Friday, January 31, 2014

Why coat apple fruits ဖယောင်းသုတ် ပန်းသီး

“Myanmar CNN: တရုတ်မှ ဖယောင်းသုတ် ပန်းသီးများ ဈေးကွက်အတွင်း ဝင်ရောက်” သတင်းကို ကနေ့မနက် ဖေ့စ်ဘွတ်မှာ ဖတ်ရပါတယ်။ ပန်းသီးပေါ်မှာ ဖယောင်းသုတ်ပြီးရောင်းတာကိုစားရင် ဘာဖြစ်နိုင်သလဲ ဖယောင်းသုတ်ရတဲ့အကြောင်းတွေ တခုမကရှိတယ်။ အထားခံအောင်နဲ့ အမြင်လှအောင် အတွက်ဖြစ်တယ်။ ပန်းသီးမှာ နဂိုအတိုင်း သဘာဝဖယောင်း ပါနေပြီးသာဖြစ်တယ်။ ဒါကြောင့် ပန်းသီးဟာ ထားတာကြာပေမဲ့ ရှုံ့တွမသွား၊ အလေးချိန်လဲ မလျော့ပါ။ ဖယောင်းအတုသုတ်ကြတာက မရောင်ချမီ၊ မတင်ပို့မီ၊ ထုပ်ပိုးမီမှာ သဘာဝဖယောင်းကို ပွတ်တိုက် ဆေးကြောလိုက်တာမို့ ဖယောင်းအတု ထပ်သုတ်တာဖြစ်တယ်။ ဒီလိုလုပ်လိုက်ရင် ၅ဝ% ကုန်သွားနိုင်တယ်။ ဆေးကြောနည်းအပေါ်မှာမူတည်တယ်။ ဖယောင်းအတုဆိုတာ တိရစ္ဆာန်ဖယောင်းနဲ့ အသီးအနှံဖယောင်းဖြစ်မယ်။ ဒါမှမဟုတ် ဓါတ်ဆားနဲ့ ဓါတ်ခွဲခန်းကထုတ်တာ ဖြစ်မယ်။ အများဆုံးသုံးကြတာက အသီးအနှံကရတဲ့ canauba wax နဲ့ shellac ဖြစ်တယ်။ ဆူပါမားကက်တွေမှာဝယ်ရင် ဖယာင်းသုတ်တာ မလွတ်ပါ။ ပန်းသီးထဲမှာနေပါတဲ့ ရေဓါတ်မခမ်းစေအောင်အတွက်လဲ ဖယောင်းသုတ်ကြတယ်။ အလေးချိန်လဲမလျော့စေပါ။ အရည်ရွှမ်းတာကိုလဲ ထိန်းထားမယ်။ အဝေးကိုတင်ပို့ရောင်းချဘို့ဆိုရင် ပိုအပ်တယ်။ ဒါမှ မှည့်မှာကို နှေးစေမယ်။ ပန်းသီးကို ဖယောင်းသုတ်လို့ အနုတ်သဘောဆောင်တာတွေရစေနိုင်တယ်။ လေမရတဲ့ အသက်ရှူဖြစ်စဉ်ဖြစ်စေမယ်။ ပန်းသီးရဲ့ ပင်ကိုယ်အရည်အသွေးကို လှည့်ဖျားစေမယ်။ ကြည့်လိုက်ရင်တော့ ပန်းသီးဟာ တောက်ပြောင်၊ တင်းတင်းရင်းရင်း ရှိနေမယ်၊ စားချင်စဖွယ်ဖြစ်မယ်။ ဒါပေမဲ့ စားကြည့်လိုက်ရင် ကြွတ်ဆတ်မှုနည်းနေမယ်။ ပန်းသီးကိုဖယာင်းသုတ်ထား-မထားဘယ်လိုသိနိုင်လဲ။ ပန်းသီးကို အပင်ကနေ ခူးဆွတ်ပြီး လက်နဲ့ပွတ်လိုက်ရင် လက်မှာ အဖြူရောင်အမှုံပေလာတာတွေ့ရမယ်။ အဲဒါက သဘာဝဖယောင်းဖြစ်တယ်။ အဲလိုဘဲ ဖယောင်းအတုသုတ်ထားတဲ့ ပန်းသီးကို ပွတ်လိုက်ရင် အလွှာတခုကွာကျလာတောတွေ့ရမယ်။ ကျန်းမာရေး ၁၆-၈-၂ဝ၁၂ နေ့က ကနေဒါကလာတဲ့သတင်းတခုမှာ Ottawa to review fruit wax after reports of cancer link အသီးတွေမှာ ဖယာင်းပါတာနဲ့ ကင်ဆာ ဆက်စပ်မှု သတင်းထွက်လို့ ဆန်းစစ်မှုလုပ်မယ်လို့ဆိုပါတယ်။ ဖယောင်းထဲမှာ morpholine ပါနေရင်ကို ဆိုလိုတာဖြစ်တယ်။ ဒီဓါတ်ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ N-nitrosomorpholine ဖြစ်တယ်။ သဘာဝဖယောင်းရော ဖယောင်းအတုရော စားလို့ ကျန်းမာရေးမှာ ဘာထိခိုက်သလဲ တိတိကျကျ မပြောနိုင်ပါ။ တိတိကျကျ မပြောနိုင်တာမို့ ကျန်းမာရေးအတွက် စိုးရိမ်ရင် ဒါတွေလုပ်နိုင်ပါတယ်။ မစားခင်မှာ ပန်းသီးကို ရေခပ်နွေးနွေးလေးနဲ့ ပွတ်ဆေးပါ။ ဖယောင်းသာမက ကျန်တဲ့ မလိုလားအပ်တာတွေလဲ ပြောင်စေပါမယ်။ ဆပ်ပြာလိုဟာ မသုံးသင့်ပါ။ အပေါက်ပါနေတာအတွက်လဲ မသုံးပါနဲ့။ ဗနီဂါရည်သုံးချင် သုံးနိုင်ပါတယ်။ ပြီးရင် စက္ကူနဲ့သုတ်ပါ။ အရှင်းဆုံးနည်းကတော့ ပန်းသီးကို အခွံနွှာပြီးမှ စားသုံးပါ။ ဒေါက်တာတင့်ဆွေ ၁၉-၁-၂ဝ၁၄

Yabba (ယာဘ)

“လူစည်စည်မှာ အာဘောင်အာရင်းသန်သန်နဲ့ ဟောပြောသူတိုင်းကို အထင်မကြီးကြပါနဲ့။ သူများကို အပြစ်ပြောတဲ့နေရာမှ သူရဲကောင်း အထင်ခံရလောက်အောင် ဆေးစွမ်းကထိရောက်တယ်။ ပြောတာဟောတာကို အဟုတ်မှတ်လို့ နောက်လိုက် နောက်ပါ ဖြစ်သွားသူတွေလဲ များတာာတွေ့ရတယ်။ အရေးအသားလဲ ပြောင်မြောက်လို့ စာဖတ်ပရိသတ်လဲ မရှားဘူး။” (ယာဘ) ဆိုတာ Methamphetamine (မက်သမ်ဖတမင်း) ဖြစ်တယ်။ မြန်မာပြည်မှာ ရေခဲလို့လဲခေါ်တယ်။ သူများ နိုင်ငံတွေမှာ Ice, Speed, Meth, Crystal, Crank စသဖြင့်ခေါ်တယ်။ Methamphetamines နဲ့ Caffeine ကိုသာ Ice လို့ခေါ်တာကမှန်တယ်။ အဖြူရောင် အနံ့မရှိဘူး။ ရေ၊ အရက်ထဲမှာ ပျော်ဝင်တယ်။ ပါးစပ်ကနေ သောက်တယ်။ နှာခေါင်းကနေ ရှူတယ်။ ဆေးထိုးအပ်နဲ့လဲ ထိုးတယ်။ ဆေးလိပ်လိုလဲ သောက်တယ်။ ဆေးစွမ်းခံစားရတာကို High လို့ ခေါ်ကြတယ်။ ကလပ်တွေမှာ အသုံးများလို့ Club drug လို့ခေါ်တယ်။ လမ်းပေါ်မှာသုံးတာကို Ice နဲ့ Glass ခေါ်တယ်။ နာမည်ခွဲတွေ ရှိတယ်။ crystal meth, meth, crystal, shabu, batu, d-meth, tina နဲ့ glass တွေဖြစ်တယ်။ Base ကိုလဲ speed dexedrine, dexies, dex, shad, go-ee, glass, tina, paste, oxblood, shabu, crank လို့ ခေါ်တယ်။ ဆေးကုရာမှာလဲ Desoxyn 5-mg tablets ဆေးပြားအနေနဲ့ သုံးတယ်။ ADHD နဲ့ Exogenous obesity အဝလွန်ရောဂါတွေအတွက် ပေးတယ်။ Narcolepsy နဲ့ Depression တခြားဆေးတွေနဲ့ မရတဲ့ စိတ်ဓါတ်ကျ ရောဂါအတွက်လဲ သုံးတယ်။ (မက်သမ်ဖတမင်း) ဟာ အားကောင်းတဲ့ စိတ်ကြွဆေးတမျိုးဖြစ်တယ်။ Psychostimulant ခေါ်တယ်။ Amphetamine ကနေထုတ်တယ်။ ဆေးအဆ နည်းနည်းပေးရင် နိုးကြားနေမှုကို ပိုကောင်းစေမယ်။ အာရုံစိုက်မှုလဲ ပိုမယ်။ အားကုန်ရင်လဲ အားရစေတယ်။ ဆေးအဆများများပေးရင် Mania (မဲနီးယား) နဲ့ Euphoria (ယူဖိုးရီးယား) စိတ်အခြေအနေတွေအထိ ပြောင်းလာမယ်။ စိတ်ပိုင်းသက်ရောက်မှုတွေကတော့ ကောင်းတာတွေကို ထင်မြင်နေမယ်။ အစပိုင်းလေးမှာ လိင်စိတ်များစေမယ်။ အာရုံစိုက်မှုများမယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးနေမယ်။ လူထဲအတင်းလိုက်ရောမယ်။ စိတ်တိုမယ်။ ကြမ်းတမ်းမယ်။ ဆံပင်ကို ဆွဲနေမယ်။ အရေပြား ဆိတ်နေမယ်။ သူများ မမြင်-မကြားတာတွေကို မြင်ကြားနေမယ်။ သူ့မှာ ပါဝါတွေ ရှိနေတယ်လို့ ထင်နေမယ်။ အဲလိုလူတွေမှာ ဆေးမသုံးရရင် အားယုတ်မယ်၊ စိတ်ဓါတ်ကျမယ်၊ အစားတွေ သိပ်စားချင်မယ်၊ စိုးရိမ်စိတ်ကဲမယ်၊ စိတ်တိုမယ်၊ ခေါင်းကိုက်မယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အိပ်ချိန်များမယ်၊ အိပ်မက်အမျိုးမျိုး မက်မယ်။ ရေရှည်မှာ ဆိုးတာတွေ ဖြစ်နိုင်တယ်။ စိတ်ဓါတ်ကျလွန်းလာမယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်မယ်။ နှလုံးရောဂါရမယ်။ စိတ်ရောဂါရမယ်။ စိုးရိမ်စိတ် များလွန်းလာမယ်။ စိတ်ကြမ်းတမ်းလာမယ်။ ဒီဆေးသုံးရင် ရုပ်ပိုင်းပြောင်းလဲလာတာတွေရှိတယ်။ အစာမစားချင်၊ တက်ကြွနေမယ်၊ အရေပြားနဲ့ မျက်နှာနီရဲနေမယ်၊ ချွေးထွက်များမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အာခေါင်ခြောက်မယ်၊ ခေါင်းကိုက်မယ်၊ ရင်တုန်မယ်၊ နှလုံးခုန်မြန်မယ်-နှေးမယ်၊ နှလုံးခုန် မမှန်ဖြစ်မယ်၊ အသက်ရှူမြန်မယ်၊ သွေးဖိအားတက်မယ်-ကျမယ်၊ ဝမ်းပျက်မယ်၊ လက်တုန်မယ်၊ အရေပြားယားမယ်၊ ဝက်ခြံထွက်မယ်၊ ဖြူဖတ်ဖြူယော်နေမယ်၊ တက်မယ်၊ နှလုံး (အတက်) ရမယ်၊ သေမယ်။ ဆေးတလွဲသုံးမှုနဲ့ ဆေးစွဲတာပါ ဆက်ဖြစ်လာမယ်။ Amphetamine/Stimulant psychosis စိတ်အခြေအနေတမျိုး ဖြစ်လာမယ်။ တာရှည်သုံးရာကနေ Post-withdrawal syndrome ဆေးဖြတ်ချိန်မှာ ခံစားရမှာတွေ ဖြစ်လာမယ်။ Neurotoxicity အာရုံကြောအဆိပ်သင့်တာလို့ခေါ်တယ်။ တကယ် ဆေးဖြတ်ပြီးနောက် အချိန်အတော်ကြာအထိ ခံစားနေရမယ်။ (နှလုံးသွေးကြောရောဂါ) လဲ ရလာနိုင်တယ်။ Cocaine (ကိုကိန်း)၊ Amphetamine (အင်ဖက်တမင်း) တို့နဲ့မတူတာက Methamphetamine ဟာ Midbrain ဦးနှောက် အလယ်ပိုင်းမှာရှိတဲ့ Dopamine neurons အာရုံကြောကို ထိခိုက်စေတဲ့ Neurotoxic အာရုံကြောအဆိပ်မျိုး ဖြစ်တယ်။ Parkinson's disease ရောဂါရလမ်းလဲ များတယ်။ ဆေးခံနိုင်စွမ်းကို စမ်းသပ်တာမှာ တယောက်နဲ့တယောက် မတူကြဘူး။ သာယာမှုလမ်းကြောင်းကို သင့်တာထက်ပိုပြီး သက်ရောက်စေထားတဲ့အတွက် Anhedonia ဖြစ်လာမယ်။ ဆေးစွဲသုံးသူတွေမှာ သွားတွေ၊ သွားဖုံးက ပျက်စီးလွယ်တယ်။ အဲဒါကို Meth mouth လို့ ခေါ်တယ်။ ဆေးစွဲတာကို ကုရတာဟာ အတော်ကြီးခက်တယ်။ Bupropion, Aripiprazole, Baclofen ဆေးတွေပေးတာ များတယ်။ ဒါပေမဲ့ အောင်မြင်မှု နည်းတယ်။ L-tyrosine and L-5HTP/tryptophan ခေါ်တဲ့ အမိုင်နိုအက်စစ် အားဆေး နေ့တိုင်း ပေးနိုင်တယ်။ ဗီတာမင် (စီ) ပေးတာလဲ ကောင်းတယ်။ Modafinil ဆေးကိုလဲသုံးတယ်။ Ibogaine နဲ့ Mirtazapine ဆေးတွေကိုလဲ သုံးတယ်။ Behavioral activation therapy စိတ်ကုနည်းလဲသုံးရတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၁-၂ဝ၁၄

