ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, September 13, 2013

Suicide prevention ကိုယ့်ကိုယ်ကို သတ်သေခြင်း

ကျွန်မက့ ဂျာနယ်ကပါ။ အခုနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ ဖြစ်ရပ်တွေ အရင်ကထက် ပိုတွေ့နေရပါတယ်။ ဒိလို အဖြစ်တွေက depression ကြောင့် / မြို့ပြရဲ့တိုးတက်လာတဲ့ လူနေမှုပုံစံကြောင့်ဆိုပြီး ပြောကြပါတယ်ရှင့်။ ဒီဖြစ်ရပ်တွေအပေါ် ဒေါက်တာရဲ့အမြင်၊ ဆရာဝန်တစ်ယောက်ရဲ့ သုံးသပ်ချက်လေးကို လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ယှဉ်ပြီး ပြောပေးစေချင်ပါတယ်။

• နှစ်စဉ် စက်တင်္ဘာလ (၁ဝ) ရက်နေ့ဟာ World Suicide Prevention Day “ကမ္ဘာ့ကိုယ့်ကိုယ်ကို သတ်သေခြင်းနေ့” ဖြစ်ပါတယ်။ နိုင်ငံတကာ ကိုယ့်ကိုယ်ကို သတ်သေခြင်း ကာကွယ်ရေးအဖွဲ့ကနေ ဦးစီး ကျင်းပပါတယ်။
• တချို့နေရာတွေမှာ Suicide Prevention Week ရက်သတ္တပါတ်တခုကို ရွေးပြီး ပညာပေးတယ်။
• တချို့နိုင်ငံတွေမှာ ကာကွယ်ရေးအတွက် အထောက်အကူပြုအဖွဲ့တွေနဲ့ ကူညီကြတယ်။ အမေရိကားမှာဆိုရင် ကျန်းမာရေးဌာနတခုကနေ မဟာဗျူဟာထုတ်ပြန်ချက်တခုကို ၂ဝဝ၁ တုံးက ထုတ်ပြန်ခဲ့ပါတယ်။
• တကယ်သတ်သေချင်သူဆိုတာ အကူအညီတောင်းလေ့မရှိပါ။
• ကာကွယ်ရေးမှာ ဖြစ်စေတတ်တဲ့ (၁) အခြေခံအကြောင်းတရားကို ကူညီဖြေရှင်းပေးနည်းနဲ့ (၂) စိတ်ဆေးပညာ ကုသနည်းတွေ ပါတယ်။
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ကောက်ချက်အရ နှစ်စဉ် လူပေါင်း ၁ သန်း သတ်သေနေကြတယ်လို့ ဆိုပါတယ်။
• သတ်သေသူနှုန်း လူ ၁ သိန်းမှာ ၁၆ ယောက်ရှိတယ်။ စက္ကန့် ၄ဝ မှာ ၁ ယောက် သတ်သေနေကြတယ်။
• လွန်ခဲ့တဲ့ ၄၅ နှစ်အတွင်း သတ်သေမှု ၆ဝ% တိုးလာတယ်။
• အသက် ၁၅-၁၉ နှစ်ကြားလူငယ်တွေမှာ သေဆုံးရခြင်းအကြောင်း ၅ ခုမြောက်ဖြစ်နေတယ်။ တချို့နိုင်ငံတွေမှာ ရှေ့ပိုရောက်တယ်။
• ၁၅-၄၅ နှစ်ကြားလူတွေထဲမှာ သတ်သေသူအရေအတွက်ဟာ သေဆုံးမှုအားလုံးထဲမှာ တတိယလိုက်တယ်။ အသက် ၁ဝ-၂၄ နှစ်ကြား လူရွယ်တွေက ဒုတိယနေရာလိုက်တယ်။
• ဘာလို့အဲလို ကိုယ့်ကိုယ်ကိုသတ်သေချင်သလဲဆိုတော့ ဒုက္ခဝေဒနာကို လွန်မြောက်ချင်လို့ ဆောက်တည်ရာမရ ဒီနည်းက အကောင်းဆုံးလို့ ထင်မြင်မှတ်ယူရာကနေ သတ်သေတာဖြစ်တယ်။ မျှောလင့်ချက် ကင်းမဲ့မှု၊ ကိုယ့်ကိုယ်ကို အသုံးမကျဘူး၊ မထူးဘူးလို့ထင်မှတ်မှု၊ အထီးကျန်မှု၊ စတာတွေကိုသာ ထင်မြင်နေမယ်။
