ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Saturday, September 14, 2013

Facebook Q and A 14-9-2013

Sat, Sep 14, 2013 at 11:29 AM
သမီးရဲ့ due date က 27.9.13 ပါ မီးဖွားရက်နီးနေပါပြီ။ သမီးမှာက လိပ်ခေါင်းလိုအဖုလေးရှိတဲ့အတွက် မွေးခါနီးဆိုးလာရင် ခွဲမွေးရမယ်လို့ ပြောပါတယ်။ အပ်ထားတဲ့ဆရာဝန်က MOM နေ့တိုင်း သောက်ခိုင်းလို့ 2 လ 3 လ လောက်ထဲက သောက်ပါတယ်။ နောက်ဆရာဝန်တစ်ယောက်က MOM နေ့တိုင်းသောက်ရင် စောမွေးတတ်တယ် မသောက်နဲ့လို့ပြောလို့ ကိုယ်ဝန်ဆောင်နဲ့တည့်တယ်လို့ပြောတဲ့ မြန်မာဝမ်းနှုတ်ဆေးပြောင်းသောက်ပါတယ်။ မြန်မာဆေးက မနက်ဆို ဗိုက်ရစ်နာပြီးမှ ဝမ်းသွားပါတယ်။ မွေးခါနီးဆိုတော့ ဘယ်ကနာလို့နာမှန်းမသိ။ ပြီးတော့ သင့်မသင့်လဲမသိလို့ ဆရာ့ကိုမေးတာပါ။ ရေများများသောက် အသီးအနှံစား ဟင်းရည်နဲ့အမြဲစားပေမဲ့ ဆေးမသောက်ရင် ဝမ်းအရမ်းချုပ်လို့ပါ။ လိပ်ခေါင်းပိုဆိုးမှာလည်းကြောက်ပါတယ် လိပ်ခေါင်းကို Tetracycline ညစ်ဆေးလိမ်းပါတယ် ဆရာအကြံပေးပါဦးရှင့်။ နောက်ပြီး ရေခဲရေသောက်တာက ဝမ်းချုပ်စေပါသလားရှင့်။

• ကိုယ်ဝန်ဆောင်နေတုံးမှာ လိပ်ခေါင်းဖြစ်လေ့ရှိတယ်။ အများအားဖြင့် မီးဖွါးပြီးရင် ကောင်းသွားကြတယ်။ မွေးတဲ့အချိန်မှာတော့ ပိုဆိုးနိုင်တယ်။ ဖိအား-ညှစ်အားသက်ရောက်လို့ဖြစ်တယ်။
• မက်ဂနီးဆီးယားဆေးကို အကြာကြီးသောက်တာတော့ မကောင်းပါ။ ဝမ်းနုပ်ဆေးကို ဝမ်းချုပ်မှသာ သောက်ပါ။ အစားအသောက်နဲ့ ဝမ်းပျော့စေတာကောင်းတယ်။ မန်ကျီးမှည့်၊ သင်္ဘောသီးမှည့်တွေက ကောင်းတယ်။ ရေပိုသောက်ပါ။
• အခုဖြစ်နေတာက ဝမ်းချုပ်လို့ဆိုတာထက် ကိုယ်ဝန်ကြောင့်ဖြစ်နေနဲ့တူတယ်။ ဒါကြောင့် ဝမ်းကိုပုံမှန်ဖြစ်နေရင် လုံလောက်ပါတယ်။
• လိမ်းဆေးကို နာရင် ထုံဆေးပါတာလိမ်း၊ ပိုးဝင်ရင် ပိုးသေဆေးပါတာ၊ ရောင်ရင် စတီရွိုက်ပါတာလိမ်းရတယ်။
• အကောင်းဆုံးက ရေအိမ်သွားပြီးတိုင်း ရေနွေးသုံးပါ။ ဆိုးလာချိန်မှာ ရေနွေးခွက်ထဲမှာ တင်ပါးချပြီး ၅-၁ဝ မိနစ် ထိုင်ပါ။ ဆေးမှန်သမျှထက်ကောင်းတယ်။
• အိမ်သာထိုင်တာမှာ ၉ဝ ဒီဂရီ ခါး-ဒူး ထိုင်နိုင်တဲ့ အင်္ဂလိပ်ပုံစံကိုသာ သုံးသင့်တယ်။ ဆောင့်ကြောင့်ထိုင်ရတာမျိုး မသင့်ပါ။ နားလို့၊ အလုပ်လုပ်လို့ ထိုင်ရင်လဲ ဖင်ထိုင်ခုံမှာ မထိုင်သင့်၊ ဆောင့်ကြောင့်မထိုင်သင့်ပါ။
• လိပ်ခေါင်းဆိုတာ ခွဲတိုင်းမကောင်းတတ်ပါ။ ခွဲနည်းကလဲ အမျိုးမျိုးရှိတယ်။ နောက်ဆုံးအနေနဲ့သာခွဲဘို့ဆုံးဖြတ်ပါ။ ဖြစ်စေတဲ့အကြောင်းကို ပြင်ဘို့က အရေးကြီးတယ်။ ကိုယ်ဝန်ကြောင့်ဆိုရင် မွေးပြီးရင်ကောင်းမယ်။ ဝမ်းချုပ်လို့ဆိုရင် ဝမ်းမှန်အောင်လုပ်ပါ။ အလေးအပင်မတာ၊ ချောင်းဆိုးတာ၊ စတဲ့ဗိုက်ဖိအားကြောင့်ဆိုရင် အဲဒါတွေကို ဆင်ခြင်ပါ။
• ရေနွေးနည်းကိုအားကိုးပါ။