Seborrheic dermatitis အရေပြားနာတမျိုး

သမီးက့ ကပါ။ အသက် ၂၉ နှစ်မကြာခင်ရက်ပိုင်းမှာပြည့်ပါမယ်။ ဆရာရေးတဲ့ဆောင်းပါးကိုတွေ့လို့ သေချာ သိချင်တာလေးကို မေးတာပါ။ ဦးခေါင်းမှိုစွဲတဲ့ရောဂါလို့ ပြောရမလား မသိဘူး။ ခေါင်းမှာ အဖြူဖက်ထူထူလေးတွေ တဖြည်းဖြည်း များလာပါတယ်။ ၆ လလောက်ကြာတော့ ဆရာဝန်ကိုသွားပြတယ်။ ဆရာ့ကိုရောဂါမေးတော့ seborrheic dermatitis ဖြစ်တာလို့ ပြောပါတယ်။ သူက keto plus shampoo နဲ့ လျှော်ခိုင်းပါတယ်။ လိမ်းဆေးကိုတော့ Rovate lotion လူးခိုင်းပါတယ်။ ဒါပေမယ့် ဘယ်ဆေးဆိုင်ဆေးခန်းမှာမှ အဲဒါမျိုးမရှိပါဘူး။ ဒါနဲ့ မှိုပျောက်တယ်လို့ ရေးထားတဲ့ ခေါင်းလျှော်ရေလျှော်ပါတယ်။ အဖြူဖတ်တွေက အနာဖတ်အဝါတွေလို ပြောင်းလာပါတယ်။ သောက်ဆေး ရေးထားတာတွေကများလို့ ဘာကိုသောက်ရမလည်း၊ ဒီရောဂါဘာလို့ ဖြစ်ရတာလည်းဆိုတာလည်း သိချင်ပါတယ်။ သမီးက သဘာဝအတိုင်းပဲ ခေါင်းကိုထားပါတယ်။ သန့်ရှင်းမှုကိုလည်း အထူးဂရုစိုက်ပါတယ်။ ဘယ်လို ဆက်ပြီး ကုသရမလည်းဆိုတာ လမ်းညွှန်ပေးစေချင်ပါတယ်ရှင်။ ပိုပိုပြီးဆိုးလာလို့ပါရှင်။ • အဖြစ်မနည်းပါ။ အရေပြာမှာရောင်ရမ်းဖြစ်စဉ်ကနေ ဖြူဝါဝါအဖတ်လေးတွေ ကွာကျတယ်။ ဦးရေခွံ၊ မျက်နှာနဲ့ နားက အရေပြားတွေမှာဖြစ်တယ်။ အရေပြားနီခြင်နီမယ်။ ကလေးငယ်လေးတွေမှာလဲဖြစ်တယ်။ • ဘာလို့ဖြစ်လဲ တိတိကျကျမသိနိုင်ပါ။ ခုခံအားထား၊ ဟော်မုန်းအပြောင်းအလဲလား၊ အစာအာဟာရလား၊ မာရုံကြောလား စဉ်းစားနိုင်ဘဲရှိတယ်။ မှိုပိုးကနေလဲဆက်ဖြစ်နိုင်တယ်။ မိသားစုထဲမှာ တယောက်မက ဖြစ်တတ်တယ်။ • စိတ်ဖိအားများသူ၊ ရာသီဥတုပြင်းထံရာမှာနေရသူ၊ မောပန်းသူ၊ အဆီပြန်တတ်သူ၊ ဝက်ခြံများသူ၊ အရေပြားနဲ့ဆံပင်သန့်ရှင်းမှုနည်းသူ၊ အရက်ပြန်များတာပါတဲ့ လိမ်းစရာတွေသုံးသူ၊ ဝသူ၊ HIV ရှသူတွေမှာ သူများတွေထက်ပိုဖြစ်တယ်။ • ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရတဲ့ ခေါင်းလျှော်ရည်သုံးနိုင်တယ်။ • ဆေးတွေ အမျိုးမျိုးရှိတယ်။ ဆေးထဲမှာ salicylic acid, coal tar, zinc, resorcin, ketoconazole, or selenium sulfide တွေပါတာမျိုးကြည့်ဝယ်နိုင်တယ်။ ဆေးညွှန်းဖတ်သုံးပါ။ • ဆေးထဲမှာ selenium, ketoconazole, or corticosteroids တွေပါနေရင် ပိုသတိထားသုံးရမယ်။ ဆိုးတာကိုမှသာသုံးပါ။ • တချို့ဆိုးတာတွေအတွက် selenium sulfide, ketoconazole, or corticosteroid ပါတာမျိုးညွှန်တယ်။ • တိုက်ရိုက်နေရောင်ရတာက သက်သာစေမယ်။ • အလားအလာ စိတ်တော့မပျက်ပါနဲ့။ ကြာမယ်။ တချို့မပျောက်နိုင်ဘူး။ အကြောင်းရင်းသိရင် ရှောင်ရှားပါ။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂ဝ၁၄

Tuesday, January 28, 2014

Yabba (ယာဘ)

