ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, September 2, 2013

Facebook Comments of the week ဖေ့စ်ဘွတ် မှတ်ချက်များ

1. Allergic Rhinitis အလာဂျီ နှာခေါင်း
• Moe Moe Thandar Margaret ခုလောလောဆယ် သောက်နေရပါတယ်ရှင့်။
• Dr. Tint Swe Omeprazole or Rabeprazole = Proton pump inhibitor အစာမြိုပြွန်ရောင်၊ ရင်ဘတ်ပူ၊ အစာခြေရည် အထက် တက်ခြင်း၊ DU အနာ၊ အစာလမ်းမှ သွေးယိုခြင်း၊ 20 mg OD for 4-8 weeks, in sever cases increase to 40 mg OD; အချို့အစာအိမ်နာအတွက် Amoxicillin, Clarithromycin နှင့် တွဲပေးရသည်။ ဆိုးကျိုး = ပျို့-အန်၊ ဝမ်းမမှန်၊ အနီပြင်ထွက်၊ ခေါင်းကိုက်၊ လေတက်၊ အအိပ်ပျက်၊
• Moe Moe Thandar Margaret ကျေးဇူးပါဆရာရယ် ဟိုနေ့ကလည်း ခေါင်းကို CT Scean ဆွဲတယ် ဘာမှတော့ တွေ့ဘူးလို့ပြောပါတယ်။ ဒါပေမယ့် အနံ့ကတော့မရသေးလို့ အဲ့ဆေးတွေပေးပြီးနောက် ၄လ ပြန်ချိန်းလိုက်ပါတယ်ရှင်။
• Dr. Tint Swe အဲတာ စိတ်သက်သာရာရစေတယ်။ ဆိုင်းနပ်လို့ခေါ်တာ မဖြစ်တာကို သိရတယ်။ အနံ့ရစေတဲ့ တာရုံကြောလေးတွေကို ထိခိုက်မှုက ပြန်မလျှော့သေးလို့ အဲလိုဖြစ်နေသေးတာပါ။ သက်သာလာရင် ကောင်းလာပါမယ်။
• Moe Moe Thandar Margaret ဆရာကြီးကို ဦးနှိမ်ရှိခိုးလိုက်ပါတယ်ရှင် ဒါဆိုဆေးတွေကို ဆက်သောက်နေရမှာပေါ့နော်။ ဆရာသာ ပြန်မရေးလာရင် ကျမ ဒီဆေးတွေမသောက်ဘဲနေတော့မှာ
• Dr. Tint Swe စာတပုဒ်ရေးပြီး တင်လိုက်ပါတယ်။ စာနံ့မရဘူးလား။
• Moe Moe Thandar Margaret စာကိုဖတ်နိုင်တဲ့မျက်လုံးဘဲရှိပါတယ်။ ဆရာ (စာနံ့ ဆိုတာအထူးအဆန်းဘဲ)
• Dr. Tint Swe ကျွန်တော်က လူနာကို ရီစရာသဘောပြောတဲ့အကျင့်ရှိတယ်။ ဒါမှ တခဏဖြစ်ဖြစ် သက်သာရာရစေတယ် မဟုတ်လား။
• Moe Moe Thandar Margaret ဒီလူနာတွေကလဲ မျက်နှာပြောင်ပါတယ်ဆရာ။ သူငယ်ချင်းတွေက အမြဲပြောတယ်။ ဆရာသဘောပြည့်ကြောင်းကို ဆရာကောင်းတပည့်မို့ ရီဘို့အသင့်ပါရှင်

2. CT Scan ရိုက်တာ ဘာအန္တရာယ်ရှိသလဲ
• Aung Sann Win ပုံကြည့်ရသေပြီလား ဟင်?
• Dr. Tint Swe အဲဒီမှတ်ချက်ကို နားမလည်ပါ။ ဝေဒနာရှိသူတွေကနေ မေးတာကိုဖြေထားတာတွေမို့ အားပေးရာမကျတာမျိုး မှတ်ချက်ပေးတာကို သီးခံစေလိုပါတယ်။

