Wednesday, November 20, 2013

Non-alcoholic beverage အရက်မပါ သောက်စရာ

Fri, Sep 21, 2012 at 1:03 AM
Malted Beverage (Non-alcoholic) သည် ဆိုးကျိုးရှိပါသလားခင်ဗျာ။ အာရပ်နိုင်ငံများတွင် အရက်မပါသော ဘီယာ ပေါ့ခင်ဗျာ။ ကျနောက်က ပြောင်းဆန်အနှံမွှေးလို့ သောက်ပါသည်။ ကျန်းမာရေးအရ ဆိုးကျိုးကို သိလိုပါသည်။ ဘီယာ အစစ်သောက်လျှင် ဘယ်လောက်အထိသောက်နိုင်ပါသလဲခင်ဗျား။

တတက်စားလဲ ကြက်သွန်ဖြူ၊ အရက်ဟာ တစက်တည်းလဲ အရက်ပါဘဲ။

အရက်မပါတဲ့ သောက်စရာတွေကို Non-alcoholic Beer အရက်မဟုတ်တဲ့ ဘီယာ နာမည်နဲ့တွဲလာတယ်။ ဆွဲဆောင်ချင်တဲ့သဘောနဲ့ Non-alcoholic wine အရက်မပါဝိုင်လဲရှိတယ်။ ပိုပြီးနှစ်သက်စေအာင် Virgin drink လို့လဲ ခေါ်သေးတယ်။ Near beer နဲ့ Mocktail လို့ ခေါ်တာမျိုးလဲ ရှိသေးပါတယ်။ ဘာဘဲခေါ်နေနေ (အယ်လ်ကော်ဟော) ဝ့၅% တော့ ပါနေပါတယ်။ Sodas (ဆိုဒါ)၊ Juices ဖျော်ရည် နဲ့ Sparkling cider (စပါကလင်) တွေမှာတော့ အရက် တစက်မှမပါပါ။

၂ဝ၁ဝ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ၆၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံကနေ သတ်မှတ်ချက်တွေ ထုတ်ပါတယ်။ ရည်ရွယ်ချက်တွေကတော့ ကျန်းမာရေးဂရုစိုက်ဘို့သင့်တဲ့ ကလေးသူငယ်တွေအတွက် အစား-အသောက် တွေထဲမှာ ပြည့်ဝဆီ၊ (ထရန့်) ဆီ၊ သကြားဓါတ်နဲ့ ဆား ပါဝင်တာကို လိုတာထက် မများအောင်ဖြစ်ပါတယ်။

လူတိုင်း ကျန်းမာရေးနဲ့ညီတဲ့ ကိုယ်အလေးချိန်ရှိရမယ်။ ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေသာ စားသောက်သင့်ကြတယ်။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာဆိုတာတွေကနေ ကူးစက်တာမဟုတ်ပေမဲ့ရနိုင်တဲ့ ရောဂါဘယတွေ ဖြစ်စေနိုင်တယ်။ ဒီလိုလုပ်ရတာဟာ လတ်တလောကာလတွေမှာ ကလေးတွေကစပြီး အလွန်ဝလာကြ၊ ရောဂါတွေရလာကြလို့ဖြစ်ပါတယ်။

အရက်မပါ အစားအသောက်တွေ ထုတ်လုပ်သူတွေအတွက် လမ်းညွှန်ချက်တွေ ထုတ်ထားပါပြီ။ Beverages to Children ကလေးတွေအတွက် လမ်းညွှန်ချက် (၂ဝ-၁၁-၂ဝဝ၈၊ ဂျနီဗာ) ခေါ်ပါတယ်။ အလားတူ အစိုးရမဟုတ်တဲ့အဖွဲ့ (၉) နဲ့လဲ ဆွေးနွေးပွဲလုပ်ပါသေးတယ်။ လမ်းညွှန်ချက် အတိုချုပ်ကတော့ ကျောင်းတွေမှာ ရောင်းကုန်ကြော်ညာတွေနဲ့ သပ်သပ် ခွဲသင့်တယ်။ ကာကွယ်သင့်တယ်။ တံဆိပ်တွေ ခွဲပြောသင့်တယ်။ အာဟာရတန်ဘိုး သတ်မှတ်ချက်ပါသင့်တယ်။

Non-alcoholic Erdinger wheat beer ဆိုတဲ့ ဂျုံကနေလုပ်တဲ့ အားကစားသမားတွေ သောက်တဲ့ အရက်မပါ-ဘီယာကို လေ့လာမှုလုပ်တယ်။ စမ်းသပ်မှုမှာ (မာရသွန်) အပြေးသမားတွေကို တနေ့မှာ ဒီဟာကို ၁့၅ လီတာသောက်တယ်။ သောက်သူတွေနဲ့ မသောက်သူတွေကို ယှဉ်ပြီးလေ့လာတယ်။ သောက်သူတွေမှာ ရောင်ရမ်းဖြစ်စဉ် တုံ့ပြန်မှုတွေ လွန်ကဲလာတယ်။ ခုခံအားစနစ်လဲ မျှချေပျက်သွားတယ်။ အသက်ရှူလမ်းအပေါ်ပိုင်း ကူးစက်ရောဂါတွေ ပိုပြီး ဝင်လွယ်စေတယ်။ သောက်တာထဲမှာ (ပေါ်လီဖီနောလ်) ပါတဲ့အတွက် အကျိုးများစေတာလဲ တွေ့ရတယ်။ ရောင်ရမ်းဖြစ်စဉ် နည်းစေလို့ ကူးစက်ရောဂါရမှာကို နည်းစေတယ်။ ခံစားရတဲ့လက္ခဏာတွေလဲ သက်သာစေတယ်။

အမေရိကန် ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဌာနက သုတသနလုပ်သူတွေက (အင်နာဂျီ) ဖျော်ရည်တွေကနေ (ကေဖင်း) များလွန်းတာအတွက် စိုးရိမ်ချက်ရှိတယ်လို့ ဆိုပါတယ်။ ဒါတွေထဲမှာ (ကိုလာ) ထက် (ကေဖင်း) ၃ ဆ ပိုပါတယ်။

Non-Alcoholic Beer သမိုင်းစခဲ့တာ ၁၉၁၉ အမေရိကားမှာ အရက်တားဆီးရေး လှုပ်ရှားမှု ကတည်းကပါ။ အရက် ထုတ်လုပ်တာ၊ သယ်ပို့တာ၊ ရောင်းချတာနဲ့ သောက်သုံးတာတွေကို ဆန့်ကျင်ရေး လုပ်တာဖြစ်တယ်။ အရက် ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Anheuser-Busch, Miller နဲ့ Schlitz တွေကနေ အဲဒီအချိန်ကရှိတဲ့ ဥပဒေနဲ့ လွတ်အောင် Near beer ကိုထုတ်လုပ်ကြတယ်။ Malted beverages တွေဖြစ်ပါတယ်။ (့၅%) အရက်နည်းနည်းလေးသာပါတယ်။ ဘီယာကို ကျိုပြီးဖြစ်ဖြစ်၊ စစ်ပြီးဖြစ်ဖြစ်လုပ်ယူရတယ်။ မကြိုက်သူတွေက အရသာပျက်တယ်တဲ့။ ဒီတော့ တချို့က အရက် ပိုထည့်ထားပြီး Spiked beer ဆိုပြီးရောင်းတယ်။

ကောင်းတဲ့ဖက်ကနေ ထောက်ပြတာတွေလဲရှိတယ်။ စပိန်မှာ ခရစ်ယန်သီလရှင်တွေကို လေ့လာမှုလုပ်ပါသတဲ့။ သူတို့ကို ၄၅ ရက်တာ Non-alcoholic beer အရက်မပါဘီယာဆိုတာသောက်စေတယ်။ သွေးထဲမှာ (အင်တီအောက်စီဒင့်) တိုးလာတာ တွေ့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၉-၂ဝ၁၂

Tuesday, November 19, 2013

Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး

“ကော်ဖီ” ဟာ အလွန်တွင်တွင်ကျယ်ကျယ် သောက်သုံးကြတဲ့ “သောက်စရာ” တခုပါ။ နိုင်ငံပေါင်း ၈ဝ မှာ စိုက်ကြတယ်။ ၂ဝဝ၉ တုံးက မက်ထရစ်တန် ၈ သန်းထုတ်လုပ်ခဲ့လို့ ရေနံပြီးရင် ကမ္ဘာ့ကုန်သွယ်ရေးမှာ ဒုတိယလိုက်တယ်။ သောက်စရာထဲမှာတော့ ပေါ်ပြူလာအဖြစ်ဆုံးပါ။ ၁၉၉၉ စစ်တမ်းအရ အမေရိကမှာ လူပေါင်း တရာ့ရှစ်သန်း ကော်ဖီ သောက်ကြပြီး၊ တနှစ်မှာ ၉့၂ ဘီလီယန်ဒေါ်လာ သုံးခဲ့တယ်။ တနေ့မှာ ၃့၁ ခွက်သောက်တယ်။ ယောက်ျားတွေက နဲနဲပိုသောက်တယ်။ ကော်ဖီကို အများဆုံးသောက်တာက (စကင်ဒီနေးဗီးယား) တိုင်းပြည်တွေဖြစ်ပါတယ်။

တကမ္ဘာလုံး ချိတ်ဆက်ထားတဲ့ (ကော်ဖီ-ချိန်း) ဆိုတဲ့ ကော်ဖီ-သံကြိုးကွင်းဆက် အကြီးဆုံးက ၂ဝဝ၇ မှာထောင်ခဲ့တဲ့ Starbucks (စတားဘတ်ခ်) ဖြစ်တယ်။ “ခေတ်မီသူတိုင်း (စတားဘတ်ခ်) သောက်ကြသည်”။ ဒီ မဟာလုပ်ငန်းကြီးကို စထောင်ခဲ့တာက ကျောင်းဆရာ ၂ ယောက် နဲ့ စာရေးဆရာ ၁ ယောက်ဖြစ်ပါတယ်။

နာမည်ကြီး စာရေးဆရာ (အိုလီဗာ-ဟုမ်းစ်) ရဲ့ “အိပ်ယာထ သောက်ရတဲ့ ကော်ဖီတခွက်ကရတဲ့ လန်းဆန်း-တက်ကြွမှုနဲ့ ခွန်အားမျိုးကို ညနေခင်းလဖက်ရည်ကနေ ပြန်ထပ်လုပ်မပေးနိုင်ဘူး” တဲ့။ အဲဒါဟာ “နှစ်ခြိုက်စရာ (ဖက်တာ)” လို့ ခေါ်ပါတယ်။ ဖြစ်စေတာက (ကေဖင်း) ခေါ်တဲ့ စိတ်ကိုပြောင်းလဲစေနိုင်တဲ့ (အယ်လ်ကာလွိုက်) ကြောင့်ပါ။ (ကေဖင်း) ဟာ လဖက်ရည်ထဲ (ကိုးကိုး) ထဲမှာလဲပါတယ်။ တခြားသောက်စရာ အချိုရည်တွေ၊ အားဖြစ်အရည်တွေမှာလဲပါတယ်။

ကော်ဖီသည် ဆေးဖြစ်၏
ထိပ်ဆုံးရောက်နေတဲ့ ကော်ဖီရဲ့ မူလအစ သမိုင်းလှန်ရရင် အောက်ဆုံးက (အီသီယိုးပီးယား) ဖြစ်နေတာ တွေ့ရတယ်။ အထောက်အထား ခိုင်ခိုင်မာမာ ပြောနိုင်တာကလဲ ပင်လယ်ဓါးပြနဲ့ နာမယ်ရနေတဲ့ (ယီမင်) နိုင်ငံ ဖြစ်နေပြန်တယ်။ ကော်ဖီ သောက်ပါလို့ ဆေးညွှန်း စပေးခဲ့တာ ၁၅၈၃ တုံးက ဂျာမန်ဆရာဝန် (လီယိုနတ် ရော်ဝုဒ်) ဖြစ်ပါတယ်။

သောက်တဲ့ သူတွေက ကော်ဖီကို အကောင်း-အညံ့၊ ဆရာဝန်တွေက (ကေဖင်း) ကို ကျန်းမာရေးအရပြောကြတယ်။ “ဘယ်လောက်ဆိုရင် များတယ် ပြောမလဲ။” အမေရိကန် အာဟာရအသင်းက တနေ့မှာ (ကေဖင်း) 200-300 mg ထက် မပိုစေနဲ့တဲ့။ ချိန်ခွင်မလိုတာပြောရရင် အပြင်း-အပျော့ မတူလို့ တနေ့မှာ ကော်ဖီ ၂ ခွက်ကနေ ၅ ခွက်၊ တနည်းဆိုရင် အနာ-အကိုက်ပျောက်ဆေး ၁ဝ ပြား။ လူတယောက်နဲ့တယောက် မတူတာတွေမှာ “ကော်ဖီကို ဘယ်လောက် အထိမခံ ဖြစ်သလဲ” ပါသေးတာ။

(ကေဖင်း) က စိတ်လန်းဆန်းစေတာ လူတိုင်း လက်ခံပါမယ်။ အိပ်ယာထနဲ့ စာကျက်နေတုံး သောက်သုံးကြတယ်။ (ကေဖင်း) သာမက (ကော်တီဇုန်း) နဲ့ (အဒြီနလင်း) ဆိုတဲ့ ဟော်မုန်းတွေပါသေးတာ သိလာရတယ်။ အသက်ကြီးသူတွေ သောက်ရင် ပိုကောင်းတယ်။ အိုလို့ ဖြစ်ရတဲ့ (ဒီမင်းရှား)၊ (ပါကင်ဆိုနဇင်) နဲ့ စိတ်ကျ ဇရာ-ရောဂါတွေကို နှေးစေသတဲ့။ မျက်စိ ပုတ်ခတ်ပုတ်ခတ် လုပ်နေတာအတွက် ကောင်းတယ်။ ဝမ်းပြော့တယ်။ ဆီးသွား နဲနဲများစေတယ်။ အရေပြားနဲ့ ရင်သားကင်ဆာတွေ ဖြစ်တာနဲစေတယ်။ ဂေါက်လက္ခဏာ သက်သာစေတယ်။ ပိုက်ကလာတဲ့ ရေထဲမှာပါတဲ့ ခဲနဲ့ ကြေးဓါတ်တွေကို ၇၈-၉ဝ% ပျော်ဝင်နိုင်စေတယ်။ လူငယ်တွေလဲပါတယ်။ အားကစားလုပ်ပြီး ကြွက်သားနာတာ သက်သာစေတယ်။ ကြွက်မလေးတွေကို (ကေဖင်း) ပေးတော့ ကြွက်ထီးဆီလာတာ ပိုများလို့ လိင်စိတ်ကို ကောင်းစေပါသတဲ့။

ဘယ်အရာမဆို ဒေါင့်စုံကနေကြည့် အပေါင်းရော၊ အနုတ်ရော၊ ဟုတ်-မဟုတ်ပါ ပြောနိုင်ကြတာ လွတ်လပ်မှုရဲ့ သရုပ်ပါ။ အမြင်-အတွေး၊ အသိ-ပညာ မတူကြဘူးပါ။ ယူတော့လဲ ကြိုက်တာယူကြတာဘဲ။ “တမျိုးထဲပေးလို့ ပေးတာသာ ယူချင်တဲ့ အကျင့်ရှိတာ ကလေးတွေပါ”။ “မကြိုက်ရင်သေး မယူဘဲ၊ ကြိုက်တာရအောင်လုပ်တဲ့သူ လူတော်ဖြစ်တယ်။”

ကော်ဖီ အသောက်များရင်တော့ အအိပ်ပျက်စေတယ်။ Coffee jitters ခေါ်တာပေါ့။ အရိုးကို ပါးစေတယ်။ ကော်ဖီကို မစစ်ဘဲ သောက်ရင် LDL (ကိုလက်စထော) များစေတယ်။ အစာအိမ်-အူလမ်းကြောင်း အတွင်းဖုံးလွှာကို ထိခိုက်စေတယ်။ သွားတွေညိုမယ်။ သွေးဖိအားတက်စေတယ်။ ကော်ဖီ နဲ့ (ပါရာစီတမော) ရောသောက်တာ မကောင်းပါ၊ အသဲကို ထိခိုက်နိုင်တယ်။ ၂ဝဝ၃ တုံးက ဒိန်းမတ်မှာ ကော်ဖီစွဲနေသူ ကိုယ်ဝန်ဆောင် ၁၈၄၇၈ ယောက်ကို စမ်းသပ်တုံးက ကလေး အသေမွေးနှုန်း များတာတွေ့ရတယ်။ သံဓါတ်နည်း သွေးအားနည်းရောဂါ၊ နှလုံး-သွေးကြောရောဂါ ဖြစ်တာလဲများတယ်။ များရင် ဥပါဒ်ပေးတယ်။ များတာနဲ့အမျှ အိပ်မရ၊ မျက်နှာက နီလာ၊ ဂနာမငြိမ်-စိတ်လှုတ်ရှား၊ ဆီးသွား၊ အသားတွေတုံ၊ တွေးပုံ-ပြောပုံ မတည်တော့ပါ။ စိတ်ကတို အလိုမကျ၊ ဒေါသထန်၊ နှလုံးခုံ မမှန် ဖြစ်ပြန်အုံးမယ်။

ကော်ဖီသည် သေစေနိုင်၏
စနစ်တကျဖေါ်စပ်ပြုပြင်ထားတဲ့ ကော်ဖီက ကောင်းတယ်ဆိုပေမဲ့ တခါတလေ အဆိပ်ရည်သဘောဖြစ်ပါတယ်။ များရင် အဆိပ်ဖြစ်တယ်။ လူတွေကို ကော်ဖီ ဘယ်လောက်ပေးရင် သေစေသလဲကို စမ်းသပ်ထားတာ မရှိပါ။ (ဟစ်တလာ) ရဲ့ ဆရာဝန်တွေက စမ်းဘို့ မေ့ခဲ့ကြပုံရတယ်။ ကြွက်တွေကိုတော့ Caffeine 192 mg/kg ပေးရင် 50 % သေစေတယ်။ ဒီနှုန်းနဲ့တွက်ရင် လူတွေကို 150 to 200 mg/kg ဒါမှမဟုတ် ကော်ဖီ ၈ဝ-၁ဝဝ ခွက် တိုက်ရင် မြန်မြန်သေနိုင်မယ်။ ဒါပေမဲ့ လူ့အစာအိမ်က ၁ လီတာဘဲ ဆန့်ပါတယ်။

ဆရာဝန်က ကိုယ်ချင်းမစာဘူး။ ကော်ဖီအသေအလဲ ကြိုက်တဲ့သူကို အလျှော့ခိုင်းနေတယ်ဆိုရင် Decaf (ကေဖင်း) လျှော့ ကော်ဖီကို ပြောင်းသောက်ပေါ့။ Caffeine-free coffee (ကေဖင်း) မဲ့ကော်ဖီနဲ့ မတူဘူးနော်။ နာမည်ကြီး ကော်ဖီတွေမှာ (ကေဖင်း) ပါတာ ယှဉ်ကြည့်ရအောင်ဗျာ -
• Percolated coffee (7 oz) = 140 mg
• Drip (7 oz) = 115-175 mg
• Espresso (1.5 to 2 oz) = 100 mg
• Brewed (7 oz) = 80-135 mg
• Instant (7 oz) = 65-100 mg
• Decaf coffee, brewed (6 oz) = 5 mg
• Decaf coffee, instant (6 oz) = 3 mg

မြန်မာပြည်မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း (ကဖေး) ဆိုတဲ့ နာမယ်နဲ့ ဆိုင်တွေဖွင့်ခဲ့တယ်။ အိန္ဒိယကလာတဲ့စကားလို့ အထင်မှားနိုင်တယ်။ ပြင်သစ်စာလုံးပါ။ Coffeehouses နဲ့ Cafés တွေပေါ်ခဲ့တာ နှစ် ၅ဝဝ ကျော်နေပြီ။ Cafés နဲ့ Cafeteria နဲ့မတူပါ။ လူငယ်တွေပိုသိတာက ၁၉၉၁ ကြမှ ဆန်ဖရန်စစ္စကိုမှာစဖွင့်ခဲ့တဲ့ Internet café (အင်တာနက် ကဖေး) Cybercafé (ဆိုက်ဘာ ကဖေး) မဟုတ်လား။

အစည်းအဝေးတိုင်းမှာ ပြောနေကြတဲ့ Coffee break ကို စသုံးခဲ့တာ ၁၉၅၂ ကပါ။ စာဖတ်သူများ “ကော်ဖီ-ဘရိတ်” ဗျာ။

ဒေါက်တာတင့်ဆွေ

Monday, November 18, 2013

Amoxicillin အမောက်ဆာစလင်

Amoxicillin သည် ဗက်တီးရီးယားကို နိုင်သော Penicillin (ပနယ်စလင်) အုပ်စုဝင် ပဋိဇီဝဆေးဖြစ်သည်။ ဗက်တီးရီးယားကို သတ်ပစ်ခြင်းမလုပ်ဘဲ ဗက်တီးရီးယား၏ အကာနံရံ ဖြစ်မလာစေရန် လုပ်ခြင်းဖြင့် ၄င်းဗက်တီးရီးယားများ ပွါးများမလာအောင် လုပ်ပေးခြင်းဖြစ်သည်။ Streptococci, E. coli, Staphylococcus, H. pylori, P. mirabilis, H. influenzae, N. gonorrhoeae နှင့် S. pneumonia ဗက်တီးရီးများကြောင့်ဖြစ်သည့် Infections (အင်ဖက်ရှင်) များအတွက်ပေးသည်။

နားပြည်ယိုခြင်း၊ နားအလယ်ပိုင်းရောင်ခြင်း၊ နှာခေါင်း-လည်ချောင်းရောင်ခြင်း၊ ဆိုင်းနပ်စ်၊ အာသီးရောင်ခြင်း၊ လည်ပင်းရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အသံပြွန်ရောင်ခြင်း၊ အဆုပ်ထဲကလေပြွန်ရောင်ခြင်း၊ နူမိုးနီးယားခေါ် အဆုပ်ခဲခြင်း၊ ဆီးလမ်းကြောင်းရောင်ခြင်း၊ (အနာ)အရေပြားရောင်ခြင်း၊ ဂနိုရီးယားခေါ် လိင်မှတဆင့် ကူးစက်ရောဂါ၊ သဲခြေလမ်းရောင်ခြင်း၊ နှလုံးသားရောင်ခြင်း၊ သွားပိုးဝင်၍ပြည်တည်ခြင်း၊ အသက်ရှူလမ်း ပိုးဝင်ခြင်း၊ ခွဲစိတ်ကုသပြီး ပိုးဝင်လာမည်အား ကာကွယ်ရန်နှင့် အစာလမ်းအစ လေနာဖြစ်ခြင်းအား လျော့နည်းစေရန် တို့အတွက်လည်း Amoxicillin ကိုပေး၍ ကုသနိုင်သည်။

ဆေးတောင့်၊ ဆေးပြား၊ ဝါးစားနိုင်သောဆေးပြား၊ ရေနှင့်ဖျော်တိုက်ရန်အမှုံ့၊(မှတ်ချက်၊ ရေနှင့်ဖျော်ပြီးနောက် ၁ဝ ရက်အတွင်းသာသုံးပါ။) နား-မျက်စိ ခပ်နိုင်သည့် အစက်ချဆေးရည် နှင့် သွေးပြန်ကြောထဲ ထိုးနိုင်သည့်ဆေးအဖြစ် အမျိုးမျိုးလာသည်။

အစာနှင့် နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေပေးနိုင်သည်။ သတိထားရမည်မှာ ရောဂါလက္ခဏာများ ပျောက်သွားစေကာမူ ဆေးပတ်လည်အောင်ပေးရမည်။ ဆေးပြီးခြင်း (ဆေးကို ပိုးကခံနိုင်ရည်ဖြစ်သွားခြင်း)မှ ကာကွယ်ရန်အတွက်ဖြစ်သည်။

Penicillin family (ပနယ်စလင်) အုပ်စုဝင်ဆေးများဖြစ်ကြသော Ampicillin, Carbenicillin, Dicloxacillin, Oxacillin တို့ကို မတည့်ပါက Amoxicillin ကိုလည်း မတည့်ဖြစ်မည်။ ဆေးမတည့်သည့် လက္ခဏာများမှာ အရေပြားအနီပြင်ထခြင်း၊ အသက်ရှူခက်ခြင်း၊ မျက်နှာ-နှုပ်ခမ်း-လျှာ-လည်ပင်း ရောင်ခြင်း၊ ဝမ်းပျက်ခြင်း၊ ကိုယ်ပူခြင်း၊ ချမ်းတုံခြင်း၊ မူးဝေခြင်း၊ ရင်ပူခြင်း၊ အိပ်မပျော်ခြင်း၊ ပျို့-အန်ခြင်း၊ ယားယံခြင်း၊ စိတ်မကြည်လင်ခြင်း၊ ဗိုက်အောင့်ခြင်း၊ သွေးယိုခြင်း၊ ဆီးနဲခြင်း၊ တက်ခြင်း၊ အမျိုးသမီးများ မွေးလမ်းယားယံခြင်း၊ အဖြူဆင်းခြင်း၊ မှက်ခရုခေါ် လျှာဖြူနေခြင်းတို့ဖြစ်ကြသည်။

ကိုယ်ဝန်တားဆေး၊ Methotrexate, Sulfa drugs, Yetracycline တို့နှင့် တွဲဖက် မပေးသင့်။

