Thursday, September 12, 2013

Sivkort ဆေး

Facebook 16 minutes ago via mobile
ဆရာခင်ဗျား sivkort ဆေးလေးရဲ့ ဆိုးကျိုးကောင်းကျိုးလေးသိချင်ပါတယ်ခင်ဗျား။

• Sivkort Retard ဆေးဟာ Triamcinolone ဆေးဖြစ်တယ်။
• Long-acting synthetic corticosteroid တာရှည်ခံ ဓါတ်ခွဲခန်းမှာထုတ်ထားတဲ့ ကော်တီကိုစတီရွိုက်ဆေး ဖြစ်တယ်။ ထိုးဆေး၊ သောက်ဆေး၊ လိမ်းဆေး၊ ရှူဆေးတွေအနေနဲ့လာတယ်။
• နာတာရှည်အရေပြားနာတွေဖြစ်တဲ့ eczema, psoriasis နှင်ကူလိုအနာတွေကိုလိမ်းဘို့သုံးတယ်။ arthritis အဆစ်နာ၊ allergies အလာဂျီ၊ ulcerative colitis အူမကြီးရောင်၊ lupus လူးပတ်စ်၊ sympathetic ophthalmia မျက်စိရောဂါတမျိုး၊ တခြား temporal arteritis, uveitis, ocular inflammation, Urushiol-induced contact dermatitis, visualization during vitrectomy ရောဂါတွေအတွက်သုံးတယ်။ asthma attacks ပန်းနာအတွက်လဲသုံးတယ်။
• ဘေးထွက်-ဆိုးကျိုးတွေ = လည်ချောင်းနာ၊ နှာခေါင်းသွေးယို၊ ချောင်းဆိုး၊ ခေါင်းကိုက်၊ နှာရည်ယို၊
• ရောင်းကုန်နာမည်တွေ အမျိုးမျိုးနဲ့လာတယ်။ Aristocort, Kenacort, Kenalog, Tri-Nasal, Triaderm, Azmacort, Trilone, Volon A, Tristoject, Tricortone and Ratio-Triacomb တွေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၂-၉-၂ဝ၁၃

Triamcinolone injection ထွိုင်ယမ်စီနိုလုံး ထိုးဆေး

(Aristocort®, Aristospan®, Cenocort®, Cinalone®, Kenalog®, Kenaject®) စတဲ့နာမည်တွေနဲ့လာတယ်။ Corticosteroid ကော်တီကိုစတီရွိုက် ထိုးဆေးဖြစ်တယ်။ swelling ရောင်တာ၊ redness နီရဲနေတာ၊ itching ယားနေတာနဲ့ allergic reactions အလာဂျီရတာတွေကို သက်သာစေမယ်။ severe allergies ဆိုးဝါးတဲ့ အလာဂျီ၊ skin problems ပျောက်ခဲတဲ့ အရေပြားနာတွေ၊ asthma ပန်းနာနဲ့ arthritis အဆစ်နာ စတဲ့ရောဂါတွေအတွက် ပေးနိုင်တယ်။

ဒီဆေးထိုးချင်ရင် ဒီရောဂါ-အခြေအနေတွေရှိမနေသင့်ဘူး။
• blood clotting disorder သွေးမခဲရောဂါ၊
• diabetes ဆီးချို၊ သွေးတိုး၊
• high blood pressure
• chicken-pox ရေကြောက်၊ herpes ရေယုံ၊ measles ဝက်သက်၊ tuberculosis တီဘီ၊
• liver disease အသဲရောဂါ၊
• myasthenia gravis မျက်ခွံပိတ်ရောဂါ၊
• osteoporosis အရိုးပါးရောဂါ၊
• previous heart attack နှလုံးအတက်ရဘူးသူ၊
• psychosis စိတ်ရောဂါ
• seizures အတက်ရောဂါ၊
• stomach or intestinal disease အစာအိမ်-အူရောဂါ၊
• under-active thyroid လည်ပင်းကြီးဟော်မုန်းနည်းခြင်း၊
• allergic reaction အလာဂျီရဘူးသူ၊
• pregnant or trying to get pregnant ကိုယ်ဝန်၊
• breast-feeding ကလေးနို့တိုက်နေချိန်။