“လူစည်စည်မှာ အာဘောင်အာရင်းသန်သန်နဲ့ ဟောပြောသူတိုင်းကို အထင်မကြီးကြပါနဲ့။ သူများကို အပြစ်ပြောတဲ့နေရာမှ သူရဲကောင်း အထင်ခံရလောက်အောင် ဆေးစွမ်းကထိရောက်တယ်။ ပြောတာဟောတာကို အဟုတ်မှတ်လို့ နောက်လိုက် နောက်ပါ ဖြစ်သွားသူတွေလဲ များတာာတွေ့ရတယ်။ အရေးအသားလဲ ပြောင်မြောက်လို့ စာဖတ်ပရိသတ်လဲ မရှားဘူး။” (ယာဘ) ဆိုတာ Methamphetamine (မက်သမ်ဖတမင်း) ဖြစ်တယ်။ မြန်မာပြည်မှာ ရေခဲလို့လဲခေါ်တယ်။ သူများ နိုင်ငံတွေမှာ Ice, Speed, Meth, Crystal, Crank စသဖြင့်ခေါ်တယ်။ Methamphetamines နဲ့ Caffeine ကိုသာ Ice လို့ခေါ်တာကမှန်တယ်။ အဖြူရောင် အနံ့မရှိဘူး။ ရေ၊ အရက်ထဲမှာ ပျော်ဝင်တယ်။ ပါးစပ်ကနေ သောက်တယ်။ နှာခေါင်းကနေ ရှူတယ်။ ဆေးထိုးအပ်နဲ့လဲ ထိုးတယ်။ ဆေးလိပ်လိုလဲ သောက်တယ်။ ဆေးစွမ်းခံစားရတာကို High လို့ ခေါ်ကြတယ်။ ကလပ်တွေမှာ အသုံးများလို့ Club drug လို့ခေါ်တယ်။ လမ်းပေါ်မှာသုံးတာကို Ice နဲ့ Glass ခေါ်တယ်။ နာမည်ခွဲတွေ ရှိတယ်။ crystal meth, meth, crystal, shabu, batu, d-meth, tina နဲ့ glass တွေဖြစ်တယ်။ Base ကိုလဲ speed dexedrine, dexies, dex, shad, go-ee, glass, tina, paste, oxblood, shabu, crank လို့ ခေါ်တယ်။ ဆေးကုရာမှာလဲ Desoxyn 5-mg tablets ဆေးပြားအနေနဲ့ သုံးတယ်။ ADHD နဲ့ Exogenous obesity အဝလွန်ရောဂါတွေအတွက် ပေးတယ်။ Narcolepsy နဲ့ Depression တခြားဆေးတွေနဲ့ မရတဲ့ စိတ်ဓါတ်ကျ ရောဂါအတွက်လဲ သုံးတယ်။ (မက်သမ်ဖတမင်း) ဟာ အားကောင်းတဲ့ စိတ်ကြွဆေးတမျိုးဖြစ်တယ်။ Psychostimulant ခေါ်တယ်။ Amphetamine ကနေထုတ်တယ်။ ဆေးအဆ နည်းနည်းပေးရင် နိုးကြားနေမှုကို ပိုကောင်းစေမယ်။ အာရုံစိုက်မှုလဲ ပိုမယ်။ အားကုန်ရင်လဲ အားရစေတယ်။ ဆေးအဆများများပေးရင် Mania (မဲနီးယား) နဲ့ Euphoria (ယူဖိုးရီးယား) စိတ်အခြေအနေတွေအထိ ပြောင်းလာမယ်။ စိတ်ပိုင်းသက်ရောက်မှုတွေကတော့ ကောင်းတာတွေကို ထင်မြင်နေမယ်။ အစပိုင်းလေးမှာ လိင်စိတ်များစေမယ်။ အာရုံစိုက်မှုများမယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးနေမယ်။ လူထဲအတင်းလိုက်ရောမယ်။ စိတ်တိုမယ်။ ကြမ်းတမ်းမယ်။ ဆံပင်ကို ဆွဲနေမယ်။ အရေပြား ဆိတ်နေမယ်။ သူများ မမြင်-မကြားတာတွေကို မြင်ကြားနေမယ်။ သူ့မှာ ပါဝါတွေ ရှိနေတယ်လို့ ထင်နေမယ်။ အဲလိုလူတွေမှာ ဆေးမသုံးရရင် အားယုတ်မယ်၊ စိတ်ဓါတ်ကျမယ်၊ အစားတွေ သိပ်စားချင်မယ်၊ စိုးရိမ်စိတ်ကဲမယ်၊ စိတ်တိုမယ်၊ ခေါင်းကိုက်မယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အိပ်ချိန်များမယ်၊ အိပ်မက်အမျိုးမျိုး မက်မယ်။ ရေရှည်မှာ ဆိုးတာတွေ ဖြစ်နိုင်တယ်။ စိတ်ဓါတ်ကျလွန်းလာမယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်မယ်။ နှလုံးရောဂါရမယ်။ စိတ်ရောဂါရမယ်။ စိုးရိမ်စိတ် များလွန်းလာမယ်။ စိတ်ကြမ်းတမ်းလာမယ်။ ဒီဆေးသုံးရင် ရုပ်ပိုင်းပြောင်းလဲလာတာတွေရှိတယ်။ အစာမစားချင်၊ တက်ကြွနေမယ်၊ အရေပြားနဲ့ မျက်နှာနီရဲနေမယ်၊ ချွေးထွက်များမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အာခေါင်ခြောက်မယ်၊ ခေါင်းကိုက်မယ်၊ ရင်တုန်မယ်၊ နှလုံးခုန်မြန်မယ်-နှေးမယ်၊ နှလုံးခုန် မမှန်ဖြစ်မယ်၊ အသက်ရှူမြန်မယ်၊ သွေးဖိအားတက်မယ်-ကျမယ်၊ ဝမ်းပျက်မယ်၊ လက်တုန်မယ်၊ အရေပြားယားမယ်၊ ဝက်ခြံထွက်မယ်၊ ဖြူဖတ်ဖြူယော်နေမယ်၊ တက်မယ်၊ နှလုံး (အတက်) ရမယ်၊ သေမယ်။ ဆေးတလွဲသုံးမှုနဲ့ ဆေးစွဲတာပါ ဆက်ဖြစ်လာမယ်။ Amphetamine/Stimulant psychosis စိတ်အခြေအနေတမျိုး ဖြစ်လာမယ်။ တာရှည်သုံးရာကနေ Post-withdrawal syndrome ဆေးဖြတ်ချိန်မှာ ခံစားရမှာတွေ ဖြစ်လာမယ်။ Neurotoxicity အာရုံကြောအဆိပ်သင့်တာလို့ခေါ်တယ်။ တကယ် ဆေးဖြတ်ပြီးနောက် အချိန်အတော်ကြာအထိ ခံစားနေရမယ်။ (နှလုံးသွေးကြောရောဂါ) လဲ ရလာနိုင်တယ်။ Cocaine (ကိုကိန်း)၊ Amphetamine (အင်ဖက်တမင်း) တို့နဲ့မတူတာက Methamphetamine ဟာ Midbrain ဦးနှောက် အလယ်ပိုင်းမှာရှိတဲ့ Dopamine neurons အာရုံကြောကို ထိခိုက်စေတဲ့ Neurotoxic အာရုံကြောအဆိပ်မျိုး ဖြစ်တယ်။ Parkinson's disease ရောဂါရလမ်းလဲ များတယ်။ ဆေးခံနိုင်စွမ်းကို စမ်းသပ်တာမှာ တယောက်နဲ့တယောက် မတူကြဘူး။ သာယာမှုလမ်းကြောင်းကို သင့်တာထက်ပိုပြီး သက်ရောက်စေထားတဲ့အတွက် Anhedonia ဖြစ်လာမယ်။ ဆေးစွဲသုံးသူတွေမှာ သွားတွေ၊ သွားဖုံးက ပျက်စီးလွယ်တယ်။ အဲဒါကို Meth mouth လို့ ခေါ်တယ်။ ဆေးစွဲတာကို ကုရတာဟာ အတော်ကြီးခက်တယ်။ Bupropion, Aripiprazole, Baclofen ဆေးတွေပေးတာ များတယ်။ ဒါပေမဲ့ အောင်မြင်မှု နည်းတယ်။ L-tyrosine and L-5HTP/tryptophan ခေါ်တဲ့ အမိုင်နိုအက်စစ် အားဆေး နေ့တိုင်း ပေးနိုင်တယ်။ ဗီတာမင် (စီ) ပေးတာလဲ ကောင်းတယ်။ Modafinil ဆေးကိုလဲသုံးတယ်။ Ibogaine နဲ့ Mirtazapine ဆေးတွေကိုလဲ သုံးတယ်။ Behavioral activation therapy စိတ်ကုနည်းလဲသုံးရတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၁-၂ဝ၁၄

Ice ဆိုတာ ရေခဲမဟုတ်ပါ

သတင်း = အခုပေါ်နေတဲ့ Ice ပါ။ မူးယစ်ဆေးဝါးအဖြစ် ကျန်းမာရေးက ကြေငြာထားပါတယ် (လွင်သန္တာစိုး) Ice ဆိုတာ တရားမဝင်မူးယစ်ဆေးဖြစ်တယ်။ Methamphetamine ဖြစ်တယ်။ Base လို့လဲခေါ်တယ်။ Amphetamine ဆေးအုပ်စုထဲက ဖြစ်တယ်။ အဲဒီထဲမှာ Speed လဲပါသေးတယ်။ ကွာကြတာက ဘယ်လောက်စစ်သလဲ ဆိုတာသာ ဖြစ်တယ်။ Ice ကထိပ်ဆုံး၊ ဒိနောက် Base နဲ့ Speed စဉ်တိုက်ဖြစ်တယ်။ ဆေးစွမ်းခံစားရတာကို High လို့ ခေါ်ကြတယ်။ Ice မှာနည်မည်ခွဲတွေရှိတယ်။ crystal meth, meth, crystal, shabu, batu, d-meth, tina နဲ့ glass တွေဖြစ်တယ်။ Base ကိုလဲ speed dexedrine, dexies, dex, shad, go-ee, glass, tina, paste, oxblood, shabu, yabba နဲ့ crank လို့ခေါ်ကြသေးတယ်။ Crystal meth ကို ကလပ်တွေ၊ လူစီစီရှိရာတွေမှာ အသုံးများလို့ Club drug လို့ခေါ်တယ်။ လမ်းပေါ်မှာသုံးတာကို Ice နဲ့ Glass ခေါ်တယ်။ Crystal meth ကိုသူများတွေဆီမှာ အများအားဖြင့် နှာခေါင်းကနေရှူကြတယ်၊ ဆေးလိပ်လိုလဲသောက်တယ်၊ ဆေးထိုးအပ်နဲ့လဲထိုးတယ်။ တချို့ကဆေးသောက်သလိုလဲ သောက်သေးတယ်။ ဘယ်ကနေလုပ်လုပ် ဆေးအစွမ်းကို ဆက်ရချင်တဲ့ဆေးစွဲမှုနဲ့ မှားယွင်းတဲ့ပျော်ရွှင်မှုကိုရစေတယ်။ သိပ်ပြီးကိုယ့်ကိုယ်ကို အထင်ကြီးလာတယ်။ ဘာလုပ်လုပ် သိပ်တက်ကြွနေမယ်။ အားတွေလဲရှိနေမယ်။ စားချင်စိတ်မရှိဘူး။ ဆေးစွမ်းက ၆-၈ နာရီခံတယ်။ စသုံးသူတွေဆိုပိုကြာလို့ ၂၄ နာရီခံတယ်။ ဆေးသုံးကာစ ပျော်ရသလိုနေပေမဲ့ ဆေးကို လူကိုဖျက်ဆီးလာနေပါပြီ။ မှတ်ဥာဏ်လျော့မယ်။ ကြမ်းတမ်းစိတ်ဝင်မယ်။ စိတ်မမှန်အမူအယာတွေပြမယ်။ နှလုံးနဲ့ ဦးနှောက်တွေ ပျက်စီးစေမယ်။ အလွန်စွဲတယ်။ ဆေးမရရင်မနေနိုင်ဖြစ်လာမယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ ဆုံးရှုံးတော့မယ်။ အလုပ်ပြုတ်မယ်။ လမ်းပေါ်ကနေ မူးယစ်ဆေးဖြတ်ဆေးရုံ၊ ဒါမှမဟုတ် အချုပ်ထဲ၊ ထောင်ထဲရောက်မယ်။ နောက်ဆုံး ရေခဲတိုက်ထဲရောက်မယ်။ ဒေါက်တာတင့်ဆွေ ၂၈-၁-၂ဝ၁၄