ဆေးကို မည်၍မည်မျှ ပေးမည်နည်း။
• ဆိုင်းနပ်စ်၊ အာသီးရောင်ခြင်း၊ လည်ပင်းရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အသံပြွန်ရောင်ခြင်း၊ ဆီးလမ်း ရောင်ခြင်း၊ အရေပြားရောင်ခြင်း၊ သဲခြေလမ်းရောင်ခြင်း၊ နှလုံးသားရောင်ခြင်း၊ နားပြည်ယိုခြင်း၊ နူမိုးနီးယား၊ နားအလယ်ပိုင်းရောင်ခြင်း၊
- လူကြီး = 250-500 mg TDS or 500 mg BD or 750 mg BD x 10-14 days; Children 125-250 mg TDS
- ကလေး = 20-40mg/kg/day TDS
- သွားပိုးဝင်၍ပြည်တည်ခြင်း၊ 3 Gm TDS
- သွားမနုတ်မီ 2 Gm 1 hour before procedure
- (ဂနိုရီးယား) 3 Gm given as single dose
- ပြင်းထံသော အသက်ရှူလမ်းပိုးဝင်ခြင်း၊ Adult 3 Gm BD
• H. pylori ပိုးဝင်ခြင်းနှင့် duodenal ulcer အစာလမ်းအစလေနာအတွက် Lansoprazol နှင့်တွဲပေးသည်။ 1 gram Amoxil + 30 mg Lansoprazole TDS x 14 days
• ပြည်တည်နာများအတွက် Cloxacillin နှင့်တွဲပေးသည်။
• (ဂနိုရီးယား) အတွက် Probenecid နှင့်တွဲပေးသည်။
• Actinomycosis (အက်တီနိုမိုင်ကိုးဆစ်) = တခါသောက် 500 mg တနေ့ ၃ ခါ၊ ဒါမှမဟုတ် တခါသောက် 375 mg တနေ့ ၂ ခါ၊ ၆ လသောက်ပါ။ (မှတ်ချက်။ ဆေးကုကာစမှာ penicillin G ဒါမှမဟုတ် ampicillin ကို ၄-၆ ပါတ်ကြာထိုးရမည်။)
• Anthrax ဒေါင့်သန်းရောဂါ ကာကွယ်ရန် နှင့် ကုသရန် = တခါသောက် 500 mg တနေ့ ၃ ခါ၊ (မှတ်ချက်။ ဒီဆေးက ပဌမတန်းစားအနေနဲ့ မသုံးသင့်ပါ။ Ciprofloxacin နဲ့ Doxycycline ဆေးတွေပေးလို့မသင့်တဲ့ နို့တိုက်မိခင်တွေကိုသာ Ciprofloxacin နဲ့ Doxycycline ဆေးတွေကို ၁ဝ-၁၄ ရက် ပေးပြီးနောက်မှာ ရက် ၆ဝ ပြည့်အောင် ဒီဆေးပေးသင့်တယ်။)
• Bacterial Endocarditis နှလုံးသားရောင်ခြင်းမဖြစ်အောင် ကာကွယ်ရန်၊ သွား၊ အသက်ရှူလမ်း၊ အစာခြေလမ်းမှာ တခုခုမလုပ်မီ တနာရီကြိုတင်ပြီး 2 g ပေးပါ။
• Chlamydia Infection = တခါသောက် 500 mg တနေ့ ၃ ခါ၊ ၇ ရက်။
• Cystitis ဆီးအိမ်ရောင်ခြင်း နှင့် Urinary Tract Infection ဆီးလမ်းပိုးဝင်ခြင်း = တခါသောက် 250 t- 500 mg တနေ့ ၃ ခါ၊ ၃-၇ ရက်။ ဒါမှမဟုတ် တခါသောက် 500 t- 875 mg တနေ့ ၂ ခါ၊
• Helicobacter pylori Infection အစာအိမ်ပိုးဝင်ခြင်း = တခါသောက် 1 g တနေ့ ၂-၃ ခါ၊ ၁၄ ရက်။ (မှတ်ချက်။ ဒီဆေးနဲ့အတူ Metronidazole + Bismuth subsalicylate ဒါမှမဟုတ် Clarithromycin + Omeprazole or Lansoprazole တွဲပေးသင့်သည်။)
• Lyme Disease (လိုင်းမ်) ရောဂါ၊ Arthritis အဆစ်နာ၊ Carditis နှလုံးရောင် = တခါသောက် 500 mg တနေ့ ၃ ခါ၊ ၁၄-၃ဝ ရက်။
• Otitis Media နားအလယ်ပိုင်းရောင်ခြင်း = တခါသောက် 250 t- 500 mg တနေ့ ၃ ခါ၊ ဒါမှမဟုတ် တခါသောက် 500 - 875 mg တနေ့ ၂ ခါ၊ ၁ဝ-၁၄ ရက်။
• Pneumonia နူမိုးနီးယား = တခါသောက် 500 mg တနေ့ ၃ ခါ၊ ဒါမှမဟုတ် တခါသောက် 875 mg တနေ့ ၂ ခါ၊ ၇-၁ဝ ရက်။
• Sinusitis ဆိုင်းနပ်စ် = တခါသောက် 250 t- 500 mg တနေ့ ၃ ခါ၊ ဒါမှမဟုတ် တခါသောက် 500 t- 875 mg တနေ့ ၂ ခါ၊ ၁ဝ-၁၄ ရက်။ တချို့ကို ၃-၄ ပါတ်ကြာအောင်ပေးရသည်။
• Skin or Soft Tissue Infection = အရေပြားနာခြင်း၊ ရောင်ခြင်း = တခါသောက် 250 t- 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 t- 875 mg တနေ့ ၂ ခါ၊
• Upper Respiratory Tract Infection အသက်ရှူလမ်း အထက်ပိုင်းပိုးဝင်ခြင်း = တခါသောက် 250 t- 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 t- 875 mg တနေ့ ၂ ခါ၊
• Bronchitis လေပြွန်ရောင်ခြင်း = တခါသောက် 250 t- 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 t- 875 mg တနေ့ ၂ ခါ၊
• Tonsillitis/Pharyngitis အာသီး-အာခေါင်ရောင်ခြင်း = တခါသောက် 250 t- 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 t- 875 mg တနေ့ ၂ ခါ၊
• Bacterial Infection ဗက်တီးရီးယားဝင်ခြင်း = တခါသောက် 250 t- 500 mg တနေ့ ၃ ခါ၊ ၇-၂၁ ရက်။ ဒါမှမဟုတ် တခါသောက် 500 t- 875 mg တနေ့ ၂ ခါ၊

Dr. တင့်ဆွေ

Wisdom Teeth အံဆုံးပေါက်လို့နာတာ သက်သာနည်းများ

Wisdom Teeth အံဆုံးဆိုတာ လူကြီးသွား စုစုပေါင်း (၃၂) ချောင်းထဲက အထက်-အောက်၊ ဘယ်-ညာ နောက်ဆုံးက သွား (၄) ချောင်းကိုခေါ်တာ ဖြစ်တယ်။ တိတိကျကျဆိုရင် တတိယမြောက် အံသွားတွေဖြစ်တယ်။ အသက် ၁၂ နှစ်ကနေ ၂၅ နှစ်အတွင်းပေါက်တယ်။ လူဦးရေ ၃၅% မှာ အံဆုံးမပေါက်ကြပါ။ Impacted wisdom teeth အံဆုံးပေါက်မထွက်နိုင်တဲ့ရောဂါဆိုတာ ရှိတယ်။ ဒီလိုဖြစ်တာထဲမှာ မတူတာတွေ ရှိတယ်။

• Mesioangular impaction ဆိုတာ ၄၄%မှာဖြစ်တဲ့ အများဆုံးအမျိုးအစားဖြစ်တယ်။ အံဆုံးက ရှေ့ဖက်ဆီကို ငေါထွက်နေတာမျိုး။ အထက် အံဆုံးဆိုရင် နုတ်ရတာ အခက်ဆုံးနဲ့ အောက်အံဆုံးဆိုရင် နုတ်ရတာ သိပ်လွယ်တယ်။
• Vertical impaction ဆိုတာက ၃၈% သွားဖုံးအထက်ကို ထွက်မလာနိုင်တာမျိုး။
• Distoangular impaction ဆိုတာက ၆% အံဆုံးက နောက်ဖက်ဆီ ကစောင်းထွက်နေတာမျိုး။ အောက်အံဆုံး ဆိုရင် နုတ်ရတာအခက်ဆုံးနဲ့ အထက်အံဆုံး ဆိုရင် နုတ်ရတာ သိပ်လွယ်တယ်။
• Horizontal impaction ဆိုတာ ၃% အံဆုံးက ဘေးဖက်ဆီကို ၉ဝ ဒီဂရီစောင်းထွက်နေတာမျိုး။
• အထက်အံဆုံးက သွားဖုံးကပွင့်နေပြီး ထွက်မလာနိုင်လို့ နုတ်ရရင် အရိုးကို ဖယ်ပေးရတတ်တယ်။

Partial eruption အံဆုံးက အကုန်မထွက်နိုင်ရင် အပေါ်မှာ အဖုံးလိုဖြစ်နေတာကို Operculum ခေါ်တယ်။ သူ့အောက်မှာ ဗက်တီးရီးယားတွေ အောင်းနေနိုင်တယ်။ သွားတိုက်တံနဲ့ လုပ်ပေးတာလဲ မရဖြစ်နေတတ်တယ်။ အပ်မပါတဲ့ ဆေးထိုးပိုက် သုံးပြီး လုပ်နိုင်တယ်။ ပြီးရင် Hydrogen peroxide (H²O²) ဆေးရည်နဲ့ ဆေးပါ။ နီရဲပြီးရောင်နေမယ်။ ပါးစပ်ဟလို့ ခက်မယ်။ ခံတွင်းနံ့ ဆိုးလာမယ်။ Extraction သွားနုတ်ပြစ်ရမယ်။ ဒါမှမဟုတ် Operculectomy ခွဲစိတ်ရမယ်။ ခွဲစိတ်ကာကြောင့် အာရုံကြောကိုထိခိုက်မိရင် လျှာထုံတာ ယာယီဖြစ်နေမယ်။ ကံမကောင်းရင် တသက်လုံး ဖြစ်သွားနိုင်တယ်။ နာတာရှည်ရောင်တာဖြစ်နေတာကို Chronic pericoronitis ခေါ်တယ်။ Paradental cyst အိတ်လိုလဲ ဖြစ်နိုင်တယ်။

သွားထိခိုက်မိတာ၊ သွားပိုးစားတာ၊ သွေးအလျှောက်လို့ သေနေတဲ့သွားတွေကြောင့် သွားပိုးဝင်တာဖြစ်လာနိုင်တယ်။ ပိုးဝင်တာဟာ သွားထဲက Pulp အပျော့လွှာမှာဖြစ်နိုင်တယ်။ သွားအနားက Bone အရိုးမှာလဲ ဖြစ်နိုင်တယ်။ Gum tissue သွားဖုံး (တစ်ရှူး) မှာလဲဖြစ်နိုင်တယ်။

Antibiotics ပဋိဇီဝဆေးတွေက ဗက်တီးရီးယားတွေကို သေစေနိုင်ပေမဲ့ သေနေတဲ့သွားကိုတော့ သက်ရောက်နိုင်မှာ မဟုတ်ပါ။ ဗက်တီးရီးယားတွေက ပဋိဇီဝဆေးယဉ်တာတွေလဲရှိတယ်။ Erythromycin (အရစ်သရိုမိုင်စင်)၊ Metronidazole (မက်ထရို နိုက်ဒါဇောလ်)၊ Amoxicillin (အမောက်ဆလင်) နဲ့ Cephalosporins (ကက်ဖလိုစပိုရင်) ဆေးတွေကိုပေးတယ်။

Dr. တင့်ဆွေ

Metronidazole Dosage (မက်ထရို) ဘယ်လိုပေးမလဲ

လူကြီးအတွက်
• Amebiasis (အမီးဘား) အသဲပြည်တည်ခြင်း၊ 500–750 mg တနေ့ ၃ ကြိမ်၊ ၅-၁ဝ ရက်။ ကလေး = 35-50 mg/kg ကို တနေ့ ၃ ကြိမ်ခွဲ၊ ၁ဝ ရက်။
• Amebic dysentery (အမီးဘား) ဝမ်းကိုက်ရောဂါ =500-750 mg တနေ့ ၃ ကြိမ်၊ ၅-၁ဝ ရက်ပေး။
• Amebic gingivitis (အမီးဘား) သွားဖုံးရောင်၊ 400 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။
• Amebic liver abscess (အမီးဘား) အသဲပြည်တည်နာ = တခါသောက် 250 to 500 mg တနေ့ ၃ ခါ၊ ၅-၁ဝ ရက်။
• Aspiration Pneumonia အန်ဖတ်ဝင် နူမိုးနီးယား = 7.5 mg/kg IV တန့ ၄ ကြိမ်ထိုး၊ နောက် သောက်ဆေးပြောင်း၊
• Bacteremia သွေးထဲ ဗက်တီးရီးယားဝင်ခြင်း = 7.5 mg/kg IV တန့ ၄ ကြိမ်ထိုး၊ ၁၄ ရက်။
• Bacterial Vaginosis (ဗက်တီးရီးယား) ကြောင့် မွေးလမ်းကြောင်းရောင်ခြင်း = 500 mg တနေ့ ၂ ကြိမ်၊ ၇ ရက်။ ဒါမှမဟုတ် 250 mg တနေ့ ၃ ကြိမ်၊ ဒါမှမဟုတ် 750 mg တနေ့ ၁ ကြိမ်၊ ၇ ရက်။ ဒါမှမဟုတ် Two grams တခါတည်းသောက်။ Metronidazole vaginal cream (0.75%) မွေးလမ်းထဲသို့ တနေ့ ၂ ကြိမ် ၅ ရက်ထည့်ပါ။ Metronidazole vaginal gel မွေးလမ်းကြောင်းထဲထည့်ဆေး၊ တနေ့ ၂ ခါ၊ ၅ ရက်ထည့်ပါ။ ဒါမှမဟုတ် Extended-release Metronidazole တာရှည်ခံဆေးပြား 750 mg တနေ့ (၁) ကြိမ်၊ ၇ ရက်သောက်။ တာရှည်ခံမဟုတ်တဲ ဆေးမျိုး မတိုးပါ။
• Crohn's Disease (ခရုမ်းစ်) ရောဂါ ရက်တို = 250 mg တနေ့ ၄ ကြိမ်၊ ၄-၈ ပါတ်။ ဆက်ပေးရန် = 250 mg တနေ့ ၄ ကြိမ်၊ ၄-၈ ပါတ်။ ဒါမှမဟုတ် ၃-၆ လ။
• Deep Neck Infection လည်ပင်းအတွင်းပိုင်း အကျိတ်များရောင်ခြင်း = 500 mg IV တနေ့ ၄ ကြိမ်သွေးကြောထဲထိုး၊ ၂-၃ ပါတ်။
• Diverticulitis အူမကြီးရောင်ခြင်း၊ 500 mg တနေ့ ၃ ကြိမ်၊ စားဆေး-ထိုးဆေး။ အူမကြီးခွဲစိတ်ခြင်း၊ ၁ဝ ရက်။
• E histolytica (GE) အစာလမ်း (အူ) ရောင်ခြင်း၊ (အမီးဘား) ဝမ်းကိုက်၊ 400-800 mg တနေ့ ၃ ကြိမ်၊ ၅-၁ဝ ရက်။ ကလေး = 100-400 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။
• Endocarditis နှလုံးသားရောင်ခြင်း = 7.5 mg/kg IV တန့ ၄ ကြိမ်ထိုး၊ ၄-၆ ပါတ်။
• Giardiasis (ဂိုင်ယာဒီးယား) ပိုးဝင်၍ ဝမ်းပျက်ခြင်း၊ 250 mg TDS x 5 days ကျား-မ ဆီးပြွန်ရောင်ခြင်း၊ 500 mg တနေ့ ၂ ကြိမ်၊ ၇ ရက်။
• Giardiasis (ဂိုင်ယာဒီယေးဆစ်) = 250 mg တနေ့ ၃ ကြိမ်၊ ၇ ရက်။
• H pylori infections (ဟယ်လီကိုဘက်တာ-ပိုင်လိုရီ) ပိုးဝင်ခြင်း = 250 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်။ Clarithromycin and Omeprazole နှင့်တွဲပေးသည်။
• Intra-abdominal Infection ဗိုက်ထဲပိုးဝင်ခြင်း = 7.5 mg/kg IV တန့ ၄ ကြိမ်ထိုး၊ ၁ဝ-၁၄ ရက်။
• Meningitis ဦးနှောက်မြှေးရောင်ခြင်း = 7.5 mg/kg IV ၆ နာရီ ၁ ကြိမ်၊ ၁၄ ရက်ထိုးပါ။ ဦးနှောက် ပြည်တည်ခြင်း၊ 7.5 mg/kg တနေ့ ၄ ကြိမ်၊ တနေ့မှာ 4 grams ထက်မပိုရ + Penicillin or Cefixime, Cefdinir, Cefoperazone, Cefotaxime, Cefpodoxime, Ceftazidime, Ceftizoxime, Ceftriaxone တွဲပေးပါ။
• Osteomyelitis ရိုးတွင်းခြင်ဆီရောင်ခြင်း = 7.5 mg/kg IV တန့ ၄ ကြိမ်ထိုး၊ ၄-၆ ပါတ်။ တခြားပိုးသေဆေးလဲ ၁-၂ လအထိ လိုနိုင်တယ်။
• Pelvic Inflammatory Disease အမျိုးသမီး တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း = 500 mg တနေ့ ၂ ကြိမ်၊ Doxycycline နဲ့တွဲပြီး ၁၄ ရက်။ လိုအပ်ရင် သွေးကြောထဲထိုးပေး။
• Peritonitis ဗိုက်ဖုံးလွှာရောင်ခြင်း = 7.5 mg/kg IV တန့ ၄ ကြိမ်ထိုး၊ ၁ဝ-၁၄ ရက်။
• Pneumonia နူမိုးနီးယား = 7.5 mg/kg IV တန့ ၄ ကြိမ်ထိုး၊ ၁ဝ-၂၁ ရက်။
• Pseudomembranous Colitis အူမကြီးရောင်ဝမ်းပျက်ရောဂါ = 250 to 500 mg တနေ့ ၃-၄ ကြိမ်၊ ၁ဝ-၁၄ ရက်။
• Rosacea အရေပြားနာအတွက် လိမ်းဆေး = တနေ့ ၁-၂ ကြိမ် လိမ်းပါ။
• Skin or Soft Tissue Infection အရေပြားနှင့် အောက်လွှာရောင်ခြင်း = 7.5 mg/kg IV တန့ ၄ ကြိမ်ထိုး၊ ၇ ရက်။
• Surgical Prophylaxis ခွဲစိတ်မကုသမီ ကြိုတင်တာကာကွယ်ခြင်း = 15 mg/kg IV မခွဲစိတ်မီ ၃ဝ-၆ဝ မိနစ်ကြိုသွင်း၊ 7.5 mg/kg IV ဆက်ပေး။
• Travellers’ diarrhea ခရီးသွားဝမ်းလျှောခြင်း၊ 250 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။
• Trichomoniasis လိင်ကတဆင့် ကူးစက်ရောဂါ၊ 2 grams တခါတည်းသောက်ပါ။ ဒါမှမဟုတ် တခါသောက် 250 mg တနေ့ ၃ ခါ၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ် တခါသောက် 375 mg တနေ့ ၂ ခါ၊ ၇ ရက် သောက်ပါ။ သို့မဟုတ် 250 mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် 500 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်။
• လေမကြိုက်သည့်ပိုး အူမကြီးရောင်ခြင်း၊ 500 mg TDS (30 mg/kg/dose) IV တနေ့ ၃ ကြိမ်၊ ထိုးပါ၊ 7.5 mg/kg တနေ့ ၄ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။

ဆိုးကျိုးများ၊ အစာအိမ်ရောင်၊ ပျို့-အန်၊ အစာမကျေ၊

ဒေါက်တာတင့်ဆွေ

Toothache သွားကိုက်ခြင်း

Dental cavity သွားအခေါင်းဖြစ်လို့ကနေ အများဆုံးသွားကိုက်တယ်။ ဒုတိယလိုက်တာက Gum disease သွးဖုံးရောဂါ။ ကိုယ်ဝန်မှာ သွားကိုက်လို့ တခုခုလုပ်စရာလိုရင် ဒုတိယ ၃ လအတွင်းကအသင့်ဆုံးဖြစ်တယ်။ Cracked tooth သွားအက်တာ၊ Exposed tooth root သွားအခြေ (အမြစ်) ပေါ်နေတာတွေကနေလဲ သွားကိုက်မယ်။သွားမှာ မဟုတ်ဘဲ မေးရိုးဆစ်ရောဂါ၊ (ဆိုင်းနပ်စ်) ရောဂါတွေကလဲ သွားကိုက်တာနဲ့ မှားတတ်တယ်။

Dental abscess ပြည်တည်တာလဲရှိတယ်။ သွားကိုဖုံးပေးထားတဲ့ Enamel ကြေလွှာကိုထိခိုက်ရင် မျက်စိနဲ့ မမြင်ရသေးခင်ကတည်းက သွားနာတာစမယ်။ စားလိုက်တဲ့ အစားအသောက်ထဲမှာပါနေတဲ့ သကြားဓါတ်ကို ခံတွင်းထဲနေတဲ့ ဗက်တီးရီးယားကနေ အက်စစ်ဓါတ်အဖြစ် ပြောင်းပေးတယ်။ အက်စစ်ဓါတ်က ကြွေလွှာလေးကို ဖျက်ဆီးတယ်။ ကြာတော့ သွားအခေါင်းဖြစ်လာတော့တယ်။

သွားရဲ့အတွင်းဆုံးအထပ်ဖြစ်တဲ့ ပြော့လွှာထဲမှာ နာတာကိုခံနိုင်တဲ့ အာရုံကြောရှိတယ်။ သူ့ကို ဗက်တီးရီးယားအဆိပ်တွေ၊ စားတာသောက်တာထဲက အပူ၊ အအေး၊ အချဉ်၊ အချိုတွေကနေ နာစေမယ်။ ဆိုးလာရင် ပြော့လွှာတစ်ရှူးတွေသေပြီး Dental abscess ပြည်တည်လာနိုင်တယ်။

သွားပေါက်ဖြစ်လာတာကို တိမ်သေးရင် Dental filling ဖါပေးနိုင်တယ်။ နက်နေပြီဆိုရင်တော့ Crown အစွပ် အုပ်ပေးရတယ်။ အခေါင်းကနေ ပြော့လွှာကိုထိခိုက်ပြီး ပိုးဝင်မယ်ဆိုရင် သွားနုတ်ရနိုင်တယ်။ ဒါမှမဟုတ် သေနေတဲ့ တစ်ရှူးတွေ ထုတ်ပေးရတတ်တယ်။ ဖြည့်စရာနဲ့ အစားထိုးရတတ်တယ်။ ပြည်တည်နာကနေရောင်လာပြီး ဘေးကို ပြန့်နိုင်တယ်။ တခါတလေ အရေးပေါ်ကုသရတယ်။

Gum (periodontal) disease သွားဖုံးရောဂါဖြစ်ရင် သွားကို ထိန်းမထားနိုင်တော့ဘူး။ Plaque (ပလိပ်) ခေါ်တာဖြစ်လာတယ်။ စာတပုဒ်ရေးထားပါတယ်။

• Rinse with warm salt water ဆားကို ရေနွေးထဲထည့်ပြီး ငုံပါ။ ပလုပ်ကျင်းပါ။ ဆား လက်ဖက်ရည်ဇွန်း ၂-၃ ဇွန်းကို အနေတော် ရေနွေး တဖန်ခွက်ထဲ ရောပါ။ ဆားမပါတဲ့ အခန်းအပူချိန်ရှိ ရေနွေးလဲ လုပ်နိုင်တယ်။
• ရေခဲတုံးလဲ ငုံထားနိုင်တယ်။ ဒါပေမဲ့ တချို့ဆရာဝန်တွေက အေးလွန်းတာနဲ့ ပူလွန်းတာတွေကို ရှောင်စေချင်တယ်။
• Paracetamol, Aspirin, Ibuprofen နဲ့ Benzocaine အနာသက်သာဆေး တမျိုးမျိုး သောက်ပါ။
• Codeine နဲ့ Hydrocodone Oxycodone ဆေးတွေက ဆရာဝန်လက်မှတ်နဲ့မှ ဝယ်ရတဲ့ အပြင်းစား အနာသက်သာဆေးတွေ ဖြစ်တယ်။ အိပ်နိုင်မယ်။
• Eugenol (Cloves oil) လေးညှင်းဆီ သုံးပါ။
• ဆေးဆိုင်မှာ အလွယ်ဝယ်ရတဲ့ Benzocaine ထုံဆေး လဲသုံးနိုင်တယ်။
• Tobacco/Smoking ဆေးလိပ် မသောက်ပါနဲ့။ (နီကိုတင်း) က နာတာကို ပိုဆိုးစေတယ်။
• Massage နှိပ်နယ်ပေးနိုင်တယ်။ သွားနာနေချိန်မှာ ငြိမ်ထိုင်မနေဘဲ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးသင့်တယ်။ သီချင်း-ဂီတ နားထောင်သင့်တယ်။ ရုပ်ရှင်-တီဗွီကြည့်ပါ။
• Listerine ပါးစပ်ဆေးရည်ကောင်းပါတယ်။

သွားပိုးဝင်တာအတွက်သုံးတဲ့ ပဋိဇီဝဆေးတွေ -
(၁) Erythromycin (အရစ်သရိုမိုင်စင်) = တခါသောက် 250mg တနေ့ ၄ ကြိမ်။ ဒါမှမဟုတ် တခါသောက် 500mg တနေ့ ၂ ကြိမ်။
(၂) Metronidazole (မက်ထရိုနိုက်ဒါဇောလ်)
- Amebic gingivitis (အမီးဘား) သွားဖုံးရောင်၊ 400 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။
- သွားပိုးဝင်၍ပြည်တည်ခြင်း၊ 3 Gm TDS
- သွားမနုတ်မီ 2 Gm ၁ နာရီကြိုတင်ပေးပါ။