ဟုတ်ကဲ့ပါဆရာ အခုတော့လိပ်ခေါင်းကပိုဆိုးမလာသေးပါဘူး သမီးကဆေးမသောက်ရင် ဝမ်းချုပ်လွန်းလို့် စိုးရိမ်ပြီး ဆေးပဲသောက်နေမိတာပါဆရာ အခုဗိုက်နာတော့ ဆေးလည်းသင့်မသင့်ကြောက်လို့ မေးလိုက်တာပါဆရာ။ အစားအသောက်နဲ့တော့ ဝမ်းကဘယ်လိုမှ မမှန်ပါဘူးဆရာ။ ရေနွေးနည်းလည်း ရံဖန်ရံခါသုံးပါတယ်ရှင့်။

• ဝမ်းဆိုတာ အကျင့်ဖြစ်တယ်။ မွေးကာနီးရင် ဝမ်းခြူပါမယ်။ မစိုးရိမ်ပါနဲ့။ မြန်မာဆေးကိုလဲ အမျိုးအစား ပြောင်းနိုင်ပါတယ်။

Sat, Sep 14, 2013 at 8:57 AM
နာမည့့်၊ (ကျား)၊ အသက် ၃၃ နှစ်၊ ကျွန်တော်က့ မှာ နေထိုင်ပြီး အလုပ်လုပ်နေသူ တဦးပါ။ နားနဲ့မနာ ဖ၀ါးနဲ့ပဲ နာပါလို့ ဦးစွာတောင်းပန်အပ်ပါတယ်။ ဆီးသွားပြီးတိုင်း ဆီးပြန်ပြန်သွားချင်သလို အိမ်သာတက်ချင်သလို ဖြစ်တတ်ပါတယ်။ ပြီးတော့ ဆီးသွားပြီးတိုင်း လိင်အင်္ဂါထိပ်ဟာ အနည်းငယ်ပူနေတတ်ပါတယ်။ နေ့တိုင်းနီးပါး ဖြစ်နေသလို ဖြစ်တတ်ပါတယ်။ ဖြစ်ရင် မနက်ပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။ ကျွန်တော် ခုစာရေးချိန်အရ သတိထားမိတာ ၁ ပတ် ကျော်လောက် ရှိပါပြီ။ အဲလိုဖြစ်တာနဲ့ ဆရာ့ Blog ဖြစ်တဲ့ Medical Writings Blog မှာ Dysuria ဆီးခဏခဏ အောင့်လို့ပါရှင် ဆိုတဲ့ Post ကိုတော့ ဖတ်မိပါတယ်ဆရာ။ ဒါပေမယ့် ဆရာဆီ စာရေးပြီး ပိုပြီး တိကျတဲ့ အဖြေလေး သိချင်လို့ ခုလိုစာရေးမိတာပါ။ လိုအပ်တဲ့ စားဆေး၊ ဆောင်ရန် ရှောင်ရန်လေးနဲ့တကွ ဆရာ့အသိမိတ်ဆွေ ဆရာဝန်မျာ့း့ ရှိခဲ့ပါက လမ်းညွှန်ပေးပါရန် တောင်းဆိုချင်ပါတယ်ဆရာ။

