Tuesday, October 22, 2013

Doctor ဆရာ

ဆေးခန်းကိုလာဆေးကုတာဖြစ်ဖြစ်၊ အွန်လိုင်းကနေဖြစ်ဖြစ်၊ ဆရာဝန်-လူနာ ဆက်ဆံရေးအခေါ်အဝေါ်မှာ ဆရာဝန်ကို ဘယ်လိုခေါ်မလဲဆိုတာ အရင်ကလဲ မကြာမကြာ ရေးရဘူးတယ်။

“ဦးလေး”၊ “အဘ” စသဖြင့်ခေါ်တာ မသင့်ပါ။ ကျွန်တော်ကလဲ “သမီး”၊ “သား”၊ “တူ”၊ “တူမ” စသဖြင့် ပြန်မခေါ်ပါ။ အခုတမျိုး တိုးလာပါတယ်။

“Re: ရာသီလာစဉ် ကိုက်ခဲမှုသက်သာစေရန်။
သူငယ်ချင်း မင်္ဂလာပါ။ ခုလိုမေးလ်ပို့ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။”



ကျွန်တော်ကို "သူငယ်ချင်း" လို့သုံးပြီး စာရေးတာ ဒီတခါသာရှိပါတယ်။ တကယ်သူငယ်ချင်းမဟုတ်သူကနေ အဲလို မခေါ်ကြပါ။ ကျန်းမာရေးမေးခွန်းဖြေသူ ဆရာဝန်ကို "ဆရာ" လို့သာသုံးသင့်ပါတယ်။ ကိုယ့်ထက် ကြီးကြီးငယ်ငယ် သုံးနိုင်တဲ့ အများဆိုင်နာမ်ဖြစ်ပါတယ်။

အသက်ကြီးပေမဲ့ “ဆရာကြီး” ဆိုတာလဲ မသင့်ပါ။ ဆေးလောကမှာ အထူးကုဆရာဝန်တွေကိုသာ “ကြီး” ထည့်ခေါ်ပါတယ်။ ကျွန်တော်က MBBS တခုတည်းသာရတာပါ။

ဒိအရင်က “ဆရာမ” လို့ခေါ်လာသူ ၂ ယောက်လောက်ရှိဘူးသေးတယ်။ ကျွန်တော့် ဖေ့စ်ဘွတ် (ပရိုဖိုင်းလ်း) ဓါတ်ပုံဟာ ကျား-မ အလွယ်နဲ့ ခွဲသိနိုင်တာပါ။ မော့ကြည့်ပုံမရဘူး။

ဆရာ-လူနာ ဆက်ဆံရေးမှာ စည်းခြားရပါတယ်။ “ဆရာ” ဆိုတာ လုံလောက်ပြည့်စုံတဲ့အသုံးအနှုန်းဖြစ်ပါတယ်။ “ဒေါက်တာ” ဆိုတာလဲ သင့်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၃

တခေတ်တခါက မြန်မာစာကို မှန်ကန်စွာ ရေးသားကြ၏

တခါက တခါတုန်းက တခါက တဘဝ တခေတ် တခါက တခါက မွေးဌာနီ တခါက မကြေးစည် တခေတ်တခါက မြန်မာစာကို မှန်ကန်စွာ ရေးသားကြ၏။ ဒေါက...