Dr. တင့်ဆွေ

Chilli ငရုတ်သီး အရသာ

မြန်မာတွေက ချို-ချဉ်-စပ်-ငန်-ဖန်-ခါး အရသာ ခြောက်ပါးလို့ သိကြတယ်။ မြန်မာတိုင်းရင်းဆေးမှာလဲ အဲလိုပါတယ်။ ဆရာဝန်တွေ သင်ရတဲ့ ဆေးပညာမှာတော့ လျှာကနေ ခံစားတဲ့အရသာဟာ အချို၊ အငန်၊ အချဉ်၊ နဲ့ အခါး၊ လေးပါးထဲရှိတယ်။

အရသာကို သိစေတာက လျှာမှာရှိတဲ့ Taste buds ခေါ်တဲ့ အရသာသိ-အဖုကလေးတွေကြောင့် ဖြစ်တယ်။ လူတိုင်းမှာ အဲတာမျိုးတသောင်း ရှိတယ်။ လူတွေရဲ့ အထူးအာရုံခံ ငါးမျိုးဖြစ်တဲ့ အကြား၊ အမြင်၊ အထိအတွေ့၊ အနံ့နဲ့ အရသာထဲမှာ အရသာက အားအနည်းဆုံး ဖြစ်တယ်။ အရသာ မရဖြစ်ရတာက ဆေးဝါး၊ ဆေးလိပ်၊ ဗီတာမင်ချို့ယွင်းတာ၊ ဦးခေါင်းကို ထိခိုက်မိတာ၊ ဦးနှောက်-အကျိတ်၊ ဓါတ်ကင်ခံရတာတွေကနေ ဖြစ်စေနိုင်တယ်။

အစာတခုခုကို ပါးစပ်ထဲထည့်လိုက်ရင် သွားရည်နဲ့ အစာရောထွေးပြီး ကြေချက်ပေးမယ်။ အဲလိုလုပ်နေရင်း လျှာမှာရှိတဲ့ အရသာခံတဲ့ အဖုကလေးတွေနဲ့ ထိတွေ့မယ်။ ဒီ အဖုလေးတွေမှာရှိတဲ့ အာရုံခံ (ဆဲလ်) တွေကို သတင်း အချက်အလက် ပို့ပေးလိမ့်မယ်။ အာရုံကြောတွေကတဆင့် ဦးနှောက်ကို ရောက်စေတယ်။ ဦးနှောက်ကနေ ဘယ်လိုအရသာရှိတယ်ဆိုတာ ပြောလိမ့်မယ်။

အငန် နဲ့ အချိုကို သိစေတာတွေကတော့ လျှာရဲ့ ရှေ့ပိုင်းကနေ တာဝန်ယူတယ်။ အချဉ်ကို လျှာရဲ့ ဘေးနှစ်ဘက်က သိစေပြီး အခါးကိုတော့ လျှာရဲ့ နောက်ပိုင်းက လုပ်ပေးတယ်။ လူတွေ အရသာခံတာ မတူကြပါ။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် အရသာသိတာ ပိုများတယ်။ တယောက်ထဲလဲ အသက်ပြောင်းရင် ပြောင်းတတ်တယ်။ သိပ်ငယ်တုံးမှာ အရသာသိစေတဲ့ အဖုလေးတွေဟာ လျှာတခုထဲကနေ မဟုတ်ဘဲ၊ ပါးစပ်ဘေးဘက်တွေနဲ့ အာခေါင်မှာလဲ ရှိတယ်။ ဒါ့ကြောင့် ကလေးတွေ အပူမခံနိုင်၊ အစပ်မစားနိုင်ကြဘူး။

အရှေ့တောင်အာရှ၊ တောင်အာရှနဲ့ တောင်အမေရိကားက လူတွေ အလွန်ခံတွင်းတွေ့လှတဲ့ အစပ်အရသာဟာ အမေရိကား၊ ဥရောပနဲ့ နိုင်ငံတော်တော်များများမှာ လုံးဝမစားကြပါ။ အရသာတမျိုးကို မခံစားတတ်ကြတဲ့သဘော ဖြစ်မယ်။ ငရုတ်သီးစပ်တာကို အင်္ဂလိပ်လို ပူတယ်လို့သာ ခေါ်တယ်။ သူတို့မစားလို့ စပ်တယ်လို့ မပြောတာမဟုတ်ပါ။

ငရုတ်သီးထဲမှာပါတဲ့ (ကက်ပစီနွိုက်) ဆိုတာက ပါးစပ်ကို ဖုံးနေတဲ့အလွှာမှာရှိတဲ့ အာရုံခံတွေကို သက်ရောက်စေတယ်။ ဒီလို ဖြစ်တာဟာ ပူလို့ရတဲ့ နာကျင်မှုနဲ့အတူတူ ဖြစ်တယ်။ ပူလောင်တဲ့ ခံစားမှုရစေတယ်လို့ ဆိုတယ်။ စပ်တဲ့ အရသာလို့ မပြောဘူး။ ဘာလို့လဲဆိုတော့ အဖုလေးတွေဟာ ချိုတာ၊ ငန်တာ၊ ချဉ်တာ နဲ့ ခါးတာတွေကိုသာ ခံစားစေပြီး ပူတာကို ခံစားတဲ့ အထူးအဖုတွေ မရှိဘူး။ ရိုးရိုး အာရုံကြောတွေကနေသာ ဒါကို သိစေတယ်တဲ့။ ဒီအာရုံကြောတွေက စပ်တာကို ပူတယ်လို့ ထင်တော့ ဦးနှောက်ကလဲ ပူတယ်ဖြစ်သွားရော။

ကြွက်တွေကို စမ်းသပ်လို့သိရတာက အပူချိန်အပူဆိုတာနဲ့ မျိုးဗီဇ တူတာကို သိရတယ်။ ကြက်တူရွေးကို ငရုတ်သီး ကြွေးရတယ်။ ငှက်တွေကို ငရုတ်သီးက မစပ်စေဘူး။ လူဆိုရင် ပါးစပ်ထဲ မထည့်ခင်ကတည်းက ငရုတ်သီးဟာ ပူတယ်။ ထိတဲ့နေရာမှန်သမျှကို ပူစေတယ်။ အပူလောင်တယ်လို့ အင်္ဂလိပ်လို သုံးတယ်။

ငရုတ်သီး၊ ချင်း (ဂျင်း)၊ ငရုတ်ကောင်းတွေက ဘာလို့ စပ်ကြသလဲ။ ပူစပ်တာတွေထဲမှာ (ကက်ပစီယန်စင်) ပါတယ်။ ဒါကိုခံရတာက ပါးစပ်ထဲမှာရှိတဲ့ (ဗင်နီလွိုက်) အာရုံခံတွေနဲ့ သွားပေါင်းမယ်။ အာရုံခံ (နူရုန်) ဟာ ပြောင်းလဲသွားပြီး စပ်တဲ့အာရုံခံသတင်းကို ပို့ပေးတယ်။

VR1 အာရုံခံတွေဟာ (ကကfပစီယန်စင်) ကို မသိဘူး။ ဒါ့ကြောင့် အမှတ်တမဲ့ သွားပေါင်းမိတယ်။ VR1 တွေရဲ့ တကယ့် တာဝန်ဟာ ပူတာကိုသာသိတယ်။ အပူက ကိုယ့်မလောင်အောင် အသိပေးတဲ့ တာဝန်ကို ထမ်းရတယ်။ VR1 တွေဟာ ပါးစပ်၊ လျှာ နဲ့ အရေပြားတွေမှာ ရှိနေကြတယ်။ မျက်စိကို ထိလဲ ပူလောင် နာကျင်စေလို့ မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ကာကွယ်ဘို့ ဆောင်ထားတဲ့ လက်နက်တခုဟာ Pepper spray ငရုတ်ကောင်း-ပန်းဆေး ဖြစ်ပါတယ်။ Mace Pepper Gun ဆိုတာ ဒေါ်လာ ၉ဝ လောက်ပေးရတယ်။ ၂၅ ပေအထိရောက်တယ်။

ငရုတ်သီး ဘယ်လောက်စပ်သလဲကို Scoville Organoleptic Test နဲ့ စစ်ဆေး သတ်မှတ်တယ်။
- Standard Pepper Spray မိန်းကလေးသုံး (ပက်ပါ-စပရေး) ပန်းဆေးဟာ ၂၅ဝဝဝ-၂ဝဝဝဝဝ ယူနစ် ရှိတယ်။
- Bear Mace ဆိုတဲ့ ဝက်ဝံတွေကိုတောင် နိုင်တဲ့ ပန်းဆေးဟာ ၂ သိန်း- ၂ သိန်းခွဲယူနစ် ရှိတယ်။
- Law Enforcement Grade Pepper Spray ရဲတွေ သုံးတာက ၅ သိန်းကနေ ၅ သန်းယူနစ် ရှိတယ်။
- Sweet Bell Peppers ခေါ်တဲ့ လုံးဝမစပ်တဲ့ ငရုတ်ပွပွကြီးတွေဟာ သုည ယူနစ်သာ ရှိတယ်။
- Jalapeno (၅-၉ စင်တီမီတာ) ရှည်ပြီး၊ မက်ဆီကို ကလာတဲ့ ငရုတ်သီးဟာ ၂၅ဝဝ-၈ဝဝဝ ယူနစ် ရှိတယ်။
- Cayenne pepper ဆိုတဲ့ အာဖရိက-ငရုတ်က ၃ဝဝဝဝ-၅ဝဝဝဝ ယူနစ် ရှိတယ်။
- Red Savina Habanero ငရုတ်မျိုးက ၃၅ဝဝဝဝ-၅၇၇ဝဝဝ ယူနစ် ရှိတယ်။

ငရုတ်မှာ ဆေးစွမ်းတွေရှိတယ်။
- မှိုပိုးကိုနိုင်တယ်။ ပိုးတွေကိုနိုင်တယ်။
- အဆစ်နာတာအတွက် .05% Capsaicin (ခရင်မ်) သုံးတယ်။
- ခွဲစိတ်လို့နာတာ၊ အဆစ်နာတာတွေအတွက် အနာသက်သာဆေး Adlea ထိုးဆေးထဲမှာပါတယ်။
- ယောက်ျား ဆီးကျိတ်-ကင်ဆာ (ဆဲလ်) ကို သတ်နိုင်တယ်။
- သွေးဖိအား ကျစေတယ်။
- သွားရည်များစေလို့ စားရတာ ခပ်ပြင်းပြင်းရှိတဲ့ အစာနဲ့တွဲစားလို့ ကောင်းတယ်။
- တခြား ခံစားနေရတာကို လွှမ်းမိုးစေတယ်။
- Capsaicin topical ointments နဲ့ Qutenza ဆေးကပ်ခွါတွေက အဖျားအနားအာရုံကြောရောဂါကြောင့် နာတာကို သက်သာစေတယ်။
- 0.025% - 0.075% ကို သာမန်ကိုက်ခဲတာ၊ အဆစ်နာရောဂါ၊ ခါးနာတာ၊ ဟိုနာ-ဒီနာတာတွေအတွက် ထုံအောင်အရင် လုပ်ပြီးမှ ဆေးကို လက်အိပ်သုံးပြီး လိမ်းပေးရတယ်။
- (ကက်ပစီယန် ခရင်မ်) ကို Psoriasis အရေပြားနာကြောင့် ယားတာ-ရောင်တာ သက်သောစေအောင် သုံးနိုင်တယ်။
- (ကာဗွန်ဟိုက်ဒရိတ်) တွေ ဖျက်ပေးလို့ ကိုယ်ကအပူတွေ ထွက်လာတယ်။ ဆီးချို၊ လူဝတာတွေအတွက်လဲ သုံးကြတယ်။

ငရုတ်သီး မျက်စိထဲဝင်လို့ ခြေမကို ရေလောင်းတာ စိတ်ပြောင်းအောင် လုပ်တာနေမယ်။ (ကက်ပစီယန်) ဟာ အဆီမှာ ပျော်ဝင်လို့ ပူစပ်တာ ပြေစေအောင် ရေနဲ့မရဘူး။ နွားနို့အေးအေး နဲ့ သကြားရည်အေးကလဲ သက်သာစေမယ်။ ငရုတ်သီး မထောင်းတတ်ရင် ချွေးမ မတော်ချင်ကြဘူး။

Dr. တင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၁

Agony ဆီးလမ်းကျောက်က နာခြင်း

CT result အရ Ureteric Colic ဆီးပြွန်ကျောက်တည်ရောဂါလို့ပြောပါတယ်။ Kidney Stone နဲ့ ဘာကွာလဲ ဆရာ။

Kidney ကျောက်ကပ်နဲ့ Bladder ဆီးအိမ်ကြားမှာ အထက်ကနေ အောက်ကို ဆင်းလာပြီးဆက်နေတဲ့ ပြွန်လိုအင်္ဂါကို Ureter လို့ခေါ်တယ်။ အထက်မှာ ကျယ်ပြီး အောက်ရောက်လေကျဉ်းလေဖြစ်တယ်။ ဘယ်-ညာ ရှိတယ်။ အဲဒီမှာ ကျောက်ကတစ်နေလို့နာတာကို Ureteric colic လို့ခေါ်တယ်။ အလွန်နာတတ်တယ်။

အဲလို ဆီးလမ်းကျောက်ကြောင့်နာတာကို Pain, severe pain လို့ပြောတာနဲ့မလုံလောက်လို့ Agony လို့သုံးတယ်။

Colic ဆိုတာက ရစ်ပြီးနာတာမှန်သမျှ ကျောက်ကနေဖြစ်ဖြစ်၊ လေကြောင့်ဖြစ်ဖြစ်၊ ဝမ်းကြောင့်ဖြစ်ဖြစ် ခေါ်ပါတယ်။

နာတာအတွက် ဆေးဆောင်ထားသင့်တယ်။ သွားလေရာယူသွားပါ။ Buscopan/Spasmo Cibalgin စတဲ့ဆေးဖြစ်တယ်။ စားဆေးနဲ့ ထိုးဆေးရှိတယ်။

ဆရာလဲ ဖြစ်ဘူးလို့ Buscopan ကို သွားလေရာကို ယူသွားရဘူးတယ်။ တခါက တခြားနိုင်ငံတခုကို အစည်းအဝေး သွားတော့ ယူသွားတယ်။ မိတ်ဆွေတဦး ညကြီးမင်းကြီး နာလို့ ပါလာတဲ့ဆေးကို ထိုးပေးရတယ်။ ၅ မိနစ်အတွင်း သက်သာသွားတယ်။

သက်သာမှသူပြောတာက “အနားမှာ သေနပ်သာရှိရင် ကိုယ့်ကိုယ်ကို ပြစ်သတ်ချင်လောက်အောင်ဘဲ” တဲ့။ သူက လူကောင်ကြီးလို့ 3 ampoules IV ထိုးပေးရတယ်။ သာမန်လူဆိုရင် ၂ လုံးဆိုရတယ်။ တော်တော်တန်တန်နာရင် စားဆေး ၁-၂ ပြားဆိုရင် ရတယ်။

Buscopan ဆေးကို ရာသီလာလို့ မတရားနာသူကိုလဲ ပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂ဝ၁၃

Teeth Eruption သွားပေါက်ချိန်

Primary Teeth ကလေးငယ်သွားများ
(က) Upper Teeth အထက်သွားများ
• Central incisor ရှေ့အလယ်သွား ၈-၁၂ လ ပေါက်၊ ၆-၇ နှစ်ကျိုး။
• Lateral incisor ရှေ့ဘေးသွား ၉-၁၃ လ ပေါက်၊ ၇-၈ ကျိုး။
• Canine (Cuspid) စွယ်သွား ၁၆-၂၂ လ ပေါက်၊ ၁ဝ-၁၂ နှစ်ကျိုး။
• First molar ရှေ့အံသွား ၁၃-၁၉ လ ပေါက်၊ ၉-၁၁ နှစ်ကျိုး။
• Second molar နောက်အံသွား ၂၅-၃၃ လ ပေါက်၊ ၁ဝ-၁၂ နှစ်ကျိုး။

(ခ) Lower Teeth အောက်သွားများ
• Central incisor ရှေ့အလယ်သွား ၆-၁ဝ လပေါက်၊ ၆-၇ နှစ်ကျိုး။
• Lateral incisor ရှေ့ဘေးသွား ၁ဝ-၁၆ လ ပေါင်၊ ၇-၈ နှစ်ကျိုး။
• Canine (cuspid) စွယ်သွား ၁၇-၂၃ လ ပေါက်၊ ၉-၁၂ နှစ်ကျိုး။
• First molar ရှေ့အံသွား ၁၄-၁၈ လ ပေါက်၊ ၉-၁၁ နှစ်ကျိုး။
• Second molar နောက်အံသွား ၂၃-၃၁ လ ပေါက်၊ ၁ဝ-၁၂ နှစ် ကျိုး။

Permanent Teeth Eruption ကြီးသွားများပေါက်ချိန်

(က) အထက်ကြီးသွားများ
• ရှေ့-အလယ်သွား ပေါက်ချိန် = ၇-၈ နှစ်၊ အမြစ်ပေါက်ချိန် = ၁ဝ-၁၁ နှစ်၊
• ရှေ့-ဘေးသွား ပေါက်ချိန် = ၈-၉ နှစ်၊ အမြစ်ပေါက်ချိန် = ၁၁-၁၂ နှစ်၊
• စွယ်သွား ပေါက်ချိန် = ၁၁-၁၂ နှစ်၊ အမြစ်ပေါက်ချိန် = ၁၄-၁၅ နှစ်၊
• ရှေ့-ပဌမအံသွား ပေါက်ချိန် = ၁ဝ-၁၁ နှစ်၊ အမြစ်ပေါက်ချိန် = ၁၃-၁၄ နှစ်၊
• နောက်-ပဌမအံသွား ပေါက်ချိန် = ၁၁-၁၂ နှစ်၊ အမြစ်ပေါက်ချိန် = ၁၃-၁၅ နှစ်၊
• ပဌမအံသွား ပေါက်ချိန် = ၅-၇ နှစ်၊ အမြစ်ပေါက်ချိန် = ၈-၁ဝ နှစ်၊
• ဒုတိယအံသွား ပေါက်ချိန် = ၁၂-၁၃ နှစ်၊ အမြစ်ပေါက်ချိန် = ၁၅-၁၆ နှစ်၊
• တတိယအံသွား (အံဆုံး) ပေါက်ချိန် = ၁၇-၂၁ နှစ်၊ အမြစ်ပေါက်ချိန် = ၁၉-၂၃ နှစ်၊

(ခ) အောက်ကြီးသွားများ
• ရှေ့-အလယ်သွား ပေါက်ချိန် = ၆-၇ နှစ်၊ အမြစ်ပေါက်ချိန် = ၉-၁ဝ နှစ်၊
• ရှေ့-ဘေးသွား ပေါက်ချိန် = ၇-၈ နှစ်၊ အမြစ်ပေါက်ချိန် = ၁ဝ-၁၁ နှစ်၊
• စွယ်သွား ပေါက်ချိန် = ၉-၁ဝ နှစ်၊ အမြစ်ပေါက်ချိန် = ၁၂-၁၃ နှစ်၊
• ရှေ့-ပဌမအံသွား ပေါက်ချိန် = ၁ဝ-၁၂ နှစ်၊ အမြစ်ပေါက်ချိန် = ၁၃-၁၅ နှစ်၊
• နောက်-ပဌမအံသွား ပေါက်ချိန် = ၁၁-၁၂ နှစ်၊ အမြစ်ပေါက်ချိန် = ၁၃-၁၅ နှစ်၊
• ပဌမအံသွား ပေါက်ချိန် = ၅-၇ နှစ်၊ အမြစ်ပေါက်ချိန် = ၈-၁ဝ နှစ်၊
• ဒုတိယအံသွား ပေါက်ချိန် = ၁၁-၁၃ နှစ်၊ အမြစ်ပေါက်ချိန် = ၁၄-၁၆ နှစ်၊
• တတိယအံသွား (အံဆုံး) ပေါက်ချိန် = ၁၇-၂၁ နှစ်၊ အမြစ်ပေါက်ချိန် = ၁၉-၂၃ နှစ်၊

ဒေါက်တာတင့်ဆွေ

Propylthiouracil ရဲ့ ဘေးထွက်-ဆိုးကျိုး

Propylthiouracil ရဲ့ ဘေးထွက်-ဆိုးကျိုးတွေက အများအားဖြင့် အရေပြားမှာဖြစ်တယ်။ အနီပြင်ထွက်၊ ယား၊ ဆံပင်ကျွတ်။ တချို့မှာ ကိုယ်ရောင်၊ ပျို့-အန်၊ ရင်ပူ၊ အရသာပျက်၊ ကြွက်သား-အဆစ်နာ၊ ထုံ၊ ခေါင်းကိုက်တာတွေလဲ တချို့မှာ ဖြစ်တယ်။ ဆိုးတာဖြစ်တဲ့သူမှာ သွေးဖြူဥနည်းတယ်။ အဲလိုဖြစ်ရင် ကူးစက်ရောဂါ ပိုးဝင်လွယ်မယ်။ သွေးဖြူဥနည်းတာလဲ ရှိတတ်တယ်။ သွေးယိုလွယ်မယ်။ ဘေးထွက်-ဆိုးကျိုးတွေရဲ့သဘောက အဲဒီဆေးရပ်ရင် တဖြေးဖြေး သက်သာ ပျောက်ကင်းတယ်။ အခုဆေးမျိုးက အမြဲသောက်ရမို့ ခက်တယ်။ ဒါကြောင့် ချိန်ဆရတယ်။ ဆေး (ဆေးကုနည်း) ပြောင်းသင့်ရင် ပြောင်းရတယ်။

Poor posture and Health အနေအထိုင်နဲ့ ကျန်းမာရေး

လူဆိုတာ လျောင်း-ထိုင်-ရပ်-သွား ဣရိယာပုတ်လေးပါး မျှတနေဘို့လိုပါတယ်။ သူများနိုင်ငံတွေကိုသွားပြီး အလုပ်လုပ်ကြရသူတွေဟာ များသောအားဖြင့် အကြာကြီးဆက်တိုက် မတ်တပ်ရပ် အလုပ်လုပ်ရတဲ့ ဒုက္ခကိုခံကြရတယ်။ အရောင်းဆိုင်တွေမှာ ဝယ်သူမလာချိန်မှာတောင် ထိုင်နေဘို့ရာ ထိုင်ခုံပေးမထားပါ။ မြန်မာပြည်မှာ ဆေးလိပ်သမတွေက တချိန်လုံးထိုင်နေရတယ်။ ခုခေတ်လူရွယ်တွေ ကွန်ပြူတာရှေ့မှာ အကြာကြီးထိုင် အလုပ်လုပ်ရတယ်။ ကိုယ်အနေအထား တခုခုမှာ မပြုပြင်ဘဲ အချိန်ကြာကြာနေရလေလေ ကျန်းမာရေးကို သက်ရောက် ထိခိုက်လေဖြစ်ပါမယ်။

“သွေးလေမလျှောက်ဘူး” လို့ အရပ်ပြော ပြောလေ့ရှိတယ်။ မမှားပါ သွေးလှည့်ပတ်မှုကို သက်ရောက်မယ်။ အာရုံကြောကို ဖိထားသလိုနေလို့ ထုံတာကျင်တာဖြစ်မယ်။ သွေးပြန်ရည်စနစ်ကို ဖိထားခံရလို့ ရောင်တာဖြစ်မယ်။ ဖိထားခံရတဲ့ (တစ်ရှူး) တွေ ဒဏ်ခံရမယ်။ ဒါ့ပြင် စိတ်ဖိအားလဲ ဖြစ်စေနိုင်တယ်။

အသက်ကြီးသူတွေမှာ ပိုဆိုးတယ်။ ဆိုးဝါးတဲ့၊ အသက်ကိုပါရန်ရှာနိုင်တဲ့ သွေးကြောထဲ သွေးခဲဖြစ်ပြီး ပိတ်တာမျိုး ဖြစ်လာစေနိုင်တယ်။ ခါးနာ၊ ခါးရိုးဆစ်ထဲကအာရုံကြောအလုပ်နည်းတာ၊ အဆစ်နာ၊ ပခုံးလုံးဝန်းရောဂါ၊ ဗိုက်ပူတာတွေ ဆက်ဖြစ်နိုင်တယ်။ အဆစ်နဲ့ကြွက်သားတွေနာမယ်။ ခေါင်းကိုက်မယ်။ အနေအထား ဂရုမစိုက်နိုင်ရင် အဆစ်နာနေသူတွေကို ပိုဆိုးစေမယ်။ လူရုပ်ကို မလှစေဘူး။

လူတွေကို ဘေးတိုက်ကြည့်လိုက်ရင် ကလေးငယ်ဘဝမှာ အင်္ဂလိပ်စာလုံး “အက်စ်” လိုရှိတာတွေ့ပါမယ်။ အသက်ရလာတာနဲ့ “အက်စ်” ကနေ “စီ” လိုဖြစ်လာတော့တယ်။ အကြံပေးချက်ရိုးရိုးလေးကတော့ “သင့်ကြွက်သားစကား နားထောင်ပါ” တဲ့။ နာလာ-ညောင်းလာရင် ကြွက်သားက ပြောလာလိမ့်မယ်။ ဘာလုပ်ပေးရမလဲဆိုတာကိုလဲ ရိုးရိုးလေး ပြောရရင် “ဖြစ်နေခဲ့တာကို ပြောင်းပြန်လုပ်လိုက်ပါ”။ ကုန်းနေရရင် ဆန့်လိုက်ပါ။ ထိုင်နေရရင် ရပ်လိုက်ပါ။

