင့်တယ်။ ပိန်တာကို ဝချင်ရင်လဲ ရေးထားပါသေးတယ်။
• Weight gain လှရုံမက ဝချင်သေးရင်

ကျန်းမာရေး လိုက်စားတယ် ဆိုတာက အတော်ကျယ်ပြောလှတဲ့ ခေါင်းစဉ်ဖြစ်တယ်။ ဒါပေမဲ့ မလွယ်တာတော့ မဟုတ်ပါ။ ကိုယ်ကာယ လှပရေးကိုသာ တချို့က ကျန်းမာရေးလိုက်စားတယ် ထင်ကြတယ်။ အခြေခံကတော့ ကိုယ်နဲ့ စိတ်ပေါ့။ ကိုယ်ဆိုတာ တကိုယ်ရေ-သန့်ရှင်းရေးကနေ စတယ်။ ကိုယ်လက် လှုတ်ရှားမှုကို (ဂျင်မ်) သွားမှ မဟုတ်ပါ။ ခြင်းခတ်တာ၊ ကြိုးခုန်တာ၊ တပါတ် ၅ ရက် တာတို ဖြစ်ဖြစ်၊ တာဝေးဖြစ်ဖြစ် ပြေးတာ-လမ်းလျှောက်တာ၊ (ဂျော့ကင်) လုပ်တာ၊ ရေမချိုးခင် သွေးပူလေ့ကျင့်ခန်း ပုံမှန်လုပ်တာ အားလုံး ကောင်းပါတယ်။ ကြွက်သားတွေ အဆစ်တွေ လှုတ်ရှားမှု မှန်စေ-သန်စေမယ်။ သွေးစီးလျှောက်မှု ကောင်းစေမယ်။ စိတ်ကျန်းမာရေးလဲ အရေးကြီးတယ်။ စိတ်ပျို ကိုယ်နု၊ စိတ်သာလျှင် ရှေ့သွားရှိကုန်၏။ စိတ်ဆောင် အောင်ရမည်။

Dr. တင့်ဆွေ
၈-၁-၂ဝ၁၂

Saturday, September 14, 2013

Low blood pressure သွေးဖိအားနည်းခြင်း

Facebook 12 hours ago 14-9-2013
သွေးကျတယ်ဆိုတာကကော ဘယ်လိုပါလဲ ဆရာ။

သွေးဖိအားနည်းတယ်ဆိုတာမှာ နှိုင်းပြောရတာမျိုးဖြစ်တယ်။ အရင်ကထက် နည်းတာလဲကျတာဘဲ။ ပုံမှန်ထက် နည်းတာလဲ ကျတာဘဲ။ ဆေးပညာမှာ ဘယ်ဂဏန်းကို ကျတယ်ပြောမလဲလို့ အတိအကျမရှိပါ။ အထက်သွေးဖိအား ၁ဝဝ အောက်ကျရင် နည်းတယ်လို့ပြောရင် မမှားပါ။ Hypotension လို့ခေါ်ပါတယ်။ သွေးဖိအားနည်းစေတဲ့အကြောင်းတွေ အမျိုးမျိုးရှိတယ်။ ဝမ်းပျက်ရင်။ အန်ရင်၊ အလုပ်ပင်ပန်းရင်လဲဖြစ်တယ်။ သွေးထွက်-သွေးဆင်း များရင်လဲဖြစ်တယ်။ ဖြစ်စေတာကို ကုရမယ်။ နားရမယ်။ မူးမိုက်သွားရင် ချက်ချင်းလှဲအိပ်ရမယ်။ လိုအပ်ရင် Dextrose, RL drip သွင်းရမယ်။ သွေးကြောင့်ဆိုရင် သွေးသွင်းရမယ်။ ကျန်တာအတွက် ORS ဓါတ်ဆားရည် သောက်ရမယ်။ အမြဲလိုနည်းနေရင် ဆေးစစ်ရမယ်။

သွေးဖိအားနည်းတာကို Hypotension လို့လဲခေါ်တယ်။ နှလုံးကနေ လူ့တကိုယ်လုံးအနှံ့ရောက်အောင် ဖိအားသုံးပြီး ညှစ်ထုတ်နေရတာမှာ ဖိအားနည်းရေင် သွေးသန့်တွေ လုံလောက်အောင် မရောက်စေနိုင်ဘူး။ သွေးဖိအား နည်းနေယုံ သက်သက်ဆိုရင် ဘာမှစိုးရိမ်စရာမရှိပါ။ ခေါင်းထဲပေါ့နေမယ်၊ ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်ဆိုရင်တော့ ဆေးကုရပါမယ်။ ဒီလိုဖြစ်တာကလဲ လှဲနေရာကနေ ထတာ၊ ရပ်တာလုပ်မှ ဖြစ်တတ်တယ်။

ဆိုးတဲ့အခြေအနေတွေမှာ ဦးနှောက်သွေးမလုံလောက်တာ၊ ကျောက်ကပ်အလုပ်မလုပ်နိုင်တာတွေဖြစ်နိုင်တယ်။ (ရှော့ခ်) ရနိုင်တယ်။ ဒါပေမဲ့ အဲလိုနည်းနေသူတွေ တခြားလူတွေထက် ဒီရောဂါကြီးတွေ အဖြစ်နည်းကြတယ်။ ဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေကတော့ သွေးထုထည်နည်းတာ၊ နှလုံးရောဂါနဲ့ ဆေးတွေကြောင့်ဖြစ်တယ်။ ကုတဲ့အခါမှာလဲ ဘာလို့ ဖြစ်သလဲအပေါ်မှာ မူတည်တယ်။

