Sunday, September 8, 2013

Health Q and A 8-9-2013

(၁) Fri, Sep 6, 2013 at 10:53 AM
ကျွန်တော်သိလိုတာက မိန်းကလေးတွေ ရာသီလာစဉ်ကာလမှာ ဖြစ်ပေါ်တက်တဲ့စိတ်ခံစားမှု သူတို့ရဲ့လိုအပ်မှုတွေပါ။ ကျွန်တော့်ကောင်မလေးဟာ လဆန်းပိုင်းလောက်မှာ ရာသီလာပါတယ်။ ရက်အတိအကျတော့မသိပါဘူး။ မနေ့ကစပြီးတော့ သူဗိုက်နာပါတယ်။ သူဖြစ်နေကျပါ။ သူဒီရက်ပိုင်းတွေမှာ ဗိုက်နာတက်တာကို သတိထားမိပါတယ်။ သူကလည်း ဗိုက်နာကြောင်းပြောပါတယ်။ ၃ လလောက်ပြောတော့ ဘာကြောင့်လဲသိချင်တာနဲ့ အင်တာနက်မှာ ရှာကြည့်တော့မှ ရာသီလာခါနီးလို့ဖြစ်တယ်ဆိုတာ သိခဲ့တာပါ။ ကျွန်တော်တက်နိုင်တဲ့ဘက်ကနေ အကူအညီ ပေးတဲ့အနေနဲ့ ခုရေနွေးအိတ်လက်ဆောင်ပေးခဲ့ပါတယ်။ နောက်ထပ်ဘာတွေလုပ်ပေးသင့်ပါသလဲခင်ဗျာ။

PMS (1) ရာသီမလာခင် ဖြစ်ချင်တာတွေ (၁) http://dts-medicaleducation-adult.blogspot.in/2012/07/premenstrual-syndrome-pms.html
PMS (2) ရာသီမလာခင် ဖြစ်ချင်တာတွေ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/pms.html

(၂) Sat, Sep 7, 2013 at 7:48 AM
ဆရာခင်ဗျာ ဒါလေးတွေကို နဲနဲဘာသာပြန်ပေးပါခင်ဗျာ။ ကျွန်တော်တို့ တိတိကျကျသိချင်လို့ပါ။ ဆောင်ရန် ရှောင်ရန်တွေပေါ့။ ကျွန်တော် ဒီဆော့ဝဲလေးထည့်ထားလို့ တပတ်ပြည့်တိုင်း အဲလိုအချက်အလက်လေးတွေနဲ့ အသိပေးပါတယ်။
• သင့်ကလေးဟာ (ရက်စ်ဘယ်ရီ) သီးတလုံးအရွယ်ရှိနေပြီ။
• သင့်ကလေးဟာ ခေါင်းထိပ်ကနေ တင်ပါးအထိ လက်မဝက် (၁၂့၇ မီလီမီတာ) သာသာလေးအရွယ်ရှိနေပြီ။
• သင့်ကလေးဟာ တဖြေးဖြေးနဲ့ အသွင်သဏ္ဌာန်က လူသားလေးနဲ့တူလာနေတယ်။ သူ့သွင်ပြင်လေးတွေက ပိုပြီး မြင်သာလာနေတယ်။ လက်ချောင်းလေးတွေ၊ ခြေချောင်းလေးတွေ ဖြစ်လာနေပြီ။ မျက်ရစ်လေးတွေ၊ နားရွက်လေးတွေနဲ့ နှာသီးဖျားလေးက ပိုပြီးဖွံ့ထွားလာကြပြီ။လက်တွေကလဲ ရှည်လာပြီမို့ တံတောင်ဆစ်နေရာ၊ လက်ကောက်ဝတ် နေရာတွေကနေ ကွေးနိုင်လာပြီ။
• အတွင်းထဲမှာတော့ သင့်ကလေးရဲ့ အစာခြေလမ်းကြောင်းထဲမှာ အူတွေလဲ ကြီးထွားလာနေတယ်။ သူ့နှလုံးလေးကလဲ တမိနစ်မှာ အကြိမ် ၁၅ဝ နှုန်းနဲ့ ခပ်မြန်မြန် ခုန်နေပြီ။
• မှတ်မိနေဘို့ အရေးကြီးတဲ့အချက်ကတော့ ဒီရက်သတ္တပါတ်အတွင်းမှာ မိဘတွေအနေနဲ့ မလုပ်ရသေးဘူးဆိုရင် ကျန်းမာရေး စောင်ရှောက်ပေးသူဆီ သွားဘို့ဖြစ်တယ်။
• သင့်မှာ ကိုယ်ဝန်ဆောင်လက္ခဏာတွေဖြစ်တဲ့ ပျို့တာ၊ အားယုတ်တာတွေနဲ့ ရင်သားတွေနာတာကို ခံစားလာရနိုင်တယ်။ သင့်ဆရာဝန်ဆီ မိဘတွေကနေသွားတယ်ဆိုရင် သူ-သူမကနေ သင့်မှာ ကိုယ်ဝန် ရှိနေတာကို သေချာအောင် လုပ်ပေးလိမ့်မယ်။ တင်ပါးဆုံနေရာ စမ်းသပ်တာလုပ်ပြီး အားလုံး ပုံမှန်ဖြစ်နောကို သေချာစေမယ်။
• သင်ကနေ ၂ ယောက်စာစားတယ်ဆိုရင် အရည်အသွေးအတွက်ဖြစ်ပါစေ၊ အရေအတွက်အတွက်မဖြစ်ပါစေနဲ့။ ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာ သင်ပုံမှန်စားနေကျထက် (ကယ်လိုရီ) ပိုပြီး မလိုအပ်ပါ။ ဒါပေမဲ့ သင့်ရဲ့ အာဟာရ လိုအပ်ချက်တွေက ပိုလာမှာမို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ဆက်စားပြီး ကိုယ်ဝန်ဆောင် ဗီတာမင်တွေလဲ သောက်ပါ။