နားလို့ ထိုင်နေရတာမှာလဲ ဇိမ်ကျကျနေရတာ မကောင်းပါ။ ပြော့အိတဲ့မျက်နှာပြင်မှာ ကြာကြာမထိုင်သင့်ပါ။ ပက်လက် ကုလားထိုင်၊ စပရင်ကိုလားထိုင်၊ ကြိုးတပ်ကုတင်ပေါ်မှာ မှာလဲ ကြာကြာမထိုင်သင့်ပါ။ အိပ်တဲ့အခါ မွေ့ယာဆိုတာ ကိုယ့်ခါးနဲ့ အနေတော်သင့်တယ်။ ခေါင်းအုံးက ကိုယ်လည်ပင်းနဲ့ အနေတော်ရမယ်။ အသက်ရလေလေ မာကြောတဲ့ မျက်နှာပြင်နဲ့ သင့်လေလေဖြစ်တယ်။ မာလွန်း၊ ကြမ်းလွန်းတာလဲ မကောင်းပါ။

စမတ်ကျကျဆုံလည်ကုလားထိုင်မှာထိုင်ပြီး ကွန်ပြူတာရှေ့ အလုပ်လုပ်ရသူတွေမှာလဲ မျက်စိကိုထိခိုက်စေတယ်။ “မိနစ် ၂ဝ ကြာရင် ပေ ၂ဝ အကွာကို စက္ကန့် ၂ဝ ကြာကြည့်ပေးပါ။”

ဖိခံနေရတဲ့ တင်ပါးမှာ သွေးလျှောက်တာနည်းလို့ အနာပေါက်တာဖြစ်နိုင်တယ်။ ဗက်တီးရီးယားတွက လူ့ကိုယ်မှာ အပြင်မှာရော အထဲမှာပါရှိနေတယ်။ သူတို့ကြိုက်တဲ့အခြေအနေဖြစ်လာရင် ပေါက်ပွါးများပြားလာတယ်။ ဒဏ်ခံနေရတဲ့ အရေပြားထဲကို ဝင်လာနိုင်တယ်။ အနာပေါက်မယ်။ တချို့က ပြည်တည်စေမယ်။ FIA ဂရင်ဂျီနာပေါက်နေသူတွေက ကရွတ်ခွေနဲ့သာ ထိုင်ကြရတယ်။

အမျိုးသမီးကျန်းမာရေးအတွက် သတ်သတ်မှတ်မှတ်ပြောလိုတာရှိပါတယ်။ အထိုင်များရင် စဉ်းစား ကြည့်ပါ။ လေဝင်တာ မရသလောက်နည်းမယ်။ အပူချိန်များမယ်။ ချွေးပိုထွက်မယ်။ ပူအိုက်စိုထိုင်းတာကို ဖန်းဂတ်စ် (မှို) တွေကကြိုက်တယ်။ ဒါကြောင့် မိန်းကလေး အပျိုစစ်စစ်တွေမှာ အဖြူဆင်းတာဖြစ်စေနိုင်တယ်။

ထိုင်နေရရင် ကိုယ်အလေးချိန်က ဘယ်နဲ့ညာပေါ်မှာ ညီနေသင့်တယ်။ ဒူးကိုကွေးရရင် ၉ဝ ဒီဂရီရှိတာက အကောင်းဆုံး ဖြစ်တယ်။ ခြေဖဝါးက ကြမ်းပြင်မျာ ပြားလိုက်ညီညီချထားသင့်တယ်။ အနေအထားတခုမှာ မိနစ် ၃ဝ ထက် မကြာသင့်ဘူး အသက်ကြီးသူတွေက ပိုပြီးအချိန်တိုမှာ ပြင်သင့်ကြတယ်။

ကားမောင်းရသူတွေ ထိုင်ရတာ အနေတော်ဖြစ်အောင် ဂရုစိုက်ပါ။ ခါးနောက်က တခုခု အဆင်ပြေတာရှာပါ။ ဒူးဟာ တင်ပါးနဲ့ တတန်းထဲ၊ ဒါမှမဟုတ် မြင့်နေသင့်တယ်။ စတီယာရင်နဲ့ ကိုယ်နဲ့ အနေတော် ဝေးနေစေပါ။ တခုခုကို မ,စရာရှိရင် ပေါင် ၃ဝ ထက်များတာ မကောင်းပါ။ မ,မခင် ကိုယ့်အောက်ပိုင်းက မြေပြင်-ကြမ်းပြင်မှာ ခိုင်ခိုင်မာမာ ရပ်ထားပါ။ မ,မဲ့အရာက ကိုယ့်ခါးအောက်ကဖြစ်နေတာက ပိုသက်သာတယ်။ ခါးကို မတ်မတ်ထားပြီးမှသာ မ,ပါ။ စားပွဲပေါ်ကအရာကို မ,မယ်ဆိုရင် စားပွဲစွန်းကို အရင်ဆွဲယူပါ။ အောက်ချတော့မယ်ဆိုရင် ဗိုက်ကြွက်သားတွေတင်းထားပါ။ ခါးနဲ့ ဒူးကွေးထားပါ။ ကုလားထိုင်အမြင့်ဟာ ကိုယ့်အရပ်အမောင်းနဲ့ အနေတော်သင့်တယ်။ အလုပ်စားပွဲကလဲ အဲလိုဖြစ်သင့်တယ်။

ကျွန်တော် တောနယ်၊ မြို့နယ်တွေမှာ ခွဲစိတ်ခဲ့ရတာအားလုံးမှာ ခွဲစိတ်ကုတင်ရယ်လို့ အတင်အချလုပ်နိုင်တာမျိုးကို တခါမှ မသုံးနိုင်ခဲ့ပါ။ ကလေးလူနာ၊ လူကြီးလူနာ၊ ကိုယ်ဝန်ဆောင်ခွဲစိတ်ရတာ အမျိုးမျိုးကို အနိမ့်အမြင့် ညှိရတာမှာ အုတ်ခဲသာ သုံးးနိုင်တယ်။ ဒါလဲ အဆင်ပြေလှတာမဟုတ်လို့ ခါးနာရောဂါရခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂ဝ၁၃

Sunday, November 17, 2013

Baby Milestones ကလေးများ၏ ဖွံ့ဖြိုးတိုးတက်လာမှု မှတ်တိုင်များ

မွေးလျင်မွေးချင်း ငိုမည်။ အသက်ရှူမှုကိုဖြစ်ပေါ်စေသည်၊ အားပေးသည်။ ကိုယ်ခန္ခာတခုလုံးသို့ သွေးလှည့်နေမှုကို အားပေးသည်။ တုံ့ပြန်မှု (၃) မျိုးရှိရမည်။
(၁) နို့စို့တတ်မည်၊ လက်ထည့်က စုပ်မည်။
(၂) ပါးတဖက်အား လက်ဖြင့်ထိကြည့်ပါက ၄င်းလက်ဆီသို့ ဦးခေါင်း-ပါးစပ်က လှည့်လိုက်လာမည်။
(၃) ပက်လက်ထားစဉ် ကလေးသိပ်ထားသည့် ကုတင်-ကြမ်းပြင်-စားပွဲအားပုတ်လိုက်ပါက ကလေး၏ လက်နှစ်ချောင်းနှင့် ခြေနှစ်ချောင်းတို့ ရုတ်တရက် လန့်သကဲ့သို့ တုံ့ပြန်မည်။

မွေးကာစမှ ၁၂ လအထိ
• (၄) ပါတ် - စကားပြောကြည့်က ပြန်ဂရုစိုက်မည်။ ချီပါက အငိုရပ်မည်။ အူး-အား အသံထွက်မည်။
• (၆) ပါတ် - ပြုံးတတ်မည်။ ကြည့်သူ၏နောက် လိုက်ကြည့်တတ်မည်။
• (၈) ပါတ် - နီးကပ်သည့်အရာကို စူးစိုက်ကြည့်တတ်လာမည်။ အငိုသက်သာလာမည်။
• (၃) လ - ဘူးမှုတ်တတ်လာမည်။ ကစားစရာကို လှမ်းယူတတ်မည်။ ဆုပ်ကိုင်တတ်လာသည်။
• (၄) လ - ကလေးအစာမာ စားတတ်လာမည်၊ ပက်လက်လှန်ထားလျင် မှောက်တတ်လာမည်။
• (၅) လ - ကစားစရာများကို စုပ်တတ်မည်။ ထူးဆန်းသည်များကို သတိထားတတ်လာမည်။ မိခင်ကိုပြန်ဖက်တတ်လာသည်။
• (၆) လ - အကူမပါဘဲ ထိုင်နိုင်လာမည်။ သူ့ခြေထောက်နှင့် ကစားတတ်လာမည်။ အသံလာရာ လှည့်ကြည်မည်။
• (၇) လ - သူ့ဖါသာသူ စားတတ်လာမည်။ ကစားစရာကို လှမ်းယူ-ဆွဲယူတတ်လာမည်။
• (၈) လ - ဝမ်းလျားထိုးတတ်လာမည်။ မဟုတ်-မရှိ ဆိုသည့်စကားကို နားလည်လာမည်။ လိုက်ကြည့်တတ်လာသည်။ ပစ္စည်းကို လက်တဖက်မှ တဖက် ပြောင်းတတ်လာသည်။ ပါပါ-မာမာ ခေါ်တတ်လာသည်။
• (၉) လ - ဝမ်းလျားထိုး ပို၍ကြွမ်းကျင်လာမည်။
• (၁ဝ) လ - ကိုင်၍မတ်တပ်ရပ်မည်။ ကဗျာ-လင်္ကာဆိုပြပါက အလိုက်သင့်အမူအယာပြာလာမည်။ ဘိုင်ဘိုင်လုပ်တတ်လာသည်။ အစားကို ပါးစပ်ထဲ ထည့်တတ်လာမည်။
• (၁၁) လ - စကားတလုံးစနှစ်လုံးစ ပြောတတ်လာမည်။
• (၁၂) လ - ခြေတလှမ်းနှစ်လှမ်းလှမ်း တတ်လာမည်။

၁၃-၂၄ လသားအရွယ်
(၁၃) လ - မတတ်တတတ်၊ မခိုင့်တခိုင် သူ့ဖါသာသူ လမ်းလျှောက်မည်။ တချို့ကလေးတွေက ၉ လ မှာစလျှောက်တယ်။ တချို့က ၁၇ လအထိနောက်ကျတယ်။ ပျမ်းမျှ ၁၄ လ ဖြစ်တယ်။ အရာဝတ္ထုများကို စူးစမ်းတတ်လာမည်။ လက်အသုံးချတတ်မှု ပိုကြွမ်းကျင်လာမည်။ အသံနှစ်လုံး ဆိုတတ်လာသည်။ ငုံ့ကောက်တတ်လာသည်။
• (၁၄) လ - သက်တောင့်သက်သာရှိခြင်းကို ပို၍ခုံမင်တတ်လာမည်။ အစားအမာ စားတတ်လာမည်။ ခွက်နှင့်တိုက်သည်ကို သောက်တတ်လာမည်။ အတုခိုးတတ်လာသည်။
• (၁၅) လ - သူ့ပင်ကိုယ်သဘာဝကလေးများပြလာမည်။ စကားပိုကြွယ်လာမည်။ အသံ ၃ လုံး ပြောတတ်လာသည်။ မှန်ထဲက သူ့အရိပ်ကိုသူသိမည်။ နောက်ပြန်လျောက်တတ်လာသည်။
• (၁၆) လ - သူ့ကိုယ်အင်္ဂါအမည်များကိုမေးလျင် ဖြေတတ်လာမည်။ ရီတတ်သည်။ စာအုပ်စာရွက်များ လှန်တတ်သည်။
• (၁၇) လ - အဝတ်အစားဝတ်တတ်-ချွတ်တတ်လာမည်။ အကူအညီဖြင့် သွားတိုက်တတ်လာမည်။ အသံ ၆ လုံး ထိ ပြောတတ်လာသည်။ မြင်းရုပ်စီးတတ်သည်။ မျက်လှည့်ပြသည်မျိုးကို သဘောကျသည်။
• (၁၈) လ - ဘောလုံးကန်တတ်လာမည်။ ခလုပ်စသည်အား တွန်းခြင်း-လှည်ခြင်းလုပ်တတ်မည်။ ဂီတဖြင့် ကတတ်လာမည်။
• (၁၉) လ - မှားပြော-မှားလုပ်ပြလျင် မှားမှန်းသိလာမည်။ ဇွန်း-ခရင်းကိုင်တတ်လာသည်။ ပြေးတတ်လာသည်။ ဘောလုံး ပြစ်တတ်လာသည်။
• (၂ဝ) လ - လှေကားတတ်တတ်လာမည်။ ပြေးတတ်လာမည်။ ကိုက်တတ်-တွန်းတတ်သည့် ကြမ်းတမ်းတတ်လာသည်။
• (၂၁) လ -အိမ်အလုပ်များကူတတ်လာမည်။ စားပွဲ-ကုလားထိုင် သူ့အလိုကျ ရွေ့တတ်လာမည်။
• (၂၂) လ - ဘယ်ရောညာပါ လက်များ အနုစိတ်ကိုင်တတ်လာမည်။
• (၂၃) လ - စကားလုံးသုံးလုံးပါဝါကျကို ပြောတတ်လာမည်။ ဆန့်ကျင်ဖက်ပြောလျင် နားလည်လာမည်။ အခြားကလေးများနှင့် တွဲကစားတတ်လာမည်။
• (၂၄) လ - သူ့အကြောင်းသူပြောတတ်လာမည်။ သူမကြိုက်တာ-ကြိုက်တာပြောတတ်လာမည်။ ဘာ့လို့လဲဆိုသည်များမေးတတ်လာမည်။

Primary Teeth ကလေးငယ်သွားများ
(က) Upper Teeth အထက်သွားများ
• Central incisor ရှေ့အလယ်သွား ၈-၁၂ လ ပေါက်၊ ၆-၇ နှစ်ကျိုး။
• Lateral incisor ရှေ့ဘေးသွား ၉-၁၃ လ ပေါက်၊ ၇-၈ ကျိုး။
• Canine (Cuspid) စွယ်သွား ၁၆-၂၂ လ ပေါက်၊ ၁ဝ-၁၂ နှစ်ကျိုး။
• First molar ရှေ့အံသွား ၁၃-၁၉ လ ပေါက်၊ ၉-၁၁ နှစ်ကျိုး။
• Second molar နောက်အံသွား ၂၅-၃၃ လ ပေါက်၊ ၁ဝ-၁၂ နှစ်ကျိုး။

(ခ) Lower Teeth အောက်သွားများ
• Central incisor ရှေ့အလယ်သွား ၆-၁ဝ လပေါက်၊ ၆-၇ နှစ်ကျိုး။
• Lateral incisor ရှေ့ဘေးသွား ၁ဝ-၁၆ လ ပေါင်၊ ၇-၈ နှစ်ကျိုး။
• Canine (cuspid) စွယ်သွား ၁၇-၂၃ လ ပေါက်၊ ၉-၁၂ နှစ်ကျိုး။
• First molar ရှေ့အံသွား ၁၄-၁၈ လ ပေါက်၊ ၉-၁၁ နှစ်ကျိုး။
• Second molar နောက်အံသွား ၂၃-၃၁ လ ပေါက်၊ ၁ဝ-၁၂ နှစ် ကျိုး။

ဒေါက်တာတင့်ဆွေ

Friday, November 15, 2013

Noise pollution ဆူဆူပူပူ လူမခံနိုင်

Noise health effects ဆူညံသံနဲ့ ကျန်းမာရေး

ဆရာရေ “ဆူညံသံ" နဲ့ပတ်သတ်တဲ့ ဆေးပညာဆိုင်ရာ အကြောင်းအရာလေး သတင်းရေးသားချင်လို့ပါ။ အခုချိန်က အလှူအတန်းတွေလည်း များနေတော့ အလွန်အမင်းဆူညံသံတွေက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအပေါ် ဘယ်လိုသက်ရောက်နိုင်မလဲဆိုတာ သိချင်တာပါဆရာ။

ဆူညံသံတွေက ကျန်းမာရေးကို ထိခိုက်တယ်။ အလုပ်နေရာတွေမှာ ဆူညံသံတွေကို ကျန်းမာရေးအသိရှိသူတွေက သတိထားကြသလို ရပ်ထဲရွာထဲက ဆူညံသံတွေကိုတော့ လူမှုရေးအသိရှိသူတွေ အသိတရားထားဘို့ လိုပါတယ်။

• စာသင်-စာဖတ်ကိုထိခိုက်တာ၊ ကိုယ်-စိတ် အနှောက်အယှက်ဖြစ်တာနဲ့ အိပ်မရတာတွေကိုတော့ သိတာများကြပေမဲ့
• နာအကြားထိခိုက်တာ၊ သွေးတိုးရောဂါ နဲ့ နှလုံးသွေးမဝရောဂါတွေကိုလဲ ဖြစ်စေတယ်။ ဖြစ်နေရင်လဲ ပိုဆိုးစေပါမယ်။ ခေါင်းမူးရောဂါလဲပါတယ်။
• ခုခံအားစနစ်ကိုလဲ သက်ရောက်စေနိုင်သလို၊ ကုန်ကုန်ပြောရရင် မွေးလာမဲ့ ဗိုက်ထဲကကလေးမှာ မွေးရာပါချို့ယွင်းချက်အထိပါဖြစ်နိုင်တယ်လို့ သိလာနေရပါတယ်။
• လူ့စိတ်ဖိအားကိုများစေတယ်။ ဒေါသထွက်မယ်။ စိတ်တိုအလိုမကျဖြစ်မယ်။
• လုပ်ငန်းခွင်ထိခိုက်မယ်။ အိမ်ထဲအလုပ်လုပ်ရတာတွေမှာလဲ မတော်တဆတွေ၊ လွတ်ကျ ကွဲရှတာတွေ ဖြစ်စေမယ်။ လူတွေစိတ်ကို ကြမ်းတမ်းလာစေတယ်။ မယဉ်ကျေးတဲ့အမူ-အပြောတွေကို စေ့ဆော်သေးတယ်။

လေယာဉ်၊ မော်တော်ယာဉ်တွေရဲ့ဆူညံသံတွေ၊ စက်ရုံဆူညံသံတွေ၊ ဗျောက်ခွဲတာ၊ စစ်ပွဲကလက်နက်သံတွေကို ဆူညံသံလို့ သူများဆီမှာ ဆိုပါတယ်။ ကျွန်တော်တို့ဆီမှာတော့ အသံချဲ့စက်တွေကနေ သီချင်းဖွင့်ဖွင့်၊ တရားဟောဟော၊ ကြောညာအော်အော် ဆူညံသံဟာဆူညံသံသာ ဖြစ်တယ်။

• (အီးယူ) ကနေ ဆူညံသံကြောင့် social costs လူမှုရေးဆုံးရှုံရမှုကိုတွက်ချက်ထားတာမှာ တနှစ်ကို €40 billion (ဘီလီယန် ၄ဝ) ကျော်ရှိတယ်။ သူတို့ဆီမှာ ခရီသည်တင်မော်တော်ယာဉ်ကြောင့်ကအဆိုဆုံးဖြစ်တယ်။
• ယာဉ်ဆူညံသံတခုတည်းကနေ ဆူညံသံမြင့်တာကိုကြားနေရသူက ၅ ယောက်မှာ ၁ ယောက်ရှိပြီး၊ ကျန်းမာရေးထိခိုက်မှုခံနေရသူဟာ ၃ ယောက်မှာ ၁ ယောက်ရှိတယ်။
• နားအကြားကိုဘယ်လိုထိခိုက်လဲ၊ အတွင်းနားထဲမှာရှိပြီး အရည်အောင်းနေတဲ့ Stereocilia of the cochlea နေရာကို ထိခိုက်လို့ဖြစ်ပါတယ်။ ဒီလိုဖြစ်သွားက ပြန်မရနိုင်တဲ့ ရာသက်ပန် နားမကြားရတာမျိုး ဖြစ်တယ်။ (ကော့်ကလီယာ) ရဲ့ အမွှေးလေးတွေကိုပျက်စီးစေတယ်။
• ၁၉၉၉ မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ လေ့လာမှုတခုလုပ်တယ်။
• အသံအမြင့် 67-70 dB(A) ဆိုရင် သွေးတိုးနဲ့ ဆက်စပ်မှု နည်းနည်းရှိတာကို သိလာရတယ်။ လ့လာမှုတွေအရ ညအချိန်မှာ အသံအမြင့် 50 dB(A) ကနေ နှလုံးသွေးကြောပိတ်ရောဂါကို ပိုဖြစ်စေတာသိလာရတယ်။ cortisol production ထုတ်လုပ်မှုတာရှည်များလို့ အဲလိုဖြစ်ရတာ။
• (ယူကေ) မှာ လေ့လာမှုတခုလုပ်တယ်။ အိမ်တွေမှာ ဆူညံတဲ့ပါတီပွဲတွေကြောင့် အိမ်တွင်းအနှောက်အယှက်ဖြစ်မှု ၃၃% ပိုစေတာတွေ့ရတယ်။ သူတို့ဆီမှာဘဲ လူဦးရေရဲ့ ၃၈% ဟာ ပါတ်ဝန်းကျင်ဆူညံမှု အသံပြဿနာရှိနေတယ်။
• အလုပ်ခွင်မှာ အသံအမြင့် 55 dB(A) ထက်ပိုတာမကောင်းပါ။ ဒါပေမဲ့ ၃၅-၄ဝ% မှာက ဒီအကန့်အသတ်ထက် ကျော်နေတယ်။
• ကလေးတွေရဲ့ ရုပ်ပိုင်းဖွံ့ဖြိုးမှုကိုလဲ ထိခိုက်စေတယ်။ မွေးရာပါ ယုန်နှုပ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခါးရိုးဆစ်ရောဂါတွေ ဖြစ်နိုင်တာ ပိုများတယ်။
• ကလေးတွေရဲ့ သိမှတ်ဥာဏ်ရည်ကိုလဲသက်ရောက်နိုင်တယ်။ စကားပြောတတ်တာမျိုး။
• Environmental noise regulations ဥပဒေလုပ်ထားတာက ပတ်ဝန်းကျင်ဆူညံသံကို အိမ်ပြင်အသံဟာ 60-65 dB(A) အများဆုံးရှိရမယ်လို့ဖြစ်တယ်။ အိမ်ထဲမှာဆိုရင် 45 dB ထက်မပိုရပါ။
• Occupational safety organizations လုပ်ငန်းခွင်သတ်မှတ်ချက်က 85 to 90 dB(A) အသံအမြင့်မှာ တပါတ်ကို နာရီ ၄ဝ ထက်မပိုရလို့ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁၁-၂ဝ၁၃

Empathy (အမ်ပသီ)

• Empathy (အမ်ပသီ) ဆိုတာ တခြားလူတယောက်ရဲ့ စိတ်ခံစားမှုအတွေ့အကြုံကို သိရှိနားလည်ခြင်းစွမ်းရည်လို့ ခေါ်တယ်။
• Sympathy (ဆင်ပသီ) ခေါ်တဲ့ သနားစိတ်နဲ့ Compassion (ကွမ်ပက်ရှင်) ခေါ်တဲ့ စာနာစိတ်ဆိုတာတွေ မထွက်ခင်မှာ၊ မဖြစ်ပေါ်ခင်မှာ (အမ်ပသီ) ဆိုတာက အရင်ဖြစ်ပေါ်တယ်။
• Sympathy (ဆင်ပသီ) က သူများကို ပိုကောင်းစေချင်စိတ်၊ သက်သာစေချင်စိတ်ဖြစ်တယ်။
• Pity (ပစ်တီး) ဆိုတာက သူများဒုက္ခရောက်နေတာမှာ သူ့ဖါသူမတတ်နိုင်တဲ့အခါမျိုးမှာ ဖြစ်ပေါ်တဲ့ စိတ်မကောင်း ဖြစ်တာ၊ သနားတာမျိုး ဖြစ်တယ်။

• တဖက်လူရဲ့ စိတ်ခံစားနေရမှုအပေါ်မှာ နားလည်ရမယ်။ ခံစားနေရသူမှာ ကိုယ်ခန္ခာနာကျင်မှုရှိနေတာမျိုးမှာ နားလည်ရမယ်။ နောက်ပြီး ယုံကြည်မှုနဲ့ အလိုဆန္ဒကြောင့် တဖက်လူမှာဖြစ်ပေါ်နေတာဆိုရင် အဲဒီချက်တွေဟာ ကိုယ့် (အမ်ပသီ) ရဲ့ အခယာဖြစ်မယ်။
• တဖက်သား ဘယ်လိုနေမယ်ထင်တာကို မှန်းဆကြည့်နိုင်စွမ်းက အရေးပါတယ်။ အတော်ခက်တဲ့ စွမ်းရည်ပါ။ ဒီအရည်အချင်းဟာ ပင်ကိုယ်အစွမ်း၊ မသိစိတ်မှာကိုရှိနေတာ ဖြစ်တယ်။ သင်ယူလို့လဲ အတိုင်းအတာတခုအထိ ရတယ်။ ကလေးဘဝကနေ အသက်ရတာနဲ့ ဖွံ့ဖြိုးတိုးတက်လာတယ်။
• နာတာခံစားနေသူတယောက်က ဖေါ်ပြနေတဲ့ မျက်နှာ-ကိုယ်လက်အမူအယာနဲ့ ထွက်လာတဲ့အသံတွေဟာ သူ့ကိုယ်ခန္ဓာမှာ ခံစားနေရတာကို ကိုယ်စားပြုချက်တွေဖြစ်တယ်။ သတိထားဘို့က တချို့ ပိုတယ်။ သူ့ကို သူများတွေက သနားအောင်၊ ဆရာဝန်ကနေ ပိုဂရုစိုက်အောင် တမင်အပိုလုပ်တတ်တယ်။