သွေးတိုးရောဂါမှာလို အထက်ဂဏန်း-အောက်ဂဏန်းကိုကြည့်ပြီး သွေးဖိအားနည်းတယ်ပြောတာထက် ဘာတွေ ခံစားနေရသလဲကို ကြည့်ရတယ်။ BP 90/50 ရှိပြီး ဘာမှမခံစားရတာလဲရှိတယ်။ ဆေးကုစရာမလိုပါ။

ကိုယ်ဝန်ဆောင်ရင် သွေးဖိအားနည်းတတ်တယ်။ 100/60 သာရှိပေမဲ့ ပုံမှန်လို့ပြောနိုင်ပါတယ်။ အားကစားသမားတွေမှာ သူများထက်နည်းနေတယ်။ သွေးဖိအားနည်းနေသူမျိုးဟာ ရေရှည်ကြည့်ရင် ကောင်းတယ်လို့ ပြောနိုင်တယ်။ ရေဓါတ် နည်းခြင်းကြောင့် ဖြစ်နိုင်တယ်။ ဝမ်းလျှောတာ၊ အန်တာ၊ လှုပ်ရှာမှုများတာ? ချွေးထွက်များတာ၊ ရာသီဥတုပူပြင်းတာ တွေကနေ ဖြစ်တယ်။

သွေးဖိအားနည်းစေနိုင်တဲ့ ရောဂါတွေ -
• Acute pancreatitis သရက်ရွက်ရောင်ခြင်း၊
• Heart disease နှလုံးရောဂါ၊
• Bradycardia နှလုံးခုန်နှုန်းနှေးခြင်း၊
• Heart block နှလုံးပိတ်ရောဂါ၊
• Tachycardia နှလုံးခုန်နှုန်းမြန်ခြင်း၊
• Pulmonary embolism အဆုပ်သွေးကြောပိတ်ခြင်း၊
• Digoxin နှလုံးဆေး၊
• Angiotensin converting enzyme, ACE inhibitors, Angiotensin receptor blockers, Beta blockers, Calcium channel blockers, and Alpha blockers သွေးတိုးဆေးတွေ၊
• Hydrochlorothiazide and Furosemide (Lasix) ဆီးသွားဆေးတွေ၊
• Amitriptyline (Elavil) စိတ်မကျဆေး၊
• Sildenafil (Viagra), Vardenafil (Levitra), and Tadalafil (Cialis) ပန်းညှိုးသက်သာဆေးတွေကို Nitroglycerin ဆေးနဲ့တွဲသုံးခြင်း၊
• Alcohol အရက်နဲ့ Narcotics မူးယစ်ဆေးတွေ၊
• Septicemia သွေးထဲပိုးဝင်ခြင်း၊
• Anaphylaxis (ရှော့ခ်) ရခြင်း

ဘယ်လိုကုသမလဲ
• Dehydration ရေဓါတ်နည်းနေရင် ORS ဓါတ်ဆားထုပ်သောက်ပါ။ လိုသေးရင် RL Drip သွင်းပါ။
• Blood loss သွေးယိုတာရှိရင် သွေးထိတ်အောင်လုပ်ပါ။ သွေးသွင်းပါ။
• Septic shock ဖြစ်နေရင် ချက်ချင်း ပိုးသေဆေး သွေးကြောထဲထိုးပါ။ Drip သွင်းပါ။
• သွေးတိုးဆေးတွေနဲ့ Diuretics ဆီးသွားဆေးတွေကြောင့်ဆိုရင် ဆေးချိန်ဆ ပြုပြင်ပေးမယ်။
• Bradycardia နှလုံးခုန်နှေးလွန်းနေရင်၊ နှလုံပိတ်ရောဂါဖြစ်နေရင် Pacemaker တပ်ပေးမယ်။
• pericarditis နှလုံးရောင်ခြင်း၊ Tachycardia နှလုံးခုန်မြန်ခြင်း၊ Pulmonary embolism အဆုပ်သွေးကြော ပိတ်ခြင်းတွေကို ဆေးကုသရမယ်။
• Postural hypotension လူအနေအထားကြောင့်ဖြစ်ရတာဆိုရင် အစားအသောက်ပြုပြင်ရမယ်။ ရေ + ဆား များစေရမယ်။ Caffeinated beverages ကေဖင်းပါတဲ့သောက်စရာတွေ သောက်နိုင်တယ်။ Compression stockings ခြေပိုင်းကို ပတ်တီးစီးပေးနိုင်တယ်။ တချို့ကို Midodrine (ProAmatine) ဆေးပေးမယ်။ တချို့ကို Pyridostigmine ဆေးပေးမယ်။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၃

High Blood Pressure Medications Side Effects သွေးကျဆေး ဘေးထွက်-ဆိုးကျိုးများ

ဆေးမှန်သမျှ ဘေးထွက်-ဆိုးကျိုး ရှိတာချည်းဖြစ်တယ်။ သွေးတိုးကျဆေးတွေလဲ ပါတယ်။ ဒါပေမဲ့ တချို့ဆေးတွေက ဘာမှမဖြစ်ပါ။ နည်းနည်းသာဖြစ်တာလဲရှိတယ်။ ဘေးထွက်-ဆိုးကျိုးနဲ့ သွေးတိုးကနေဖြစ်မှာတွေနှိုင်ယှဉ်ရင် ဆေးသောက်သင့်တာက အဆများစွာပိုပါတယ်။

(၁) Diuretics ဆီးသွားစေတဲ့ သွေးတိုးကျဆေး
ရေနဲ့ (ဆိုဒီယမ်) တွေ ပိုထွက်စေမယ်။ အားယုတ်မယ်။ (ပိုတက်ဆီယမ်) နည်းစေမယ်။ တချို့ဆေးတွေက (ပိုတက်ဆီယမ်) မနည်းစေဘူး။ ရုတ်တရက် ခြေထောက်နာမယ်။ ယောက်ျားတချို့မှာ ပန်းညှိုးပန်းသေ ဖြစ်စေနိုင်တယ်။

