ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, September 9, 2013

Health Q and A 9-9-2013

Sun, Sep 8, 2013 at 9:54 PM
HPV ရှိမရှိကို ကျား/မ နှစ်ဦးလုံးစစ်လို့ရပါသလားဆရာ။ ရတယ်ဆို ဘယ်လိုပြောစစ်ရလဲ ညွှန်ကြားပေးပါဆရာ။

HPV Test
• သားအိမ်ဝကင်ဆာအတွက် စစ်ဆေးနည်းဖြစ်တယ်။ လိင်လမ်းရေယုံနဲ့ တိုက်ရိုက်သက်ဆိုင်တယ်။
• Pap smear စမ်းနည်းဟာ အမျိုးသမီးတွေအတွက် အကောင်းဆုံးနည်း ဖြစ်တယ်။
• HPV DNA tests အဲဒီနည်းမှာ ပုံမှန်မဟုတ်တာတွေ့ရင် ဒီနည်းဆက်စစ်မယ်။
• အသက် ၃ဝ-၆၅ နှစ်အမျိုးသမီးတွေမှာ ဒီ ၂ နည်းကိုတွဲလုပ်တယ်။ ၅ နှစ်တခါစစ်သင့်တယ်။
• အသက် ၃ဝ အောက်အမျိုးသမီးတွေကို ဆန်ကာတင်စစ်နည်းအနေနဲ့ မသုံးပါ။ စစ်ရင်လဲ တွေ့မဲ့သူကများပြီး၊ အလိုလိုလဲပျောက်နိုင်တယ်။
• digene HPV Test နည်းကို အမေရိကားမှာသုံးတယ်။

Sat, Sep 7, 2013 at 3:41 PM
ကျွန်တော် ဆေးနဲ့ပတ်သက်ပြီး မသိတာရှိလို့မေးပါရစေခင်ဗျာ။
1. CAMENTO ABLET
2. BLUECAP (Dextromehorphan HBr, Terpin hydrat)
3. CLARITHROMYCIN TABLETS USP 250 MG
4. TRILOCK (Montelukast 5mg)
အဲ့ဒီ ဆေးတွေ က ဘာအတွက်သောက်ရတာလဲ ဆရာ။ အဲ့ဒီ ဆေးတွေ မှာ ဘယ်လိုအကျိုးအာနိတင် ရှိပါသလဲ ခင်ဗျာ။ နောက်ပြီး အဲ့ဒီ ဆေးတွေမှာ ဘယ်လို Side Effects တွေရှိပါသလဲ ခင်ဗျာ။
အဲ့ဒါတွေ သိချင်လို့ပါခင်ဗျာ။ ဆရာ ကျေးဇူးပြုပြီး ဖြေကြားပေးပါ ခင်ဗျာ။
CLARITHROMYCIN က ပိုး (ဗက်တီးရီးယား) တွေကိုနိုင်တဲ့ဆေး၊
Dextromehorphan HBr က ချောင်းဆိုးပျောက်ဆေး၊
Montelukast က ပန်းနာ (လေပြွန်ကျဉ်း) အတွက်ဆေး၊
CAMENTO ကိုမသိပါ။

Clarithromycin ဘေးထွက်-ဆိုးကျိုးတွေ -
ဝမ်းပျက်၊ အိပ်ချင်၊ ပျို့၊ ဗိုက်နာ၊ အန်၊ မျက်နှာဖေါ၊ ခေါင်းကိုက်၊ စိတ်တို၊ သူများမမြင်မကြားတာ မြင်ကြား၊ အရသာပျက်၊ အာခေါင်ခြောက်၊

Montelukast ဘေးထွက်-ဆိုးကျိုးတွေ -
ဗိုက်အောင့်၊ နှာခေါင်းသွေးယို၊ တုပ်ကွေးမိသလိုခံစား၊ ချွေးထွက်၊ ရင်ကြပ်၊ အားယုတ်။ စိုးရိမ်၊ စိတ်တို၊ ဝမ်းချုပ်၊