3. Body odor ကိုယ်နံ့
• Vipmyan Mar ဒါမြန်မာ့နည်းမြန်မာ့ဆေးကိုလည်းလေးစားပါတယ် မဖြစ်နိုင်ဘူး မရနိုင်ဘူး ဆိုတာမရှိပါဘူး။ မဖြစ်သေးလို့ မတွေ့သေးလို့ပါ ။ မြန်မာ့နည်းမြန်မာ့ဆေးတွေဟာ တကယ်စွမ်းပါတယ်။ သုတေသန နည်းပညာ ပေါင်းစပ်လိုက်ရင် ကမ္ဘာတောင်ကျော်နိုင်ပါတယ်။
• Dr. Tint Swe တိုင်းရင်းဆေး၊၊ ဟာဗယ်ဆေး၊ စတာတွေမှာ ကောင်းတာတွေရော အကောင်း-အဆိုးကို တိတိကျကျပြောမရတာတွေပါ ရှိပါတယ်။ သုတေသနကို ဆေးပညာနည်းကျ မလုပ်သေးရင် ပြောမရပါ။ ဆရာဝန်တွေသုံးတာ မှန်သမျှကတော့ သုတေသနကို အဆင့်ဆင့် လုပ်ပြီးမှ သုံးခွင့်ပြုတယ်။ ဒါတောင်မှ ဘေးထွက်-ဆိုးကျိုး လွတ်တဲ့ဆေးဆိုတာ မရှိပါ။ သုံးဘို့ခွင့်ပြုထားပြီးမှ ပြန်ရုပ်သိမ်းရတာတွေလဲ ရှိပါတယ်။ လက်တွေ့ သက်သာတယ်၊ ပျောက်ကင်းတယ်ဆိုတာမှာလဲ မေးခွန်းထုတ်စရာတွေရှိတယ်။ ဥပမာ အမြင်အရ ပျောက်တာနဲ့ တကယ်ပျောက်တာ မတူပါ။ HIV ဆိုပါစို့ သွေးမစစ်ဘဲနဲ့ သက်သာတယ်၊ ပျောက်တယ်ဆိုတာ မပြောနိုင်ပါ။ အလားတူ တက်လိုက်-ကျလိုက်ဖြစ်နေတဲ့ ဆီးချိုလို၊ သွေးတိုးလိုမှာ ဘာဆေးမှ မသောက်-မသုံးဘဲ ကျနေတာကို ကိုယ်သုံးတဲ့ဆေးနည်းကြောင့် ပျောက်က်သွားပြီထင်ရင် မမှန်ပါ။ ဆရာဝန်တွေသုံးတဲ့ ဆေးတွေထဲမှာ တိုင်းရင်-ရိုးရာဆေးကနေ ဆန်ကာတင်ပြီး လက်ခံသုံးစွဲတာမျိုး ရှိပါတယ်။ ဥပမာ ငှက်ဖျားဆေး။