(၂) Beta-Blockers (ဘီတာ ဘလော့ကာ) ဆေးများ
နှလုံးခုန်နှုန်း ကျစေမယ်။ ပန်းနာလိုနေ၊ ခြေ-လက်အေးစက်၊ စိတ်ဓါတ်ကျ၊ ပန်းညှိုး၊ အိပ်မပျော်။

(၃) Angiotensin Converting Enzyme (ACE) Inhibitors
ချောင်းခြောက်ဆိုးစေတယ်။ အရေပြား အနီကွက်ဖြစ်စေနိုင်တယ်။ အရသာပျက်နိုင်တယ်။

(၄) Angiotensin II Receptor Blockers (ARBs)
ခေါင်းမူးမယ်။

(၅) Calcium Channel Blockers (CCBs)
ဝမ်းချုပ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ရင်တုန်၊ ခြေမြက်စေ့ရောင်။

(၆) Alpha-Blockers
ခေါင်းထဲပေါ့နေသလိုခံစးရမယ်။ အားနည်းနေမယ်။ျွီလုံးခုန်မြန်။

(၇) Alpha-2 Receptor Agonist

ခေါင်းမူးမယ်။ အိပ်ချင်မယ်။

(၈) Alpha-Beta-Blockers
ခေါင်းမူးမယ်။ ခေါင်းထဲပေါ့နေသလိုခံစးရမယ်။ အားနည်းနေမယ်။

(၉) Central Agonists
သွေးအားနည်း၊ ဝမ်းချုပ်၊ ခေါင်းမူး၊ ခေါင်းထဲပေါ့နေ၊ အားယုတ်၊ အိပ်ချင်၊ အာခေါင်ခြောက်၊ ပန်းညှိုး၊ ကိုယ်ပူ။

(၁ဝ) Peripheral Adrenergic Inhibitors
ဝမ်းပျက်၊ ခေါင်းမူး၊ ခေါင်းထဲပေါ့နေ၊ အားနည်း၊ ပန်းညှိုး၊ ရင်ပူ၊ နှာခေါင်းပွစိပွစိဖြစ်၊

(၁၁) Vasodilators
ကိုမွှေးပေါက်၊ ကိုယရောင်၊ ခေါင်းကိုက်၊ နှလုံးတုန်၊ ရင်ခုန်၊ အဆစ်နာ၊ မျက်လုံးရောင်။

(၁၂) Renin Inhibitor
ချောင်းဆိုး၊ ဝမ်းပျက်၊ ဗိုက်အောင့်၊ ရင်ပူ၊ အရေပြားအနီကွက်။

သွေးကျဆေးကို ဒါအတွက်ကြောင့်တော့ သွေးကျဆေးကို မရပ်-မဖြတ်လိုက်ပါနဲ့။ ကိုယ်ဝန်ရှိနေချိန်မှာ သွေးတက်ရင် ဆရာဝန်ပြောပါ။ ACE inhibitors နဲ့ angiotensin II receptor blockers (ARBs) ဆေးအမျိုးအစားတွေက ကိုယ်ဝန်နဲ့ ကလေးကို သက်ရောက်နိင်တယ်။ ဆီးချိုရှိလို့ (အင်စူလင်) ထိုးနေရရင်လဲ ပြောပါ။ diuretics ဆီးသွားဆေးနဲ့ beta blockers တွေကိုရှောင်ပေးပါမယ်။ ယောက်ျားတွေ ပန်းညှိုး-ပန်းသေရှိနေရင်လဲ ပြောပါ။ ဆေးလျှော့ပေးလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၃

Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ်

• Bad hair can mean bad health
ဆံပင် အရင်လို မဟုတ်ရင် ကျန်းမာရေး မကောင်းတာ ဖြစ်ချင်လဲ ဖြစ်နိုင်တယ်။ ကျန်းမာရေး အခြေအနေတွေနဲ့ ဆေးဝါးတွေကနေ ကိုယ်ခန္ဓာကို သက်ရောက်စေတာထဲမှာ ဆံပင်လဲ ပါတယ်။ တခါတလေ ဆံပင်သက်သက်သာ ဖြစ်နေတာလဲ ရှိတယ်။

• White flakes
Dandruff ဘောက်က မကူးစက်ပါ။ ဘာလို့လာဖြစ်သလဲ မေးရင် သိပ်တော့ မသိဘူး။ Fungus မှိုကတော့ ဖြစ်စေနိုင်တယ်။ Oily skin ဆီပြန်တဲ့ဆံပင်၊ Stress စိတ်ရှုတ်တာ၊ Obesity ဝတာ၊ Cold အေးတာ၊ Dry weather ရာသီဥတု ခြောက်သွေ့တာ၊ Eczema or Psoriasis နှင်းခူလိုအနာတွေကိုလဲ လက်ညှိုးထိုးနိုင်တယ်။ Antidandruff shampoo ဘောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည် နေ့စဉ်သုံးပါ။ ဆံပင်မှာ ၅ မိနစ်နေပြီးမှ ရေဆေးပါ။

• Yellow dandruff
ဘောက်ဝါ ခပ်စေးစေး ခပ်ဝါဝါ ဘောက်တမျိုးလဲရှိတယ်။ Seborrheic dermatitis ရောဂါရှိနေနိုင်တယ်။ ဟော်မုန်းနဲ့ မှိုတွေကလဲ တွဲနေတတ်တယ်။ အာရုံကြောရောဂါနဲ့လဲ တွဲတတ်တယ်။ ဘောက်ပျောက် ခေါင်းလျှော်ရည်အပြင် (စတီရွိုက်) ဆေးတို့ မှိုဆေးတို့လဲ လိုမယ်။

