ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, September 11, 2013

Health Q and A 11-9-2013

Wed, Sep 11, 2013 at 1:45 PM
သံစူးလို့ရောင်နေလျှင် ဘယ်လိုဆေးသောက်ရမလဲဆရာ။ ကျွန်မအသက်က 33 နှစ်ရှိပါပြီရှင့်။ ခြေဖနှောင့်မှာ သံစူးလို့ပါ။ သံစူးလို့နောက်ရက်မှာ ပိုးသတ်ဆေးလဲ ထိုးထားပါတယ်ရှင့်။ သောက်ဆေးလဲပေးလို့ သောက်ပါတယ်ရှင့်။ ဒါပေမယ့် အခု 6 ရက်လောက်ကြာနေပေမယ့် မသက်သာတဲ့အပြင် သံစူးတဲ့နေရာနားမှာ အနည်းငယ် ရောင်နေပါတယ်ရှင့်။ သံက 1.5" သံလောက်ပါ။ ခြေဖနောက့်ကို စူးဝင်တာကတော့ 1" ရဲ့ လေးပုံ ပုံ တစ်ပုံလောက်ပဲ ဝင်တယ်လို့ ခန့်မှန်းရပါတယ်ရှင့်။ သံက သံချေးမတတ်သေးပါဘူးရှင့်။ ဆရာဝန်ထံဆေးထိုးထားသဖြင့် တခြား ဘာဆေးမှ မလိမ်းပါဘူးရှင့်။ သံစူးဝင်တဲ့နေရာက ရဲနေမဲနေခြင်းလဲ မရှိပါဘူးရှင့်။ တခြားအဖျားဝင်ခြင်း ခေါင်းမူး ခေါင်းကိုက်ခြင်းလဲ မဖြစ်ပါဘူးရှင့်။ သံစူးလို့ရောင်ပြီး နာနေတာကိုဘယ်လို့ ကုသရင်ပျောက်မလဲလို့ သိချင်ပါတယ်ရှင့်။ နေတာကတော့ မြန်မာနိုင်ငံမှ မေးမြန်းခြင်း ဖြစ်ပါတယ်ရှင့်။

(၁) မေးခိုင်ကာကွယ်ဆေး ATT ၁ ကြိမ် ထိုးရမယ်။
(၂) အနာသက်သာဆေး Paracetamol/Ibuprofen တမျိုးကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်၊ နာနေတဲ့ရက်တွေမှာ သောက်ပါ။
(၃) အနာနေရာကို အရက်ပြန်၊ အိုင်အိုင်ဒင်း၊ Cipladine တခုခုလိမ်းပါ။ လိုမယ်ထင်ရင် ပတ်တီး Handiplast ကပ်ထားပါ။
(၄) အနာရင်းတယ်ထင်ရင် Ampicillin 500mg တခါသောက် ၁ တောင့်၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက်သောက်ပါ။
(၅) ပြည်တည်ရင် ပြည်ကို ထုတ်ရမယ်။ ပိုးသေဆေး ပြောင်းသင့်ရင်ပြောင်းရမယ်။