• နှစ်မျိုးရှိတယ်။
- (၁) Affective empathy (Emotional empathy) ဆိုတာ တဖက်သားရဲ့စိတ်ခံစားမှုနဲ့အညီ ကိုယ်ကလဲခံစားမှုဖြစ်ပေါ်တာ။ ကိုယ့်ဆီကို ကူးစက်လာလို့ဖြစ်ရတယ်။
- (၂) Cognitive empathy ဆိုတာက တဖက်သား ခံစားနေတာ (မြင်တာ) ကို ကိုယ်က နာလည်နိုင်စွမ်းဖြစ်တယ်။
• Empathic anger “ကရုဏာဒေါသောစိတ်” ဆိုတာလဲရှိတယ်။ လူနာက ကိုယ်ပြောထားတာကိုနားမထောင် (အရက်မသောက်ပါနဲ့ ပြောတာကို မလိုက်နာတာ) မျိုးမှာ ဆရာ့ဝန်စိတ်ထဲဖြစ်ပေါ်တတ်တယ်။ ဒေါသလဲထွက်ရဲ့ ကုလဲကုရပေးရတယ်။
• Empathic distress “သောကစိတ်” ဆိုတာ သူများနာကျင်မှုကို ခံစားမိတာမျိုး။ ဒီကနေဆက်ပြီး ကရုဏာဒေါသ ဖြစ်နိုင်တယ်။ မတရားပါလား၊ အပြစ်ရှိပါလားလို့ ဆရာဝန်ကနေသိတယ်။

• မိန်းမတွေက ယောက်ျားတွေထက် ပိုပြီး (အမ်ပသက်တစ်) ဖြစ်တယ်လို့ယူဆကြပေမဲ့ အငြင်းပွါးစရာဖြစ်တယ်။
- Empathy Quotient (EQ) မှာ မိန်းမတွေကသာပေမဲ့
- Systemizing Quotient (SQ) မှာ ယောက်ျားတွေကသာတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁၁-၂ဝ၁၃

“အရေးပေါ်လူနာတွေရှိသည်”

မုံရွာဝန်းကျင်က ဆရာဝန်များခင်ဗျာ။ တတ်စွမ်းသ၍ သေနတ်ဒဏ်ရာရပြီး ဆေးကုသခွင့်မရသူတွေကို ဝိုင်းကူပေးကြပါခင်ဗျာ။ အနူးအညွတ်မေတ္တာရပ်ခံပါတယ်။

Alanka Monywa
ဆရာ ဒီနေ့ည လက်ပတောင်းမှာ ရဲခြောက်ယောက် ပြည်သူတွေဝိုင်းရိုက်တာခံရတယ်။ အခု ဆေးရုံရောက်နေတယ်။ ရဲတွေ ည ၉ နာရီကျော်လောက်ထင်တယ် ဆေးရုံရဲတွေရောက်တော့ ၁၀ နာရီ ကျော်ပြီ။ သတင်းတော့ အကြ မသိရသေးဘူး။ ဆေးရုံမှာပြောကြားသံတွေပါ။ ရဲတွေတော့ တော်တော်နာတယ်။

Tint Swe
ဟုတ်လား။ ဘယ်ကမှ မကြားမိသေးဘူး။

Nay Thiha
"လက်ပံတောင်းတောင်မှာ ၁၄. ၁၁. ၂၀၁၃ ည ၈း၃၀နာရီဝန်းကျင် ရဲနဲ့ဒေသခံတွေ ပဋိပက္ခဖြစ်ပြီး ထိခိုက်မှုတွေ ရှိခဲ့ကြတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ရဲ (၉)ဦး မုံရွာဆေးရုံကြီးကိုရောက်ရှိကုသနိုင်ခဲ့ပေမယ့် သေနတ်မှန်တဲ့ဒေသခံတွေက ကုသခွင့်မရသေးတာက လုံးဝကိုမတရားတဲ့ အဖြစ်ပါ။ တာဝန်ရှိတဲ့အာဏာပိုင်တွေအနေနဲ့ သေနတ်မှန်တဲ့ဒေသခံတွေကို အမြန်ဆုံးကုသပေးဖို့ တိုက်တွန်းတောင်းဆိုပါတယ်။

Thein Than Oo
ဆရာ ရွာသားတွေ သေနတ်မှန်တာ ဆေးထွကိမကုရဲဘူး ဘယ်လိုလုပ်ရမလဲ အကြံပေးပါအုံး။

Tint Swe
အေးဗျ၊ အခုဘဲ မှတ်ကြီးကလဲ လှမ်းပြောတယ်။ ကျွန်တော်လဲ ဘယ်လိုမှ မတတ်သာသေးဘူး။ သိတဲ့ဆရာဝန်တွေ လှမ်းပြောကြည့်အုံးမယ်။

မုံရွာဝန်းကျင်က ဆရာဝန်များခင်ဗျာ။ တတ်စွမ်းသ၍ သေနတ်ဒဏ်ရာရပြီး ဆေးကုသခွင့်မရသူတွေကို ဝိုင်းကူပေးကြပါခင်ဗျာ။ အနူးအညွတ်မေတ္တာရပ်ခံပါတယ်။

ဒေါက်တာတင့်ဆွေ
နံနက် ဝ နာရီ၊ ၂ဝ မိနစ် ၁၅-၁၁-၂ဝ၁၃

Wednesday, November 13, 2013

Urinary Incontinence in Women အမျိုးသမီး ဆီးမလုံခြင်း

ကလေးတိုင်းဟာ အသက် ၅-၆ နှစ်ဆိုရင် ဆီးကို ထိန်းနိုင်လာကြပြီ။ သွားရမဲ့နေရာကြမှသာ ဆီးသွားတတ်လာမယ်။ တလထဲမှာ ၂ ခါလောက် အိပ်ရာထဲရှူပါရင် Bed wetting (Enuresis) ခေါ်တယ်။ စိတ်ဖိအားများရင်၊ ကြောက်စိတ်ဝင်ရင် လူကြီးတွေထဲက အမျိုးသမီးတွေပိုဖြစ်ကြတယ်။ ဆီးလမ်းကြောင်း တည်ဆောက်ထားပုံ၊ ကလေးမွးဖွါးရတာ၊ သွေးဆုံးတာ၊ ဆီးလမ်းပိုးဝင်တာတွေကြောင့် ပိုများရတယ်။ သန်းပေါင်းများစွာ အမျိုးသမီးတွေမှာ ဖြစ်နေကြတယ်။ အာရုံကြောထိခိုင်ရင် ကျားရော မပါဖြစ်တယ်။ ဆီးလမ်းကိုထိန်းပေးနေတဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေမှာ တခုခုဖြစ်လို့ဖြစ်ကြရတယ်။

• Stress Incontinence ဖိအားကြောင့် = ချောင်းဆိုး၊ ရယ်မော၊ နှာချေ၊ စတာမျိုးကနေလဲဖြစ်တယ်။ ကိုယ်ဝန်ကြောင့်၊ မီးဖွါးလို့နဲ့ သွေးဆုံလို့ကြောင်လဲ ဖြစ်တယ်။ (အီစထိုဂျင်) နည်းတဲ့ ရာသီမလာခင် တပါတ်လောက်မှာ ပိုသိသာတယ်။
• Urge Incontinence ဆီးသွားချင်လာရင် အမြန်သွားရခြင်း = အာရုံကြောမှာ ပြဿနာရှိလို့ဖြစ်ရတယ်။ ဆီးသွားစေတဲ့ဆေးသောက်ထားရင်၊ စိုးရိမ်စိတ်များရင်၊ တချို့က ပူလို့၊ တချို့ကအေးလို့ ဖြစ်ကြတယ်။
• Functional Incontinence လုပ်ငန်းပျက်ယွင်းခြင်း = လည်ပင်းကြီး-ဟော်မုန်း များတာနဲ့ ဆီးချို မထိန်းနိုင်တာကနေလဲ ဖြစ်နေတာကို ဆိုးစေနိုင်တယ်။ အာရုံကြောရောဂါ၊ ထိခိုက်မိတာတွေကနေလဲ ဆီးအိမ်ကိုထိန်းလို့ ခက်စေမယ်။ (မာလ်တီပယ်-စကလ်ရိုးဆစ်) (ပါကင်ဆန်) ရောဂါ (အဇာမိုင်ယာ) ရောဂါ၊ ဦးနှောက် သွေးကြောပိတ်ရောဂါတွေကနေလဲ ဖြစ်တယ်။ လူဝလွန်းရင်၊ အိုလာရင် ယောက်ျားတွေရော မိန်းမတွေမှာပါ ဆီးမလုံတာဖြစ်နိုင်တယ်။
• Overactive Bladder ဆီးအိမ်က လိုတာထက်ပိုအလုပ်လုပ်နေခြင်း အာရုံကြောကြောင့် ဖြစ်တယ်။
• Overflow incontinence ယောက်ျားတွေမှာ ပိုဖြစ်တယ်။ ဆီးပိုက်ပိတ်နေတာ၊ ဆီးချိုကြောင့် အာရုံကြော အားနည်းတာ၊ ဆီးကျောက်။ ကင်ဆာတွေကနေဖြစ်စေတယ်။
• Transient incontinence အခိုက်အတန့်မှာသာဖြစ်တာက ဆီးလမ်းပိုးဝင်နေချိန်၊ ဝမ်းချုပ်နေချိန်၊ စိတ်ဖိအားများချိန်၊ ဆောင်းတွင်းအချိန်တွေမှာ ဖြစ်တယ်။

ဖြစ်စေတဲ့ အကြောင်းအပေါ်မူတည်ပြီး ကုသရတယ်။ အာရုံကြော ထိခိုက်ပျက်စီးတာမျိုးကတော့ မရနိုင်ဘူး။
• Lifestyle changes ဆီးများစေတာတွေ (ဘီယာ၊ ကော်ဖီ စသည်) သောက်တာ ရှောင်ပါ။
• Pelvic muscle exercises (Kegel exercises) လုပ်တာလဲ ကောင်းတယ်။ (ရေးထားပါတယ်။)
• Biofeedback နည်းဆိုတာ ကရိယာလေး တပ်ထားနည်းဖြစ်တယ်၊
• Timed voiding အချိန်မှတ်ပြီး ဆီးသွားနည်းတွေလုပ်နိုင်တယ်။
• Bladder Retraining ဆီးအိမ်လေ့ကျင့်ခန်း = ဆီးသွားချိန် သတ်မှတ်ပေးထားပါ။ အချိန်ကို ကိုယ်လိုချင်သလို ပြောင်းနိုင်အောင် ကြိုးစားပါ။
• Overactive bladder ဖြစ်နေရင် အာရုံကြောကို ထိန်းမဲ့ဆေးမျိုးပေးမယ်။ Anticholinergics (Atropine, Benzatropine, Biperiden, Ipratropium, Oxitropium, Tiotropium, Glycopyrrolate, Oxybutynin, Tolterodine, Chlorpheniramine, Diphenhydramine, Dimenhydrinate, Orphenadrine, Trihexyphenidyl, Dicyclomine) ဆေးမျိုးဖြစ်တယ်။
• Stress Incontinence အတွက် Vaginal Devices ဗဂျိုင်းနားထဲ ထည့်ထားရတဲ့ကရိယာ၊
• Catheterization တချို့ကို ဆီးပိုက်ထပ်ထားပေးရတယ်။
• Overactive Bladder အတွက် Anticholinergics အမျိုးအစားဆေးတွေသုံးတယ်။
• Urge incontinence ဖြစ်တာကို Neuromodulation နည်း လုပ်တယ်။ FDA အသိအမှတ်ပြုထားတာက InterStim ဖြစ်တယ်။
• Stress Incontinence အတွက် Vaginal Devices မွေးလမ်းကြောင်းထဲထည့်တဲ့ ကရိယာရှိတယ်။ ဆီးအိမ်လည်ပင်းနား အထိန်းကြွက်သားကွင်းနေရာမှာ ဆေးထိုးနည်းလဲရှိတယ်။ Collagen နဲ့ Carbon spheres တွေသုံးတယ်။
• Surgery ခွဲစိတ်ကုသနည်းလဲရှိတယ်။ ခွဲစိတ်နည်းကလဲ အမျိုးမျိုးရှိပါတယ်။ ခွဲစိတ်ကုသနည်း ၃ မျိုးသုံးကြတယ်။ Retropubic suspension နည်း၊ Sling procedures နည်း နဲ့ Midurethral slings နည်းတွေဖြစ်တယ်။
• Prolapse သားအိမ်ကျရောဂါ ရှိရင် ခွဲစိတ်ပြုပြင်နည်းဖြစ်ဖြစ် သားအိမ် ထုတ်နည်းဖြစ်ဖြစ် လုပ်နိုင်တယ်။

Urine Dribbling အမျိုးသား ဆီးတစက်တစက် ထွက်နေခြင်း http://dts-medicaleducation.blogspot.in/2011/12/urine-dribbling.html

Dr. တင့်ဆွေ

Tuesday, November 12, 2013

Supplementary foods ကလေးအတွက် ဖြည့်စွက်စာ

(၁) ကျွန်မတို့မိသားစု့ မှာနေကြပါတယ်ရှင်။ ကျွန်မအသက်က ၃၂ နှစ်ပါ။ ကျွန်မမှာ ၁၄ လသားအရွယ်သားကို မွေးတုန်းက ၆ ပေါင်ခွဲပါ။ မိခင်နို့တမျိုးထဲကိုပဲ တိုက်ပါတယ်။ နို့မှုန့်နဲ့မျှတိုက်ဖို့ ကြိုးစားပေမယ့် သူမစို့ပါဘူး။ ၄ လသားကနေစပြီး အဟာရမှုန့် ကျွေးပါတယ်။ ၇ လသားလောက်အထိ ပုံမှန် ဝိတ်တက်ပြီး နောက်ပိုင်းမှာ ကျွေးရတာ သိပ်ခက်လာပါတယ်။ ကလေးသီချင်းလေးတွေ ဖွင့်ပြပြီး ကျွေးရင်တော့ စားပါတယ်။ ဒါပေမယ့် သူအဲလို တီဗွီကြည့်ရင်း အစားစားရင် ဉာဏ်ထိုင်းမှာ စိုးလို့ ခုနောက်ပိုင်း မြူလိုက်ဆော့လိုက်နဲ့ ကျွေးပါတယ်။ သူအရင်လို သိပ်မစားတော့ပဲ ထွေးထွေးထုတ်ပါတယ်။ မိခင်နို့ကိုပဲ တချိန်ကုန် တောင်းနေတော့တာပါပဲ။ ၁ နှစ်သားတုန်း ၁ နှစ်ပြည့် ကျန်းမာရေး စစ်ဆေးမှုတွေလုပ်တော့ ဝိတ်ကျနေပါတယ်ရှင်။ ၁ဝ လသားလောက်တုန်းက ၉ က်ီလို နီးပါးရှိရာက ၁ နှစ်ပြည့်မှာ ၈ ကီလိုသာသာပဲရှိပါတော့တယ်။ ခုထိလည်း လမ်းမလျှောက်သေးပါဘူး။ သွားလည်း အပေါ်သွား နှစ်ချောင်းသာ ပေါက်ပါသေးတယ်။ ဒီက ဆရာဝန်တွေ နပ်စ်မတွေက Normal လို့ပဲတော့ပြောပါတယ်။ သူတို့ညွှန်သလို Cheese တွေ အာလူးတွေ နို့တွေကျွေးပါတယ်ရှင်။ သူက ထွေးချည်းထုတ်ပါတယ်။

(၂) ဆရာရှင့် ၆ လအရွယ်ကလေးကို တိုက်ဖို့အတွက် နွားနို့ကို ဘယ်လိုကြိုချက်ပြီး အသုံးပြုရင် အန္တရာယ်ကင်းနိုင်မလဲ ၊ သူနဲ့ အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ သိချင်ပါတယ်ရှင့်။ နောက်ပြီး ကလေးအတွက် ဘယ်လို ဖြည့်စွက် အစာတွေက သင့်တော်မလဲဆိုတာပါ သိချင်ပါတယ်။

ကလေးအတွက် ဖြည့်စွက်စာ မေးလာသူတွေ မနည်းပါ။ ခပ်တိုတိုတွေသာဖြေခဲ့ပါတယ်။ အခုတော့ ဖြည့်စွက်စာ စာတပုဒ် ရေးဖြစ်သွားလို့ မေးတဲ့သူကို ကျေးဇူးတင်ပါတယ်။ ကလေးဆေးပညာလို ရေးရင် ဖတ်ရတဲ့သူအတွက် ခက်နေမှာမို့ ရိုးရိုး ရှင်းရှင်းသာ ရေးပါရစေ။ အစဉ်အလာ ဆရာဝန်တွေသင်ခဲ့တာက ကလေးတွေကို ၄-၆ လကစပြီး ဖြည့်စွက်စာကျွေး၊ ၁ နှစ်၊ ၁ နှစ်ခွဲရှိလာရင် နို့ဖြတ်။ နောက် နောက်ကိုယ်ဝန် ရှိလာရင်လဲ နို့ဖြတ်။ နို့မဖြတ်ခင်မှာ မိခင်နို့လဲတိုက်ပါ၊ ဖြည့်စွက်စာလဲ ကျွေးပါ။ နို့တခုတည်းနဲ့တော့ ၆ လနောက်မှာ မလုံလောက်ပါ။

ဘယ်လိုအစာကျွေးပါဆိုတာ ယေဘုယျပြောရရင် လူကြီးစားတာထဲက မမာတာ နဲ့ မစပ်တာတွေအကုန်ဖြစ်ပါတယ်။ သွားမပေါက်ခင် တခါထဲမြိုချနိုင်တာကို ကျွေးရပါမယ်။ အသား-ငါး၊ အသီး-အရွက်၊ ပဲ၊ ထမင်း။ ဆီ နဲနဲ ပါပါစေ။ ဝါးစရာ မလိုလောက်အောင် ပျော့တာ၊ နူးတာလုပ်ပြီး ကျွေးနိုင်ပါတယ်။ ဟင်းရည်၊ ပဲဟင်းရည် တိုက်နိုင်တယ်။ ကြက်ဥပြုတ်၊ အာလူးပြုတ်၊ ကန်စွန်းဥပြုတ် စတာတွေ ကျွေးနိုင်တယ်။ အဆင်သင့်လုပ် ကလေးစာတွေလဲ ရပါတယ်။

ကလေးတွေလဲ လူကြီးတွေလိုဘဲ အကြိုက်ဆိုတာရွေးမယ်။ အသီးဖျော်ရည်ကို အိမ်မှာလုပ်တာလဲ ကောင်းတယ်။ ဆိုင်က အသင့်လုပ်တွေ အမျိုးမျိုး အဆင်ပြေတာ သုံးနိုင်ပါတယ်။ Junk food လို အသင့်ထုပ်ပိုးပြီး ခေတ်ပေါ်အစာတွေ ရှောင်ပါ။ အိမ်မှတင်လဲ လူကြီးထမင်းဝိုင်းက ကလေးနဲ့ မပူ-မစပ်တဲ့ ဟင်းအရည်ကို တိုက်နိုင်တယ်။ အသီးအနှံထဲကလဲ ဝါးစရာ မလိုတာကို သေးသေးလေးတွေလုပ်ပြီး ကျွေးနိုင်ပါတယ်။ ကလေးဆိုတာ တနေ့မှာ အကြိမ်များများ၊ တခါမှာ နည်းနည်း ကျွေးရမယ်။ ပျားရည်၊ ကြက်ဥ၊ အာလူး၊ ငှက်ပျောသီး၊ လိမ်မော်သီး၊ သင်္ဘောသီး စတာတွေ ရပါပြီ။

၁ နှစ်ကျော်ရင် အစုံကျွေးနိုင်ပါတယ်။ အစုံဆိုတာ ထမင်း-ဟင်းတွေ ပြောတာပါ။ လူကြီးတွေလိုဘဲ နွားနို့၊ လက်ဘက်ရည်၊ ကော်ဖီ၊ အသီးအနှံ၊ သွားရည်စာ စားနိုင်ပြီပေါ့။ သိတဲ့အတိုင်း သွားရည်စာ များရင် ပင်မအစား ထမင်းနည်းတတ်တယ်။

နွားနို့ကို နိုင်ငံတွေမှာ ရောင်းချပုံမတူကြပါ။ ကျန်းမာရေးနဲ့ညီတာ စံသတ်မှတ်ချက်နဲ့အညီသာရောင်းချရတဲ့ဆီမှာတော့ ထူးပြောစရာမရှိပါ။ မြန်မာပြည်မှာတော့ ပြောစရာတွေ များလွန်းတဲ့အထဲမှာ နွားနို့လဲပါတယ်။ နွားကနေကူးစက်တဲ့ (တီဘီ) ဆိုတာရှိလို့ နွားနို့ကို Pasteurized milk ခေါ်တဲ့ သတ်မှတ်ထားတဲ့အပူချိန်အထိပေးထားတာကိုသာ ရောင်းချခွင့်ရှိတယ်။ ဒါတောင်မှ နွားနို့ထဲမှာ ရှိရှိသမျှ ပိုးတွေ အကုန် သေသေးတာမဟုတ်ပါ။ ပွက်အောင်ကျိုလိုက်ရင် ပိုးတွေသေပြီလို့ မှတ်ယူနိုင်ပါတယ်။ ကလေးတိုက်ဘို့ဆိုရင် လူကြီးတွေလို အဆီထုတ်နေစရာမလိုပါ။

ချောကလက်လဲ ကောင်းတဲ့အစာပါဘဲ။ ဒါပေမဲ့ ကလေးတွေ သွားမကောင်းဖြစ်ရတဲ့ တရားခံလဲဖြစ်တယ်။ အချိုစာမှန်သမျှ သွားသတိထားရမယ်။ အချိုစာတွေထဲမှာပါတဲ့ သကြားဓါတ်က သွားရည်နဲ့ ပေါင်းတော့ အက်စစ်ထွက်ပြီး သွားရဲ့ အပေါ်ယံ ကြွေလွှာကို ဒုက္ခပေးတယ်။ အချိုဆိုတာထဲ အကုန်ပါတယ်။ ထမင်း၊ သကြား၊ ထန်းချက်၊ ချောကလက်၊ အိုက်စ်ခရင်မ်၊ အချိုရည်။

ကလေးဥာဏ်ကောင်းဘို့ဆိုတာ အစာအာဟာရလဲ သက်ရောက်စေနိုင်ပါတယ်။ အစာဆိုတာ နည်းတာ-များတာအပြင် မျှတဘို့က ပိုသတိထားရတယ်။ မျှတတယ်ဆိုတာ အမျိုးအမယ် စုံရမယ်၊ သင့်ရတယ်။ မျိုးဗီဇ၊ ပတ်ဝန်းကျင် လေ့လာမှု၊ သင်ကြားပေးမှု၊ ရောဂါဘယကင်မှုတွေ အားလုံးက ကလေးရဲ့ ကိုယ်-စိတ်ကျန်းမာရေးကို သက်ရောက်စေပါတယ်။

ကလေး အားဆေးဆိုတာ အခြေခံက ဗီတာမင် (ဘီ) အုပ်စုဖြစ်တယ်။ သွားပေါက်ချိန်မို့ (ကယ်လ်စီယမ်) ပါပေးနိုင်တယ်။ အားဆေးတွေကို နာမည်အမျိုးမျိုးနဲ့ နေရာတကာ ဝယ်လို့ရတယ်။ ဈေးကြီးတိုင်း ပိုကောင်းမယ် မဟုတ်ပါ။ နာမည်ရတဲ့ ကုမ္ပဏီကနေ ထုတ်တာဆိုရင် ပြီးတာပါဘဲ။ အားဆေးတိုက်တာ အစာစားပြီချိန် ကောင်းပါတယ်။ လူကြီးတွေလို တနေ့ ၂ ကြိမ်၊ မနက်-ညနေ တိုက်နိုင်ပါတယ်။

တချို့မိဘတွေက တမျိုးမျိုးကျွေးပြီး တခုခုဖြစ်ရင် ကျွေးလိုက်တာနဲ့ မတည့်ဘူးလို့ တထစ်ချမှတ်တတ်ကြတယ်။ မမှန်ပါ။ မတည့်ဘူးဆိုတာ ရှားလွန်းပါတယ်။ မတည့်တဲ့လက္ခဏာတွေ သပ်သပ်ရှိပါတယ်။ (အလာဂျီ) နဲ့ အစာအဆိပ်သင့်ခြင်း လက္ခဏာတွေဖြစ်တယ်။ ဝမ်းပျက်ရင် အဲဒီတနပ်မှာ ဝမ်းပျက်စေတာ ပါသွားလို့ဖြစ်မယ်။ မကျွေးပဲထားရင် ကလေးရဲ့ အစာချေလမ်းက အဲလိုအစားအသောက်မျိုးကို ကျေချက်ဘို့ ချက်ချင်းမလုပ်တတ်တော့ပဲ ဖြစ်သွားမယ်။ ကျင့်ယူနေရလိမ့်မယ်။ အစာလမ်းကနေ ကူးစက်ရောဂါတွေကို ရှောင်ဘို့သာ အရေးကြီးပါတယ်။ ဝမ်းပျက်၊ ဝမ်းကိုက်၊ တိုက်ဖွိုက်၊ အသဲရောင် (အေ)၊ စတာတွေဖြစ်ပါတယ်။ ဒါတွေအားလုံးဟာလဲ အပူလုံလောက်အောင်ပေးတာနဲ့ ပိုးတွေက သေကြတယ်။ မီးပေါ်မတင်ရတဲ့အစားတွေကို ပိုဂရုစိုက်ပါ။ ယင်၊ ပိုးဟပ်၊ ကြွက်တွေရန်က ရှောင်ပါ။ ပုလင်း၊ ဇွန်း၊ ပန်းကန်၊ အိုး၊ ဒယ်တွေကို သန့်ပါစေ။ ကာကွယ်ဆေးတွေ စနစ်တကျထိုးပါလေ။

Cypon syrup (ဆိုက်ပွန်) ဆေးရည် http://dts-medicaleducation.blogspot.in/2013/10/cypon-syrup.html

