ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Tuesday, October 22, 2013

Q and A အမေး-အဖြေများ ၂၁-၁ဝ-၂ဝ၁၃

(၁) ဆရာရှင့်‌ သမီးအသက်က ၁၅ နှစ်ပဲရှိပါ‌သေးတယ် အရပ်က‌တော့ ၅ ‌ပေ၊ ၆ လက်မရှိပါပြီ။ အရပ်ထပ်မထွက်ချင်‌‌တော့လို့ပါ။ နည်းလမ်းရှိရင်‌‌ပြောပြ‌ပေး‌စေချင်ပါတယ်ရှင်။

မစိုးရိမ်ပါနဲ့။ အရွယ်ရောက်ပြီးနောက်မှာ အရပ်ထပ်မထွက်တော့ပါ။

(၂) ပြည်တွင်းက ထွက်ပြေးလာတဲ စစ်သားတွေဟာ မိမိနိုင်ငံ ပြန်တဲအခါ ဘယ်လို့ ပြစ်ဒဏ်များ ကျရောက်နိုင်ပါသလဲ ခင်ဗျာ။ နှစ်ပေါင်းများနေကျပါပြီခင်ဗျာ။

အဲဒီမေးခွန်းကို ရေတပ်ကထွက်လာသူတဦးကနေ မေးတယ်။ ဆရာလဲ NLD ကိုတော့ ပြောထားတယ်။ ပါးစပ်နဲ့လဲ ပြောထားတယ်။ မပြန်လာသေးဘူး။ အစိုးရက ဘယ်လိုဆိုတာတော့ ဆရာက မပြောနိုင်ဘူး။ ဆိုင်ရာသံရုံးတွေမေးရင် ရမယ်ထင်ပါတယ်။

(၃) ယခု ကျွန်တော်နှင့် မိသားစုဝင်များ ဆုံးဖြတ်၍ XELODA အား ဖြတ်လိုက်ပါသည်။ ၎င်းဆေးမသောက်လျင် အဖေ့မှာ လူ ကောင်းတစ်ယောက်ကဲ့သို့ နေထိုင်နိုင်ပါသည်။ ထို့ကြောင့် ၎င်း Xeloda အစား အခြားဘာဆေးသောက်သင့်သလဲဆိုတာ မေးလိုက်ပါသည်ခင်ဗျား။

XELODA ဆေးက ကင်ဆာဆေးဖြစ်ပါတယ်။ ကင်ဆာဟုတ်သလား၊ ဘာကင်ဆာလဲ၊ ဘယ်အဆင့်လဲ၊ မသိပါ။ အဲဒါမျိုးက ကုသပေးနေတဲ့ဆရာဝန်ကနေသာ ညွှန်သင့်ပါတယ်။

(၄) နောက်တစ်ခုကတော့ ကျွန်တော့်သားလေးပါ။ အသက်က ၅ နှစ်မပြည့်သေးပါဘူး။ မကြာခဏ နှာခေါင်းသွေး ယိုတတ်ပါသည်။ ၎င်းနှာခေါင်းသွေးယိုသည်မှာ ကိုယ်ခန္ဓာအပူချိန်ကြောင့်လား၊ ဒါမှမဟုတ် အခြားရောဂါ ကြောင့်လား ဆိုတာ သိချင်ပါသည်။

Nosebleed (1) နှာခေါင်းသွေးယိုခြင်း (၁) နဲ့ Nosebleed (2) နှာခေါင်းသွေးယိုခြင်း (၂) တွေပို့လိုက်ပါတယ်။

(၅) မင်္ဂလာပါဆရာ သမီးကအသက် ၁၉ နှစ်ပါ။ လွန်ခဲ့တဲ့ ၃-၄ လတုန်းက တညအိပ်ပျော်နေတုန်း ရုတ်တရက် လှုပ်လို့မရတော့တာကို ခံစားမိပါတယ်။ အစကတော့ ထမင်းလုံးတစ္ဆေခြောက်သလားပေါ့နော်။ နောက်မှ ခန္ဓာကိုယ်မှာ သွေးလည်ပတ်မူ့ ရပ်တန့်သွားတာကို သတိပြုမိလိုက်ပါတယ်။ သတိပြုမိလိုက်တာနဲ့ သွေးကချက်ချင်းပြန် လည်ပတ်ပါတယ်။ ခြေထောက်တွေလက်တွေကတော့ မသိသာပေမဲ့ ဦးခေါင်းထဲ သွေးပြန်လည်ပတ်တဲ့ အခါခံရခက်ပါတယ်။ အဲ့လိုမျိုးက အိပ်နေတုန်းပဲဖြစ်တတ်ပါတယ်။ nerve ကြောကိုဖိမိနေတယ်ထင်လို့ position ပြောင်းပြီး သတိထားအိပ်ရင်တော့မဖြစ်ပါဘူး။ သမီးက အအေးလည်းအရမ်းကြိုက်ပါတယ်။ အချို့က အအေးသိပ်ခံလို့ဖြစ်တယ်လို့ ပြောပါတယ်။ အားနည်းရင်လည်းဖြစ်တယ်လို့ ကြားပါတယ်။ အဲ့ဒါဘာဖြစ်တာလည်းဆရာ၊ စိုးရိမ်ရလား။

မစိုးရိမ်ပါနဲ့။ ဖြစ်တတ်ကြပါတယ်။ ရောဂါမဟုတ်ပါ။ ဆေးလဲမလိုပါ။ အပူချိန်ကို ကြိုက်တာချင်း မတူကြပါ။ ဒါပေမဲ့ အိုက်တာကို မခံနိုင်သူမှာ နှလုံးခုန်နှုန်းလဲ များမယ်။ စိတ်လဲ သူများထက် (အရင်ကထက်) တိုမယ် ဆိုရင် လည်ပင်းကြီးဟော်မုန်း များနေ-မနေ စစ်သင့်တယ်။ မိန်းကလေးဖြစ်လို့ အားဆေးမှာ သံဓါတ်ဆေး + ဗီတာမင် (ဘီ) သောက်သင့်ပါတယ်။

ဒေါက်တာတင့်ဆွေ