Wed, Sep 11, 2013 at 2:06 PM
သမီးရဲ့ Due Date ပေးထားတာက 06.11.2013 စောရင် ရှေ့ 15 ရက် နောက်ကျရင် နောက် 15 ရက်တဲ့။ ကိုယ်ဝန် 23 ပတ်က Ultrasound ရိုက်တော့ ကလေးက မိန်းကလေး အချင်းအောက်ကျနေတယ်ပြောတယ်။ အဲဒီတုန်းက ဆရာမက သွေးဆင်းလားမေးတော့ အဲဒီချိန်ထိ မဆင်းဘူး ပြောလိုက်တယ်ဆရာ။ အခု 03.09.13 မှာ သွေးရောင်ဆန်ဆန် အချွဲအနည်းငယ်ဆင်းလို့ အရေးပေါ် ဆရာမနဲ့ သွားပြတော့ ကိုယ်ဝန် 29 ပတ် Ultrasound ပြန်ရိုက်ခိုင်းလို့ ရိုက်ကြည့်တော့ အချင်းအောက်ကျနေတယ်ပြောတယ်။ ကလေးကတော့ အကုန်ကောင်းတယ်။ တပတ်အလုပ်က နားခိုင်းတယ်။ ငြိမ်ငြိမ်နေ အလေးအပင် မ-မနဲ့၊ သွေးဆင်းရင် ဆေးရုံ တက်ရမယ်ပြောတော့ ဆေးခန်းမပြမီ တစ်ကြိမ်သာ သွေးရောင်ဆန်ဆန် ဆင်းပြီး နောက်ရက်ဆက်မဆင်းတော့ပါ။ Ultrasound (2) ကြိမ်ရိုက်တာ (2) ကြိမ်လုံး အချင်း အောက်ကျတယ်ဆိုတော့ စိုးရိမ်ရလားဆရာ။ မိန်းကလေး သားဦး ကိုယ်ဝန်ဆိုတော့ ဒီလိုအခြေအနေဆို ရိုးရိုးမွေးလို့ရော ရပါသလားဆရာ။ သမီးအသက်က 35 နှစ်တစ်လ ရှိပါပြီ။ အချို့က ပြောတာ မိန်းကလေးကိုယ်ဝန်ဆို စောမွေးတတ်တယ် ပြောတာရော ဟုတ်ပါသလားဆရာ။ သမီးက အလုပ်ကို 9 လ ပိုင်းကုန်မှ နားရမှာမို့လို့ အဲဒီအချိန်ထိ အလုပ်ဆင်းလို့ရော ရပါသေးလားဆရာ။

• အရေးကြီးပါတယ်။
• အချင်းအောက်မှာတည်နေတာလို့ ခေါ်တယ်။ ကျနေတာတော့ မဟုတ်ပါ။
• ကလေးရဲ့ရှေ့ (အရင်) နေရာမှာရှိနေလို့ မီးဖွါးရင် သူကအရင်ထွက်ပြီးမှသာ ကလေးဖွါးမယ်။ အချင်က သားအိမ်မှာ ကပ်နေမှသာ ကလေးဆီ သွေးရောက်တယ်။ ကွာရင် ကလေးအတွက် ခက်ခက်လာမယ်။ အဲဒါကြောင့် ခွဲပြီးမွေးရမယ်။ မွေးလမ်းကနေ မွေးမရပါ။
• သားအိမ်အဝ ပွင့်ရင် သေးစဆင်းပါမယ်။ များသောအားဖြင့် ခန့်မှန်း မွေးမဲ့ရက်ထက် ၂ ပါတ်နေမှသာ သားအိမ်အဝက စပွင့်တယ်။ သွေးဆင်းမယ်။ ပွင့်တာ ကျယ်လာလေလေ သွေးဆင်းတာ များလေလေဖြစ်မယ်။
• (၁) သွေးဆင်းရင် (၂) ဗိုက်နာရင်၊ (၃) ရေဆင်းရင်၊ (၄) ကလေးမလှုပ်ဘူးထင်ရင် ခွဲစိတ်မွေးဖွါးပေးနိုင်တဲ့ ဆေးရုံ-ဆေးခန်းကို သွားပါ။
• သွေးသွင်းဘို့ လိုချင်လိုတတ်လို့ သွေးအုပ်စုစစ်ထားပါ။ သွေးလှူမဲ့သူရှာထားပါ။
• စိတ်အားငယ်စရာ လုံးဝမရှိပါ။ အဲလိုမွေးရသူအရေအတွက် အတော်များပါတယ်။
• တကြိမ်အဲလို အချင်းနေရာဖြစ်ပေမဲ့ နောက်ကိုယ်ဝန်မှာလဲ ဖြစ်မယ်ဆိုတာ မဟုတ်ပါ။ စိတ်မပူပါနဲ့။
• အချင်းနေရာရှေ့မှာရှိတိုင်းတော့ စောမမွေးတတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၁-၉-၂ဝ၁၃