(၃) Thu, Sep 5, 2013 at 10:22 AM
ကလေးမွေးထားတာ ၂ ရက်ရှိပါပြီ၊ ရိုးရိုးမွေး ခါးရိုးဆေးထိုးပါသည်။ ယခုတိုင် နို့မထွက်နိုင်သေးပါ။ နို့လဲမတင်းပါ။ နို့စုတ်စက်နဲ့ ဆေးရုံမှာလည်း ညှစ်ပါသည်၊ ကလေးလဲစို့ပါသည်။ သို့သော်မထွက်ပါ။ ဆောင်ရန်၊ ရှောင်ရန်များ ညွှန်ကြားပေးပါ။ နို့အမြန်ဆုံးထွက်ချင်ပါသည်။

Breast Milk Supply နို့ထွက်နည်းနေရင် http://dts-medicaleducation-adult.blogspot.in/2012/07/milk-supply.html

(၄) Fri, Sep 6, 2013 at 11:51 AM
သမီး ဆေးခန်းမှာ သွေးသွားစစ်တာ ဆရာ အဲဒါ အဖြေ တွေကို သေချာနားမလည်လို့ ကျေးဇူးပြု၍ရှင်းပြပေးပါရှင်။ အခုပုံမှာပါတဲ့ဟာလေးလဲ ထည့်ပေးလိုက်တာ အဲဒါ ဘယ်လို သုံးရတယ်ဆိုတာလေး မသိလို့ပါဆရာ။
HBs Ag negative
HCV negative
Malaria parasite not seem
KTVDRL nonreactive
HIV ANTIBODY nonreactive

• စစ်တာတွေအားလုံးကောင်းတယ်။
• (ဘီ) ပိုး မရှိ၊
• (စီ)ပိုး မရှိ၊
• ဆစ်ဖလစ်မရှိ၊
• ငှက်ဖျားမရှိ၊
• HIV မရှိ။