Dextromethorphan ဘေးထွက်-ဆိုးကျိုးတွေ -
ယား၊ ပျို့၊ ခေါင်းမူး၊ အိပ်ချင်၊ မျက်စိမှိတ်ထာရင် သူများမမြင်တာကိုမြင်နေ၊ အသက်ရှူရခက်၊
ဆေးများလာရင် သူများမမြင်တာကိုမြင်နေ၊ အန်၊ မျက်စိကြည့်မကောင်း၊ မျက်စိနီရဲ၊ ချွေးထွက်၊ ကိုယ်ပူ၊ သွေးဖိအားကျ၊ နှလုံးခုန်မြန်၊ ဝမ်းပျက်၊ အိပ်ချင်၊ ကောင်းတာတွေထင်မြင်၊ မျက်စိကမစူးစိုက်နိုင်၊

Sat, Sep 7, 2013 at 4:16 PM
ကျွန်‌‌တော်ဟာ သ‌င်္ဘော‌‌‌ပေါ်မှာ ဦး‌ခေါင်းကိုအက်ဆီဒန့်ခိုက်မိပြီး UAE နိုင်ငံမှာ ခွဲစိပ်ပြီး‌လေ ညာဖက်အခြမ်းဖြတ်ခဲ့ရပါတယ်။ ကျွန်‌‌တော် အခု ဘယ်ဘက်လက်နဲ့ ဒီစာကို ‌ရေး‌နေတာပါ။ ကျွန်‌‌တော်သိချင်တာက ဘယ်အချိန်‌‌လောက်‌ ပြန်‌‌ကောင်းနိုင်မလဲ။ ဘယ်လိုစား‌သောက်‌ ‌နေထိုင်ရပါမလဲ သိချင်ပါတယ်။

ဆေားရီး။ ပွင့်ပွင့်လင်လင်းပြောပါရစေ။ လေဖြတ်တယ်ဆိုတာ အာရုံကြော ထိခိုက်-ပျက်စီးရာကနေဖြစ်တယ်။ ဦးနှောက်နဲ့ အာရုံကြောမှန်သမျှ ချက်ချင်းပြန်မကောင်းတာမျိုးက နောင်လဲ ပြန်မကောင်းပါ။ အသစ်ဖြစ်ပေါ်နိုင်စွမ်းရှိလို့ဖြစ်ပါတယ်။ ပျက်စီးပြီးသားနေရာက သက်သာယုံသာ သက်သာနိုင်တယ်။
ဆောရီး။ ကံတရားကိုတော့ အားကိုးပါ။ စိတ်ကိုလဲ ပြင်ဆင်ပါ။ အပြုသဘောဆောင်ထားရင် အကျိုးများပါတယ်။

Sun, Sep 8, 2013 at 10:27 AM
လက်ထပ်ပြီးတစ်ခါပဲ သုံးလခံ တားဆေးထိုးဖူးတာပါ။ ကလေးလိုချင်လို့ ဆေးဖြတ်ထားတာ ၃ လရှိပါပြီ။ ရာသီလည်း ပြန်မပေါ်သေးပါဘူး။ ကြားထဲမှာ တစ်ခါ ရာသီပေါ်ဆေး၂ ရက်ဆက်တိုက်တစ်ခါ ထိုးပါတယ်။ ဒါပေမယ့် ရာသီမပေါ်ဘူး။ ကလေးလိုချင်လို့ ဘယ်လိုလုပ်ရပါမလဲဆရာမရယ်။ သောက်ဆေးလေးများရှိရင်ညွှန်ပေးပါနော်။ ဘယ်လို အစားအသောက်တွေ စားပြီး ဘာတွေကိုရှောင်ရမယ်ဆိုတာလည်း ပြောပြပေးပါ။ အိုဂျီ ပြဖို့ ရောလိုအပ်ပါသလား။