Saturday, January 25, 2014

ပြန်ကြားလိုက်ပါသည်

သမားကျင့်ဝတ်ဆိုတာ ဘယ်သူ့မှာဘာဖြစ်နေတယ်လို့ မပြောအပ်ပါ။ ဒါပေမဲ့ မြန်မာပြည်ကြီးမှာ ကယ်ပါယူပါ ဖြစ်နေတာတော့ ပြောပါရစေ။ • ကိုယ်ရေးကိုယ်တာ မေးလာတာတွေရှိလို့၊ • အဝေးမှာနေရပေမဲ့ တွေးစရာမလိုဘဲသိပါသည်။ • မမြင်ကွယ်ရမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ မေးလာလို့၊ • အထဲမှာမနေရပေမဲ့ ထဲထဲဝင်ဝင်သိပါသည်။ • နာမည်နဲ့နေရပ်ကိုမဖေါ်ပြပါနဲ့ သိချင်တာလေးမေးပါရစေဆိုလို့၊ • လာမကြည့်ရပေမဲ့ အထာအတိအကျသိရပါသည်။ • သူများတွေမသိစေချင်တာ မေးလာလို့၊ • အရောက်မလာပေမဲ့ နောက်ကွယ်မှာဘာဖြစ်နေမှန်းသိပါသည်။ • ဒီတခါမှားသွားပါတယ်ဆရာ ကယ်ပါအုံးဆိုလို့၊ • ဖုံးပေးထားရတာတွေရှိပါသည်။ • ဖုံးထားတဲ့နေရာမှာ ဒါဖြစ်နေပါတယ်ဆိုလို့၊ • မပြုံးနိုင်အားတာတွေရှိနေမှန်းသိပါသည်။ • သူများတွေကိုဒုက္ခမပေးချင်ပါဆရာဆိုလာလို့၊ • မုချဘာတွေဖြစ်နေမှန်းလဲသိပါသည်။ • အထဲကလေး ဘာမှမဖြစ်ပါဘူးနော်ဆိုလို့၊ • အတွဲမလှတွေရှိနေကြမှန်းလဲသိပါသည်။ • ယူကြုံးမရတာ မေးလာလို့၊ • လူအဖြစ်ရှုံးနေကြတာလဲသိပါသည်။ • သားသမီးတို့၏ အတွင်းရေးကို မျိုသိပ် ဖုံးဖိတတ်သော အမေကဲ့သို့ ကျင့်ကြံပါအံ့၊ • နီးသောဝေးသောမဟူ အတူထားသည့်မိခင်မေတ္တာမျိုးရှိနိုင်အောင် ကြိုးစားပါအံ့၊ • ပြန်စာရ၍ ကျန်းမာကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၂-၁-၂ဝ၁၄

Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ်

(အလာဂျီ) ဆိုတာ မတည့်တာနဲ့ ပတ်သက်ပြီး ခံစားရတာကို ခေါ်တယ်။ သာမန်ကာရှန်ကာ အဆင့်လောက်ကနေ ဆေးရုံတက်ရတဲ့အထိလဲဆိုးနိုင်တယ်။ လူ့အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်တယ်။ ချက်ချင်းကုသရင် ခဏနဲ့ ပျောက်တယ်။ ဆရာဝန်မပါဘဲ ကုလို့ရနိုင်တာတွေ ရှိပါတယ်။ အိမ်မှာတင် အဆင်သင့်ဆောင်ထားပါ။ သွားလေရာ ယူသွားပါ။ (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ်ထဲမှာ ဘာတွေပါရမလဲဆိုတော့ - • Skin Creams and Lotions လိမ်းဆေး အရေပြားမှာ ယားယံပြီး အနီပိန့်တွေအတွက် Moisturizer နဲ့ Hydrocortisone cream ကိုဆောင်ထားပါ။ Moisturizers ကနေ အရေပြားကို ယားတာ၊ နေမထိထိုင်မသာဖြစ်တာကို သက်သာစေမယ်။ Hydrocortisone ကနေ ရောင်ရမ်းခြင်း ဖြစ်စဉ်ကို သက်သာစေမယ်။ Calamine lotion ကောင်းပါတယ်။ Zinc oxide (ZnO) + 0.5% Ferric oxide (Fe2O3) ရောထားတဲ့ဆေးဖြစ်တယ်။ • Injectable Epinephrine (အပီနက်ဖရင်း) ထိုးဆေး Adrenaline လို့လဲခေါ်တယ်။ Hormone ဟော်မုန်း တမျိုး နဲ့ Neurotransmitter ဖြစ်တယ်။ ဆိုးဝါးတဲ့ (အလာဂျီ) ရရင် ဆေးထိုးမှ မြန်မြန်သက်သာမယ်။ တချို့ အခြေအနေတွေက အသက်ကိုပါ ရန်ရှာနိုင်တယ်။ Anaphylaxis (Shock) ခေါ်တယ်။ အလွယ်ထိုးလို့ရတဲ့ Epinephrine (အပီနက်ဖရင်း) ထိုးဆေးကို EpiPen or Twinject နာမည်နဲ့ ဝယ်လို့ရတယ်။ ဆေးမတည့်တာ၊ အစာမတည့်တာ၊ အကောင်ကိုက်တာကနေ (အလာဂျီ) ရတာတွေကို ချက်ချင်းသက်သားစေမယ်။ ဆိုးဝါးတဲ့အဆင့်ဆိုတာ အသက်ရှူလမ်းကြောင်း ရောင်လာလို့ အသက်ရှူ ခက်လာမယ်၊ သွေးဖိအား ကျလာမယ်၊ ဂနာမငြိမ်ဖြစ်လာမယ်။ • Decongestants (ဒီကွန်ဂျက်စတင့်) ဆေး (အလာဂျီ) ရရင် Congestion (ကွန်ဂျက်ရှင်း) ဆိုတာဖြစ်လာမယ်။ နှာခေါင်းက တင်ရှူးတွေမှာ သွေးကြောတွေကျယ်လာလို့ ရောင်ရမ်း နီရဲလာတာ ဖြစ်တယ်။ ဒီလိုဖြစ်စဉ်ကို သက်သာအောင် (ဒီကွန်ဂျက်စတင့်) ဆေးပေးရတယ်။ ဒီဆေး တမျိုးထဲလဲ ရှိတယ်။ (အင်တီဟစ်တမင်း) နဲ့ တွဲလာတာလဲ ရှိတယ်။ • Nasal Sprays နှာခေါင်းထည့်ဆေး (ဒီကွန်ဂျက်စတင့်) ဆေးက နှာခေါင်းထည့်ဆေးအနေနဲ့လဲ ရှိတယ်။ ဒါပေမဲ့ ရက်ကြာကြာ မသုံးရပါ။ • Antihistamines (အင်တီဟစ်တမင်း) ဒီဆေးမျိုးက စားဆေးနဲ့ အရင်က အသုံးများတယ်။ နှာခေါင်းထည့်ဆေးအနေနဲ့လဲ ရတယ်။ (ဒီကွန်ဂျက်စတင့်) နဲ့ ရောထားတာလဲ ရှိတယ်။ • Medical alert bracelet ဆေးလက်ကောက် (အလာဂျီ) ဖြစ်ဖူးသူတိုင်း ကိုယ့်ကျန်းမာရေး ရာဇဝင် မှတ်တမ်း အမြဲဆောင်ထားရမယ်။ အသက်ကိုပါ ရန်ရှာနိုင်တဲ့ အဆင့်အထိ ရှိသူဆိုရင် လက်မှာပတ်ထားလို့ရတဲ့၊ အချက်အလက်တွေအစုံပါတဲ့ လက်ကောက်ကို အမြဲပတ်ထားသင့်တယ်။ ကိုယ်နဲ့မတည့်တဲ့ ဆေး နဲ့ အစားအစာစာရင်း၊ သုံးနေတဲ့ဆေးစာရင်း၊ ကုသပေးနေတဲ့ ဆရာဝန်-ဆေးခန်း၊ အရေးပေါ်ဌာန စတာတွေ ပါရတယ်။ • Bronchodilators လေပြွန်ကျယ်ဆေး (အလာဂျီ) ဖြစ်စေတာတွေကနေ Asthma ပန်းနာအထိ ဖြစ်သွားတတ်တယ်။ ပန်းနာထတာဟာ လေပြွန်လေးတွေကျဉ်းလို့ အသက်ရှူမဝ ဖြစ်တာသာ ဖြစ်တယ်။ လေပြွန်ကျယ်ဆေး ပေးရတယ်။ စားဆေး၊ ထိုးဆေးရှိတယ်။ အလွယ်ဆုံးက ရှူဆေးဘဲ။ ဒီဆေးမျိုးသက်သက် ပါတာက နဲနဲဖြစ်ရင် တခါနှစ်ခါသာ ရှူတာနဲ့ သက်သာစေတယ်။ Steroids ပါတဲ့ရှူဆေးက ချက်ချင်းဖြစ်တာအတွက် မကောင်းဘူး။ ရေရှည်အတွက် သုံးသင့်တယ်။ • Dust-Proof Pillowcase ခေါင်းအုန်း ခေါင်းအုန်းကို အမှုံမထစေနိုင်တာမျိုး သုံးပါ။ အထူးသဖြင့် ခရီးထွက်ရဖန်များသူတွေ တပါတည်းဆောင်သွားသင့်တယ်။ Dust mite-proof, zippered pillow covers အမျိုးအစားကို သုံးပါ။ • Allergy Relief Kit ဘယ်မှာထားမလဲ အစုံပါနေ-မနေ စစ်ဆေးပါ။ ဆေးရက်လွန်သွားတာတွေ အစားထိုးပါ။ သွားလေရာ သယ်သွားပါ။ အိမ်မှာလဲ ရှာလို့လွယ်ရာမှာ ထားပါ။ • Eye Drops မျက်စဉ်း (အလာဂျီ) ကြောင့် မျက်စိမှာ ယားပြီး မျက်ရည်တွေ ကျနိုင်တယ်။ Allergy Eyedrops (အလာဂျီ) သုံး မျက်စဉ်းအမျိုးမျိုး ရှိတယ်။ (အလာဂျီ) မျက်စဉ်းထဲမှာ မျက်စိကျိန်းတာသုံးရတဲ့ ပိုးသေဆေး မျက်စဉ်းတွေ၊ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာအတွက် သုံးတာမျိုးတွေ၊ မှိုအတွက် သုံးရတာမျိုးတွေ မပါဘူး။ ကျန်းမာရေး သုတအတွက် ထည့်ရေးပါရစေ။ - Antihistamine eye drops (အင်တီဟစ်တမင်း) မျက်စဉ်း = Alergoftal; Azelastine (Optivar); Cromolux; Ketotifen (Zaditor); Patanol (Olopatadine); Emedastine (Emadine); Pheniramine (Opcon-A); - Decongestant eye drops (ဒီကွန်ဂျက်စတင့်) မျက်စဉ်း = Tetrahydrozoline hydrochloride (Visine, Murine Plus, Eyesine); Naphazoline hydrochloride (Albalon, Vasocon, Allerest); - Antihistamine/decongestant combination eye drops (အင်တီဟစ်တမင်း) + (ဒီကွန်ဂျက်စတင့်) မျက်စဉ်း = Visine-A; Opcon-A; Naphcon-A; - Nonsteroidal anti-inflammatory drug (NSAID) eye drops အနာ-အကိုက်သာက်သာစေတဲ့ မျက်စဉ်း = Nepafenac (Nevanac); Acular (Ketorolac); - Corticosteroid eye drops (စတီရွိုက်) မျက်စဉ်း = Flomex (Fluorometholone, FML); Loteflam (Loteprednol etabonate, Lotemax, Alrex); Pred Forte (Prednisone acetate, EconoPred); - Mast cell stabilizers (MCS) and MCS combination eye drops (မတ်စ်ဆဲလ်) + အခြား မျက်စဉ်း = Azelastine (Astelin); Cromal (Cromolyn, Crolom); Emedastine (Emadine); Epina; Ketotifen (Zaditor); Lodoxamide (Alomide); Nedocromil (Alocril); Olopatadine hydrochloride (Patanol); Pemirolast (Alamast); - Artificial tears/saline solution/ointment eye drops မျက်ရည်တု မျက်စဉ်း = Vision White Petroleum Mineral Oil; Tears Renewed; Refresh; Liquifilm Tears; Adsorbotear; - Antibiotic eye drops ပဋိဇီဝမျက်စဉ်း = Brulamycin; Cipmox (Ciprofloxacin, Cipro, Ciplox); Erythromycin (Erycette, Akne-Mycin); Gentamicin (Garamycin, Genoptic, Cidomycin); Ocuflox (Ofloxacin, Floxin); Sulfacetamide (Sulfex, Cetamide); Tobrex (Tobramycin); Vigamox (Monofloxacin); Zymar (Gatafloxin); - Antiviral eye drops (ဗိုင်းရပ်စ်) အတွက် မျက်စဉ်း = Trifluridine (Viroptic); Trifluorothymidine; Idoxuridine (Herplex Liquifilm); Adenine arabinoside (Vira-A); - Glaucoma eye drops ရေတိမ်ရောဂါအတွက် မျက်စဉ်း = Allergan; Alphagan; Azopt; Betagan (Levobunolol, AKBeta); Betoptic (Betaxolol, Kerlone); Combigan; Dorzox (Dorzolamide, Trusopt); Isopto; Lumigan; Latim (Latanoprost, Xalatan); Metipranolol (OptiPranolol); Timolol (Cosopt, Timoptic, Blocadren); Travatan; Pilagan (Pilocarpine, Pilocar, Carpine); Dr. တင့်ဆွေ