• You may shed more than you think
ဆံပင်ကျွတ်တာ ထင်တာထက် များနေသလား။ တနေ့မှာ ဆံပင် ၁ဝဝ ကျော်တာကို များတယ်လို့ ခေါ်သူကတယ်။ များတိုင်းလဲ မစိုးရိမ်ပါနဲ့။ ထိပ်ပြောင်သွားမယ် မထင်စေချင်ပါ။ တသိန်းလောက်များတဲ့ ဆံပင်ဖြစ်တဲ့ အိတ်လေးတွေရဲ့ ၉ဝ% ဟာ ဆံပင်အသစ်ဖြစ်လာနေပါမယ်။ ကျန်တာတွေက ၂ လ၊ ၃ လ နားနေကြတဲ့သဘောပေါ့။

• Telogen Effluvium
ခွဲစိတ်ကုသရတာ၊ ကလေးမွေးရတာ၊ ဆေးဝါးတွေ၊ ပိန်ချင်လွန်းလို့ မစားမသောက်နေတာ၊ စိတ်-အလုပ်ရှုတ်တာ၊ လည်ပင်းကြီး-ရောဂါတွေကနေ ဆံပင်သစ် မပေါက်ဘဲ နားနေတာ ဖြစ်စေနိုင်တယ်။ ဆံပင်တွေ အထွေးလိုက် ကျွတ်ကျမယ်။

• An attack on hair follicles
ရောဂါပြီးစနစ်ကနေ မှားပြီး အလုပ်လုပ်ရင် Alopecia areata ဖြစ်တယ်။ ရုတ်တရက်ဆိုသလိုဖြစ်တာမျိုး။ သူများမကူးပါ။ ကျန်းမာရေးကို မထိခိုက်ပါ။ စိတ်တော့ ပျက်မှာပေါ့။ ပြန်ပေါက်မယ်။ တချို့မှာ ပြန်ဖြစ်အုံးမယ်။

• Genes cause 90% of male hair loss
ဆံပင်ကျွတ်တာ ၉ဝ% မျိုးရိုးပါတယ်။ Rogaine (Minoxidil) နဲ့ Propecia (Finasteride) ဆေးတွေသုံးနိုင်တယ်။

• Female-pattern baldness ဣိတ္ထိယပုံစံ ဆံပင်ကျွတ်ခြင်း
တခေါင်းလုံး ဆံပင်ပါးလာမယ်။ ယောက်ျားတွေလို ထိပ်မပြောဘူး။ ဆံပင်ရှည်ရင် ဆံရင်းနေရာကို ဖိအား-တင်းအား များစေမယ်လို့ ပြောကြတာ မှားတယ်။

• Avoid sun damage to hair
နေရောင် များများထိတာ ဆံပင်အတွက်မကောင်းပါ။ ကျွတ်ဆတ်စေမယ်။ ကျွတ်စေမယ်။ ဦးထုပ်၊ ခမောက်၊ ခေါင်းစီး ခေါင်းအကာ အကွယ်သုံးပါ။

• Luscious locks need nutrients
အစာအာဟာရလဲ ဆံပင်အတွက် အရေးပါတယ်။ အရမ်းကိုပိန်ချင်နေလို့ မစားမသောက်နေရင် ဆံပင်ကျွတ်မယ်။ ဆံပင်-ကျန်းမာရေးအတွက် Omega-3 fatty acids, Zinc, and vitamin A တွေလိုတယ်။ များတော့ မများစေနဲ့။ နှလုံး-ကျန်းမာရေးအတွက် စားရတာ-ရှောင်ရတာတွေနဲ့ အတူဘဲပြောနိုင်တယ်။ Brazil nuts ထဲမှာ Selenium ဓါတ်ပါတယ်။ Oysters နဲ့ Cashews မှာ Zinc ပါတယ်။ Carrots ကနေ Vitamin A ရတယ်။

• Premature gray hair is genetic
အသက်ငယ်ငယ်နဲ့ ဆံပင်ကျွတ်ရင် မျိုးဗီဇကြောင့်ဖြစ်နိုင်တယ်။ ဆံပင်ကျွတ်တိုင်း ပါးတိုင်းတော့ ကျန်းမာရေးဆိုးတာလို့ မထင်ပါနဲ့။ ဒါပေမဲ့ Anemia သွေးအားနည်းတာ၊ Thyroid လည်ပင်းကြီး၊ Vitamin B-12 deficiency ဘီ-၁၂ နည်းတာ၊ Vitiligo အမူးရောဂါတွေကနေ အသက်မကြီးဘဲ ဆံပင်ကျွတ်နိုင်တယ်။

• Traction Alopecia damages follicles
ဆံပင်ကို ခပ်တင်းတင်းဆွဲရင်လဲ ကျွတ်နိုင်တယ်။ ခေါင်းလျှော်ရည် ကြော်ညာထဲကလို ပြောတာပါ။ (မော်ဒယ်-ဂဲလ်) ရဲ့ ကွန်ပြူတာနဲ့ ရှည်လျားလှအောင်လုပ်ထားတဲ့ မဲမှောင်နေတဲ့ ပိတုံးရောင် ကေသာရှည်ကို တိုင်မှာခြည်တားပြီး ဘယ်လို ဆွဲဆွဲ ကျွတ်မထွက်ဘူးလို့ ကြော်ညာတယ်။ ဆံပင်ပုံစံက ဆံပင်ကို သက်တောင့်သက်သာရှိပါစေ။ Over-styling ဆံပင် စတိုင်ကို လိုတာထက် မပိုစေပါနဲ့။ ခေါင်းဖီးတာလဲ မကြမ်းတမ်းပါနဲ့။ ဆေးဆိုးတာလဲ ညင်သာပါ။