ဒေါက်တာတင့်ဆွေ

Sunday, November 10, 2013

Solitary fibrous tumor of the pleura အဆုပ်ဖုံးလွှာ တလုံးတည်းသောအကျိတ်

ကျနော့်အမေ အသက် ၄၂ နှစ်ပါ။ နှလုံးနားမှာအလုံးဖြစ်တာ့ မှာကုနေပါတယ်။ အသားစယူစစ်ကြည့်တော့ Solitary fibrous tumor of the pleura လို့ပြောပါတယ်။ အခုကြီးပြီး နှလုံးသွားထိနေလို့ မခွဲရဲပဲ radioactivity ၁၄ ခါ ပေးပြီး သေးသွားမဲ့အချိန်ကို စောင့်ခိုင်းထားပါတယ်။ နှလုံးလွတ်မှ ခွဲနိုင်မယ့်လို့ ပြောပြတယ်။ အခုနေခွဲရင် အသက် သေနိုင်တယ်တဲ့။ အခု ချိန်းတဲ့ရက်သွားပြီး သွေးစစ် ဓါတ်မှန်ရိုက်နဲ့ပဲ ဆက်နေနေရပါတယ်။ အဲ့အလုံးက radioactivity ကြောင့် တကယ်သေးပြီး နှလုံးနဲ့ လွတ်သွားနိုင်ပါသလားဆရာ။ မသေးရင်ရော ဆက်ကြီးတာတို့ ကင်ဆာဘက် ပြောင်းသွားတာတို့ ဖြစ်နိုင်ပါသလားခင်ဗျာ။ အမေ့ ဆေးစစ်မှတ်တမ်းပါထည့်ပေးလိုက်ပါတယ်။
• အဆုပ်ဖုံးလွှာ တလုံးတည်းသောအကျိတ် အလွန်ရှားတယ်။ ကျား-မ ဆတူဖြစ်တယ်။ ၇၈-၈၈% က ကင်ဆာ မဟုတ်ပါ။
• Localized fibrous tumor, Benign mesothelioma, Localized fibrous mesothelioma, Submesothelial fibroma နဲ့ Pleural fibroma နာမည်တွေနဲ့လဲခေါ်တယ်။
• အဆုပ်ဖုံးလွှာက ၂ ထပ်ရှိတယ်။ ၈ဝ% က အပြင်လွှာမှာဖြစ်တယ်။ အရွယ်အစား အမျိုးမျိုးရှိတယ်။
• ကင်ဆာဟုတ်ဟုတ် မဟုတ်ဟုတ် ခွဲစိတ်ထုတ်ပြစ်ရမယ်။ Complete en bloc surgical resection နည်းလို့ ခေါ်တယ်။
• ကင်ဆာမဟုတ်ရင် အလားအာသိပ်ကောင်းတယ်။ ၈% ကတော့ ပြန်ဖြစ်တတ်တယ်။ ထပ်ခွဲလိုက်ရုံဘဲ။
• ကင်ဆာဆိုရင် ၆၃% ပြန်ပေးတယ်။
• Chemotherapy ကင်ဆာဆေးပေးတာနဲ့ Radiotherapy ဓါတ်ကင်ပေးတာ လုပ်ကြတယ်။ လုပ်-မလုပ် ငြင်းကြတာတော့ ရှိတယ်။
• ရှိနေမှန်း အမှတ်မထင်သာသိရတာက များတယ်။ တချို့မှာ ချောင်းဆိုး၊ ရင်ပတ်နာတယ်။ အသက်ရှူခက်တယ်။ ချောင်းဆိုးသွေးပါဆိုရင် ကင်ဆာဖြစ်ဘို့များတယ်။
• မေးတဲ့သူအတွက် အခုနေမှာ မှန်းဆချက်သာရှိလို့ ကုသပေးတဲ့ဆရာဝန်နဲ့သာ တိုင်ပင်ပါ။ တိုးတက်မှုကိုကြည့်ပြီးမှသာ ပြောနိုင်လိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၁၁-၂ဝ၁၃

Health question ကျန်းမာရေးနဲ့ ဆေးပညာ မေးခွန်းစည်းကမ်း

• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။
• ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်အဖြေ၊
• လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။
• နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ ဒါပေမဲ့ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ ပွင့်ပွင့်လင်းလင်း မေးပါ။
• Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box/Message box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။ မြန်မာလို၊ အင်္ဂလိပ်လို စစ်စစ်ရေးပါ။
• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- drswe01@gmail.com
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/(၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ

ဒေါက်တာတင့်ဆွေ

Tongue diseases လျှာနာများ

ဆရာရှင့် ကျွန်မသားလေးက အသက်က၂ နှစ်ပါ။ အခုကလေးရဲ့လျာမှာ အကွက်ကလေးတွေ တွေ့နေရလိုပါ။ ကလေးကတော့ ပုံမှန်အတိုင်းပါပဲ။ အစာလဲစားနိုင် သောက်နိုင်ပါတယ်။ ဘာဖြစ်တာလဲသိချင်ပါတယ်။ မှက်ခရုဆိုတာမျိုးဖြစ်နေမှာဆိုးလို့ပါ။ ဖြေကြားပေးပါ ဆရာရှင့်။ ပုံပါတွဲပို့လိုက်ပါတယ်။

လျှာရောင်တာမှန်သမျှ Glossitis ခေါ်တယ်။ ပိုးဝင်လို့၊ ထိခိုက်မိလို့၊ ဘာကနေဖြစ်မှန်းမသိနိုင်တာတွေကနေဖြစ်စေတယ်။

• Infective ကူးစက်ရောဂါတွေ = Glossitis မှိုပိုးကနေဖြစ်တာများတယ်။ မှက်ခရုကဖြူနေတာရှိတယ်။ တချို့ကနီရဲနေလို့ စထော်ဘယ်ရီလျှာခေါ်တယ်။ Syphilitic glossitis လိင်ကတဆင့်ကူးစက်ရောဂါတခုဖြစ်တဲ့ ဆစ်ဖလစ်နောက်ပိုင်းကြောင့် လျှာနာကိုခေါ်တယ်။
• မွေးရာပါလဲရှိတယ်။ Ankyloglossia (tongue tie) မွေးရာပါလျှာခင်တွယ်ခြင်း၊Hypoglossia မွေးရာပါ လျှာတိုခြင်း၊ Macroglossia မွေးရာပါလျှာကြီးလွန်းခြင်း၊
• Oral hairy leukoplakia လျာမှာ အမွှေးပေါက်ပြီး အဖြူပြင်ထွက်တာကိုခေါ်တယ်။ ဗိုင်းရပ်စ်ကနေဖြစ်စေတယ်။ ခုခံအားနည်းနေရင်ဖြစ်တယ်။
• Oral candidiasis ခံတွင်းမှာ မှို (ဖန်းဂတ်စ်) ကနေဖြစ်တာဟာ ဗက်တီးရီးယားသေဆေးကြောင့် ဘေးထွက်-ဆိုးကျိုးအနေနဲ့ဖြစ်နိုင်တယ်။ ခုခံအားနည်းသူတွေနဲ့ ဆီးချိုရှိနေသူတွေမှာလဲ ဖြစ်တယ်။
• Traumatic ထိခိုက်မိလို့ဖြစ်ခြင်း။ သွားနဲ့ကိုက်မိတာ၊ အပူလောင်တာ၊ ဓါတ်ပစ္စည်း၊ လျှပ်စစ် စတာတွေကနေ ဖြစ်နိုင်တယ်။
• Autoimmune conditions ကိုယ်ခံအားကမောက်ကမဖြစ်တဲ့ရောဂါလဲရှိတယ်။ Sjogren's syndrome ခေါ်တယ်။
• Inflammatory လျှာရောင်တာထဲမှာ (၁) Glossitis နဲ့ (၂) Oral lichen planus ဆိုတာရှိတယ်။
• Hypoglossal nerve လျှာသွားအာရုံကြော်အားနည်းလို့ Melkersson–Rosenthal syndrome ဆိုတာဖြစ်နိုင်တယ်။
• Motor neuron disease မိုတာနူရုန်းရောဂါ Lou Gehrig's disease ဆိုတာလဲရှိတယ်။ လျှာရဲ့လှုပ်ရှားမှု အားနည်းနေမယ်။
• Oral cancer လျှာကင်ဆာဆိုတာ လျှာသေးအနားတဖက်ဖက်မှာ အဖုအကျိတ်ဖြစ်တယ်။
• Poor diet အစာအာဟာရနည်းလို့လဲဖြစ်တယ်။ ဗီတာမင် ဘီ နဲ့ သံဓါတ်၊ ဖေါလစ်အက်စစ်နည်းရင်ဖြစ်တယ်။ Atrophic glossitis ခေါ်တယ်။
• Black hairy tongue မဲပြီးအမွှေးပေါက်နေတဲ့လျှာဆိုတာ အစားအသောက်ညံ့တာ၊ ခံတွင်းသန့်ရှင်းရေး မကောင်းတာ၊ ဆေးလိပ်သောက်တာနဲ့ ဗက်တီးရီးယားဆေးတွေကနေ ဆက်ဖြစ်တယ်။
• Leukoplakia လျှာဖြူအကြောင်း Common Oral Mucosal Lesions ခံတွင်း-ပါးစပ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေထဲမှာ ရေးထားပါတယ်။
• Geographic tongue မြေပုံလိုအတွက်ဖြစ်တာဟာ ဘာလို့ဖြစ်သလဲ မသိနိုင်ပါ။ Benign migratory glossitis လို့လဲခေါ်တယ်။ မေးတဲ့သူပို့တဲ့ဓါတ်ပုံက အဲဒါဖြစ်တယ်။ မစိုးရိမ်ပါနဲ့။ ခံတွင်းသန့်ရှင်းရေး ပိုလုပ်ပါ။ ဆာရည်နဲ့ ပလုပ်ကျဉ်းပါ။ Listerine mouth wash သုံးပါ။ ဗီတာမင် (ဘီ) အုပ်စုတိုက်ပါ။ (စီ) လဲကောင်းတယ်။ အစာအဟာရ ပြည့်ဝ မျတပါစေ။

Common Oral Mucosal Lesions ခံတွင်း-ပါးစပ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေ http://dts-medicaleducation.blogspot.in/2012/06/common-oral-mucosal-lesions.html

ဒေါက်တာတင့်ဆွေ

Saturday, November 9, 2013

Methamphetamine (မက်သမ်ဖတမင်း)

Methamphetamine (မက်သမ်ဖတမင်း) ဟာ အဖြူရောင် အနံ့မရှိဘဲ ရေ၊ အရက်ထဲမှာ ပျော်ဝင်တယ်။ ဒီအတိုင်းလဲ ပါးစပ်ကနေ သောက်တယ်။ နှာခေါင်းထဲလဲထည့်တယ်။ ဆေးထိုးအပ်နဲ့လဲထိုးတယ်။ ဆေးလိပ်လိုလဲသောက်တယ်။ သူများနိုင်ငံတွေမှာ Speed, Meth, crystal, Crank စသဖြင့်ခေါ်တယ်။ မြန်မာပြည်မှာ ရေခဲလို့ခေါ်တယ်။ သူများဆီမှာလဲ Ice လို့ခေါ်တာလဲရှိတယ်။ ရောခေါ်တာလို့လဲဆိုပါတယ်။ Stimulants စိတ်ကြွစေတဲ့သတိရှိတဲ့ Methamphetamines နဲ့ Caffeine ကိုသာ Ice လို့ခေါ်တာကမှန်တယ်။

အားကောင်းတဲ့ စိတ်ကြွဆေးတမျိုးဖြစ်တယ်။ Psychostimulant ခေါ်တယ်။ Amphetamine ကနေထုတ်တယ်။ ဆေးအဆနည်းနည်းပေးရင် နိုးကြားနေမှုကို ပိုကောင်းစေမယ်။ အာရုံစိုက်မှုလဲ ပိုမယ်။ အားကုန်ရင်လဲ အားရစေတယ်။ ဆေးအဆများများပေးရင် Mania (မဲနီးယား) နဲ့ Euphoria (ယူဖိုးရီးယား) စိတ်အခြေအနေတွေအထိပြောင်းလာမယ်။

Medical use ဆေးကုရာမှာ သုံးပါတယ်။ Desoxyn 5-mg tablets ဆေးပြားကို သုံးတယ်။ ADHD နဲ့ Exogenous obesity လူအဝလွန်ရောဂါတွေအတွက် ပေးတယ်။ Narcolepsy နဲ့ Depression တခြားဆေးတွေနဲ့ မရတဲ့ စိတ်ဓါတ်ကျ ရောဂါအတွက်လဲ သုံးတယ်။

Physical effects ဒီဆေးသုံးရင် ရုပ်ပိုင်းပြောင်းလဲလာတာတွေရှိတယ်။
အစာမစားချင်၊ တက်ကြွနေမယ်၊ အရေပြားနဲ့ မျက်နှာနီရဲနေမယ်၊ ချွေးထွက်များမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အာခေါင်ခြောက်မယ်၊ ခေါင်းကိုက်မယ်၊ ရင်တုန်မယ်၊ နှလုံးခုန်မြန်မယ်-နှေးမယ်၊ နှလုံးခုန် မမှန်ဖြစ်မယ်၊ အသက်ရှူမြန်မယ်၊ သွေးဖိအားတက်မယ်-ကျမယ်၊ ဝမ်းပျက်မယ်၊ လက်တုန်မယ်၊ အရေပြားယားမယ်၊ ဝက်ခြံထွက်မယ်၊ ဖြူဖတ်ဖြူယော်နေမယ်၊ တက်မယ်၊ နှလုံး (အတက်) ရမယ်၊ သေမယ်။

စိတ်ပိုင်းသက်ရောက်မှုတွေကတော့ ကောင်းတာတွေကို ထင်မြင်နေမယ်။ လိင်စိတ်များမယ်။ အာရုံစိုက်မှုများမယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးနေမယ်။ လူထဲအတင်းလိုက်ရောမယ်။ စိတ်တိုမယ်။ ကြမ်းတမ်းမယ်။ ဆံပင်ကို ဆွဲနေမယ်။ အရေပြား ဆိတ်နေမယ်။ သူများ မမြင်-မကြားတာတွေကို မြင်ကြားနေမယ်။ သူ့မှာ ပါဝါတွေရှိနေတယ်ထင်မယ်။

ဆေးမသုံးရရင် အားယုတ်မယ်၊ စိတ်ဓါတ်ကျမယ်၊ အစားတွေ သိပ်စားချင်မယ်၊ စိုးရိမ်စိတ်ကဲမယ်၊ စိတ်တိုမယ်၊ ခေါင်းကိုက်မယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အိပ်ချိန်များမယ်၊ အိပ်မက် အမျိုးမျိုး မက်မယ်။

ရေရှည်မှာ ဆိုးတာတွေ ဖြစ်နိုင်တယ်။ စိတ်ဓါတ်ကျလွန်းလာမယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်မယ်။ နှလုံးရောဂါရမယ်။ စိတ်ရောဂါရမယ်။ စိုးရိမ်စိတ်များလွန်းလာမယ်။ စိတ်ကြမ်းတမ်းလာမယ်။

Abuse ဆေးတလွဲသုံးမှုနဲ့ Addiction ဆေးစွဲတာပါ ဆက်ဖြစ်လာမယ်။ Amphetamine/Stimulant psychosis စိတ်အခြေအနေတမျိုး ဖြစ်လာမယ်။ Chronic abuse တာရှည်သုံးရာကနေ Post-withdrawal syndrome ဆေးဖြတ်ချိန်မှာ ခံစားရမှာတွေ ဖြစ်လာမယ်။ Neurotoxicity အာရုံကြောအဆိပ်သင့်တာလို့ခေါ်တယ်။ တကယ်ဆေးဖြတ်ပြီးနောက် အချိန်အတော်ကြာအထိခံစားနေရမယ်။ အဲလို စိတ်ကိုထိခိုက်တာသာမကဘဲ (နှလုံးသွေးကြောရောဂါ) လဲ ရလာနိုင်တယ်။

Cocaine (ကိုကိန်း)၊ Amphetamine (အင်ဖက်တမင်း) တို့နဲ့မတူတာက Methamphetamine ဟာ Midbrain ဦးနှောက် အလယ်ပိုင်းမှာရှိတဲ့ Dopamine neurons အာရုံကြောကို ထိခိုက်စေတဲ့ Neurotoxic အာရုံကြောအဆိပ်မျိုး ဖြစ်တယ်။ Parkinson's disease ရောဂါရလမ်းလဲ များတယ်။

ဆေးခံနိုင်စွမ်းကို စမ်းသပ်တာမှာ အဖြေအမျိုးမျိုးထွက်တယ်။ တယောက်နဲ့တယောက် မတူကြဘူး။ Pleasure pathways သာယာမှုလမ်းကြောင်းကို သင့်တာထက်ပိုပြီး သက်ရောက်စေထားတဲ့အတွက် Anhedonia ဖြစ်လာမယ်။ ဆေးစွဲသုံးသူတွေမှာ သွားတွေက သူများထက် ပျက်စီးလွယ်ကြတယ်။ အဲဒါကို Meth mouth လို့ ခေါ်တယ်။

Methamphetamine addiction ဆေးစွဲတာကို ကုရတာဟာ အတော်ကြီးခက်တယ်။ Bupropion, Aripiprazole, Baclofen ဆေးတွေပေးတာ များတယ်။ ဒါပေမဲ့ အောင်မြင်မှု နည်းတယ်။ Modafinil ဆေးကိုလဲသုံးတယ်။ Ibogaine နဲ့ Mirtazapine ဆေးတွေကိုလဲ သုံးတယ်။

Behavioral activation therapy စိတ်ကုနည်းလဲသုံးရတယ်။ L-tyrosine and L-5HTP/tryptophan ခေါ်တဲ့ အမိုင်နိုအက်စစ် အားဆေး နေ့တိုင်းပေးနိုင်တယ်။ ဗီတာမင် (စီ) ပေးတာလဲ ကောင်းတယ်။

Amphetamines ယာဘ-ရာဘ-ရာမ-ယာမ http://dts-medicaleducation.blogspot.in/2012/01/amphetamines.html
Amphetamines ယာဘကို ဘယ်လိုဖြတ်ကြသလဲ http://dts-medicaleducation.blogspot.in/2013/09/amphetamines.html

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၃

Kidney stones ကျောက်ကပ်-ကျောက်

31 Jan 11, 06:43
• ဆရာဝန် သမီးကျောက်ရှိတယ်။့ နယ်၊့။
• ကျောက်က ဘယ်မှာ၊ အသက်ကဘယ်လောက်၊ ဘာသိချင်ပါသလဲ။
• အသက် ၃၅ လွန်ခဲံတဲ့ ၂၉၊့ နိုင်ငံမှာ ထုတ်ပြီး၊ အခုပြန်ရှိတယ် ဆရာ။
• ပြန်ဖြေတာထဲ ကျောက်ဘယ်မှာလဲ မသိရသေးပါ။ ကျောက်ကပ်ကျောက်က အဖြစ်များလို့၊ ရေးထားတာကို ပို့လိုက်ပါမယ်။

ဘာလို့ ကျောက်ကပ်မှာ ကျောက်တည်သလဲ။ တခုထဲလဲ မဟုတ်၊ တိတိကျကျလဲ ပြောမရပါ။ ဆီးထဲမှာ အရည်၊ ဓါတ်ဆား နဲ့ (အက်စစ်) ဓါတ်တွေဟာ ဖြစ်သင့်တာတွေ မဖြစ်ရာကနေ ဖြစ်တယ်။ ပုံမှန်ဆိုရင် ဆီးထဲက ပုံဆောင်ခဲ အချင်းချင်း ကပ်တွယ်ပြီး ကျောက်ဖြစ်မှာကို တားနိုင်တဲ့ သတ္တိ ရှိနေတယ်။

ဆောင်ရန်-ရှောင်ရန်များ
• ရေကို တနေ့မှာ ၂ လီတာ ၂ လီတာခွဲ သောက်ပါ။ ရေဓါတ်နည်းတာ မကောင်းပါ။ ဒီလိုလူမျိုး ဝမ်းလျောရင် ရေများဘို့ ပိုသတိထားပါ။ နိုင်အောင် မသောက်နိုင်ရင် Drip သွင်းပါ။
• Renal tubular acidosis, Dent's disease, Hyperparathyroidism, Primary hyperoxaluria and Medullary sponge kidney ရောဂါတခုခုရှိနေရင် ကျောက်ဖြစ်စေမဲ့ Calcium oxalate crystals တွေဖြစ်စေမယ်။
• Crohn's disease ရောဂါရှိနေသူတွေမှာ ပိုများတာ တွေ့ရတယ်။ ကျောက် ပြန်ဖြစ်သူတွေမှာ ဒါတွေပါရှိနေ-မနေ စစ်ရမယ်။
• ရေထဲက Fluoridation ကြောင့်လဲ အဖြစ်များစေနိုင်တယ်။ ရေကောင်း-ရေသန့် သောက်ပါ။
• ဗီတာမင် ဒီ များရင်လဲ ဖြစ်စေတယ်လို့ ၁၉၉၈ Archives of Internal Medicine က ဆိုတယ်။
• ဖို-မဆက်ဆံတာ Causal relationship ကြုံရာနဲ့ စခန်းသွားတဲ့ အကျင့်ကလဲ ဖြစ်မလားလို့ ပြောကြသေးတယ်။
• American Urological Association က ကမ္ဘာကြီး ပူနွေးလာတာကို ထောက်ပြသေးတယ်။
• Hypercalciuria သွေးထဲမှာ (ကယ်လ်စီယမ်) များနေသူ ပိုဖြစ်တယ်။ (ကယ်လ်စီယမ်) များတဲ့အစာ လျော့စားပါ။
• ဆီးလမ်း ပိုးဝင်တာ စောစော သေခြာ ကုသပါ။
• Thiazides, Potassium citrate, Magnesium citrate ဆေးတွေကို သတိထားသောက်ပါ။
• သံပုရာရည်၊ လိမ်မော်ရည် ဖျော်ရည်တွေ သောက်တာ ကောင်းတယ်။
• Beer ကိုလဲ သက်သာတယ်ပြောတယ်။ စပျစ်ရည်လောက်တော့ မကောင်းပါ။
• (ကိုကာကိုလာ)၊ (ကေဖင်း) ပါအရည်၊ အချို့အရည်တွေလဲ မသင့်ပါ။
• အသား (ပရိုတင်း) နဲ့ ဆား လျော့စားပါ။
• သကြားဓါတ်များတာ မကောင်းပါ။
• ဟင်းနုနွယ်ရွက် မတည့်ပါ။ Calcium နဲ့ Oxalates များတဲ့ ဟင်းနုနွယ်ရွက်နဲ့ ခရမ်းချဉ်သီး ရောမချက်သင့်ဘူးလို့ တောင်အာရှမှာ ပြောစမှတ် ရှိတယ်။
• Potassium citrate ဆေးကို ကျောက်ဖြစ်မှာ ကာကွယ်ဘို့သုံး နိုင်ပါတယ်။ စားဆေးနဲ့ အရည်လာတယ်။ ဆီးရဲ့ pH များစေပြီး အက်စစ်ဓါတ် နည်းစေတယ်။
• သွေးတိုး ကျဆေးထဲက Calcium channel blockers (Nifedipine) နဲ့ Alpha blockers (Tamsulosin) ဆေးတွေက ကျောက်ရှိနေသူတွေအတွက်ပါ အသုံးကျတယ်။ ကျောက်ရှိနေရင် ကျစေတယ်။
• Allopurinol (Zyloprim) ဂေါက်ရောဂါဆေးက အကျိုးများစေတယ်။
• ဆီးသွားချင်တာကို အောင့်မထားပါနဲ့။
• အသက် ၂ဝ-၄၉ အတွင်းအဖြစ်များလို့ ကြီးလာရင်သက်သာတယ်။

Treatment စနစ်တကျ ဘယ်လိုကုသမလဲ
(၁) Extracorporeal Shock Wave Lithotripsy (ESWL) (ရှော့ခ်) လှိုင်းသုံးခွဲစိတ်ကုသနည်း
Ultrasound waves (အာလ်ထွာဆောင်း) သုံးတယ်။ တုန်ခါမှုကနေ ကျောက်ကို ချေဖျက်ပေးမယ်။ သေးသေးလေးတွေက ဆီးထဲမှာပါလာလိမ့်မယ်။ နာမယ်။ ထုံဆေးနဲ့လုပ်ရတယ်။ ကျောက်က ဆီးပြွန်ထဲမှာ ပိတ်မိနေရင် Ureteroscope ကရိယာသုံးမယ်။

(၂) Ureterorenoscopy ယူရစ်တရိုကရိယာသုံးခွဲစိတ်ကုသနည်း
ကျောက်က ဆီးပြွန်ထဲမှာ ပိတ်မိနေရင် လုပ်နိုင်တယ်။ Ureteroscope ကရိယာသုံးတယ်။ ကျောက်တွေ့ပြီဆိုရင် Specialized instrument အထူးကရိယနဲ့ဖြစ်ဖြစ် Laser beams လေဆာနဲ့ဖ်ြစဖြစ် ကျောက်ကိုခွဲထုတ်မယ်။

(၃) Percutaneous Nephrolithotomy (PCNL) အရေပြားကနေခွဲနည်း
ကျောက်က သိပ်ကြီးနေရင် လုပ်တယ်။ နောက်ကျော်ဘက်မှာ ဒါးရာပေးတယ်။ Nephroscope ကရိယာလေးသုံးမယ်။ ကျောက်ကိုသေးအောင်လုပ်ပေးပြီး ထုတ်မယ်။ Laser လေဆာဖြစ်ဖြစ် Pneumatic energy လေအားသုံးပြီးဖြစ်ဖြစ် သုံးတယ်။

(၄) Open Surgery သမားရိုးကျခွဲစိတ်နည်း
ခုခေတ်မှာ ဒီနည်းသုံးတာနည်းလာပြီ။ တခြားနည်းတွေနဲ့မရအောင် သိပ်ကြီးနေရင်တော့ လုပ်ရမယ်။ ကရိယာမရှိတဲ့ နေရာတွေမှာလဲ လုပ်ပါသေးတယ်။

Dr. တင့်ဆွေ

Medicine for Pneumonias and Respiratory Tract Diseases နူမိုးနီးယားအမျိုးမျိုးနှင့် အသက်ရှူလမ်းရောဂါဆေးများ