Why coat apple fruits ဖယောင်းသုတ် ပန်းသီး

“Myanmar CNN: တရုတ်မှ ဖယောင်းသုတ် ပန်းသီးများ ဈေးကွက်အတွင်း ဝင်ရောက်” သတင်းကို ကနေ့မနက် ဖေ့စ်ဘွတ်မှာ ဖတ်ရပါတယ်။ ပန်းသီးပေါ်မှာ ဖယောင်းသုတ်ပြီးရောင်းတာကိုစားရင် ဘာဖြစ်နိုင်သလဲ ဖယောင်းသုတ်ရတဲ့အကြောင်းတွေ တခုမကရှိတယ်။ အထားခံအောင်နဲ့ အမြင်လှအောင် အတွက်ဖြစ်တယ်။ ပန်းသီးမှာ နဂိုအတိုင်း သဘာဝဖယောင်း ပါနေပြီးသာဖြစ်တယ်။ ဒါကြောင့် ပန်းသီးဟာ ထားတာကြာပေမဲ့ ရှုံ့တွမသွား၊ အလေးချိန်လဲ မလျော့ပါ။ ဖယောင်းအတုသုတ်ကြတာက မရောင်ချမီ၊ မတင်ပို့မီ၊ ထုပ်ပိုးမီမှာ သဘာဝဖယောင်းကို ပွတ်တိုက် ဆေးကြောလိုက်တာမို့ ဖယောင်းအတု ထပ်သုတ်တာဖြစ်တယ်။ ဒီလိုလုပ်လိုက်ရင် ၅ဝ% ကုန်သွားနိုင်တယ်။ ဆေးကြောနည်းအပေါ်မှာမူတည်တယ်။ ဖယောင်းအတုဆိုတာ တိရစ္ဆာန်ဖယောင်းနဲ့ အသီးအနှံဖယောင်းဖြစ်မယ်။ ဒါမှမဟုတ် ဓါတ်ဆားနဲ့ ဓါတ်ခွဲခန်းကထုတ်တာ ဖြစ်မယ်။ အများဆုံးသုံးကြတာက အသီးအနှံကရတဲ့ canauba wax နဲ့ shellac ဖြစ်တယ်။ ဆူပါမားကက်တွေမှာဝယ်ရင် ဖယာင်းသုတ်တာ မလွတ်ပါ။ ပန်းသီးထဲမှာနေပါတဲ့ ရေဓါတ်မခမ်းစေအောင်အတွက်လဲ ဖယောင်းသုတ်ကြတယ်။ အလေးချိန်လဲမလျော့စေပါ။ အရည်ရွှမ်းတာကိုလဲ ထိန်းထားမယ်။ အဝေးကိုတင်ပို့ရောင်းချဘို့ဆိုရင် ပိုအပ်တယ်။ ဒါမှ မှည့်မှာကို နှေးစေမယ်။ ပန်းသီးကို ဖယောင်းသုတ်လို့ အနုတ်သဘောဆောင်တာတွေရစေနိုင်တယ်။ လေမရတဲ့ အသက်ရှူဖြစ်စဉ်ဖြစ်စေမယ်။ ပန်းသီးရဲ့ ပင်ကိုယ်အရည်အသွေးကို လှည့်ဖျားစေမယ်။ ကြည့်လိုက်ရင်တော့ ပန်းသီးဟာ တောက်ပြောင်၊ တင်းတင်းရင်းရင်း ရှိနေမယ်၊ စားချင်စဖွယ်ဖြစ်မယ်။ ဒါပေမဲ့ စားကြည့်လိုက်ရင် ကြွတ်ဆတ်မှုနည်းနေမယ်။ ပန်းသီးကိုဖယာင်းသုတ်ထား-မထားဘယ်လိုသိနိုင်လဲ။ ပန်းသီးကို အပင်ကနေ ခူးဆွတ်ပြီး လက်နဲ့ပွတ်လိုက်ရင် လက်မှာ အဖြူရောင်အမှုံပေလာတာတွေ့ရမယ်။ အဲဒါက သဘာဝဖယောင်းဖြစ်တယ်။ အဲလိုဘဲ ဖယောင်းအတုသုတ်ထားတဲ့ ပန်းသီးကို ပွတ်လိုက်ရင် အလွှာတခုကွာကျလာတောတွေ့ရမယ်။ ကျန်းမာရေး ၁၆-၈-၂ဝ၁၂ နေ့က ကနေဒါကလာတဲ့သတင်းတခုမှာ Ottawa to review fruit wax after reports of cancer link အသီးတွေမှာ ဖယာင်းပါတာနဲ့ ကင်ဆာ ဆက်စပ်မှု သတင်းထွက်လို့ ဆန်းစစ်မှုလုပ်မယ်လို့ဆိုပါတယ်။ ဖယောင်းထဲမှာ morpholine ပါနေရင်ကို ဆိုလိုတာဖြစ်တယ်။ ဒီဓါတ်ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ N-nitrosomorpholine ဖြစ်တယ်။ သဘာဝဖယောင်းရော ဖယောင်းအတုရော စားလို့ ကျန်းမာရေးမှာ ဘာထိခိုက်သလဲ တိတိကျကျ မပြောနိုင်ပါ။ တိတိကျကျ မပြောနိုင်တာမို့ ကျန်းမာရေးအတွက် စိုးရိမ်ရင် ဒါတွေလုပ်နိုင်ပါတယ်။ မစားခင်မှာ ပန်းသီးကို ရေခပ်နွေးနွေးလေးနဲ့ ပွတ်ဆေးပါ။ ဖယောင်းသာမက ကျန်တဲ့ မလိုလားအပ်တာတွေလဲ ပြောင်စေပါမယ်။ ဆပ်ပြာလိုဟာ မသုံးသင့်ပါ။ အပေါက်ပါနေတာအတွက်လဲ မသုံးပါနဲ့။ ဗနီဂါရည်သုံးချင် သုံးနိုင်ပါတယ်။ ပြီးရင် စက္ကူနဲ့သုတ်ပါ။ အရှင်းဆုံးနည်းကတော့ ပန်းသီးကို အခွံနွှာပြီးမှ စားသုံးပါ။ ဒေါက်တာတင့်ဆွေ ၁၉-၁-၂ဝ၁၄