• Side Effect
ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေသတိပြုပါ။ သွေးမခဲဆေး၊ (ကိုလက်စထော) ကျဆေး၊ စိတ်ကျဆေး၊ သွေးဆုံးလို့ပေးရတဲ့ဆေး၊ ကိုယ်ဝန်တားဆေး၊ ပိုးသေဆေး၊ အနာအကိုက်ပျောက်ဆေးတွေ ပါတယ်။

• Scalp Massage
ဆံပင်ကို နှိပ်နယ်တာ ကောင်းပါတယ်။ သိပ္ပံနည်းကျ သက်သတော့ မပြနိုင်ပါ။ စိတ်သက်သာရာရစေတော့ စိတ်ဖိအားကျလို့ အကျိုးရှိတယ်။ Feel-good hormones ခေါ်တဲ့ Dopamine နဲ့ Serotonin တွေကို ပိုထွက်စေတယ်။

• Hair Analysis
ဆံပင်သုတေသန စိတ်မချရပါ။ American Medical Association ကနေပြောတာ ဖြစ်ပါတယ်။ ကောင်းပါတယ်ပြောတိုင်း မယုံပါနဲ့။

Dr. တင့်ဆွေ
၂၁-၃-၂ဝ၁၂

Facebook Q and A 14-9-2013

Sat, Sep 14, 2013 at 11:29 AM
သမီးရဲ့ due date က 27.9.13 ပါ မီးဖွားရက်နီးနေပါပြီ။ သမီးမှာက လိပ်ခေါင်းလိုအဖုလေးရှိတဲ့အတွက် မွေးခါနီးဆိုးလာရင် ခွဲမွေးရမယ်လို့ ပြောပါတယ်။ အပ်ထားတဲ့ဆရာဝန်က MOM နေ့တိုင်း သောက်ခိုင်းလို့ 2 လ 3 လ လောက်ထဲက သောက်ပါတယ်။ နောက်ဆရာဝန်တစ်ယောက်က MOM နေ့တိုင်းသောက်ရင် စောမွေးတတ်တယ် မသောက်နဲ့လို့ပြောလို့ ကိုယ်ဝန်ဆောင်နဲ့တည့်တယ်လို့ပြောတဲ့ မြန်မာဝမ်းနှုတ်ဆေးပြောင်းသောက်ပါတယ်။ မြန်မာဆေးက မနက်ဆို ဗိုက်ရစ်နာပြီးမှ ဝမ်းသွားပါတယ်။ မွေးခါနီးဆိုတော့ ဘယ်ကနာလို့နာမှန်းမသိ။ ပြီးတော့ သင့်မသင့်လဲမသိလို့ ဆရာ့ကိုမေးတာပါ။ ရေများများသောက် အသီးအနှံစား ဟင်းရည်နဲ့အမြဲစားပေမဲ့ ဆေးမသောက်ရင် ဝမ်းအရမ်းချုပ်လို့ပါ။ လိပ်ခေါင်းပိုဆိုးမှာလည်းကြောက်ပါတယ် လိပ်ခေါင်းကို Tetracycline ညစ်ဆေးလိမ်းပါတယ် ဆရာအကြံပေးပါဦးရှင့်။ နောက်ပြီး ရေခဲရေသောက်တာက ဝမ်းချုပ်စေပါသလားရှင့်။

• ကိုယ်ဝန်ဆောင်နေတုံးမှာ လိပ်ခေါင်းဖြစ်လေ့ရှိတယ်။ အများအားဖြင့် မီးဖွါးပြီးရင် ကောင်းသွားကြတယ်။ မွေးတဲ့အချိန်မှာတော့ ပိုဆိုးနိုင်တယ်။ ဖိအား-ညှစ်အားသက်ရောက်လို့ဖြစ်တယ်။
• မက်ဂနီးဆီးယားဆေးကို အကြာကြီးသောက်တာတော့ မကောင်းပါ။ ဝမ်းနုပ်ဆေးကို ဝမ်းချုပ်မှသာ သောက်ပါ။ အစားအသောက်နဲ့ ဝမ်းပျော့စေတာကောင်းတယ်။ မန်ကျီးမှည့်၊ သင်္ဘောသီးမှည့်တွေက ကောင်းတယ်။ ရေပိုသောက်ပါ။
• အခုဖြစ်နေတာက ဝမ်းချုပ်လို့ဆိုတာထက် ကိုယ်ဝန်ကြောင့်ဖြစ်နေနဲ့တူတယ်။ ဒါကြောင့် ဝမ်းကိုပုံမှန်ဖြစ်နေရင် လုံလောက်ပါတယ်။
• လိမ်းဆေးကို နာရင် ထုံဆေးပါတာလိမ်း၊ ပိုးဝင်ရင် ပိုးသေဆေးပါတာ၊ ရောင်ရင် စတီရွိုက်ပါတာလိမ်းရတယ်။
• အကောင်းဆုံးက ရေအိမ်သွားပြီးတိုင်း ရေနွေးသုံးပါ။ ဆိုးလာချိန်မှာ ရေနွေးခွက်ထဲမှာ တင်ပါးချပြီး ၅-၁ဝ မိနစ် ထိုင်ပါ။ ဆေးမှန်သမျှထက်ကောင်းတယ်။
• အိမ်သာထိုင်တာမှာ ၉ဝ ဒီဂရီ ခါး-ဒူး ထိုင်နိုင်တဲ့ အင်္ဂလိပ်ပုံစံကိုသာ သုံးသင့်တယ်။ ဆောင့်ကြောင့်ထိုင်ရတာမျိုး မသင့်ပါ။ နားလို့၊ အလုပ်လုပ်လို့ ထိုင်ရင်လဲ ဖင်ထိုင်ခုံမှာ မထိုင်သင့်၊ ဆောင့်ကြောင့်မထိုင်သင့်ပါ။
• လိပ်ခေါင်းဆိုတာ ခွဲတိုင်းမကောင်းတတ်ပါ။ ခွဲနည်းကလဲ အမျိုးမျိုးရှိတယ်။ နောက်ဆုံးအနေနဲ့သာခွဲဘို့ဆုံးဖြတ်ပါ။ ဖြစ်စေတဲ့အကြောင်းကို ပြင်ဘို့က အရေးကြီးတယ်။ ကိုယ်ဝန်ကြောင့်ဆိုရင် မွေးပြီးရင်ကောင်းမယ်။ ဝမ်းချုပ်လို့ဆိုရင် ဝမ်းမှန်အောင်လုပ်ပါ။ အလေးအပင်မတာ၊ ချောင်းဆိုးတာ၊ စတဲ့ဗိုက်ဖိအားကြောင့်ဆိုရင် အဲဒါတွေကို ဆင်ခြင်ပါ။
• ရေနွေးနည်းကိုအားကိုးပါ။