• စိတ်ရောဂါသည်ထဲက ၁ဝ% လောက်မှာ အဲလိုဖြစ်နိုင်တယ်။ စိတ်ကျရောဂါကအများဆုံးဖြစ်ရတယ်။ တရားမဝင်ဆေး သုံးစွဲသူတွေမှာလဲ ဖြစ်တာမနည်းပါ။
• အနောက်နိုင်ငံတွေမှာ စိတ်ဝေဒနာတွေထဲမှာ စိတ်ကျရောဂါနဲ့ အရက်သမားတွေ ဖြစ်တယ်။ အာရှတိုက်မှာတော့ ဗြုံးစားကြီး သတ်သေသူပိုများတာ တွေ့ရတယ်။
• Lithium ဆေးသုံးကုသတာက အဖြစ်နည်းတာတွေ့ရတယ်။
• ယောက်ျားတွေက သိသိသာသာပိုများတယ်။ ကြိးလေပိုများလေဖြစ်တယ်။ ကျားမ အချိုးချရင် ၂၂း ၅၊ ၃ဝး ၆၊ ၄၂း ၁ဝ နဲ့ ၅ဝး ၁၆ ရှိတယ်။
• ကိုယ့်ကိုယ်ကို သတ်သေတာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ကိန်းဂဏန်း မရှိသေးပါ။ WHO စာရင်း ဇယားထဲမှာလဲ တလုံးတပါဒမှ မပါပါ။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ယှဉ်ပြီးပြောရရင် သေဆုံးမှု ကိန်းဂဏန်းသာ မရှိတာ၊ မြန်မာပြည်မှာ ကိုယ့်ကိုယ် သတ်သေစေနိုင်တဲ့ အကြောင်းရင်းခံတွေက များလွန်းပါတယ်။
• စိတ်ဓါတ်ကျမှုဆိုတာ စီးပွါးရေး၊ လူမှုရေးကို အခြေခံတယ်။ စီးပွါးရေးနဲ့ လူမှုရေးမှာ သောကများစရာတွေကနေ ဆိုးစေတယ်။ မြန်မာနိုင်ငံမှာ စီးပွါးရေး ကောင်းနေသူ အရေအတွက်ထက် မကောင်းသူအရေအတွက်က အဆပေါင်း အလွန်များနေတယ်။
• လူမှုရေးမှာ မြို့ပြဖြစ်စဉ်အရ မြို့ကိုတက်ပြီး အလုပ်အကိုင် အခွင့်အလမ်း ရှာလာကြတော့ မြို့ပြယဉ်ကျေးမှုနဲ့ အထာမကျသူတွေမှာ စိတ်ဆင်းရဲကြရတယ်။ ခေတ်သဘောအရ အပြင်ကနေလာတဲ့ ယဉ်ကျေးမှု၊ အတုမြင် အတတ်သင်၊ လူသုံးကုန်ပစ္စည်း၊ ဖျော်ဖြေရေးနည်းသစ်တွေကနေ လူငယ်တွေကို လွှမ်းမိုးစေတယ်။ သားသမီး လူငယ်လူရွယ်တွေကို ထိန်းမရတာကြောင့်လဲ မိဘအရွယ်တွေမှာ စိတ်ဝေဒနာရစေတယ်။
• ဒုတိယအကြောင်းခံဖြစ်တဲ့ အရက်နဲ့ မူးယစ်ဆေးဟာလဲ မြန်မာပြည်မှာ စံတင်လောက်အောင် များပြား၊ လွယ်ကူပြီး၊ သောက်သုံးသူနဲ့ စွဲနေသူအရေအတွက်ဟာ ရင်လေးစရာကောင်းလောက်အောင် ဆိုးဝါးတယ်။
• ပညာရေးမှာလဲ စာရိတ္တကိုပါ ထည့်သင့်တယ်။ စီးပွါးရေးတိုးတက်ဘို့လုပ်ရာမှာ လူအများစုကို ကြည့်သင့်တယ်။ လူမှုအဖွဲ့အစည်းတွေထဲမှာ ပေါ်ပင် NGO အကြိုက် လိုက်နေတာတွေကနေ လူအများကို အကျိုးပြုတာမျိုး လုပ်သင့်ကြပါတယ်။ ဘာသာရေးမှာလဲ တမလွန်နဲ့ သံသရာအကျိုးနဲ့အတူ ပစုပ္ပန်ဒုက္ခကိုပါ တည့်မတ် ထိန်းကြောင်း ပေးသင့်တယ်လို့ ထင်မြင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၉-၂ဝ၁၃