4. Cervical Cancer New Guidelines သားအိမ်အဝ-ကင်ဆာ ဆေးစစ်ခြင်း အသစ်ပြဌာန်းချက်
• Tin Kalay တချို့အိမ်ထောင်သည်တွေမှာ ကာကွယ်ဆေးထိုးပြီးပေမယ့် အမျိုးသားနဲ့အတူနေပြီးစအချိန်မှာ တခါတလေ သွေးဆင်းတာကြားဖူးပါတယ်ဆရာ။ အဲဒါကရော ကင်ဆာရဲ့အစလက္ခဏာပဲလားဆရာ။ နောက်ပြီး တချို့အပျိုကြီးအစစ်တွေမှာလဲ သွေးတစ်လလုံးဆင်းလို့ OG တွေက ကင်ဆာလက္ခဏာဆိုပြီး သားအိမ် ထုတ်ခိုင်းတာလဲ အများကြီး တွေ့ဖူးပါတယ်။ အဲဒါဘာဖြစ်လို့ပါလဲဆရာ။
• Dr. Tint Swe ဒီမေးခွန်း ၂ မျိုးလုံးကို ဖြစ်တဲ့သူတဦးချင်းရဲ့ ကျန်းမာရေးရာဇဝင်၊ စစ်ဆေးချက်တွေလုပ်ပြီးမှသာ ပြောနိုင်ပါတယ်။ အမျိုးသမီတွေ သွေးဆင်းတာ ပုံမှန်ရက် မဟုတ်တိုင်းတော့ ကင်ဆာလို့ မထင်သင့်သေးပါ။ လူနာတဦးချင်းအတွက် သိချင်ရင်တော့ အချက်အလက်တွေနဲ့ မေးနိုင်ပါတယ်။
• Tin Kalay ဒီလိုပါဆရာ ပထမတစ်ယောက်ကသူငယ်ချင်းပါဆရာ။ သူက ရာသီလာခါနီးမှာ အမျိုးသားနဲ့ အတူနေပြီးတဲ့အခါ သွေးနဲနဲဆင်းတယ်လို့ပြောတယ်ဆရာ။ ဒါပေမယ့် နောက်ရက်ကျတော့ မဆင်းတော့ဘူးတဲ့။ အဲလိုမျိုး နှစ်ခါလောက်ဖြစ်တော့ သူကြောက်ပြီး OG သွားပြတော့ သားအိမ်ခေါင်းဝက အချွဲကိုယူပြီးစစ်တော့ ကင်ဆာမဟုတ်ဘဲ သားအိမ်ခေါင်းနဲနဲရောင်တာလို့ပြောပြီး ပိုးသတ်ဆေးပဲပေးလိုက်တယ်တဲ့။ သူလဲ ကာကွယ်ဆေးပါ ထိုးလိုက်ပါတယ်ဆရာ။ ဒါပေမယ့်ကာကွယ်ဆေးထိုးပြီးနောက်ပိုင်းလဲ တစ်ခါတစ်လေ အဲဒီလိုပဲ သွေးဆင်းတတ်ပါတယ်တဲ့။ ဒါပေမယ့်သူလဲ OG ထပ်မပြချင်တော့ဘူး။ ပြလဲဘာမှမဖြစ်ဘူးပဲပြောဦးမယ်ဆိုပြီး မပြပဲနေနေလို့ပါ။ ရေရှည်ဆိုရင်ဘာဖြစ်နိုင်ပါသလဲဆရာ။ သူကရှက်တတ်လို့ပါ။
• နောက်တစ်ဦးက သမီးတို့နဲ့ အရာင်းအဝယ်လုပ်တဲ့အစ်မကြီးပါ။သူကအပျိုကြီးပါ။ ဒါပေမယ့် အဖြူမကြာခဏ ဆင်းပြီး တစ်ခါတစ်ခါလနဲ့ချီပြီးကြာလို့ OG သွားပြတဲ့အခါ သားအိမ်ကင်ဆာလက္ခဏာဆိုပြီး သားအိမ် ထုတ်ခိုင်းလို့ ထုတ်လိုက်ရတယ်ဆရာ။ သမီး သိသလောက်တော့သူက အပျိုကြီးအစစ်ပါဆရာ။ ဒါပေမယ့် ဘာဖြစ်လို့ အဲဒီလိုဖြစ်ရတာလဲ ဗဟုသုတအနေနဲ့သိချင်လို့ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။
• Dr. Tint Swe Vaginal Bleeding During Sexual Intercourse အတူနေစဉ် သွေးထွက်ခြင်း http://dts-medicaleducation-adult.blogspot.in/2013/09/vaginal-bleeding-during-sexual.html ကို ဆရာ့ဘလော့ခ်မှာ တင်လိုက်ပါတယ်။ ဖေ့စ်ဘွတ်မှာ မတင်သင့်ဘူးထင်လို့ပါ။

5. Breast Milk Supply နို့ထွက်နည်းနေရင်
• Aung Swe Win ကျနော့ ဆရာ Dr. Tun အိမ်ကိုလာလည်ရင်း ရွှေပန်း၊ ငွေပန်းပင်တွေမြင်တော့ ဒီအပင်ကဥ လက်နှစ်ဆစ်လောက်နဲ့ ငါးကြင်းသားနဲ့ ဟင်းခါးချက်။ နို့ထွက်ကောင်းတယ်လို့ပြောတယ်။

6. Depression (1) စိတ်ကျရောဂါ (၁)
• Soe Thuzarwinn Thank you sir. Noted. Sometimes I also feel depression b/c work pressure. Luckily I am free from social pressure. I notice myself that mostly on Friday & Saturday I angry already without having proper reason. No happy so much. No family life b/c I live in oversea. That time I listen to Buddha sermon & lie quietly on bed. Don't talk anyone. So free from other annoyance. That time my mind calm down & ok. Thank you. I just share my event.
• Dr. Tint Swe Depression as well as moot swing is symptom suffered in some women which are related to menstrual cycle. I have written two articles about it.

ဒေါက်တာတင့်ဆွေ ၂-၈-၂ဝ၁၃