Piriformis syndrome အောက်ပိုင်း အာရုံကြောရောဂါ

ဆရာခင်ဗျာ တစ်ခါတစ်လေ ကျွန်တော့်တင်ပါးနောက်ဖက်ကနေ ခြေထောက်အဖျားထိ ပုံမှာပြထားတဲ့အတိုင်း လမ်းလျှောက်ရင် နာပါတယ်။ ကျွန်တော် ကွန်ပြူတာကို အချိန်အကြာကြီးထိုင်သုံးတဲ့သူတစ်ယောက်ပါ။ ကိုယ်လက် လှုပ်ရှားမှုလည်း နည်းပါတယ်။ ကျွန်တော့်အသက်ကတော့ ၂၈ နှစ်ပါ။ ဘာကြောင့် နာကျင်မှုဖြစ်တာလည်း ဆိုတာ သိချင်ပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းမျိုးလုပ်သင့်တယ်။ ဘယ်လိုအနေအထိုင် ပြင်သင့်တယ်၊ ဘယ်လိုမျိုးတွေ ရှောင်သင့်တယ် ဆိုတာမျိုးလေးတွေ သိပါရစေ။ ဖြစ်နိုင်ရင်ဆရာရဲ့ Website မှာ အချိန်ရရင် ဖော်ပြပေးစေချင်ပါတယ်။ • Piriformis syndrome ဆိုတာ neuromuscular syndrome အာရုံကြောနဲ့ ကြွက်သား ၂မျိုးတွဲ ရောဂါ အစုအဝေးတခု ဖြစ်တယ်။ • အာရုံကြောဆိုတာ တင်ပါးကနေ ပေါက်ရဲ့နောက်ဖက်မှာ အထက်ကနေ အောက်ဖက်ဆီ ဆင်းနေတဲ့ sciatic nerve ဖြစ်တယ်။ ဒီအာရုံကြောကို ဖိမိတာဖြစ်ဖြစ်၊ တနည်းနည်းနဲ့ဖြစ်ဖြစ် သက်ရောက်နေတယ်။ ဖြစ်နေရင် တင်ပါးနဲ့ အာရုံကြောသွားရာတလျှောက်မှာ နာမယ်၊ ထုံကျင်မယ်။ • တင်ပါးမှာရှိတဲ့ ကြွက်သားအကြီးစား gluteal muscles အလုပ်မလုပ်နိုင်တာကြာနေရင် ဖြစ်မယ်။ hip extension ပေါင်ခြံကို ဆန့်တန်းတာနဲ့ external rotation of the femur ပေါင်ကို အပြင်ဘက်လှန်ပေးတာလုပ်ဘို့လိုတယ်။ • ကြာတာနဲ့အမျှ ဆက်ပြီး hip flexors (psoas major, iliacus, and rectus femoris) ပေါင်ကွေးတဲ့အလုပ်ကို ထိခိုက်လာမယ်။ hip flexors ပေါင်ကွေးရတဲ့ကြွက်သားတွေက တင်းနေပြီး၊ တိုသလိုဖြစ်လာမယ်။ • အကြာကြီး ထိုင်အလုပ်လုပ်တာ မကောင်းပါ။ စက်ဘီးစီးအားကစားသမားတွေ၊ အပြေးသမားတွေ၊ ရှေ့တိုး လှုပ်ရှားမှုလုပ်ရတဲ့ အားကစားသမားတွေမှာလဲ ဖြစ်နိုင်တယ်။ • sciatic nerve သာမက pudendal nerve အာရုံကြောကိုပါထိခိုက်လာနိုင်တယ်။ ဒီဟာကနေ ဝမ်းသွားလမ်းနဲ့ ဆီးသွားလမ်းကို ထိန်းပေးတယ်။ • ကုသတာမှာ NSAID ခေါ်တဲ့ စတီရွိုက်မပါ အနာသက်သာဆေးသောက်ရမယ်။ သိပ်ဆိုးချိန်မှာ muscle relaxants ကြွက်သားပြော့ဆေးပေးတယ်။ • stretching exercises ဆန့်တန်းမှုလေ့ကျင့်ခန်း၊ myofascial release နည်းနဲ့ massage နှိပ်နယ်တာတွေ လုပ်သင့်တယ်။ • ရှောင်ရမှာတွေကတော့ running ပြေးတာ၊ bicycling စီးစီးတာ၊ rowing လှေလှော်တာတွေဖြစ်တယ်။ • physical therapy ဖီဇီကယ်ကုသနည်းလုပ်နိုင်တယ်။ mobilization, hip joint mobilization, stretching techniques တွေလုပ်ပေးမယ်။ • Strengthening ကြွက်သားအားကောင်းစေနည်းလဲရှိတယ်။ hip abductors, external rotators နဲ့ extensors ကြွက်သားတွေကို လုပ်ရတယ်။ အဆင့် (၃) ဆင့်ပါတယ်။ (၁) non-weight bearing အလေးမပါနည်း၊ (၂) weight bearing အလေးပါနည်းနဲ့ (၃) ballistic exercises လေ့ကျင့်ခန်းတွေ ဖြစ်တယ်။ • ပြောခဲ့တဲ့နည်းတွေနဲ့ မရသေးရင် lidocaine ထုံဆေးထိုးပေးတာ၊ Anti-inflammatory drugs and/or corticosteroids ဆေးပေးတာ၊ botulinum toxin (BTX, BOTOX) ဆေးထိုးတာတွေလုပ်မယ်။ ၃ မျိုးလုံး ပေါင်းလုပ်တာလဲရှိတယ်။ • Surgery ခွဲစိတ်တာက လုပ်ရခဲပါတယ်။ ဒေါက်တာတင့်ဆွေ ၁၉-၁-၂ဝ၁၄

Burundanga ပဒိုင်းပွင့်လိုဆေး

Thu, Feb 23, 2012 at 11:02 PM BURUNDANGA ဆိုတဲ့အရာဟာ “တို့ဆေး” များလား။ မဟုတ်ဘူးဆိုရင် အဘယ်ကဲ့သို့သောအရာမျိုးပါလဲ။ ဆေးဝါး ရောင်းချတဲ့ ဆိုင်တွေများ မေးမြန်းဝယ်လို့ရပါသလား။ ရခဲ့ရင် အဘယ်ကဲ့သို့ အသုံးပြုရပါသလဲ။ ထိုတို့ဆေးဆိုသော အရာကြောင့် လူကိုအန္တရာယ်ဖြစ်စေပါသလား။ Burundanga (ဘူရူဒန်းဂါ) ဆေးဟာ Brugmansia plant အပင်ကနေရတယ်။ Angel's Trumpet ပဒိုင်းပင်ဟာလဲ ရုက္ခဗေဒအလိုအရ Brugmansia genus အနွယ်ဝင်ဖြစ်တယ်။ Alkaloids အမျိုးအစား Scopolomine, Hyoscyamine နဲ့ Atropine တွေက အဲဒီအပင်မျိုးတွေကနေရတယ်။ ဓါတ်ခွဲခန်းမှာလဲ ထုတ်တယ်။ Anticholinergic medicine အနေနဲ့ ရောဂါတွေ ကုစားဘို့ အများကြီး သုံးပါတယ်။ မှတ်ဥာဏ်ကို သက်ရောက်စေပြီး၊ ခုခံမှု မလုပ်နိုင်တဲ့ အခြေအနေကို ဖြစ်စေတယ်။ ဒါကြောင့် ရည်ရွယ်ချက် မကောင်းတာအတွက် တမင်တကာ သုံးကြတာလဲ ရှိသေးတယ်။ Brugmansia ကို Angel's Trumpets ပဒိုင်းပင်လို့ ခေါ်တယ်။ ပဒိုင်းသီးစားရင် ရူးတာကို မစားဘူးပေမဲ့ ကြားဘူးကြမယ်။ တောင်အမေရိကားမှာ Ritualistic hallucinogen ဆိုပြီး ကွယ်လွန်သွားသူတွေနဲ့ အဆက်အသွယ်လုပ်ဘို့ဆိုပြီး သုံးတယ်။ ထိန်းမနိုင်သိမ်းမရဖြစ်တဲ့ ကလေးတွေ သွားလေသူတွေ ပူးနေသလားဆိုပြီး ဆေးကုဘို့အတွက်လဲ သုံးသေးတယ်။ အရှင်သခင်သေတဲ့အခါ ဇနီးတွေ ကျွန်တွေကို အရှင်လတ်လတ် မြေမမြှုတ်ခင် ခေါင်ရည်၊ ဆေးရွက်တွေနဲ့ရောပြီး တိုက်တယ်။ Brugmansia ဆိုတာ အစေ့ နဲ့ အရွက်တွေက ပိုပြီးအဆိပ်ပြင်းတယ်။ ၉-၇-၂ဝ၁ဝ နေ့သတင်းမှာ အမေရိကား၊ တောင်-ကယ်ရိုလိုင်းနားမယ် လူငယ်တွေ Angel's Trumpet ပန်းပွင့်ကို ပြုတ်-ကြို သောက်ရာကနေ ဆေးရုံတက်ကြရတယ်လို့ပါတယ်။ အဲလိုသောက်တော့ အစမှာ Hallucinations (ဟယ်လူစီနေးရှင်း) ခေါ်တဲ့ သူများ မမြင်တာတွေကိုမြင်၊ သူများ မကြားတာတွေကို နားထဲမှာကြားဆိုတဲ့ မူမှန်မဟုတ်တဲ့ ခံစားမှုတွေ ဖြစ်စေတယ်။ ဒါ့ပြင် နှလုံးခုန် တအားမြန်လာပြီး၊ Fatal cardiac rhythmic disturbances သေလောက်အောင် ဆိုးတဲ့ နှလုံးခုန် မမှန်တာနဲ့ Bronchoconstriction ပန်းနာထသလို အဆုပ်လေပြွန်တွေ ကျဉ်းတာတွေ ဖြစ်လာမယ်။
Journal Pathology ရောဂါဗေဒ ဂျာနယ်မှာ ဒီဆေးရဲ့ Hallucinogenic effects (ဟယ်လူစီနေးရှင်း) သတ္တိဟာ Terrifying rather than pleasurable စိတ်သာယာဘို့ထက် ကြောက်မက်ဖွယ်ဖြစ်စေတယ်လို့ ရေးထားတယ်။ အနည်းဆုံး Temporary insanity ခဏတာ ရူးသွပ်စေတယ်။ ဒီဆေးမျိုးနဲ့ဖျော်စပ်ထားတဲ့ Tonga ကိုသောက်တဲ့ လူတယောက်ကို (ဆွစ်) သဘာဝ-သိပ္ပံပညာရှင် Johann von Tschudi ကနေ စေ့စေ့ငုငု လေ့လာတယ်။ “ဒီလူဟာ ဘာမှန်းမှ မသိသလို မြေကြီးကို စိုက်ကြည့်နေတယ်။ ပါးစပ်ကို စိနေအောင် ပိတ်ထားတယ်။ နှာခေါင်းက ပြားချပ်နေတယ်။ နဖူးမှာ ချွေးစီးတွေ ပျံလာတယ်။ လူသေလိုဘဲ အေးစက်နေတယ်။ လည်ပင်းသွေးကြောတွေ ထောင်နေတယ်။ အသက်ရှူတာလဲ ရင်ပတ်က ခပ်နှေးနှေး ဖေါင်းလိုက်-ပြားလိုက်နဲ့ တစီစီမည်နေတယ်။ လက်နှစ်ဖက်က တင်းပြီး ဘေးချထားတယ်။ မျက်လုံးက မျက်ရည်တွေ အများကြီး စီးကျလာတယ်။ နှုတ်ခမ်းက ရွစိရွစိ ဖြစ်လာတယ်။ အသက်ရှူမြန်လာတယ်။ ဒီလိုဖြစ်နေတာ ၁၅ မိနစ်ကြာတယ်။” “ဒိနောက် အဲလိုဖြစ်တာတွေက ပြင်းထံလာတယ်။ မျက်လုံးတွေ နီရဲပြီး ခြောက်လာ၊ လည်လာတယ်။ မျက်နှာ ကြွက်သားတွေ တွန့်လှုတ်လာတယ်။ တဝက်တပျက် ပွင့်နေတဲ့ ပါးစပ်က အမြှုတ်ဖြူတွေ ထွက်လာတယ်။ လည်ပင်းကြောတွေ လှုတ်တာမြန်လွန်းလို့ ရေလို့တောင်မရဘူး။ အသက်ရှူတာ တိုတောင်းပြီး မြန်လာတယ်။ ရင်ပတ် လှုတ်နေတယ် မထင်ရဘူး။ မြင်တော့နေရတယ်။ ချွေးစီးတွေ တကိုယ်လုံး စိုရွဲလာတယ်။ တက်နေသလိုဖြစ်လာတယ်။ ငြိမ်နေလိုက် အသံကျယ်ကြီးနဲ့ အော်လိုက်။ ဘာသံတွေလဲ ခွဲလို့မရဘူး။” Colombia (ကိုလမ်ဘီယာ) နိုင်ငံမှာ လမ်းဘေး-ဆေးဝါးအဖြစ် သုံးကြတယ်။ အမှုံ့ကို သုံးတယ်။ (၁) Complete loss of free will ပုံမှန်စိတ်တွေ လုံးဝပျောက်သွားစေမယ်။ (၂) Death သေချင်လဲ သေသွားမယ်။ Witchcraft and sorcery စုန်း-မှော် အတတ်ပညာမှာလဲ သုံးတယ်လို့ သိရတယ်။ ဒါ့ကြောင့် Zombie drug လို့လဲ နာမည်ရတယ်။ ဖုတ်ကောင်တွေလို ဖြစ်စေလို့ပါ။ ဓါးပြတိုက်တာ၊ အဓမ္မပြုကျင့်တာ၊ လူသတ်တာတွေမှာလဲ သုံးတယ်လို့ သတင်းတွေမှာ ရေးတယ်။ ချဲ့ကားရေးတာတွေလဲ ပါနိုင်ပါတယ်။ သေခြာတာက နာဇီမှာ Angel of death သေမင်းတမန်လို့ နာမည်ရထားတဲ့ Joseph Mengele ကလဲ စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ CIA နဲ့ Czechoslovak communist secret police ချက် ကွန်မြူနစ် လှို့ဝှက်ပုလိပ်တွေက သုံးတယ်။ ဒီပဲယင်း-အရေးအခင်းမှာ အာဏာပိုင်တွေက သုံးခဲ့တယ်လို့ ခံရ၊ မြင်ရသူတွေက တွေးထင်ကြတယ်။ Dr. တင့်ဆွေ ၂၄-၂-၂ဝ၁၂