• Pneumonia နူမိုးနီးယား၊
- Erythromycin 500 mg IV သွေးကြောထဲထိုးဆေး၊ တနေ့ ၄ ကြိမ်၊
- Doxycycline 100 mg IV သွေးကြောထဲထိုးဆေး၊ တနေ့ ၂ ကြိမ်၊ + Cefotaxime 1-2 Gm IV TDS သွေးကြောထဲထိုးဆေး၊ တနေ့ ၃ ကြိမ်၊
- Clindamycin 600 mg IV သွေးကြောထဲထိုးဆေး၊ တနေ့ ၄ ကြိမ်၊
- Amoxacillin 500 mg သွေးကြောထဲထိုးဆေး၊ တနေ့ ၃ ကြိမ်၊
- Cefotaxime or Cefipime 1-2 g IV သွေးကြောထဲထိုးဆေး၊ တနေ့ ၂-၃ ကြိမ်၊
- Penicillin G 1.2 million units IV + Metronidazole 500 mg IV သွေးကြောထဲထိုးဆေး၊ တနေ့ ၄ ကြိမ်၊
- Doxycycline 100 mg သောက်ဆေး၊ တနေ့ ၂ ကြိမ်၊
- Erythromycin 500 mg သောက်ဆေး၊ တနေ့ ၄ ကြိမ်၊
- Azithromycin 500 mg သောက်ဆေး ပဌမနေ့ 250 mg နောက် ၄ ရက်သောက်၊
- Amoxicillin 500 mg သောက်ဆေး၊ တနေ့ ၄ ကြိမ်၊ ၇-၁ဝ ရက်၊
- Fluoroquinolone (Levofloacin) 500 mg တနေ့ ၁ ကြိမ်/Gatifloxacin 400 mg တနေ့ ၁ ကြိမ်/Sparfloxacin 400 mg ပဌမနေ့နှင့် 200 mg နောက် ၁ဝ-၁၄ ရက်၊
- Clarithromycin 500 mg တနေ့ ၂ ကြိမ်၊ ၁ဝ ရက်၊
- Doxycycline 200 mg တနေ့ ၂ ကြိမ်၊ ၁ဝ ရက်၊

• Anaerobic Pneumonia and Lung Abscess (လေမကြိုက်သည့်ပိုး)နူမိုးနီးယား၊ အဆုပ်ပြည်တည်ခြင်း၊
- Penicillins (Penicillin G 1-2 million units IV သွေးကြောထဲထိုးဆေး၊ တနေ့ ၄ ကြိမ်၊
- Amoxacillin 500 mg TDS + Metronidazole 500 mg တနေ့ ၂-၃ ကြိမ်သောက်
- Clindamycin 600 mg IV သွေးကြောထဲ တနေ့ ၃ ကြိမ်ထိုးပြီးနောက် 300 mg တနေ့ ၄ ကြိမ်သောက်၊ ဒါမှမဟုတ် Amoxacillin 875 mg တနေ့ ၂ ကြိမ်သောက်။

• Postoperative Pneumonia ခွဲစိတ်ပြီးရသည့် နူမိုးနီးယား၊
- Cefotaxime or Ceftriaxone or Cefipime 2 Gm IV တနေ့ ၃ ကြိမ် သွေးကြောထဲထိုး၊
- Piperacillin-Tazobactam 4-5 Gm IV QID တနေ့ ၄ ကြိမ် သွေးကြောထဲထိုး၊

• Aspiration Pneumonia အန်ဖတ်ဝင်၍ဖြစ်သော နူမိုးနီးယား
- Clindamycin 300 mg တနေ့ ၃ ကြိမ်၊ (သို့) (TMP 160 mg + SMZ 800 mg) တနေ့ ၂ ကြိမ်၊ ၁ဝ ရက် သောက်။
- Phenoxymethyl Penicillin 500 mg တနေ့ ၄ ကြိမ်၊ ၁ဝ-၁၄ ရက်သောက်။

• Community-acquired Pneumonia လူစုလူဝေးမှ ရသော နူမိုးနီးယား
- Clarithromycin 500 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် Azithromycin 500 mg ချက်ချင်းသောက်ပြီး 250 mg တနေ့ ၁ ကြိမ်၊ ၄ ရက်သောက်။
- Doxycycline 100 mg တနေ့ ၂ ကြိမ်၊
- Gatifloxacin 400 mg တနေ့ ၁ ကြိမ်၊ (သို့) Moxifloxacin 400 mg တနေ့ ၁ ကြိမ်၊ Eruthromycin 250-500 mg တနေ့ ၄ ကြိမ်၊ Cefuroxime axetil 250-500 mg တနေ့ ၂ ကြိမ်၊ Cefpodoxime proxetil 100-200 mg တနေ့ ၂ ကြိမ်၊ Cefprozil 250-500 mg တနေ့ ၂ ကြိမ်၊

• Chest infection အသက်ရှူလမ်းရောင်ခြင်း၊
- Penicillin 2 million units IV သွေးကြောထဲ ၄ နာရီ တခါထိုးပြီးနောက် Amoxacillin 500 mg တနေ့ ၃ ကြိမ်သောက်။

• Aphthous ulcer (အက်ဖ်သပ်စ် အာလ်ဆာ)၊ Herpatic Stomatitis လျှာနာခြင်း၊
- Fluocinonide ointment 0.05% (သို့) Triamcinolone acetate 0.1% ointment (သို့) Diclofenic 3% လိမ်းပါ၊ လိမ်းပါ၊
- Acyclovir 200-800 mg တနေ့ ၅ ကြိမ်၊ ၇-၁၄ ရက်သောက်ပါ။
- Ulcerative Gingivitis သွားဖုံးရောင်ခြင်း = Penicillin 250 mg တနေ့ ၃ ကြိမ်၊ ၁ဝ ရက်သောက်ပါ။

• Laryngitis လည်ချောင်းနာ၊
- Erythromycin 250 mg တနေ့ ၄ ကြိမ်၊
- Benzarthine penicillin G 1.2 million units IM တလုံးထဲထိုးပါ၊
- Penicillin VK 500 mg တနေ့ ၄ ကြိမ်သောက်ပါ၊
- Amoxacillin 750 mg တနေ့ ၂ ကြိမ်သောက်ပါ။

• Acute Sinusitis ရက်တိုဆိုင်းနပ်စ်၊
- Amoxacillin 500 mg တနေ့ ၃ ကြိမ်၊ (သို့) (TMP 160 mg + SMZ 800 mg) တနေ့ ၂ ကြိ၊ ၁ဝ ရက် သောက်ပါ။
- Augmentin (Amoxacillin + Clavulanic acid) 500 mg တနေ့ ၃ ကြိမ်၊
- Cefuroxime 500 mg Orally တနေ့ ၂ ကြိမ်၊ (သို့) Cefpodoxime 200-400 mg နေ့စဉ်သောက်ပါ။
- Doxycycline 100 mg တနေ့ ၂ ကြိမ်၊
- Pseudoephedrine 30-120 mg + Nasal Oxymetazoline 0.5% နှာခေါင်းထဲထည့်ပါ၊
- Xylometazoline 0.05-0.1% နှာခေါင်းထဲ တနေ့ ၃-၄ ကြိမ်ထည့်ပါ။
- Amoxacillin 500 mg တနေ့ ၃ ကြိမ်သောက်ပါ၊ (သို့) (4 mg/kg TMP- 20 mg/kg SMZ) one double strength tablet = 80-160 mg TMP + 160-800 mg SMZ) တနေ့ ၂ ကြိမ်၊ ၁ဝ ရက်သောက်ပါ၊ Cephalexin 250-500 mg တနေ့ ၄ ကြိမ်၊ Cefuroxime 250 mg တနေ့ ၂ ကြိမ်၊ Cefaclor 250 mg တနေ့ ၃ ကြိမ်၊ Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ Azithromycin 500 mg တနေ့ ၁ ကြိမ်။

• Tonsillitis and Pharyngitis အာသီးရောင်ရောဂါ၊ အာခေါင်ရောင်ခြင်း၊
- Benzathine Penicillin 1.2 million units IM (သို့) Procaine Penicillin Inj. 600,000 units IM ၅-၁ဝ ရက် ထိုးပါ၊
- Penicillin V potassium 250 mg တနေ့ ၃ ကြိမ်၊ (သို့) 500 mg တနေ့ ၂ ကြိမ်၊ ၅-၁ဝ ရက်သောက်ပါ။
- Cefaclor 250-750 mg တနေ့ ၃ ကြိမ်၊ (သို့) Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၁ဝ ရက်။
- Azithromycin 500 mg တခါတည်းသောက်ပြီး 250 mg ကို နောက်ထပ် ၄ ရက်ဆက်သောက်ပါ။
- Clarithromycin 500 mg တနေ့ ၂ ကြိမ်၊ ၁ဝ ရက်။

• Allergic Rhinitis, Hay fever, Viral rhinitis အလာဂျီရပြီး နှာစေးခြင်း၊
- Chlorpheniramines 4 mg တနေ့ ၂-၃ ကြိမ်သောက်ပါ၊ (သို့) Cetirizine 10 mg တနေ့ ၁ ကြိမ်သောက်ပါ။

• Diphtheria ဆုံဆို့နာ၊
- Diphtheria antitoxin 20,000-100,000 units ထိုးပါ + Penicillin 250 mg တနေ့ ၄ ကြိမ်သောက်ပါ၊
- Erythromycin 500 mg တနေ့ ၄ ကြိမ်သောက်ပါ။

ဒေါက်တာတင့်ဆွေ

Friday, November 8, 2013

Tattoo တက်တူး

ကျွန်တော်တို့ အရပ်အခေါ် စက်တံရောဂါနဲ့ မှင်ရောဂါအကြောင်းလေး သိချင်ပါတယ်ဆရာ။ ကျေးဇူးပြုပြီး ဖြေကြား ရှင်းလင်းပေးစေချက်ပါတယ်ခင်ဗျာ။

ဆောရီး။ ဒီအသုံးတွေက တနေရာတမျိုး။ ဖြစ်နေ-ခံစားနေရတာကို ပြောပါ။ ဒါလဲမှန်းဆရမှာဘဲ။ မနှစ်လောက်က မှင်အကြောင်း တယောက်လဲမေးလို့ မှန်းဖြေခဲ့ဘူးသေးတယ်။

ကျနော်က (့) ဆေးတက္ကသိုလ် (့) နှစ်ကပါ။ မွန်ပြည်နယ်က အဒေါ်ကြီး၊ အမကြီးတွေ ပြောနေတဲ့ရောဂါ၊ သူတို့အခေါ် ''မှင်'' တဲ့။ အဒေါ်-အမေ-အမျိုးတွေမှာ အဲ့ဒီ မှင် ဖြစ်နေတယ် ဆိုတဲ့စကားက ခဏခဏ ကြားနေရတယ်။ သူတို့က အဲ့ဒီ မှင် ဆိုတာကို လက်ဖမိုး နေရာတွေကို မှင်ထိုးတဲ့ ကြေးချွန်နဲ့ ထိုးကြတယ်။ ငယ်ငယ်တုန်းက မြင်ဖူးတာပါ။ လက်ဖဝါး ခြေဖဝါးတွေမှာ ယောင်လာတယ်။ အဲ့ဒါတွေက နေရာ ရွှေ့နေတယ်။ တခါခါ ကျောထိပါ ရောက်တယ် ပြောတယ်။ အရပ်ထဲမှာတော့ မှင် ဗိုက်ထဲ ရောက်ရင် သေတယ်လို့လဲ ပြောနေကြတယ်။ (့) မှာ ရောက်နေတဲ့ ညီမကပါ သူမှင်ဖြစ်နေတယ်လို့ ဖုန်းနဲ့ ပြောလာတယ်။ ဆရာဝန်နဲ့ ပြကြည့်ပေါ့ဆိုတော့ ဆရာဝန်က Gout လို့ ပြောတယ်တဲ့။ အဲ့ဒီ မှင်နဲ့ ပက်သက်ပြီး ဆရာဝန်ပေါက်တွေအတွက်နဲ့ ပြီးတော့ အများလဲ ဗဟုသုတ ရအောင် ရေးပေးပါ။

“မင်” ဆိုတာ “မှင်” လို့ အသံထွက်ရတယ်၊ အဓိပ္ပါယ်က “ရေးခြစ်၊ ပုံနှိပ်၊ ထိုးနှံရာတွင် သုံးသော အရောင်ရှိ အရည်၊ အစေး” လို့ မြန်မာအဘိဓာန်က ဆိုပါတယ်။ “မင်ကြောင်” ဆိုတာ “မှင်ဂျောင်” လို့ အသံထွက်ရတယ်၊ အဓိပ္ပါယ်က “စုတ်ဖြင့် မင်တို့၍ ကိုယ်ခန္ဓာတွင် ထိုးနှံထားသည့် အရုပ်၊ စာလုံး စသည်” လို့ပါတယ်။

အမှန်က Tattoo သာ ဖြစ်ပါမယ်။ Indelible ink ဖျက်မရတဲ့ မင်နဲ့ အရေပြားရဲ့ Dermis layer (ဒါးမစ်) အလွှာမှာ ရေးထိုးရပါတယ်။ ထိုးကွင်း-မင်ကြောင် ထိုးကြတဲ့ ရည်ရွယ်ချက် အမျိုးမျိုးရှိတယ်။
1. Decorative အဆင်တန်းဆာ၊
2. Spiritual uses အစွမ်းတန်ခိုး မျှော်ကိုးလို့၊
3. Identification သတ်သတ်မှတ်မှတ် ဖြစ်စေဘို့၊ (Nazi concentration camp နာဇီ အကျဉ်းစခန်း)၊
4. Cosmetic လှချင်ပချင်လို့၊ (Permanent makeup ရာသက်အန် မိတ်ကပ်)၊
5. Medical ဆေးသုံး၊ (ခေတ်သုံး = ဓါတ်ကင်ရာ၊ ရှေးသုံး = မြေရှိုး-မိုးပျံအစွမ်း)၊
6. Fraternal/Social အုပ်စု-အသင်းဝင် သတ်မှတ်ချက်၊ (Brotherhood, Secret society အသင်းဝင်)။

Tattooing လုပ်ရတယ်ဆိုတာ Pigment မင် (ဆေးရည်) ကို Epidermis (အပီဒါးမစ်) အောက်မှာရှိတဲ့ (တစ်ရှူး) ထဲ ရောက်စေရတယ်။ Foreign material ကိုယ့်ပစ္စည်းမဟုတ်တဲ့ တစိမ်းသက်သက်သာ ဖြစ်လို့ သူ့ဆီကို Immune system ရောဂါပြီးစနစ်ထဲက Phagocytes (ဖေဂိုဆိုက်) တွေကနေ ဝိုင်းအုံလာကြမယ်။ အနာကျက်လာချိန်မှာ ပျက်စီးသွားတဲ့ (အပီဒါးမစ်) တွေ ကွာကျမယ်။ သူ့မျက်နှာပြင်က မင်တွေ ပါသွားမယ်။ အတွင်းထဲမှာ Granulation tissue အသားနု တက်လာပြီး၊ Connective tissue တွယ်ဆက်-တစ်ရှူးတွေ ဖြစ်လာစေတယ်။

အဲဒီအခါ အပေါ်လွှာ Upper dermis က ပြောင်းလဲသွားပြီ ဖြစ်တယ်။ Pigment တွေဟာ Fibroblasts (ဖိုက်ဘရိုဘလပ်စ်) တွေထဲမှာ ပိတ်မိနေသလို ဖြစ်နေတယ်။ အစမှာ Stable တည်ငြိမ်နေတယ်။ ဒါပေမဲ့ ရေရှည် ဆယ်စုနှစ်တွေ ကြာလာရင် Pigment ဆေးတွေဟာ Deeper into the dermis နက်တဲ့ အတွင်းလွှာထဲကို Migrate ကူးဝင်လာနိုင်တယ်။

Health risks ကျန်းမာရေး-အန္တရာယ် ဘာတွေ ရှိသလဲ။
• Infection ရောဂါဝင်တာ၊
• Allergic reactions မတည့်တာတွေ ရနိုင်တယ်။
• Single-use items တခါသုံး သုံးတာ မဟုတ်ရင်၊ Sterilization ပိုးသန့်နည်းသုံးတာ မလုပ်ရင် ဆိုးဝါးတာတွေ ဖြစ်စေမယ်။
• ဖြစ်နိုင်ခြေရှိတဲ့ ကူးစက်ရောဂါ စာရင်းထဲမှာ Surface infections of the skin အရေပြားနာ၊ Herpes simplex ရေယုံ၊ Tetanus မေးခိုင်၊ Fungus မှို၊ Hepatitis အသဲရောင်၊ Tuberculosis တီဘီ နဲ့ HIV တွေ ပါတယ်။
• Tattooists ထိုးပေးသူတွေဟာ Blood-borne pathogen training သင်တန်းတက်ထားသူ ဖြစ်ရမယ်။
• MRI ရိုက်တဲ့အခါမှာ Tattoo pigments တွေနဲ့ Interaction ရှိတာ တွေ့လာရတယ်။ မင်ထဲမှာ Metal particles သတ္တုတွေ ပါလို့ အရုပ်ထင်တာမှာ လာပြီး ပြဿနာဖြစ်တယ်။ မင်ထဲမှာ Iron oxide ပါတာများရင် သိသာတယ်။

မေးတာထဲမှာ ပါတာမျိုးက သူများဆီမှာ Five dots tattoo ဆိုတဲ့ အစက် ၅ စက်ကို လက်ဖမိုး လက်မနဲ့ လက်ညှိုးကြား ထိုးတာမျိုးနဲ့ ဆင်တယ်။ Quincunx ခေါ်တဲ့ အံစာတုံးက အစက် ၅ စက်လိုမျိုး ထိုးတယ်။ လေးစက်က စတုရန်းပုံ၊ တခုက အလယ်မှာ ရှိတယ်။ ယဉ်ကျေးမှု တမျိုးနဲ့တမျိုး အယူအဆ မတူကြဘူး။ “ချစ်တဲ့သူ ကိုဆံရှည် ရောင်ကြီးဗွေ။ ဒူးပေါင်ရိုး အရင်းမှာလေ၊ ထိုးကွင်းနဲ့ အလှသားအေ” သီချင်းကို ဆရာရွှေပြည်အေး ရေးခဲ့ဘူးတယ်။ မကြာသေးခင်က မြန်မာတွေရဲ့ ရှေးဓလေ့ ထိုးကွင်း အကြောင်း ဆောင်းပါးရေးတဲ့သူက ဆရာဝန်တဦး ဖြစ်ပါတယ်။

Dr. တင့်ဆွေ
၁၅-၅-၂ဝ၁၁

Health hazards of cement dust အင်္ဂတေရဲ့ ကျန်းမာရေးအန္တရာယ်

ကျွန်တော့် (့) ကလဲ အလုပ်မှာ Cement လောင်လို့ လက်တွေမှာ အနာဖြစ်တယ် ပြောတယ်။ ခဏခဏ ပြန်ဖြစ်တယ်တဲ့။ နေရာတိုင်းတော့ မဟုတ်ဘူးတဲ့။ လက်အထိ များဆုံးနေရာက လက်ညိုးနဲ့ လက်ခလယ် ပထမ အဆစ်လေးတွေမှာ ဖုသေးသေးလေးတွေ ဖြစ်ဖြစ်နေတာတဲ့။ ပင်နယ်ဆလင် စားရင် နဲနဲသက်သာပြီး ပြန်လုပ်ရင် ပြန်ဖြစ်တယ် ပြောတယ်။ အဲဒါကို ဘယ်လို လုပ်ရမလဲ၊ ဘယ်လို ကာကွယ်ရမလဲ။

၂၁ ရာစုထဲရောက်ပေမဲ့ ကမ္ဘာမှာ သန်းပေါင်းများလှတဲ့ လူတွေဟာ ကျန်းမာရေး-အန္တရာယ် များတဲ့ ပါတ်ဝန်းကျင်မှာ အလုပ်လုပ်နေကြရသေးတယ်။ Fume အခိုး၊ Gases ဓါတ်ငွေ့၊ Dust အမှုံတွေကြောင့် Occupational disease လုပ်ငန်းခွင် ရောဂါတွေ ရနေကြရတယ်။

Cement dust အင်္ဂတေ-အမှုံတွေကနေ -
• Lung function impairment အဆုပ်ရဲ့အလုပ်တွေကို ထိခိုင်စေတယ်။
• Chronic obstructive lung disease နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ၊
• Restrictive lung disease အသက်ရှူကြပ်ရောဂါ၊
• Pneumoconiosis (နူမိုကော့ကိုးဆစ်) ရောဂါ၊
• Lungs အဆုပ်-ကင်ဆာ၊ Stomach အစာအိမ်-ကင်တဆာ၊ Colon အူမကြီး-ကင်ဆာတွေလဲ ရလာနိုင်တယ်။
• Systemic circulation သွေးလှည့်လမ်းကြောင်းထဲ ဝင်လာနိုင်ရင် Heart နှလုံး၊ Liver အသဲ၊ Spleen ဘေလုံး၊ Bone အရိုး၊ Muscles ကြွက်သား နဲ့ Hairs ဆံပင်တွေကို ထိခိုက်လာနိုင်သေးတယ်။

Spirometry နည်းနဲ့ Radiology ဓါတ်မှန်သုံးပြီး လေ့လာနေကြတယ်။ တိတိကျကျတော့ ထုတ်ပြန်တာ မရှိသေးပါ။ Work Safely with Concrete and Cement လုပ်ငန်းခွင် သတိပေးချက်တွေ ရှိတယ်။ Sand သဲ၊ Aggregate ကျောက် နဲ့ ရေ သုံးတာ များတယ်။ ထပ်ဖြည့်သုံးတဲ့ Alkaline compounds (Lime) ထုံးကျောက်ဟာ လူ့အရေပြားကို Corrosive လောင်စေတယ်။ Crystalline silica ကလဲ Abrasive ပြတ်ရှစေတယ်၊ အဆုပ်ကို ထိခိုက်တယ်။ Hromium ဆိုတာက (အလာဂျီ) ရစေတယ်။

ကျန်းမာရေးကို မကောင်းကျိုးသက်ရောက်မှုဟာ အချိန်ကြာလေ ဆိုးလေဖြစ်တယ်။ အရေပြား သာမကဘဲ မျက်စိထဲ ဝင်တာ၊ လေထဲကနေ ရှူရတာတွေကြောင့်ပါ ဖြစ်ရတယ်။
• Skin Contact အရေပြားထိတာကနေ Burns အပူလောင်မယ်၊ Rashes အနီပြင်တွေဖြစ်မယ်၊ Irritations နေမထိ-မခံသာ ဖြစ်မယ်။ ကြာရင် Allergic မတည့်သလို ဖြစ်လာမယ်။
• Eye Contact မျက်စိနဲ့ထိရင် Immediate ချက်ချင်းဖြစ်ဖြစ် Delayed နောက်မှဖြစ်ဖြစ် Irritation နေမထိ-မခံသာ ဖြစ်မယ်။ နာမယ်၊ နီရဲလာမယ်၊ လောင်မယ်။
• Inhalation ရှူတာကနေ Nose နှာခေါင်းနဲ့ Throat လည်ချောင်းမှာ Irritation နေမထိ-မခံသာ ဖြစ်မယ်။ ကြာရင် Silicosis အဆုပ်ရောဂါတမျိုး ဖြစ်နိုင်တယ်။

ကာကွယ်နည်းတွေ
1. Alkali resistant gloves လက်အိတ်သုံးပါ။
2. Long sleeves and pants လက်ရှည်တွေ ဝတ်ပါ။
3. Waterproof boots လည်ရှည် (ဘု) ဖိနပ်သုံးပါ။
4. Safety glasses with side shields အတူးမျက်မှန် သုံးပါ။ Contact lenses မသုံးပါနဲ့။
5. Employer-approved respiratory protection ရှူရသူတွေက အကာအကွယ်သုံးပါ။
6. Wash your hands and face before eating, drinking, smoking or using the toilet at the end of the day အစာမစားခင်၊ မသောက်ခင်၊ ဆေး-ဆေးလိပ် မသောက်ခင်၊ အိမ်သာသုံးစဉ်၊ အလုပ်ဆင်းချိန်တိုင်းမှာ ကျကျနန ဆေးကြောပါ။
7. Safe work practices and procedures လုပ်ငန်းခွင် သတ်မှတ်ချက်တွေအတိုင်း လိုက်နာပါ။ မလိုအပ်ရင် ခပ်ဝေးဝေးမှာ နေပါ။ လုပ်ငန်းခွင်ကလည်း လေများများရတာ ဖြစ်ပါစေ။
8. အမှုံထွက်သက်သာအောင် Wet down and wet cut အစိုဓါတ်သုံးပါ။
9. အင်္ဂတေနဲ့ ထိစရာလိုရင် Dry board or waterproof kneepads ကြားခံတခုခု သုံးပါ။
10. အင်္ဂတေအစို ထိမိရင် ရေဆေးလိုက်ပါ။

