Monday, October 28, 2013

Face of Facebook ဖေ့စ်ဘွတ်မှာ မျက်နှာလိုက်ပါသလား

ဒေါက်တာခင်ဗျား၊ တစ်ခါတစ်လေမှာ ဒေါက်တာပြောသလို မေးလ်နဲ့ပို့ပြီး မေးချင်ပေမဲ့၊ ဒီနိုင်ငံမှာက ဟိုလိုင်းဖွင့်လည်းမရ၊ ဒီလိုင်းဖွင့်လည်းနှေးနဲ့ဆိုတော့ အတော်ခက်လို့ ကြုံသလိုမေးတဲ့သူတွေရှိနိုင်ပါတယ်၊ အားလုံးကိုယ်စား ဒေါက်တာက သည်းခံပေးစေဖို့ မေတ္တာရပ်ခံပါတယ်။

• ဟုတ်ကဲ့။ မြန်မာနိုင်ငံသားတွေမှာ အခက်အခဲတွေက များသလားမမေးနဲ့ဘဲ။
• ၂ဝဝ၇ (ဘလော့ခ်) ရေးကာစ ပြည်တွင်းက ဖွင့်မရလို့ (ဒိုမိန်း) တခုပြီး၊ (ဝက်ဘ်ဆိုက်) လုပ်ရတယ်။
• (ဖေ့စ်ဘွတ်) ပေါ်လာတော့ ဆေးပညာစာတွေကို တင်ပေးပါတယ်။ မေးတာလဲ ဖြေရတယ်။
• (ဘလော့ခ်) ဖွင့်ကတည်းက အခုထိ (အီးမေးလ်) နဲ့မေးနေကြာတာက ပိုများတယ်။ နယ်အစုံ၊ ရွာတွေကပါလာနေတာပါ။
• အလွယ်လိုက်လွန်းသူတွေက ဖြစ်သလိုရေးကြတာကိုလဲ စာပြင်ဆရာအလုပ် လုပ်ရသေးတယ်။
• (ဖေ့စ်ဘွတ်) မှာက တင်ပြီးသားလဲ မေးလာရင် ထပ်တင်ရတယ်။ မေးနည်းကနေ ဟိုကလာလိုက်၊ သည်ကလာလိုက်၊ ရက်လေးနဲနဲကြာရင် အရှာရခက်ပြီ။ ပေါ်နေတာကို မေးခွန်းမထင်လို့ ဖတ်မကြည့်မိရင် မေတ္တာပို့တာ ခံယူရသေးတယ်ဗျာ။
• ကနေ့မနက် မေးခွန်းအောက်ကနေ ပြန်ဖြေတာကို (ဖေ့စ်ဘွတ်) က ခဏစောင့်ခိုင်းခိုင်းနေလို့ စာမျက်နှာပေါ် တင်ပေးရပြန်ရော။ ဟိုတနေ့ကလဲ အဲလိုဖြစ်သေးတယ်။ မေးတဲ့သူနာမည် စတာတွေ ထည့်မရေးတာမို့ သူ့ကိုမဖြေဘူးလို့တော့ မထင်ကောင်းပါရဲ့ဆုတောင်းပါတယ်။
• ဆရာ့အတွက်တော့ (အီးမေးလ်) က ပိုအဆင်ပြေတယ်။ ပြန်စစ်လို့ရတယ်။ ကျွန်တော်လဲ အမြဲအားတာ မဟုတ်ဘူးဗျ။ မေးခွန်းသစ်ရင် သုတေသနတွေပါ လိုက်ရှာရ၊ ဖတ်ရ၊ ဘာသာပြန်ရတယ်။
• တယောက်ကနေ ကျွန်တော့်ကို မိန်းကလေး-အမျိုးသမီးမေးတာဘဲဖြေတယ်လို့ ဆိုတယ်ဗျ။ အခုဘဲ ကိုယ့် (ဖေ့စ်ဘွတ်)စာမျက်နှာကို ပြန်စစ်တော့ The people who like your Page ဆန်းစစ်ချက်မှာ 16,568 ယောက်ထဲမှာ Men 57% နဲ့ Women 43% ရှိပါတယ်ဗျာ။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၃
https://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...