(၅) Thu, Sep 5, 2013 at 9:07 PM
ကျွန်တော့်အမေမှာ ဆီးချိုရှိပါတယ်။ ၃ နှစ်ခွဲခန့်ရှိပါပြီ။ ယခင်က မြန်တိုင်းရင်းဆေးတွေသောက်ပါတယ်။ လွန်ခဲ့တဲ့ ၅ လ- ၆ လခန့်ကစပြီး ဆရာဝန်သွားပြပါတယ်။ ၁ဝ ရက်-၁၅ ရက် တကြိမ် ဆီးချိုတိုင်းပါတယ်၊ 12mmol/l အထိ အမြင့်ဆုံး တက်ပါတယ်။ metformin နဲ့ gliclarzide နှစ်မျိုးကို မနက်/ည ၁လုံးစီ တွဲသောက်ရန်ပေးပါတယ်။ လွန်ခဲ့တဲ့လက အဖျားဆက်တိုက် ၁၅ ရက်လောက်ဖျားလို့ မန္တလေးသွား နန်းတော်မှာ ဆေးစစ်တော့ ဆေးရုံတက်ရန်လိုအပ်သဖြင့် မန္တလေးကုတင် ၃ဝဝ သင်ကြားရေးဆေးရုံးကြီးသို့ တက်ရောက်ခဲ့ပါတယ်။ သွေးစစ်ချက်မှာ potassium ပမာဏ အလွန်နည်းလို့ drift သွင်းရပါတယ်။ ငှက်ဖျားဆေးတိုက်ပါတယ်။ အဖျားပျောက်သွားပါတယ်။ အဆုတ်ဓါတ်မှန်ရိုက်ပါတယ်။ သလိပ်စစ်ပါတယ်။ သလိပ်ပိုးမတွေ့ပါ။ ဒါပေမဲ့ အဆုတ်ဓါတ်မှန်အဖြေအရ အခု တီဘီဆေး သောက်ရန်ဆေးပေးပါတယ်။ အခုဆေးရုံက ဆင်းခွင့်ပေးပြီးလို့ အိမ်မှာသောက်ရန်ဆေးတွေ ပေးလိုက်ပါတယ်။ Hb နဲနေတယ်လို့ ပြောပါတယ်။ ဆေးတွေက TBဆေး b6 aspirin pantocid trinclazidine clarithromycin folic acid Ranferon Atorvastatin တွေပါ။ ၁ လစာ စားပြီး ပြန်ပြရန်ချိန်းလိုက်ပါတယ်။ ကျွန်တော်သိချင်တာက ပိုးမတွေ့ပဲ TB ဆေး သောက်ရတာ နားမလယ်ပါ။ အခု ဆေးတွေသောက်ရင်း အမေက ခေါင်းတွေနောက်တယ်လို့ ပြောပါတယ်။ အစားအသောက်လဲ ပျက်နေပါတယ်။ ကျွန်တော်ဘာလုပ်ရမလဲ မသိလို့ပါ။

TB Q and A (တီဘီ) အမေး-အဖြေ http://dts-medicaleducation.blogspot.in/2012/09/tb-q-and.html

(၆) Thu, Sep 5, 2013 at 6:37 PM
ဆရာ ကျနော်ကနိင်ငံခြားရောက်နေတာ ၂ လလောက်ပဲရှိပါသေးတယ် ကျနော့် ကောင်မလေးက ကိုယ်ဝန်ရနေပြီတဲ့။ သူက ဖျက်ချမယ်ပြောနေတယ် သူ့ကိုအရမ်းစိတ်ပူလို့ပါ။ ရန်ကုန်မှာ dangerous မဖြစ်ပဲ အကောင်းဆုံး ဖျက်ချလို့ရတဲ့ နေရာများရှိလားမသိဘူး။

ဆရာက ကိုယ်ဝန်က တမင်တကာ ဖျက်ချဘို့ လုပ်မေပေး၊ နည်းမပေးပါ။ ဆေးစာတွေသာ စုံအောင်ရေးပါတယ်။ ဆရာလဲ တိုင်းပြည်အပြင်မှာနေရတာမို့ ပြည်တွင်းဆေးခန်းတွေကိုမသိပါ။

(၇) Thu, Sep 5, 2013 at 12:21 PM
ကျွန်တော့် အသက်က ၂၄ ပါ။ ၈ လပိုင်းလောက်က ကျောက်ကပ်အောင့်တာ ဆေးခန်းသွားပြတော့ ဆရာဝန်က ဆေးပေးလိုက်တယ်။ ၃ ပတ်လောက်သောက်ပြီးတော့ အာထရာဆောင်း ရိုက်တယ်။ ဆီးစစ်ပြီးပြန်ပြတယ်။ သူကတော့ ကောင်းသွားပြီ။ B6 ၂ လလောက်ဆက်သောက်လို့ပြောတယ်။ ဆီးသွားပြီးရင် အောင့်သလို ကျင်သလိုနဲ့ တစ်နေကုန် ကျန်ခဲ့တယ်။ ဒါပေမယ့် အရမ်းအောင့် နေတာတော့ မဟုတ်ဘူး။ အဲ့သလိုမဖြစ်ခင်က ဆီးခဏခဏ သွားချင်တာတော့ ဖြစ်တယ်။ အဲ့တာလဲ သူ့ကိုပြောပြတယ်။ အဲ့လိုဖြစ်တာက ကျောက်ကပ်စအောင့် ကတည်းက ဖြစ်တာတော့ မဟုတ်ဘူး။ ဆရာဝန်ပေးတဲ့ဆေး သောက်ပြီး ၂ ပတ်ကျော်လောက်မှာ ဖြစ်တာပါ။ အရင်ကတော့ လိင်အင်္ဂါ အတွင်း အရေပြားမှာ ကြွက်နို့ပေါက်ဘူးတယ်။ အဲ့တုန်းကတော့ ဆရာဝန်နဲ့ ပြလိုက်တာပျောက်သွားပါပြီ။ ၂ နှစ်လောက်တော့ ရှိပြီပေါ့။ ဘာဆက်လုပ်ပြီး ဘယ်ဆေးသောက်ရင် အဆင်ပြေမလဲ။ ကျွန်တော့် ကျောက်ကပ်ကကော တခြား ကြီးကြီးမားမား ဘာဖြစ်နိုင်သေးလဲ။ ဆေးစစ်ချက်လေးတွေ တွဲပို့လိုက်ပါတယ်။