• ဆီးလမ်းပိုးဝင်ခြင်း စာ ၂-၃ ပုဒ်ရေးထားပါတယ်။ ဆေးနည်းတွေလဲ များတယ်။ လွယ်တာနဲ့စနိုင်ပါတယ်။ ဆီးလမ်းပိုးဝင်ခြင်းအတွက် ဆေးများ
• ပဋိဇီဝဆေးများ၊ Co-trimoxazole (Septrin) ဒါမှမဟုတ် Amoxacilin 500 mg ဒါမှမဟုတ် Ciprofloxacin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ပေါင်း ၄-၅ ရက် သောက်ပါ။ ဒါမှမဟုတ် Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် ၇ ရက် သောက်ပါ။ ဒါမှမဟုတ် Azithromycin 1 gm or Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက် သောက်ပါ။
• ဆီးပူသက်သောအောင် လေနာဆေး Antacid (Magnesium hydroxide) တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
• အနာသက်သာအောင် Buscopan, Ibuprofen, Acetaminophen ဆေး တခုခုကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
• ၇ ရက် လိင်မဆက်ဆံရ။ လိင်ဆက်ဆံပြီးရင် ပဋိဇီဝဆေး တကြိမ်သောက်ပါ။
• အသား၊ ငါး၊ အသဲ၊ ဥ၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဖက်ရည်၊ Grains, Beans, Corn, Cranberries, Prunes, Plums, Yeast, Sour cream, Butter milk, Yoghurt အက်စစ်ဓါတ် များစေပါတယ်။ အသား၊ Seafood ပင်လယ်စာ၊ အသဲ၊ နှလုံး၊ ဝက်ပေါင်ခြောက်တွေက Uric Acid ယူရစ်-အက်စစ် များတဲ့ အစာတွေ ဖြစ်တယ်။ Gout ဂေါက် ရောဂါအတွက်ပါ မကောင်းဘူး။ Lentils, Legumes, Asparagus, Cauliflower, Mushrooms, Spinach တွေကို အသင့်အတင့် စားနိုင်တယ်။ Citrus fruits, Legumes, Bananas, Apples, Celery, Tomatoes တွေက အက်စစ်နည်းတယ်။ အက်စစ်နည်းတဲ့ Citrus fruits တွေကတော့ လိမ်မော်၊ သံပရာ၊ ရှောက်၊ ကမ္ဗလာသီးတို့ ဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယက Key Lime, Citron, Wild Orange မလေးရှားက Pomelo တရုပ်က Mandarin Orange ကိုရီးယားက Trifoliate Orange သြစတေးလျက Round Lime တွေလည်း ပါတယ်။ သံပရာရည်ဟာ ပျားကောင် ကိုက်တာအတွက်လည်း သုံးနိုင်တယ်။
• ဆီးမှာ အက်စစ်များနေရင် ကျောက်ကပ်မှာ Uric acid stones, Cystine stones and Calcium oxalate stones ကျောက် တည်နိုင်တယ်။ ဆီးမှာ ပိုးဝင်နေ-မနေကို Dipsticks နည်းနဲ့ အိမ်မှာတင် အလွယ်စမ်းနိုင်တယ်။ အိပ်ရာထ သွားတဲ့ဆီးကို စစ်ရင် ၉ဝ% မှန်တယ်။ ဗက်တီးရီးယားကနေ ထွက်တဲ့ Nitrite ပါနေ-မနေ စစ်တာပါ။ ဆီးလမ်းပိုးဝင်နေသူတွေ အက်စစ်များအစာတွေ၊ အပူ-အစပ် ရှောင်ရတယ်၊ ဆေးလိပ်ဖြတ်ရမယ်။ ဆီးပူနေသူ၊ ပုံမှန်ထက် ပိုပြီး ဝမ်းသွားတာ၊ အန်တာဖြစ်ရင်လည်း ရေပိုသောက်ရမယ်။ ဆီးသွားခြင်စိတ်ရှိရင် သွားလိုက်ပါ။ အမျိုးသမီးတွေ ဆီး-ဝမ်းသွားပြီး ရေဆေးရင် လက်ကို ရှေ့ကနေ နောက်ဆီသာ တဖက်သပ်သွားနည်း သုံးပါ။ ရေချိုးတာကို အပေါ်ကနေ ရေကျတဲ့နည်း သုံးပါ၊ ရေချိုးစည်ထဲမှာ ချိုးတာ မကောင်းပါ။ လိင်မဆက်ဆံမီ ရေဆေးပါ။ Cranberry (Vaccinium macrocarpon) ဆေး၊ Cranberry ဖျော်ရည် သောက်ပါ။ Natural cherry juice ချယ်ရီဖျော်ရည် အိမ်မှာဖျော်သောက်ပါ။ Apple Cider Vinegar ပန်းသီးဖျော်ရည် သောက်ပါ။ Water ရေ များများ သောက်ပါ။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၃