ဟုတ်ကဲ့ပါဆရာ အခုတော့လိပ်ခေါင်းကပိုဆိုးမလာသေးပါဘူး သမီးကဆေးမသောက်ရင် ဝမ်းချုပ်လွန်းလို့် စိုးရိမ်ပြီး ဆေးပဲသောက်နေမိတာပါဆရာ အခုဗိုက်နာတော့ ဆေးလည်းသင့်မသင့်ကြောက်လို့ မေးလိုက်တာပါဆရာ။ အစားအသောက်နဲ့တော့ ဝမ်းကဘယ်လိုမှ မမှန်ပါဘူးဆရာ။ ရေနွေးနည်းလည်း ရံဖန်ရံခါသုံးပါတယ်ရှင့်။

• ဝမ်းဆိုတာ အကျင့်ဖြစ်တယ်။ မွေးကာနီးရင် ဝမ်းခြူပါမယ်။ မစိုးရိမ်ပါနဲ့။ မြန်မာဆေးကိုလဲ အမျိုးအစား ပြောင်းနိုင်ပါတယ်။

Sat, Sep 14, 2013 at 8:57 AM
နာမည့့်၊ (ကျား)၊ အသက် ၃၃ နှစ်၊ ကျွန်တော်က့ မှာ နေထိုင်ပြီး အလုပ်လုပ်နေသူ တဦးပါ။ နားနဲ့မနာ ဖ၀ါးနဲ့ပဲ နာပါလို့ ဦးစွာတောင်းပန်အပ်ပါတယ်။ ဆီးသွားပြီးတိုင်း ဆီးပြန်ပြန်သွားချင်သလို အိမ်သာတက်ချင်သလို ဖြစ်တတ်ပါတယ်။ ပြီးတော့ ဆီးသွားပြီးတိုင်း လိင်အင်္ဂါထိပ်ဟာ အနည်းငယ်ပူနေတတ်ပါတယ်။ နေ့တိုင်းနီးပါး ဖြစ်နေသလို ဖြစ်တတ်ပါတယ်။ ဖြစ်ရင် မနက်ပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။ ကျွန်တော် ခုစာရေးချိန်အရ သတိထားမိတာ ၁ ပတ် ကျော်လောက် ရှိပါပြီ။ အဲလိုဖြစ်တာနဲ့ ဆရာ့ Blog ဖြစ်တဲ့ Medical Writings Blog မှာ Dysuria ဆီးခဏခဏ အောင့်လို့ပါရှင် ဆိုတဲ့ Post ကိုတော့ ဖတ်မိပါတယ်ဆရာ။ ဒါပေမယ့် ဆရာဆီ စာရေးပြီး ပိုပြီး တိကျတဲ့ အဖြေလေး သိချင်လို့ ခုလိုစာရေးမိတာပါ။ လိုအပ်တဲ့ စားဆေး၊ ဆောင်ရန် ရှောင်ရန်လေးနဲ့တကွ ဆရာ့အသိမိတ်ဆွေ ဆရာဝန်မျာ့း့ ရှိခဲ့ပါက လမ်းညွှန်ပေးပါရန် တောင်းဆိုချင်ပါတယ်ဆရာ။