Diabetic Food ဆီးချိုနဲ့ အစားအသောက်

ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကြမ်းအားဖြင့် အဓိကအစာအုပ်စု (၃) မျိုး - (၁) လုံးဝရှောင်ကြဉ်ရမဲ့ အစားအစာတွေ = ဂလူးကို့စ်၊ သကြား၊ နို့ဆီ၊ ထန်းလျက်၊ ကြံသကာ နဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊ (၂) အသင့်အတင့်သာ စားသုံးနိုင်တဲ့ အစားအစာတွေ = ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စတဲ့ ကစီဓါတ်များတဲ့ အစာများ၊ ချိုတဲ့ အသီးအနှံများ၊ ပဲအမျိုးမျိုးနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊ (၃) ကြိုက်သလို စားသုံးနိုင်တဲ့ အစားအစာတွေ = အသား၊ ငါး၊ အချိုဓါတ်မရှိတဲ့ အသီးအနှံများ၊ အရွက်များ။ • ပင်မအစားအစာတွေမှာ ဆန်ဖြူ ထက် ဆန်လုံးညိုက သင့်တယ်။ ခေါက်ဆွဲက ပိုသင့်တယ်။ ပေါင်မုံ့က ကြားကြတယ်။ • သစ်ဥ-သစ်ဖုတွေ အစဉ်လိုက်ဆိုရင် (နောက်ကပိုမသင့်) မျောက်ဥ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ အာလူး၊ • ပဲတွေ အစဉ်လိုက်ဆိုရင် (နောက်ကပိုမသင့်) ပဲပုတ်၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ပဲနီလေး၊ ပဲထောပါတ်၊ • သစ်သီး အမျိုးမျိုး အစဉ်လိုက်ဆိုရင် (နောက်ကပိုမသင့်) ပန်းသီး၊ သစ်တော်သီး၊ ဆီးသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ • နို့နဲ့ နို့ထွက်ပစ္စည်းတွေ အစဉ်လိုက်ဆိုရင် (နောက်ကပိုမသင့်) နွားနို့၊ ဒိန်ချဉ်၊ နို့ဆီ၊ ရေခဲမုန့်၊ • သကြား အမျိုးမျိုး အစဉ်လိုက်ဆိုရင် (နောက်ကပိုမသင့်) သစ်သီးသကြား (Fructose)၊ နို့သကြား (Lactose)၊ ကြံသကြား (Sucrose)၊ ပျားရည်၊ ဂလူးကို့စ် (Glucose)၊ • အချိုရည်အမျိုးမျိုး (နောက်ကပိုမသင့်) ပန်းသီးဖျော်ရည်၊ လိမ္မော်ရည်၊ ကိုကာကိုလာ၊ လင်မနစ်၊ “အစားတွေ တတ်နိုင်သမျှရှောင်ပါလေ။ ဆီးချိုရှိလျှက် အသက် ၁၂ဝ ရှည်ပါစေ။ “ Dr. တင့်ဆွေ

Milk types နွားနို့အမျိုးအစားများ

နွားနို့အမျိုးအစားတွေကို အထဲမှာ အဆီပါဝင်မှုအရခွဲခြားရင် အမျိုးအစား (၅) မျိုးရှိပါတယ်။ 1. Standardized milk စံချိန်ကိုက်နွားနို့၊ 2. Whole milk ဘယ်လိုမှ ပြုပြင်မထားတဲ့နွားနို့၊ 3. Reduced-fat milk (2%) အဆီလျှော့နွားနို့၊ 4. Low-fat milk (1%) အဆီနည်းနွားနို့ နဲ့ 5. Skimmed milk/non-fat milk အဆီထုတ်ထားတဲ့နွားနို့်တွေဖြစ်တယ်။ ၁။ Standardized milk စံချိန်ကိုက်နွားနို့ဆိုတာ ကျွဲနို့နဲ့ အဆီထုတ်ထားတဲ့နွားနို့်ကို ရောထားတယ်။ Fat အဆီ ၅့၆% နဲ့ Solid not fat (SNF) က ၈့၅% ပါတယ်။ ၂။ Whole milk ဘယ်လိုမှ ပြုပြင်မထားတဲ့နွားနို့ထဲမှာ Fat အဆီ ၃့၂၅% နဲ့ Solids by weight က ၈့၂၅% ပါတယ်။ သူ့ကိုသောက်ရင် လယ်လိုရီ ၅ဝ%ကို အဆီကနေရမယ်။ အဆီပဝင်မှု များတာကြောင့် မွေးစကလေးတွေနဲ့ ၂ နှစ်သားအထိ ကလေးငယ်တွေအတွက် အသင့်တော်ဆုံးဖြစ်တယ်။ ၃။ Reduced-fat milk (2%) အဆီလျှော့နွားနို့ထဲမှာ Fat အဆီ ၂% သာပါတယ်။ အလေးချိန်အပေါ် မူတည်ပြီး တွက်ထားတာ ဖြစ်တယ်။ နွားနို့ရဲ့ အလေးချိန်ဟာ ပါနေတဲ့ရေအလေးချိန်ကများတယ်။ ရေက်နည်းအောင်လုပ်လိုက်ရင် အဆီရာနှုးန် များစေမယ်။ ကယ်လိုရီဟာ အဆီကနေ ၃၅% ရစေတယ်။ ၄။ Low-fat milk (1%) အဆီနည်းနွားနို့ထဲမှာ Fat အဆီ ၁% သာပါတယ်။ ကယ်လိုရီဟာ အဆီကနေ ၂၃% ရစေတယ်။ ၅။ Skimmed milk/non-fat milk အဆီထုတ်ထားတဲ့နွားနို့်ဆိုတာ အဆီကို အတတ်နိုင်ဆုံးထုတ်ယူထားတယ်။ ဒါတောင်မှ ဝ့၅% အထိပါနိုင်သေးတယ်။ နွားနို့တခွက်ထဲမှာ အဆီ ဝ့၅ ဂရမ်ထက်တော့မများပါ။ အဆီကနေရမဲ့ ကယ်လိုရီ ၅% သာ ရှိမယ်။ လူကြီးတွေအတွက် အသင့်လျှော်ဆုံးနွားနို့အမျိုးအစားဖြစ်တယ်။ ဒေါက်တာတင့်ဆွေ

