ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, November 1, 2013

Cancer 12 Facts သိသင့်သော ကင်ဆာ အချက် ၁၂ ချက်

• ကင်ဆာကြောင့် တကမ္ဘာလုံးမှာ နေ့တိုင်း လူပေါင်း ၂ သောင်း သေဆုံးနေရတယ်။
• တကမ္ဘာလုံးမှာ သေဆုံးသူ ၁၈ ယောက်မှာ ၁ ယောက်က ကင်ဆာကြောင့်သေရတယ်။
• ကင်ဆာကြောင့်သေရတာဟာ AIDS ကြောင့်၊ တီဘီကြောင့်နဲ့ ငှက်ဖျားကြောင့်သေရတာတွေ စုစုပေါင်းထက် ပိုများတယ်။
• ၂ဝဝ၇ အကုန်မှာ ကင်ဆာနဲ့ဆုံးပါးရသူပေါင်း ၇့၆ သန်းရှိတယ်။
• ယောက်ျားတွေမှာ အဆုပ်ကင်ဆာ၊ ဆီးကျတ်ကင်ဆာ၊ အစာအိမ်ကင်ဆာတွေက အများဆုံးဖြစ်ကြတယ်။
• မိန်းမတွေမှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်း (သားအိမ်ဝ) ကင်ဆာ၊ အူမကြီးကင်ဆာတွေက အများဆုံးဖြစ်ကြတယ်။
• ရင်သားကင်ဆာဟာ အမျိုးနီးစပ်သူထဲမှာရှိရင် ဖြစ်နိုင်ချေ ၂ ဆ ရှိတယ်။
• Pap smear စစ်နည်းက သားအိမ်ခေါင်း (သားအိမ်ဝ) ကင်ဆာ စောစောသိဘို့ရာ အကောင်းဆုံးဖြစ်တယ်။
• အမေရိကန် ယောက်ျားတယောက်ဟာ တသက်လုံး ကင်ဆာဖြစ်နိုင်ချေ ၄၅% ရှိတယ်။
• ဆေးလိပ်သောက်သူတွေက အဆုပ်ကင်ဆာဖြစ်နိုင်ချေ ၂၃ ဆပိုများတယ်။
• မချမ်းသာသေးတဲ့ တိုင်းပြည်တွေမှာ ကင်ဆာထက် ဝမ်းလျော-ဝမ်းပျက်ကြောင့် သေဆုံးရတာက ပိုများတယ်။
• တကမ္ဘာလုံးမှာ နှလုံးရောဂါဟာ လူတွေကို သေစေတဲ့တရားခံ နံပါတ် ၁ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