ဒီလိုဆေးတွေနဲ့ ဓါတ်ပြုနိုင်လို့ သတိထားပြီးထိုးရမယ်။
• antiinflammatory drugs (NSAIDs) အနာ-အကိုက်-အရောင်ကျဆေးတွေ၊
• aspirin အက်စ်ပရင်၊
• barbiturate အတက်သက်သာ အိမ်ဆေး၊
• bosentan အဆုပ်သွားသွေးလွှတ်ကြောဖိအားများရောဂါအတွက်ဆေး၊
• carbamazepine အတက်သက်သာဆေး၊ စိတ်ရောဂါဆေး၊
• contraceptive or birth control pills ကိုယ်ဝန်တားဆေး၊
• heart medicine နှလုံးရောဂါဆေး၊
• medicines for diabetes ဆီးချိုဆေး၊
• medicines that improve muscle strength or tone ကြွက်သားအားပေးဆေး၊
• phenytoin အတက်သက်သာဆေး၊
• rifampin တီဘီဆေး၊
• toxoids and vaccines ကာကွယ်ဆေးတွေ၊
• water pills ဆီးသွားစေတဲ့ဆေး။

Side effects ဘေးထွက်-ဆိုးကျိုးများ
• bloody or black, tarry stools ဝမ်းထဲသွေးပါ၊
• confusion, excitement, restlessness, a false sense of well-being စိတ်ရှုပ်၊ စိတ်လှုပ်ရှား၊ ဂနာမငြိမ်၊ ကောင်းနေသလိုခင်မြင်၊
• eye pain, decreased or blurred vision မျက်လုံးနာ၊ ကြည့်မကောင်း၊
• fever, sore throat, sneezing, cough ကိုယ်ပူ၊ လည်ချောင်းနာ၊ နှာခြေ၊ ချောင်းဆိုး၊
• frequent passing of urine ဆီးအသွားရခက်၊
• hallucinations သူများ မမြင်-မကြားတာတွေကိုယ့်မှာဖြစ်၊
• increased thirst ရေငတ်၊
• irregular heartbeat နှလုံးခုန်မမှန်၊
• menstrual problems ရာသီမမှန်၊
• mental depression, mood swings, mistaken feelings of self-importance, mistaken feelings of being mistreated စိတ်ကျ၊ စိတ်မူပြောင်း၊ ကိုယ့်ကိုယ်ကိုအထင်ကြီး၊ ကိုယ့်ကိုနှိမ်နေတယ်ထင်၊
• muscle cramps or muscle weakness ကြွက်တက်၊ ကြွက်သားအားနည်း၊
• nausea, vomiting ပျို့-အန်ချင်၊
• pain in hips, back, ribs, arms, shoulders, or legs ကိုယ်တွေလက်တွေနာ၊
• pain, redness, swelling, or inflammation at the injection site ဆေးထိုးတဲ့နေရာ နာ-ရောင်-နီ၊
• rounding out of face မျက်နှာလပြည့်ဝန်းလိုဖြစ်၊
• skin problems, acne ဝက်ခြံထွက်၊
• stomach pain ဗိုက်နာ၊
• swelling of feet or lower legs ခြေထောက်တွေရောင်၊
• unusual bruising or red pinpoint spots on the skin အရေပြားသွေးထွက်လွယ်၊
• unusual tiredness or weakness မောပန်း၊
• weight gain or weight loss ကိုယ်အလေးချိတ်တက်၊
• wounds that will not heal အနာမျက်နိုင်။
• diarrhea or constipation ဝမ်းပျက်-ဝမ်းချုပ်၊
• change in taste အရသာပျက်၊
• headache ခေါင်းကိုက်၊
• increased appetite or loss of appetite အစာပိုစားချင်၊ မစားချင်၊
• increased sweating ချွေးပိုထွက်၊
• nervousness, restlessness, or difficulty sleeping စိတ်ကြောင့်အိပ်မပျော်၊
• unusual increased growth of hair on the face or body ကိုယ်မွှေတွေပေါက်၊
• upset stomach ဗိုက်မကောင်း။

ယေဘုယျအားဖြင့် 0.5–1 mg/kg body weight (40-80 mg for typical adult) ကို ၁ လ၊ ၁ ကြိမ်၊ ၃-၆ လ ထိုးလေ့ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၉-၂ဝ၁၃

တခေတ်တခါက မြန်မာစာကို မှန်ကန်စွာ ရေးသားကြ၏

တခါက တခါတုန်းက တခါက တဘဝ တခေတ် တခါက တခါက မွေးဌာနီ တခါက မကြေးစည် တခေတ်တခါက မြန်မာစာကို မှန်ကန်စွာ ရေးသားကြ၏။ ဒေါက...