Facebool about an hour ago 1-10-2013
ဆရာရှင့် ကျေးဇူးပြုပြီးသမီးရဲ့မေးခွန်းကိုဖြေကြားပေးပါနော်။ သမီးအရမ်းစိတ်ပူနေလို့ပါ။ သမီးရဲ့ တူလေးဟာ မွေးကတဲက အသားရောင်ဝါနေပါတယ်။ နို့လဲစို့နိုင်ပါတယ်။ တခြားပြသနာမရှိပါဘူးရှင်။ အခု ၂ လ ပြည့်တဲ့အထိ ကလေးက အသားဝါနေလို့ ဆရာဝန်ကသွေးစစ်၊ ဆီးစစ်၊ ultrasound ရိုက်ပါတယ်။ ကလေးအထူးကုဆရာဝန်က hypothyroid ဖြစ်တယ်လို့ပြောပါတယ်။ အဲ့ဒီ ရောဂါက လူ၎ဝဝဝ မှာ ၁ ယောက်ဖြစ်တယ်ပြောပါတယ်။ အဲဒီရောဂါအကြောင်း သိချင်ပါတယ်။ ကုသရင်ပျောက်ကင်းနိုင်ပါသလားဆရာ။ ဘာတွေဖြစ်နိုင်သေးလဲဆိုတာသိချင်လို့ ကူညီ ဖြေကြားပေးစေချင်ပါတယ်။
• ကလေးငယ်တွေမှာ လည်ပင်းကြီးဟော်မုန်းနည်းရောဂါကို မိဘတိုင်းက စိုးရိမ်ကြမှာ အမှန်ပါ။ ကလေးအထူးကု Pediatric endocrinologist ကနေကောင်းကောင်း လမ်းညွှန်ကုသပေးနိုင်ပါတယ်။
• လည်ပင်းကြီးဟော်မုန်းဟာ အလွန်အရေးပါတယ်။ ကလေးတွေအတွက်ဆိုရင် ကြီးထွားဟော်မုန်း ထုတ်ပေးလို့ ကြီးထွားမှုကို ထိခိုက်နိုင်တယ်။
• အသက်ဘယ်အရွယ်မှာမဆို ဖြစ်နိုင်တယ်။ ကျား-မ မရွေးလဲဖြစ်တယ်။
• ပြဿနာပေါ်နိုင်တာက အရွယ်ရောက်ချိန်မှာဖြစ်တယ်။
• ဘာလို့ဖြစ်သလဲ အချက် ၂ ခုရှိတယ်။
• (၁) Congenital defects မွေးရာပါချို့ယွင်းချက် စောစောသိတာကောင်းတယ်။
• (၂) Inhibition of the production of thyroid hormone တွေဖြစ်ကြတယ်။ လည်ပင်းကြီးနေရာကို ထိခိုက်မိတာနဲ့ (အိုင်အိုဒင်းး) ဓါတ်ဆားနည်းတာကြောင့်ဖြစ်ရတယ်။
• ကလေးမှာ ဘာတွေခံစားရမလဲ
- Fatigue အားယုတ်၊ Depression symptoms စိတ်ဓါတ်ကျ၊ Weight gain ကိုယ်အလေးချိန်တက်၊ Dry nails လက်သည်း-ခြေသည်းခြောက်၊ Constipation ဝမ်းချုပ်။
- Delayed onset of puberty အရွယ်ရောက်တာနောက်ကျမယ်။ အရပ်ပုနိုင်တယ်။
- Depressive symptoms စိတ်ဓါတ်ကျတယ်ဆိုတာ ကလေးက တခြားကလေးထက်ထူးပြီး မျက်ရည်တွေကျပြီးငိုမယ်။ ငိုင်နေမယ်။ စိတ်တိုနေမယ်။
• ဘယ်လိုကုသမလဲ Thyroid hormone ဟောမုန်းဆေးပေးရမယ်။ တသက်လုံးလိုမယ်။
• ကံဆိုးတဲ့အထဲမှာ ကံကောင်းတယ်လို့ အောက်မေ့ပါ။ ကလေးငယ်ငယ်လေးနဲ့သိလို့ ကလေးအထူးကု ဆရာဝန်ကိုလဲ ကျေးဇူးတင်သင့်တယ်။ နည်းနေတဲ့ ဟော်မုန်းကို ဆေးဖေါ်ပြီးသားရှိတာ ကံကောင်းပြန်တယ်။ ဆေးပေးနေရင် အထက်မှာ ရေးခဲ့တာတွေကို ကလေးဟာ အနည်းဆုံးကိုသာ ခံစားရပြီး တခြားကလေးတွေလိုဘဲ ကြီးထွားသန်မာ၊ အရွယ်ရောက်၊ ပညာတွေလဲ သင်ယူတတ်မြောက်ပါလိမ့်မယ်။
ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၃
ESL အင်္ဂလိပ်စာ
ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။ ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...


-
(ယမုန်နာ ဆေးခန်းလက်ထောက်များအတွက် သင်ခန်းစာသာဖြစ်သည်၊) History taking ရောဂါအကြောင်း မေးမြန်းခြင်း လူနာ၏ ရောဂါအကြောင်းကို သေသေခြာခြာ၊ တိတိ...
-
Wed, Jan 4, 2012 at 12:54 AM ကျွန်မ အဖေမှာ ကင်ဆာရောဂါ ရှိနေတာ (၃) နှစ်ကြာပါပြီ။ ပထမဆုံး ဆေးစစ်ရင်း အဆုတ်မှာ အနာဖြစ်တာတွေ့တော့ စင်္ကာပူမှာ သ...
-
Apr 15, 2011 at 11:45 AM ကျွန်တော်က ယခု (့) တွင် အလုပ် လုပ်နေပါတယ်။ (၁၃-၃-၂ဝ၁၁) ကစပြီး နားကိုက်နေပါသည်။ ပထမခံစားရတဲ့ နေ့က နားထဲက ယားလို...