Dr. တင့်ဆွေ
၁၅-၅-၂ဝ၁၁

Thursday, November 7, 2013

Drug to cure Hepatitis C အသဲရောင် (စီ) ကုသဆေးတွေ့ပြီလား

• ၆-၁၁-၂ဝ၁၃ နေ့ လန်ဒန်ကလာတဲ့ သတင်းခေါင်းစဉ်ဖြစ်တယ်။ အသဲရောင် (စီ) ဝေဒနာသည်ပေါင်း ၁ဝ့၉ သန်းရှိတဲ့ အိန္ဒိယသတင်းစာမှာတော့ တွေ့ပြီ ဆိုပြီးခေါင်းစဉ်တပ်ပါတယ်။ The Lancet ဆေးပညာဂျာနယ်ထဲမှာ ရေးလိုက်တာကို သတင်းစာတွေကနေ သတင်းအဖြစ် ရေးလိုက်တာ ဖြစ်ပါတယ်။
• စမ်းသပ်နေတဲ့ဆေးအတွဲဟာ အောင်မြင်စရာရှိတယ်လို့ဆေးပညာရှင်တွေက တွေ့လာတာပါ။ မျှော်လင့်ချက် ကောင်းတာတော့ မှန်ကန်ပါတယ်။
• Sofosbuvir ဆေးနဲ့ Ledipasvir ဆေး ၂ မျိုးကိုတွဲထားတာပါ။ သုံးနေကြဆေးတွေနဲ့ မသက်သာသူတွေကို ဒီဆေးတွဲနဲ့ကောင်းလာကြတယ်။
• Hepatitis C ပိုးဟာ သွေးကနေတဆင့်ကူးစက်တာအများဆုံးဖြစ်ပြီး အသဲကိုပျက်စီးစေတယ်။ စီပိုးဝင်ထားသူ ၉ဝ%မှာ နာတာရှည်အသဲရောင်ရောဂါ ဆက်ဖြစ်လာတာတွေ့ရတယ်။ သူများတွေကိုလဲ ကူးစက်စေတယ်။ အသဲကင်ဆာနဲ့ ကွယ်လွန်နိုင်တယ်။ အခုထိကာကွယ်ဆေး မပေါ်သေးပါ။
• လေ့လာစမ်းသပ်မှုမှာ စီပိုးလူနာ ၁ဝဝ ကို အုပ်စုတွေခွဲပါတယ်။ ဆေးအတွဲကို ၈ ပါတ်နဲ့ ၁၂ ပါတ်ပေးပါတယ်။ တချို့ကို Ribavirin ဆေးပေးပါတယ်။ သူတို့ထဲက လူ ၄ဝ ဟာ ပေးနေကြဆေးတွေနဲ့ မတိုးသူတွေဖြစ်ပါတယ်။ တဝက်လောက်က အသဲခြောက်နေကြပါတယ်။
• ၁၂ ပါတ်အကြာမှာ ၉၇%မှာ Sustained virological response လို့ဆေးပညာသတ်မှတ်ချက် ရရှိတာတွေ့ရပါတယ်။ ဆိုလိုတာက ဗိုင်းရပ်စ်တွေကို ဖယ်ရှင်းပြစ်နိုင်ပြီ၊ ဆင်တူပွါးတာတွေမလုပ်နိုင်ကြတော့ဘူး။ ဘေးထွက်-ဆိုးကျိုး ဆိုးဝါးတာတွေလဲ မရှိပါ။ ဘေးထွက်-ဆိုးကျိုးတမျိုးခံစားရသူဟာ ထက်ဝက်မရှိပါ။ အသင့်အတင့် ပျို့ချင်အန်ချင်တာ၊ အသက်ရှူလမ်းအထက်ပိုင်းပိုးဝင်တာ၊ ခေါင်းကိုက်တာတွေဖြစ်ပါတယ်။
• ဒီဆေးအတွဲကို Phase 3 clinical studies ကုသမှုစမ်းသပ်ခြင်းအဆင့် ၃ လုပ်နေတာဖြစ်ပါတယ်။
• Hepatitis C virus ဟာ HIV ထက်ပိုပြီးသေစေနိုင်တယ်။ တကမ္ဘာလုံးမှာ စီပိုးရှိနေသူပေါင်း သန်း ၁၇ဝ ရှိနေတယ်။ နာတာရှည်အသဲရောင်နေသူ ၈ဝ%မှာ အသဲခြောက်တာအထိ ဆက်ဖြစ်စရာရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၇-၁၁-၂ဝ၁၃

Tuesday, November 5, 2013

Topical NSAIDS အနာသက်သာလိမ်းဆေးကို သောက်ဆေးအစား အားကိုသင့်

• ဒီဆေးသုတေသန သတင်းဆောင်းပါးကို British Medical Journal (BMJ) ဗြိတိန်ဆေးပညာဂျာနယ်မှာ ရေးသား ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
• NSAID လို့အတိုကောက်ခေါ်ပြီး လူတိုင်းမသောက်ဘူးသူမရှိသလောက် အကိုက်အခဲပျောက်ဆေးတွေမှာ ဘေးထွက်-ဆိုးကျိုးတွေကို စိုးရိမ်ရတယ်။ အထူးသဖြင့် အစာလမ်းလေနာဖြစ်နိုင်တယ်၊ သွေးယိုစေနိုင်တယ်။ ဒီဆေးမျိုးကို မသောက်မဖြစ် သောက်နေကြရသူတွေထဲမှာ အဆစ်နာရောဂါသည်တွေက အများဆုံးဖြစ်ပါတယ်။
• လေ့လာဆန်းစစ်မှု Systematic review with meta-analysis အရ စားဆေးတွှေစားလိမ်းဆေးတွေကိုသုံးရင် အကျိုးတူခံစားနိုင်ပြီး ဘေးထွက်-ဆိုးကျိုးလဲ သက်သာစေတယ်လို့ တွေ့ရပါတယ်။
• Topical NSAID အနာသက်သာလိမ်းဆေးတွေဆိုတာ Ibuprofen နဲ့ Voltaren gel ဂျဲလ်တွေဖြစ်ပါတယ်။ နာနေတဲ့ အဆစ်မှာ လိမ်းပေးရပါမယ်။ ဆေးသက်ရောက်မှုကိုလဲ သောက်ဆေးလောက် အချိန်စောင့်မလိုပါ။ ဆေးလိမ်းလိုက်ရင် တဖြေးဖြေးနဲ့ အရေပြားကနေ သွေးထဲကို စုပ်ယူဝင်ရောက်မယ်။ အရေပြားရဲ့ Dermis အလွှာမှာ အများဆုံး စုဝေးနေမယ်။
• နာနေတဲ့ကြွက်သားဆီကိုရောက်တာလဲ သောက်ဆေးနဲ့အတူတူဖြစ်တယ်။ ရောင်နေတဲ့ Synovial fluid အဆစ်ထဲက အရည်ထဲဘယ်လောက်ရောက်မလဲကတော့ တိတိကျကျ မပြောနိုင်သေးပါ။ သောက်ဆေးနဲ့ လိမ်းဆေး ဘယ်ဟာက ပိုမလဲလို့တော့ ပြောမရပါ။

ဒေါက်တာတင့်ဆွေ
၅-၁၁-၂ဝ၁၃

Monday, November 4, 2013

Lumps အလုံး-အကျိတ်

Facebook 4-11-2013
လည်ပင်းမှာ ဖြစ်သော အကျိတ်တွေက ကင်ဆာကျိတ် ဟုတ် မဟုတ် ဘယ်လိုသိနိုင်မလဲ ပြောပြပေးစေချင်ပါတယ်။
Facebook 3-10-2013
(မိန်းကလေးအမည်) ဆရာ ဖိလိုက်ရင်တော့ နာတဲ့ အသားလုံးလို အကြိတ်တွေထွက်တာ စိုးရိမ်ရလားရှင့်။ ကိုယ်အနှံ့မှာထွက်တာ ၁ဝ လုံးလောက်ရှိတယ်။ ဘယ်လိုကုသင့်လဲဆိုတာ ပြောပြပေးပါရှင့်။
Facebook 4-10-2013
ကျားပါဆရာ။ အသက်က ၃၁ ပါ။ ၃ - ၄ နှစ်လောက်ကြာပြီလို့ပြောပါတယ်။ နောက်ကျောဘက် ခါးနေရာတွေရယ် လက်တွေ ခြေထောက်တွေမှာ ဖြစ်တာပါ။ အသားလုံးလိုပဲ မမာဘူးလို့ပြောပါတယ် ဓာတ်ပုံကမလွယ်လို့ပါရှင့်။ ဓာတ်ပုံထဲ မပေါ်ပါဘူးဆရာ။ အသားထဲမြုပ်နေတာပါ။ စမ်းကြည့်မှသိရတာပါ။ ဖြစ်ကာစက သတိထားမိတာ ၁ လုံး ၂ လုံးပဲ နောက်မှ ပွါးလာတာပါ။

Swelling အလုံး၊ Lump/Bump အကျိတ် ဆိုတာမျိုးတွေကို Tumor လို့ ဆေးစာက ခေါ်တယ်။ ကင်ဆာ နဲ့ ကင်ဆာ-မဟုတ်တာလို့ ၂ မျိုး ခွဲရတယ်။ အများဆုံးက ကင်ဆာ မဟုတ်ကြပါ။ ၂ မျိုးလုံးက ဘာလို့ဖြစ်တယ်ကို တိတိကျကျ ပြောမရပါ။ ကျား-မ၊ ကြီးသည်-ငယ်သည်မဟူ အတူတူ ဖြစ်ကြတယ်။ အစားနဲ့ ဆိုတယ်လို့ ထောက်ပြတာ မတွေ့ဘူးပါ။

အလုံး၊ အကျိတ် ဆိုတာ မွေးရာပါ၊ ထိခိုက်-ဒဏ်ရာ၊ ရောင်ရမ်းတာ၊ တခြားဟာ တခုခုလဲ ဖြစ်နိုင်တယ်။ အနာလို၊ ဒဏ်ရာလိုကနေ ဖေါင်းလာတာဆိုရင် ဆရာဝန်မပြောလဲ သိကြပါတယ်။ ရောင်တာအပြင် နာတာ၊ နီတာ၊ ပူတာတွေနဲ့ ရောဖြစ်မယ်။

Fibroids (Myoma) သားအိမ်-အလုံး နဲ့ Fibroadenoma ရင်သား-အကျိတ်တွေကလဲ အတွင်းထဲမှာ ဖြစ်တာများလှတဲ့ ကင်ဆာ မဟုတ်တဲ့ အကျိတ်တွေ ဖြစ်တယ်။

အပေါ်ယံမှာ ဖြစ်တာတွေထဲမှာ ဒါတွေပါတယ် -
1. Lipomas အဆီကျိတ်၊ နေရာတကာဖြစ်တယ်။
2. Sebacious cyst ချွေးထွက်အိတ်-အကျိတ်၊ နေရာတကာဖြစ်တယ်။
3. Enlarged lymph glands တက်စေ့ရောင်တာ၊ ချိုင်း၊ ပေါင်ခြံ နဲ့ လည်ပင်းမှာ ဖြစ်တာများတယ်။
4. Cyst (ဆစ်စ်) အထဲမှာ အရည်တမျိုးမျိုးပါတယ်၊ (လေလဲရှိနိုင်တယ်) အကာလွှာရှိတယ်၊ နေရာတကာဖြစ်တယ်။
5. Ganglion လက်ကောက်ဝတ်နေရာမှာ အရွတ်အိတ်က ဖြစ်ရတာကို ခေါ်တယ်။
6. Boils အနာစိမ်း၊ Abscess ပြည်တည်နာ၊ နေရာတကာဖြစ်တယ်။
7. Corn or callus ငါးမျက်စိ၊ ခြေထောက်မှာ ဖြစ်လေ့ရှိတယ်။
8. Warts ကြွက်နို့၊
9. Moles မှဲ့သီး၊
10. Cancer of the skin အရေပြားကင်ဆာ၊

Tumor လို့ ပြောလိုက်ရင် အများစုက ကင်ဆာ ထင်ကြတယ်။ မဟုတ်ပါ။ Tumor ဆိုတာက အမေရိကန်လို၊ Tumour လို့ စာလုံးပေါင်းတာက အင်္ဂလိပ်နဲ့ ခေတ်ဟောင်း ပြင်သစ် ဖြစ်တယ်။ ယေဘုယျ ဆိုရင် တနေရာမှာ ပုံမှန် မဟုတ်ဘဲ ဖေါင်းကြွလာတာမျိုးကို ခေါ်တယ်။

ကင်ဆာရဲ့ထူးခြားချက်က ဖေါင်းတာ၊ ရောင်တာ၊ အကျိတ်ဖြစ်တာ မဟုတ်ပါ။ မှန်ဘီလူးနဲ့ စစ်ကြည့်ရင် (ဆဲလ်) တွေ၊ (တစ်ရှူး) တွေ များလာတွေက ပုံပျက်နေတာတွေ ဖြစ်ပြီး Genetic mutations ခေါ်တဲ့ မျိုးဗီဇပြောင်းလဲမှု ရှိပါတယ်။ Leukemia (လူကီးမီးယား) နဲ့ Carcinoma in situ လိုဟာတွေဆိုရင် ဖေါင်းလာတာမျိုး မရှိကြဘူး။

ရောဂါနာမယ်တွေမှာ နောက်ဆုံးက -megaly နဲ့ အဆုံးသတ်ရင် ကြီးနေတာကို ပြောတာဖြစ်တယ်။ ဥပမာ Hepatomegaly အသဲကြီးနေတာ၊ Splenomegaly ဘေလုံးကြီးနေတာ။ -oma နဲ့ အဆုံးသတ်ရင် အလုံးဖြစ်တယ်။ ဥပမာ -carcinoma, -sarcoma ဆိုတာမျိုး။

Hemangioma, Meningocele, Branchial cyst, Dermatoid cyst, Thyroglossal cyst တွေက မွေးကတည်းက ဖြစ်တာမျိုးတွေ။ Hematoma ဒဏ်ရာကြောင့် အထဲမှာ သွေးယိုလို့ ဖေါင်းနေတာ၊ Dislocation အဆစ်လွဲလို့ ရောင်နေတာ။

ကင်ဆာ မဟုတ်အကျိတ်တွေက သာမန်ဖြစ်တယ်၊ တိုးတာ-ပြောင်းဖြစ်တာ မရှိပါ၊ အန္တရာယ် မရှိပါ၊ တခြားကိုလဲ မပြန့်ပါ။ တချို့ ကင်ဆာ-မဟုတ်အကျိတ်တွေက ဒုက္ခပေးနိုင်တာတွေ ရှိတယ်။ Mass effect ခေါ်တယ်။ အရေးပါတဲ့ နေရာ-အင်္ဂါတွေ အပေါ်-အနီးအနား ဖြစ်နေရင် Compression ဖိအား သက်ရောက်စေတယ်။ ဟော်မုန်းထွက်ရာ (အင်ဒိုခရိုင်း-ဂလင်း) တွေမှာဖြစ်ရင် ဟော်မုန်းတွေ ပိုများစေတယ်။ ဥပမာ Thyroid adenomas လည်ပင်းကြီးအကျိတ်၊ Pituitary adenomas ဦးနှောက် (ပစ်ကျူထရီ) အကျိတ် ဆိုတာမျိုး ဖြစ်တယ်။

ကင်ဆာ-မဟုတ်တာရဲ့ ထူးခြားချက်က အဖုံးလွှာပါတာ ဖြစ်တယ် မှန်ဘီလူးနဲ့ကြည့်ရင် Fibrous sheath အလွှာကို တွေ့ရမယ်။ ဒါရှိလို့ အပြင်ကို မပြန့်စေပါ။ ဒီအချက်ဟာ ကင်ဆာနဲ့ ပြောင်းပြန်ဖြစ်တယ်။ ကင်ဆာ-မဟုတ်တာထဲမှာ Teratoma (တာရတိုးမား) ဆိုတာ ကတော့ နဲနဲဆိုးတယ်။ တချို့ဟာတွေက ကင်ဆာကို ပြောင်းသွားတတ်လို့။ အူမကြီးမှာ ဖြစ်တဲ့ Tubular adenoma ဆိုတာမျိုးကလဲ Colon cancer ကင်ဆာကို ပြောင်းသွားတတ်တယ်။ Melanoma နဲ့ Seminoma တွေက နာမယ်အရ ကင်ဆာ မဟုတ်တဲ့ သဘော ဆောင်ပေမဲ့ ကင်ဆာတွေ ဖြစ်တယ်။ အစဉ်အလာ ဆက်ခေါ်နေကြလို့ပါ။

ကင်ဆာ မဟုတ်ပေမဲ့ အလုံးကလေး တွေ့ရတာအပြင် တချို့မှာ ရောဂါလက္ခဏာတွေပါ ရှိနိုင်တယ်။ ဥပမာ -
• သွေး မသိမသာဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ် ယိုမယ်။ ဆက်ပြီး သွေးအားနည်းလာမယ်။
• ဖိနေလို့ အောက်ကအင်္ဂါ နာမယ်။ Dysfunction အလုပ်မလုပ်နိုင်တာ ဖြစ်စေမယ်။
• အကြည့်ရ ဆိုးမယ်။
• ယားမယ်။
• ဟော်မုန်းများတဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်။
• ပိတ်ဆို့နေမယ်။ ဥပမာ အူပိတ်တာ။
• သွေးကြောကိုဖိလို့ သွေးမလျှောက်တာဖြစ်မယ်။ အရေးပါတဲ့ အင်္ဂါတွေ အဖိခံရမယ်။



အကျိတ် အမျိုးမျိုး (အေ-တူ-ဇက်) -
• Acne cyst ဝက်ခြံအိတ်၊
• Arachnoid cyst ဦးနှောက် အကျိတ်၊
• Baker's cyst ဒူးကောက်ကွေး အကျိတ်၊
• Bartholin's cyst အမျိုးသမီး မွေးလမ်းအဝ အကျိတ်၊
• Breast cyst ရင်သား အကျိတ်၊
• Chalazion cyst (eyelid) မျက်စိအတွင်း စွန်ခြင်း၊
• Choroid plexus cyst (brain) ဦးနှောက် အကျိတ်၊
• Epididymal cyst ယောက်ျား-အစေ့ အကျိတ်၊
• Ganglion cyst ခြေ-လက် အရွတ်ကြော အကျိတ်၊
• Glial cyst ဦးနှောက် အကျိတ်၊
• Gartner's duct cyst အမျိုးသမီး မွေးလမ်းအဝ အကျိတ်၊
• Hydatid cyst တိပ်ပြားပုံသန်ကောင် အကျိတ်၊
• Hydrocele မုတ်ရောဂါ၊
• Liver cystic disease အသဲ အကျိတ်၊
• Meibomian cyst မျက်ခွံ အကျိတ်၊
• Nabothian cyst သားအိမ်အဝ အကျိတ်၊
• Ovarian cyst မျိုးဥအိမ် အကျိတ်၊
• Paratubal cyst သားအိမ်ပြွန် အကျိတ်၊
• Pericardial cyst နှလုံးအိတ် အကျိတ်၊
• Peritoneal cyst ဗိုက်ခေါင်း-အဖုံးလွှာ အကျိတ်၊
• Pilar cyst ဦးရေခွံ အကျိတ်၊
• Renal cyst ကျောက်ကပ် အကျိတ်၊
• Polycystic ovary syndrome မျိုးဥအိမ် အကျိတ်၊
• Pineal gland cyst ဦးနှောက် အကျိတ်၊
• Sebaceous cyst ချွေးထွက်အိတ် အကျိတ်၊
• Spermatocele ယောက်ျား-အကြော အကျိတ်၊

အတွင်းထဲရော အပြင်မှာပါဖြစ်တဲ့ အလုံး-အကျိတ်တွေထဲမှာ စိတ်ဝင်စားဘို့ ကောင်းတာတခုက Dermoid cyst (Cystic teratoma) ဆိုတာပါ။ သူဖြစ်ရင် လူတွေမှာရှိတဲ့ (တစ်ရှူး) မှန်သမျှ သူ့မှာရှိနိုင်လို့၊ အမွှေး၊ ဆံပင်၊ ချွေး၊ အဆီ၊ အရိုး၊ လက်သည်း၊ သွား၊ အရိုးနု၊ လည်ပင်းကြီးတစ်ရှူး၊ စတာတွေထဲက တွေ့ချင်တာ တွေ့နိုင်တယ်။ ကင်ဆာ မဟုတ်ပါ။ မျက်နှာ မျက်ခုံးဘေးမှာ လာတွေတဲ့ အလုံး ဆိုရင် ဒါဖြစ်မလား သံသယ မျက်စိနဲ့ ကြည့်ရတယ်။ အပြင်က စမ်းရင် ရာဘာကို စမ်းရသလိုနေမယ်။ မခွဲခင် သွားကလိရင် ရောင်နိုင်တယ်၊ ရင်းနိုင်တယ်။ အကုန်အစင် ခွဲမထုတ်ရင် ပြန်ဖြစ်နိုင်တယ်။ နောက်အဖြစ်များ နေရာတွေကတော့ Coccyx မီးညှောင့်ရိုးအပေါ်နဲ့ Ovary မျိုးဥအိမ်မှာလဲ ဖြစ်နိုင်တယ်။ မျိုးဥအိမ်မှာ ဖြစ်ရင် ဆံပင်တွေ အထွေးလိုက်ပါနိုင်တယ်။ အပင်း မဟုတ်ပါ။

ကင်ဆာ-မဟုတ်တဲ့ အကျိတ်ကို ဆေးကုဘို့ မလိုဘူး ပြောရင်ရတယ်။ သူရှိနေလို့ တခုခုခံစားရမှ ကုဘို့ လိုတယ်။ ခွဲစိတ်ထုတ်ပြစ်ပါမယ်။

Dr. တင့်ဆွေ

Albendazole သန်ချဆေး

သန်ကောင် အမျိုးမျိုးရှိတယ်။ အများဆုံးဖြစ်တာက သန်လုံးကောင် နဲ့ ပင်အပ်ပုံ သန်ကောင်တွေဖြစ်တယ်။ အမျိုးမတူရင် ဆေးပေးတာလဲ မတူပါ။ အကြမ်းပြောရရင် တကြိမ်သောက်ပြီးနောက် ၃-၄ ပါတ်အကြာမှာ တခါသောက်ရတယ်။
ပဌမအကြိမ်တုံးက ဥအနေနဲ့ရှိနေခဲ့တာတွေ အကောင်ဖြစ်လာချိန်မှာ တခါထပ်သန်ချရတာပါ။ အများဆုံးဖြစ်တာအတွက် ဆေးကို တကြိမ်ထဲနဲ့ပြီးတယ်။ တချို့ကို ၃ ရက်ဆက်သောက်ရတယ်။ ၂ နှစ်အောက်ကို ဆေးတဝက်၊ ၂ နှစ်အထက် ဘယ်လောက်အသက်ကြီးကြီး ဆေးတလုံးသောက်ရတယ်။ တချို့က သောက်ရတဲ့ဆေးပြား၊ တချို့က ဝါးစားရတဲ့ဆေးပြား၊ တချို့က ဆေးရည်။

ခံစားရမှာလဲ မတူဘူး။ ဗိုက်နာတာ၊ ဝမ်းပျက်တာ နဲ့ စအိုယားတာတွေ။ ကလေးတွေမှာ သန်ရှိရင် ပိန်တယ်၊ ဗိုက်ပူတယ်။ ဒါက ဝမ်းပျက်လို့ ဆက်ဖြစ်တာပါ။ ဝက်သား မနူးတာစားလို့ တိပ်ပြာပုံသန်ကောင် ဖြစ်တတ်တယ်။ သေခြာချင်ရင် Stool ME ဝမ်းစစ်ရမယ်။

Albendazole, Albenza, Albazole, Albendol, Albex, Mebendazole သန်ချဆေးများ၊

• Roundworm ရိုးရိုး (တီကောင်လို) သန်လုံးကောင်၊ Albendazole 400 mg တခါတည်းသောက်၊ (သို့) ၂-၃ ရက်။ ၂ နှစ်အောက်ကလေး ဆေးတဝက်သောက်။
• Pinworms (Enterobius vermicularis) စအိုယားစေသည့် ပင်အပ်ပုံ သန်ကောင်၊ အသက် ၂ နှစ်အထက် 400 mg ညတကြိမ်၊ ၂ နှစ်အောက် 200 mg ညအိပ်ရာဝင် ၁ ကြိမ်။ ၂ ပါတ်နေရင် နောက်တခါထပ်သောက်။
• Threadworm (Seat worm, Strongyloides): အရေပြားက တဆင့် ဝင်သည့် သန်ကောင်၊ အသက် ၂ နှစ်အထက် 400 mg ည ၁-၂ ကြိမ်၊ ၃ ရက်ဆက်။ ၂ နှစ်အောက် တဝက်။
• Tapeworm (Echinococcosis, Hydatid disease, Hydatid cyst): တိပ်ပြားပုံ သန်ကောင်၊ အသက် ၂ နှစ်အထက် 400 mg တနေ့ ၂ ကြိမ်၊ အစာနှင့်သောက်၊ ၁၄ ရက်။
• Whipworm (Trichuriasis) ကျာပွတ်နှင့်တူသော ဝမ်းပျက်စေသည့် သန်ကောင်၊ 400 mg ညအိပ်ရာဝင် ၁ ကြိမ်၊ ဒါမှမဟုတ် တနေ့ ၂ ကြိမ်၊ ၃ ရက်။ ၂ နှစ်အောက် တဝက်။
• Giardiasis: (ဂိုင်ယာဒီးယား) ပိုးဝင်၍ ဝမ်းပျက်ခြင်း၊ Albendazole 400 mg တနေ့ ၁ ကြိမ်၊ ၅ ရက်။
• Hookworm (Ankylostomiasis): ချိတ်သန်ကောင်၊ Albendazole 400 mg တနေ့ ၂ ကြိမ်၊ ၃ ရက်ဆက်တိုက် + Ferrous sulfate 200 mg တနေ့ ၃ ကြိမ်၊ ၃ လ။
• Neurocysticercosis: အာရုံကြောစနစ်ထဲရောက်သည့် သန်ကောင်၊ 400 mg (15 mg/kg) တနေ့ ၂ ကြိမ်၊ ၈-၃ဝ ရက်။
• Filariasis: ဆင်ခြေထောက်ရောဂါ၊ Albendazole 400 mg တနေ့ ၂ ကြိမ်၊ ၃ ပါတ်။ သို့မဟုတ် 400 mg ချက်ချင်းပေး + Ivermectin 200 μg/kg
• ဘေးထွက်-ဆိုးကျိုး = ပျို့-အန်၊ ဆံပင်ကြွတ်၊ အစာအိမ်အောင့်၊ ကိုယ်ဝန်ရှိနေစဉ် မပေးသင့်၊

ဒေါက်တာတင့်ဆွေ

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...