• ဆီးလမ်းပိုးဝင်ခြင်း စာ ၂-၃ ပုဒ်ရေးထားပါတယ်။ ဆေးနည်းတွေလဲ များတယ်။ လွယ်တာနဲ့စနိုင်ပါတယ်။ ဆီးလမ်းပိုးဝင်ခြင်းအတွက် ဆေးများ
• ပဋိဇီဝဆေးများ၊ Co-trimoxazole (Septrin) ဒါမှမဟုတ် Amoxacilin 500 mg ဒါမှမဟုတ် Ciprofloxacin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ပေါင်း ၄-၅ ရက် သောက်ပါ။ ဒါမှမဟုတ် Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် ၇ ရက် သောက်ပါ။ ဒါမှမဟုတ် Azithromycin 1 gm or Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက် သောက်ပါ။
• ဆီးပူသက်သောအောင် လေနာဆေး Antacid (Magnesium hydroxide) တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
• အနာသက်သာအောင် Buscopan, Ibuprofen, Acetaminophen ဆေး တခုခုကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
• ၇ ရက် လိင်မဆက်ဆံရ။ လိင်ဆက်ဆံပြီးရင် ပဋိဇီဝဆေး တကြိမ်သောက်ပါ။
• အသား၊ ငါး၊ အသဲ၊ ဥ၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဖက်ရည်၊ Grains, Beans, Corn, Cranberries, Prunes, Plums, Yeast, Sour cream, Butter milk, Yoghurt အက်စစ်ဓါတ် များစေပါတယ်။ အသား၊ Seafood ပင်လယ်စာ၊ အသဲ၊ နှလုံး၊ ဝက်ပေါင်ခြောက်တွေက Uric Acid ယူရစ်-အက်စစ် များတဲ့ အစာတွေ ဖြစ်တယ်။ Gout ဂေါက် ရောဂါအတွက်ပါ မကောင်းဘူး။ Lentils, Legumes, Asparagus, Cauliflower, Mushrooms, Spinach တွေကို အသင့်အတင့် စားနိုင်တယ်။ Citrus fruits, Legumes, Bananas, Apples, Celery, Tomatoes တွေက အက်စစ်နည်းတယ်။ အက်စစ်နည်းတဲ့ Citrus fruits တွေကတော့ လိမ်မော်၊ သံပရာ၊ ရှောက်၊ ကမ္ဗလာသီးတို့ ဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယက Key Lime, Citron, Wild Orange မလေးရှားက Pomelo တရုပ်က Mandarin Orange ကိုရီးယားက Trifoliate Orange သြစတေးလျက Round Lime တွေလည်း ပါတယ်။ သံပရာရည်ဟာ ပျားကောင် ကိုက်တာအတွက်လည်း သုံးနိုင်တယ်။
• ဆီးမှာ အက်စစ်များနေရင် ကျောက်ကပ်မှာ Uric acid stones, Cystine stones and Calcium oxalate stones ကျောက် တည်နိုင်တယ်။ ဆီးမှာ ပိုးဝင်နေ-မနေကို Dipsticks နည်းနဲ့ အိမ်မှာတင် အလွယ်စမ်းနိုင်တယ်။ အိပ်ရာထ သွားတဲ့ဆီးကို စစ်ရင် ၉ဝ% မှန်တယ်။ ဗက်တီးရီးယားကနေ ထွက်တဲ့ Nitrite ပါနေ-မနေ စစ်တာပါ။ ဆီးလမ်းပိုးဝင်နေသူတွေ အက်စစ်များအစာတွေ၊ အပူ-အစပ် ရှောင်ရတယ်၊ ဆေးလိပ်ဖြတ်ရမယ်။ ဆီးပူနေသူ၊ ပုံမှန်ထက် ပိုပြီး ဝမ်းသွားတာ၊ အန်တာဖြစ်ရင်လည်း ရေပိုသောက်ရမယ်။ ဆီးသွားခြင်စိတ်ရှိရင် သွားလိုက်ပါ။ အမျိုးသမီးတွေ ဆီး-ဝမ်းသွားပြီး ရေဆေးရင် လက်ကို ရှေ့ကနေ နောက်ဆီသာ တဖက်သပ်သွားနည်း သုံးပါ။ ရေချိုးတာကို အပေါ်ကနေ ရေကျတဲ့နည်း သုံးပါ၊ ရေချိုးစည်ထဲမှာ ချိုးတာ မကောင်းပါ။ လိင်မဆက်ဆံမီ ရေဆေးပါ။ Cranberry (Vaccinium macrocarpon) ဆေး၊ Cranberry ဖျော်ရည် သောက်ပါ။ Natural cherry juice ချယ်ရီဖျော်ရည် အိမ်မှာဖျော်သောက်ပါ။ Apple Cider Vinegar ပန်းသီးဖျော်ရည် သောက်ပါ။ Water ရေ များများ သောက်ပါ။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၃

Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ

အမျိုးသမီး ဆံပင်ကျွတ်တာကို ယောက်ျား-ဟော်မုန်းဆေးနဲ့ ကုရတယ်လို့ပြောရင် ကသိကအောင့်တော့နိုင်ပါမယ်။ ရောဂါနာမည်ကိုက Androgenetic alopecia (အင်ဒရိုဂျင်းနစ်) ဆံပင်ကျွတ်ခြင်းလို့ ခေါ်တာဟာ ယောက်ျား-ဟော်မုန်းနာမည် ဖြစ်နေတာ သတိပြုပါ။

ဆရာဝန်တွေကလဲ ဟော်မုန်း-သောက်ဆေးပေးဘို့ ဝန်လေးပါတယ်။ ဆေးမသုံးခင် Androgen ယောက်ျား-ဟော်မုန်း များနေလို့ ဆံပင်ကျွတ်တာသေခြာစေရတယ်။ ဒါတောင်မှ လိမ်းဆေးပေးကြတာ များတယ်။ စောစောသိသူကို စောစော ဆေးလိမ်းခိုင်းတာ ပိုကောင်းတယ်။ ကြာနေတာမျိုးက Hair follicles ဆံပင်ဖြစ်တဲ့ အိတ်လေးတွေ အတော်များများကို ဖျက်ဆီးပြီးသားဖြစ်နေနိုင်တယ်။ တခြားလိုအပ်မဲ့ Vitamin (ဗီတာမင်) နဲ့ Mineral ဓါတ်ဆားတွေပါ သောက်ဘို့ လိုသေးတယ်။ ဆေးရဲ့ ထိရောက်မှုက တယောက်နဲ့တယောက် မတူတတ်ပါ။

1. Minoxidil (Rogaine) ဆေးဟာ အရင်က သွေးတိုးအတွက်ပေးတဲ့ စားဆေးဖြစ်တယ်။ ဆေးသောက် နေသူတွေမှာ ဆံပင်တွေ ထူထဲလာရာကနေ သိလာတယ်။ ဘေးထွက်-ဆိုးကျိုးပါဘဲ။ သုတေသနလုပ်တော့ လိမ်းဆေးပေါ်လာတယ်။ လိမ်းဆေးက သွေးထဲဝင်ပေမဲ့ မများပါ။ ဆေးက မျက်နှာလိုက်တယ်။ အမျိုးသမီးတွေမှာ ပိုသိသိသာသာ ကောင်းတာတွေ့ရတယ်။ Minoxidil 2% ကိုသာ FDA က အသိအမှတ်ပြုထားတယ်။ 5% ရောင်းတာရှိပေမဲ့ အမျိုးသမီးတွေ မသုံးသင့်ပါ။ ဆရာဝန်ကနေညွှန်ရင်လဲ သူ့စောင့်ရှောက်မှုအောက်ကနေ လုပ်စေပါတယ်။ 5% ထိရောက်မှု ပိုတာတော့ တွေ့ရတယ်။ ၈ လ ဆေးလိမ်းတဲ့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာတော့ ၁၉% မှာ အသင့်အတင့် ကောင်းတယ်။ ၄ဝ% မှာ အနည်းအကျဉ်း ကောင်းတယ်။ ဆေးမပေးအုပ်စုမှာ ၇% နဲ့ ၃၃% လို့ နှိုင်းယှဉ်နိုင်တယ်။

