ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Tuesday, September 10, 2013

Bio Disc 2

(၁) 1:44pm Sep 10
ဆရာရှင့် ကျွန်မအမေမှာ သွေးတိုးနှင့် ဆီးချို ရောဂါရှိပါသည်။ သူငယ်ချင်းတစ်ယောက်က Amezcua ကထုတ်သော Bio Disc သည် သွေးတိုး ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အသုံးပြုရန် သင့်တော်သည်ဟု တိုက်တွန်းပါသည်။ Bio Disc သုံးချင်းဖြင့် မည့်သည့် side-effect များရှိနိုင်သည်ကို သိလိုပါသည်ရှင့်။

ဒီမေးခွန်းအရင်က “Body odor ကိုယ်နံ့” အကြောင်းရေးတာရဲ့အောက်က မှတ်ချက်ထဲမှာလဲ ဖြေခဲ့ဘူးပါတယ်။

(၂) August 31 at 9:25pm
ကျနော်လည်း ကိုယ်နံ့တော်တော်နံတယ်။ အခုတော့ ဂျာမနီထုတ် Bio Disc ရေ သောက်တယ် ချိုးတယ် ဖြန်းတယ် အခု သက်သာသွားပြီ လေ့လာခြင်ရင် ဒီဝက်ဆိုက်ကိုဝင်ကြည့်ပါ www.qnet.net ပါ IR No: HG749457 ပါ Myanmar ကို ရွေးပြီ လေ့လာကြည့်ပါ။

Bio Disc ဝက်ဘ်ဆိုက်ကိုရော ဂူဂယ်က လက်လှမ်းမီတာလေးတွေကိုပါ ဝင်ဖတ်ပါတယ်။ Natural energy generating device သဘာဝကနေ အင်နာဂျီရစေတဲ့ ကိရိယာလို့ ရေးထားပါတယ်။ SCALAR energy frequencies အင်နာဂျီလှိုင်း လေးတွေ ထုတ်ပေးမယ်။ ဘေးထွက်-ဆိုးကျိုးမရှိပါလို့ ဖတ်ရပါတယ်။ ကိုာ်ထဲကအရည် + ရေတွေထဲက မော်လီကြူးတွေကို သက်ရောက်တယ်လို့လဲ ဆိုထားပါတယ်။

BIO DISC Benefits အကျိုးကျေးဇူးများ
• Drinking Water Energizer သောက်ရေ အားရှိစေမယ်၊
• Maximises Nutritional Benefits အာဟာရအကျိုးကို အများဆုံးဖြစ်စေမယ်၊
• Improves Taste အရသာကဲစေမယ်၊
• Extends Shelf Life သက်တမ်းရှည်မယ်၊
• Improves Wellness ပိုပြီးနေကောင်းမယ်၊
• Enhances Immune System ခုခံအားစံနစ်ကောင်းစေမယ်၊
• Rejuvenates Dead Cells သေတဲ့ဆဲလ်တွေ ငယ်ရုပ်ဆင်စေမယ်၊
• Increases Blood Oxygen Levels သွေးရဲ့ အောက်စီဂျင်ကိုများစေမယ် နဲ့
• Exposes Positive and Expels Negative Effects အပြုသဘောတွေ တိုးစေပြီး အနုတ်သဘောတွေကို ဖယ်ပေးမယ်လို့ပါတယ်။ ကိုယ်နံ့ဆိုးတာကို ပျောက်စေ၊ သက်သာစေမယ်လို့ မဖတ်ရပါ။

အဲဒီမှတ်ချက်ပေးသူကနေ ပြန်ရေးပါသေးတယ်။

ဟုတ်ပါတယ်ဆရာ၊ အဲ့ဒီထဲမှာတော့ ပျောက်ကင်းနိုင်ပါတယ်လို့ ရေးထားပါဘူး။ ကျနော်ကိုယ်တိုင် စမ်းသပ်ကြည့်သာပါ။ တကယ် သက်သာပြီး ကိုယ်နံ့ပျောက်ခဲ့လို့ အခုလိုအကြံပြုလိုက်တာပါ။ ကျနော့်အမေဆိုလည်း ဒီ Bio Disc နဲ့ အနာတွေကို ကုသခဲ့တာပါ။ တကယ်ပျောက်ကင်းခဲ့တာပါ။ ဆရာ အခုလိုဘာသာပြန်ပြီးရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။

အခုလဲဖြေရရင် ဆေးကြော်ညာထဲမှာ သွေးတိုးမပါပါ။ ဆီးချိုလဲမပါပါ။

ကြော်ညာပြီး ရောင်းချတဲ့ကုန်ပစ္စည်းတိုင်းမှာ ဘေးထွက်-ဆိုးကျိုးဆိုတာ ထည့်ရေးလေ့မရှိပါ။ ကျွန်တော်တို့လို ဆေးပညာမျိုးသာ သင်ကြားဘူးသူတွေကတော့ ကြော်ညာပြီး ရောင်းချတဲ့ ဆေးနဲ့ဆေးပစ္စည်းတွေကို အကောင်း-အဆိုး ပြောဘို့ ခက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၉-၂ဝ၁၃