လင့်ခ်ပေးတဲ့စာတွေကို သိလိုတာရွေးဖတ်ပါ။ သိချင်သေးရင် တိတိကျကျ ပြန်မေးနိုင်ပါတယ်။ ဆရာမတော့ မဟုတ်ပါ။
Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html
Infertility (3) ကလေးမရနိုင်သေးခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/09/infertility-3.html
Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/fallopian-tube-procedures-for.html
Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-and-tb.html
Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/tb-and-infertility.html
Infertility news သားသမီး မရနိုင်သေးသူတွေအတွက် စိတ်မပျက်နဲ့ http://dts-medicaleducation-adult.blogspot.in/2013/02/blog-post.html
Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-treatments-2.html
Infertility news သားသမီးမရနိုင်သေးခြင်း သတင်း http://dts-medicaleducation-adult.blogspot.in/2013/08/infertility-news.html
Infertility Question ကလေးမရနိုင်သေးခြင်း မေးခွန်း http://dts-medicaleducation-adult.blogspot.in/2013/09/infertility-wuestion_1.html
Depo Provera သုံးလခံ ထိုးဆေး http://dts-medicaleducation-adult.blogspot.in/2012/04/depo-provera.html
Depo Provera သုံးလခံထိုးဆေး အတွေ့အကြုံဖေါက်သယ်ချခြင်း http://dts-medicaleducation-adult.blogspot.in/2013/08/depo-provera.html

Sat, Sep 7, 2013 at 4:32 PM
ဆေးဝါးတစ်မျိုးကို ရေရှည်စွဲစားတယ် ဆိုတဲ့နေရာမှာ ရေရှည်ဆိုတဲ့ကာလက ဘယ်လောက် ရှိပါသလဲခင်ဗျာ။ လပိုင်းလား နှစ်ပိုင်းလားခင်ဗျာ။ Moriamin Forte ကို ရေရှည်စားချင်ပါတယ်ခင်ဗျာ။ ဆေးကြောင့် ဘေးထွက်ဆိုးကျိုး ခံစားရမှာ စိုးလို့ပါခင်ဗျာ။ ကာလအပိုင်းအခြားတစ်ခုထိ ခြားခြားပြီးစားရင် ဘေးထွက်ဆိုးကျိုးကို ကာကွယ်နိုင်မလားခင်ဗျာ။ လမ်းညွှန်ပေးပါခင်ဗျာ။

မိုရီယာမင်ဆေးထဲမှာ မရှိမဖြစ်လိုအပ်တဲ့ (အမိုင်နိုအက်စစ်) တွေပါတယ်။ ပရိုတင်းမလုံလောက်သူတွေ၊ ပိုလိုချင်သူတွေကိုပေးတယ်။ ဥပမာ အသက်ကြီးသူတွေ၊ အိပ်ယာထဲလူမမာတာရှည်ဖြစ်နေသူတွေ၊ ပါးစပ်ကအစာကောင်းကောင်းမစာနိုင်သူတွေကိုပေးတယ်။ မလိုဘဲသောက်ရင် ကိုယ်ကနေစွန့်ထုတ်ပြစ်ပါမယ်။
ဗီတာမင်တွေလိုတော့ များသွားလို့ ဘေးမဖြစ်စေပါ။ ဒါက ယေဘုယျပြောတာဖြစ်တယ်။ တဦးချင်းအခြေအနေလိုက်ပြီး ပရိုတင်းမများသင့်သူမျိုးဆိုရင် မကောင်းစေပါ။
လူနာ ကျား-မ၊ အသက်၊ ရောဂါသိရမှသာ ပိုတိကျတာပြောနိုင်မယ်။

Body building Amino acids (ပရိုတင်း) http://dts-medicaleducation.blogspot.in/2011/01/body-building-amino-acids.html

ဒေါက်တာတင့်ဆွေ
၉-၉-၂ဝ၁၃