2. Spironolactone (Aldactone) ဆေးကတော့ Androgen Receptor Inhibitors ဖြစ်တယ်။ Potassium-sparing Diuretics လို့လဲခေါ်တယ်။ ဆိုလိုတာက ဆီးသွားစေတဲ့ဆေး၊ ဒါပေမဲ့ တခြား ဆီးဆေးတွေလို (ပိုတက်စီယမ်) မနည်းစေဘူး။ Edema ကိုယ်ရောင်တာ နဲ့ Hypertension သွေးတိုးအတွက်ပေးတယ်။ Hyperaldosteronism ရောဂါမှာလဲ သုံးပါသေးတယ်။

3. Cimetidine (Tagamet) ဆေးကတော့ Histamine blockers အမျိုးအစားဖြစ်တယ်။ အစာအိမ်လေနာအတွက် သုံးတယ်။ Cimetidine ဆေးကို Hirsutism ခေါ်တဲ့ အမျိုးသမီးတွေ မျက်နှာမှာ အမွှေးများနေတာအတွက် သုံးတယ်။ (အင်ဒရိုဂျင်းနစ်) ဆံပင်ကျွတ်ခြင်းအတွက်လဲ ကောင်းတယ်။ ဆေးအဆ များမှသိသာတယ်။ ဆေးက မိန်းမ ပိုဆန်စေတယ်။

4. Cyproterone Acetate ဆေးက Excessive sex drive in men ယောက်ျားတွေမှာ လိင်စိတ် ရိုင်းစိုင်းကဲလွန်း နေတာအတွက် သုံးတယ်။ ဒီဆေးကို Hirsutism ခေါ်တဲ့ အမျိုးသမီးတွေ မျက်နှာမှာ အမွှေးများနေတာ အတွက်လဲ သုံးတယ်။

5. Estrogen (အီစထိုဂျင်) နဲ့ Progesterone (ပရိုဂျက်စတီရုံး) ဟော်မုန်းတွေပါတဲ့ Oral Contraceptives ကိုယ်ဝန်တား စားဆေးတွေကနေ မျိုးဥအိမ်ကနေထုတ်တဲ့ Ovarian androgens ဟော်မုန်းတွေကို နည်းစေတယ်။ ဒါကြောင့် Androgenetic alopecia (အင်ဒရိုဂျင်) များလို့ဖြစ်ရတဲ့ ဆံပင်နည်းတာ-ပါးတာအတွက် သုံးနိုင်တယ်။ ကိုယ်ဝန်တားဘို့ရာသုံးတဲ့အခါ သတိထားစရာတွေ မသုံးသင့်တာတွေအတိုင်း သတိရှိရမယ်။

6. Ketoconazole (Nizoral) လိမ်းဆေးဟာ မှို (ဖန်းဂတ်စ်) ရောဂါအတွက်သုံးနေတာဖြစ်တယ်။ ဒီဆေးက Adrenal gland (အဒရီနယ်လ်-ဂလင်း) နဲ့ ကျား-အစိ၊ မ-မျိုးဥအိမ်တွေကနေ Testosterone (တက်စတိုစတီရုံး) ဟော်မုန်း နဲ့ တခြား Androgens (အင်ဒရိုဂျင်) တွေ ထွက်မှာကို နည်းစေတယ်။ Nizoral shampoo ခေါင်းလျှော်ရည်ထဲမှာ Ketoconazole 2% ပါတယ်။

7. Finasteride (Propecia, Proscar) ဆေးက Dihydrotestosterone (DHT) ခေါ်တဲ့ ဆံပင်-အိတ်လေးတွေကို ဒုက္ခပေးမဲ့ (အင်ဇိုင်းမ်) ကို တားဆီးပေးတယ်။ ဆေးပေါ်ကာစတုံးက Prostate gland ဆီးကျိတ်ရောဂါအတွက် ဖြစ်တယ်။ Propecia 1 mg ကို ယောက်ျားတွေ ဆံပင်ပေါက်စေဘို့ သုံးနိုင်တယ်။ တချို့ ကိုယ်ဝန်ဆောင် မဟုတ်တဲ့ အမျိုးသမီးတွေအတွက်လဲ သုံးနိုင်တယ်။ ယောက်ျားတွေသုံးရင် လိင်အင်္ဂါသန်မာမှုနဲ့ လိင်စိတ်တွေမှာ သတိထားရမယ်။ မိန်းမတွေမှာ အဲလိုဖြစ်တာတော့ မတွေ့ရဘူး။

8. Cyproterone Acetate + Ethinyloestradiol (Diane 35, Diane 50) ဆေးကလဲ ကိုယ်ဝန်တား စားဆေးဘဲ။ Diane 35 = 0.035 mg Estradiol 0.035 mg + Cyproterone 2 mg ပါတယ်။ Diane 50 = Estradiol 0.050 mg + Cyproterone 2 mg ပါတယ်။ ရင်သားနာတာ၊ ခေါင်းကိုက်တာ၊ လိင်စိတ်နည်းတာတွေ ဖြစ်နိုင်တယ်။

Hair Loss ဆံပင်ကြွတ်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hair-loss.html

Dr. တင့်ဆွေ
၂-၃-၂ဝ၁၂

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...