ကျောက်ကပ်မှာ ဆီးကျောက် မရှိပါ။ Sacralization ဆိုတာ မွေးရာပါ ခါးရိုးဆစ် ဘယ်ဘက် နံပါတ် ၅ က အောက်က အရိုးနဲ့တွယ်ဆက်နေတာရှိတယ်။ ဒါနေလဲ နာတတ်တယ်။ စိုးရိမ်စရာမရှိပါ။ လူဦးရေ ၃့၅% မှာရှိတယ်။ ခါးနာတာခံစားရနိုင်တယ်။ ဆီးလမ်းမှာ ဖြစ်တာတွေက ဆေးနဲ့ ကောင်းမှာတွေသာဖြစ်ပါတယ်။

(၈) Mon, Sep 9, 2013 at 6:25 AM
ကျွန်ုပ် အသက် ၄၂ ပြည့်ပြီးပါပြီ။ ၂၀၁၂ နိုဝင်ဘာမှာ ညာဘက်ပေါင် ခွဲစိတ်မှု၊ ၂၀၁၃ ဖေဖော်ဝါရီမှာ ဘယ်ဘက်ပေါင် ခွဲစိတ်မှုကို ဆရာကြီ့း့ နဲ့ ဆေးရုံမှာလုပ်ခဲ့ပါတယ်။ ကျွန်ုပ့့် မှာနေပါတယ်။ အလုပ်ကတော့ ခုထိမလုပ်သေးပါ။ ပေါင်ကြွက်သား နာကြင်မှုတွေရှိနေသေးလို့ပါ။ သောက်ဆေးတော့ ကုန်သွားပါပြီ။ ပုန်မှန် သွေးပေါင်ကျဆေး မနက် AMLODIPINE(5mg) (1/2) နဲ့ ညအိပ်ယာဝင် အဆီကျဆေး lovastatin (20 mg) 1 tablet သောက်ပါတယ။် ဒီမှာ ၆ လ တခါ သွေးစစ်ပြီး သောက်တာပါ။ ပေါင်ရိုးကတော့ ချော်လဲခြင်းမရှိပဲဖြစ်တာပါ။ အရက်မသောက်ပါ။ လိုအပ်သည့် ဆောင်/ရှောင်ရန်များ ပြောပြပေးစေလိုပါသည်။ နေ့တိုင်းလေ့ကျင့်ခန်းလည်းလုပ်ပါသည်။ သို့သော် ပေါင်ကြွက်သား နာကြင်မှုတွေရှိနေသေးလို့ပါ။

မေးခွန်း ၃ ခါလာမှ နဲနဲသဘောပေါက်ပါတယ်။ ဒါတောင်မှ ရောဂါနာမည်မသိပါ။
ရေးပြထားတဲ့ဆေးတွေကတော့ -
Daflon ဆေးဟာ သွေးပြန်ကြော အားကောင်းစေတယ်။ သွေးကြောသေးသေးလေးတွေကို ခံနိုင်ရည်ရှိစေတယ်။
Bifosa = Alendronic Acid sodium trihydrate ဆေးကို (၁) Osteoporosis အရိုးအားနည်းရောဂါနဲ့ (၂) Paget`s disease တွေမှာ သုံးတယ်။
Viartril-S = Glucosamine ဆေးကို (၂) Dietary Supplementation အစားအသောက်မှာနည်းနေသူတွေကိုနဲ့ (၂) Osteoarthritis အရို-သွေးကြောရောဂါအတွက်သုံးတယ်။
မေးတဲ့သူမှာ နာတာခံစားရတယ်ဆိုပေမဲ့ အနာအကိုက်ပျောက်ဆေး မတွေပါ။ အနာသက်သာဆေးတွေ တခုခုရွေးသောက်ပါ။

NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://dts-medicaleducation.blogspot.in/2012/06/nsaids.html
NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://dts-medicaleducation.blogspot.com/2011/11/nsaid.html

Wooing the Generals ပြင်သစ်အမြင်

ပြင်သစ်အသင်းကဗိုလ်စွဲသွားတဲ့ ဘောလုံးပွဲသတင်းတွေကနေ အမှတ်ရတာတခုရှိသေးတယ်။ ကျွန်တော် ပြည်ပနိုင်ငံရေးကာလ နယူးဒေလီမှာနေစဉ်က ပြင်သစ်လူမျိုး သုတေသ...