ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, October 31, 2013

Cholecystectomy သည်းခြေအိတ် ထုတ်ထားသူ

(၁) ကျ‌နော့်‌ အမျိုးသမီးက သည်း‌ခြေ ထုတ်လိုက်တယ်‌ ‌ကျောက်‌ ဖြစ်လို့။
(၂) သည်းခြေ ကျောက်တည်နေသော ဝေဒနာ နောက်ဆက်တွဲအကြောင်း သိလိုပါသည်။ သည်းခြေ ထုတ်ပစ်လိုက်ပါက လူ့သက်တန်းစေ့ နေနိုင်ပါသလားဆရာ။ ခန္ဒာကိုယ်တွင် သည်းခြေသည် အရေးကြီးသည့် အပိုင်းတွင် ပါဝင်သည့်အတွက် သည်းခြေ ထုတ်ပစ်လိုက်ပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို သိလိုပါသည်။

လူတိုင်းမှာ အသဲရဲ့အောက်မယ်ကပ်နေတဲ့ သည်းခြေရည်ထုတ်ပေးမဲ့ သည်းခြေအိပ်တခုစီ ရှိကြတယ်။ Cholecystectomy ဆိုတာ သည်းခြေအိပ် ထုတ်ပြစ်တာကို ခေါ်တယ်။ အများဆုံးက Gallstone ကျောက်တည်လို့ပါ။ အစဉ်အလာ Open cholecystectomy နဲ့ နောက်ပေါ် Laparoscopic cholecystectomy နည်းတခုခုနဲ့ ထုတ်တယ်။ ထုတ်လိုက်တဲ့ သည်းခြေအိပ်ကို ကင်ဆာရှိနေ-မနေ အသားစဖြတ်ယူစစ်ဆေးတာ လုပ်ရသေးတယ်။ အာယုဗေဒနည်း၊ ဟိုမီယိုပသီနည်းတွေ စမ်းပြီးနောက် ခွဲစိတ်ဆရာဝန်ဆီ ပြန်လာကြရတယ်။

သည်းခြေရည်ဟာ ဆီ-အဆီကို ကျေချက်ဘို့ အဓိကကျတယ်။ ဒါပေမဲ့ သူ့ကို ထုတ်လိုက်ရင် သိပ်မစိုးရိမ်ပါနဲ့။ အသဲကနေလည်း ဆက်ထုတ်နေမှာပါ။ အရင်ကတော့ အစာစားချိန်ရောက်မှ သည်းခြေအိပ်ထဲက သည်းခြေရည်ကို ညှစ်ထုတ်ပေးခဲ့တာ။ သိုလှောင်ထားပေးမဲ့ အိပ်တော့ မရှိတော့လို့၊ တစက်တစက်နဲ့ ဖြေးဖြေးလေး အူသိမ်ထဲကို တိုက်ရိုက် စီးကျနေပါမယ်။ သရက်ရွက်ပြွန်နဲ့ သည်းခြေပြွန်တွေက နှစ်ခုတခု ဆက်နေလို့ သရက်ရွက်ကထွက်တဲ့ အရည်တွေကိုပါ နှေးသွားစေတယ်။

သည်းခြေအိပ် မရှိတောပေမဲ့ လူအများစုဟာ နေကောင်းတဲ့လူတွေနဲ့မခြား နေနိုင်ကြပါတယ်။ ဗိုက်ပြည့်သလို ဖြစ်တာက တခြားသူတွေလည်း ဖြစ်တတ်တာမျိုးပါ။ ကွာတာက အစားကို များများစားလိုက်ရင် ဆီ-အဆီတွေကို နိုင်အောင် မချက်နိုင်တော့ဘူး။ သည်းခြေအိပ် ထုတ်လိုက်ရတဲ့ လူနာ ၁ဝ-၂ဝ% မှာ နာတာရှည် ဝမ်းပျက်တာ ဖြစ်လာစေတယ်။ သည်းခြေရည်တွေက အူသိမ်ထဲကို ဆက်ဆင်းကျနေတာကြောင့် အစာတွေကို အောက်ပို့တဲ့နှုံး ပြောင်းသွားစေလို့ ဖြစ်ရတာပါ။ ၄ဝ% လောက်မှာ အစာလမ်း မမှန်တာနဲ့ ဗိုက်အပေါ် ညာဘက်က နာနေတတ်တာ ဖြစ်တယ်။

ဘာစားရမလဲ။ ပုံမှန်စားသလို စားပါလို့ ယေဘူယျပြောနိုင်တယ်။ ယာယီအားဖြင့် အစာမကျေ ဖြစ်တတ်တယ်။ စပ်တဲ့ အစာကို ထူးပြီးတော့ ရှောင်စရာ မလိုပါ။ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် A, D, E, K တို့ကို ထိခိုက်တယ်။ လိုအပ်ရင် ထိုးဆေးနဲ့ ဖြည့်နိုင်တယ်။
• နွားနို့လျှော့ဘို့ အကြံပေးတယ်။
• နည်းနည်းသာ စားသင့်တာတွေက ဆီ-အဆီများတာ၊ ကျော်တာ၊ အစေ့အဆံတွေ ဖြစ်တယ်။
• လေများစေတဲ့ မုံလာထုပ်၊ မုံလာပွင့်၊ မုံလာစိမ်တွေကို လျော့ပါ။
• စားနိုင်တဲ့ အစာမျိုးတွေကတော့ အရေခွံမပါတဲ့ အသားငါ။
• အလွယ် ဝယ်စားလို့ရတဲ့ အစာတွေကို လျှော့ပါ။
• ဆီ-အဆီ လျှော့စားရတာမို့ (ကယ်လိုရီ) ပြည့်အောင် ဂရုစိုက်ရလိမ့်မယ်။ (ကာဗွန်ဟိုက်ဒရိတ်) များတဲ့ အစာတွေ ဖြစ်တယ်။
• Omega 3 fatty acids (အိုမီဂါ ၃) ပါစေအောင်လည်း ဂရုစိုက်ပါ။ ငါး၊ ငါးကြီးဆီ၊ ပပြုပ်ဆီတွေမှာ ပါတယ်။
• (ပရိုတင်း) လုံလောက်ပါစေ။ အဆီနည်းနို့၊ ပဲအမျိုမျိုး၊ ကြက်သား၊ ဥတွေမှာ ပါတယ်။
• ခါတိုင်းလို တနေ့ ၃ ခါ မစားဘဲ၊ တခါစား နည်းနည်းနဲ့ ၄-၆ ခါ စားပါ။
• ဝမ်းလျှောတာ များရင် ဓါတ်ဆားရည် သောက်ပါ။
• အသဲကို မထိခိုက်အောင် အရက်လုံးဝှေရာင်ပါ။

Dr. တင့်ဆွေ