Diabetic Medicines and Food ဆီးချို

ဆီးချိုဆေးတွေ - • Metformin ဆီးချိုထိန်းဆေး၊ 500 mg တနေ့ ၂ ကြိမ်၊ လူကြီး 2550 mg ထက်မကျော်စေရ၊ ကလေး 2000 mg ထက်မကျော်စေရ၊ • Sulfonylureas ဆီးချိုစားဆေး၊ - ပဌမမျိုးဆက် Orinase (tolbutamide) = 500 - 3000 mg; Tolinase (tolazamide) = 100 - 1000 mg; Diabinese (chlorpropamide) = 100 - 500 mg - ဒုတိယမျိုးဆက် Glucotrol (glipizide) 2.5 - 40 mg; Glucotrol XL (ext. rel. glipizide) 2.5 - 20 mg; Micronase, Diabeta (glyburide) 1.25 - 2.0 mg; Glynase (micronized gly.) 3 - 12 mg - တတိယမျိုးဆက် Amaryl (glimepiride) 1 - 8 mg d. ဘေးထွက်ဆိုးကျိုး = သကြားဓါတ်နဲခြင်း၊ အစာမကျေခြင်း၊ ပျို့၊ ရင်ပူ၊ သွေးအားနဲ၊ ဝလာ၊ • Alpha-Glucosidase inhibitors (Acarbose, Miglitol, Voglibose) ဆီးချိုစားဆေး၊ • Dipeptidyl peptidase-4 inhibitors (DPP-4) ဆီးချိုစားဆေး၊ • Glibenclamide, Glimepiride = ဆီးချိုအတွက်ဆေး။ • Insulin, Sulfonylurea injection ဆီးချိုအတွက်ထိုးဆေး၊ ဘေးထွက်ဆိုးကျိုး = ဆေးထိုးသည့် နေရာ နီ-ရောင်-ယား၊ ကိုယ်ရောင်၊ အလာဂျီရ၊ ဒီဆေးတွေနဲ့ မသင့်ပါ။ • Furosemide or Frusemide (Lasix) ဆီးသွားစေသည့်ဆေး ဆီးချိုးရှိသူတို့အား မပေးရ၊ • Estrogen and Progestogen ဟော်မုန်း နှစ်မျိုး ပါဝင်သည့် ကိုယ်ဝန်တားစားဆေး၊ ဆီးချိုရောဂါ ရှိနေလျင် မသုံးသင့်။ • Depo-Provera ကိုယ်ဝန်တား ၃ လခံထိုးဆေး၊ ဆီးချိုရောဂါ ရှိလျင် မသုံးသင့်။ • Dexamethasone (စတီရွိုက်)၊ ထိုးဆေး၊ စားဆေးကနေ ဘေးထွက် ဆိုးကျိုး ဆီးချိုဖြစ်နိုင်သည်။ သွေးထဲရှိသကြား (ဂလူးကို့စ်) ဓါတ်စစ်ဆေးခြင်း အဖြေ (၁) ပုံမှန် ဘာမှမစားပဲစစ်ခြင်း Fasting Value = ၇ဝ မှ ၁ဝဝ။ အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = ၁၄ဝ ထက်နည်းရမည်။ (၂) ဆီးချိုအစအပိုင်း ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁ဝ၁ mg / dl မှ ၁၂၆ mg / dl အစာစားပြီးစစ်ခြင်း Post Prandial = ၁၄ဝ mg / dl မှ ၂ဝဝ mg / dl (၃) ဆီးချိုဖြစ်နေပြီ ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁၂၆ mg / dl အထက်။ အစာစားပြီးစစ်ခြင်း Post Prandial = ၂ဝဝ mg / dl အထက်။ (၁) ပုံမှန် ဘာမှမစားပဲစစ်ခြင်း Fasting Value = 4.0 မှ 5.9 mmol/L အထိ။ အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = 7.8 mmol/L ထက်နည်းရမည်။ (၂) ဆီးချိုအမျိုးအစား (၂) ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 မှ 7 mmol/L အထိ။ အစာစားပြီးစစ်ခြင်း Post Prandial = 8.5 mmol/L ထက်နည်းရမည်။ (၃) ဆီးချို အမျိုးအစား (၁) ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 7 mmol/L အစာစားပြီးစစ်ခြင်း Post Prandial = 9 mmol/L ထက်နည်းရမည်။ (၄) ကလေး ဆီးချို အမျိုးအစား (၁) ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 8 mmol/L အစာစားပြီးစစ်ခြင်း Post Prandial = 10 mmol/L ထက်နည်းရမည်။ - Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://dts-medicaleducation.blogspot.in/2012/06/diabetic-neuropathy.html “ဆီးချိုရှိလျှက် အသက် ၁၂ဝ ရှည်ပါစေ။” ဒေါက်တာတင့်ဆွေ

Stroke လေဖြတ်ရင်

ကနေ့ ဖေ့စ်ဘွတ်မှာ ဖတ်ရတာတခုရှိပါတယ်။ “ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ်ကုသနည်း” by ပျိုမေတို့သိစေဖို့ (တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာဆေးကျမ်းမှ တိုက်ရိုက်ဘာသာပြန်ဆိုထားပါသည်။) Credit to Myanmar News Update လို့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လိုဆရာဝန်တွေရဲ့ သတိပေးချက်ကိုရေးပါရစေ။ Stroke (ဆထုပ်) ခေါ်တာဖြစ်ရင် လေဖြတ်မယ်။ ဖြစ်ရတာက ဦးနှောက်ထဲက သွေးကြောတနေရာရာမှာ မတော်တဆ ဖြစ်သွားလို့ပါ။ သွေးခဲပိတ်နေတာနဲ့ သွေးကြောပေါက်ထွက်တာ တမျိုးမျိုးဖြစ်ပါမယ်။ အဲလိုဖြစ်လာရင် ဦးနှောက်က (ဆဲလ်) တွေဟာ စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း သွေးမရရင် သေသွားမယ်။ ပြန်ကောင်းမလာနိုင်ဘူး။ ဒါကြောင့် ပိုမဆိုအောင်လုပ်ဘို့ အချိန်ဟာရွှေဘဲ။ နံပါတ် (၁) က ဆေးရုံ-ဆေးခန်းကမရောက်ခင် အရေးပေါ်လာပြီးလုပ်ပေးနိုင်မဲ့ဆီကို အကူအညီ လှမ်းတောင်းဘို့ဘဲ။ ဖုန်းဆက်ပါ။ ဖုန်းနံပါတ်မှတ်ထားပါ။ ဘယ်လိုဖြစ်ရင် (ဆထုပ်) လို့ထင်မလဲ FAST အတိုကောက်စာလုံး (၄) လုံးမှတ်ထားပါ။ 1. Face မျက်နှာ။ မျက်နှာက တဖက်ဖက်ဖက် အောက်ငိုက်ကျနေပြီး ပြုံးဘို့ကြိုးစားနေသလား။ 2. Arms လက်တွေ။ မြောက်ခိုင်းရင် တဖက်က တခြားဖက်လောက် မမြှောက်နိုင်ဘူးလား။ 3. Speech စကား။ စကားတွေလေးနှေးပြီး လုံးထွေးနေသလား။ 4. Time အချိန်။ အချိန်တိုင်းက အရေးကြီးတယ်။ တခြားလကဏာတွေ • ကိုယ်ခန္ဓာတခြမ်း အားနည်းပြီးထုံနေမယ်။ • မျက်စိကြည့်ရတာလဲ ဝေဝါးနေမယ်။ တဖက်ကပိုသိသာမယ်။ • ခေါင်းအကြီးအကျယ်ကိုက်မယ်။ • ခေါင်းတအားမူးမယ်။ တည်တည်ငြိမ်ငြိမ်မနေနိုင်ဘူး။ ယုတ်ရက်လဲကျမယ်။ မလုပ်ရမှာကတော့ • ဘာတခုမှ မတိုက်ကြွေးပါနဲ့။ • မရွေ့စေပါနဲ့။ ဘာလုပ်ပေးရမလဲ • လူနာကိုအားပေးပါ။ • ခေါင်းနဲ့ပခုံးကိုနဲနဲမြှင့်ထားပြီးလှဲနေစေပါ။ • အသက်မရှူရင် CPR လုပ်ပါ။ • အသက်ကောင်းကောင်းမရှူရင် ဘယ်ဘက်စောင်းထားပေးပါ။ • မေးကိုရှေ့ထွက်နေပါစေ။ ဘယ်လိုကာကွယ်မလဲ • BP သွေးဖိအားပုံမှန်တိုင်းနေပါ။ • သွေးတိုးရှိနေရင် သွေးကျဆေးသောက်နေပါ။ • အငန်လျှော့စားသောက်ပါ။ • ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ • အစားအစာ မျှတအောင်စားသောက်ပါ။ ဘယ်လိုလူတွေကသတိထားကြရမလဲ ကျန်းမာရေးနောက်ခံမှာ • သွေးတိုး၊ • ဆီးချို၊ • နှလုံးရောဂါ၊ • အရင်ကလဲအဲလိုဖြစ်ဘူးတာရှိနိုင်မယ်။ • ဆေးလိပ်သောက်သူဖြစ်နိုင်တယ်။ • အသက်ကြီးလေ ဖြစ်နိုင်လေနေမယ်။ ဒေါက်တာတင့်ဆွေ ၂၄-၁-၂ဝ၁၄

Paralysis လေဖြတ်ခြင်း

• Paralysis လေဖြတ်စေတဲ့ အကြောင်းတရားတွေက များတယ်။ အာရုံကြောစနစ်၊ အထူးသဖြင့် ခါးရိုးမကြီးထဲက အာရုံကြောမှာ တခုခုဖြစ်ရာကနေဆက်ဖြစ်တယ်။ • ထိခိုက်ဒဏ်ရာ၊ Poliomyelitis ပိုလီယိုရောဂါ၊ Cerebral palsy မျက်နှာတခြမ်းလေဖြတ်တာ၊ Peripheral neuropathy အဖျားပိုင်းအာရုံကြောရောဂါ၊ ALS, Botulism, Spina bifida, Multiple sclerosis, Guillain-Barré syndrome ဆိုတဲ့ ရှားပါးရောဂါတွေကနေ လေဖြတ်နိုင်တယ်။ • ယာယီလေဖြတ်တာကို REM sleep အိပ်စက်ခြင်းမှာဖြစ်တယ်။ • Pseudoparalysis အတုလေဖြတ်တာလဲရှိတယ်။ • ကလေးတွေဆိုရင် Congenital syphilis မွေးရာပါ ဆစ်ဖလစ်ကြောင့် ဖြစ်မယ်။ • လူတွေအများဆုံးပြောလေ့ရှိတာက Stroke ဦးနှောက်-သွေးကြောရောဂါ၊ Brain hemorrhage ဦးနှောက်ထဲ သွေးကြောယိုတာနဲ့ Brain tumor ဦးနှောက် ကင်ဆာတွေဖြစ်တယ်။ ဖြစ်တော့မယ်ဆိုတာ တချို့က ကြိုမသိကြဘူး။ ရုတ်တရက်ကြီးဖြစ်တယ်။ တချို့မှာ ပဌမ ၁-၂ ရက်မှာ လက္ခဏာတွေ ပေါ်လိုက်-ပျောက်လိုရှိတတ်တယ်။ ကြိုတင်ပြတာ မရှိတာကများတယ်။ ဖြေးဖြေးဆိုးတိုးလာသူတွေရှိသလို၊ ချက်ချင်း ဆိုးသူတွေလဲ ရှိတယ်။ ဦးနှောက်ထဲမှာ သွေးယိုရာကနေဖြစ်တာဆိုရင် ခေါင်းကိုက်မယ်။ ခေါင်းကိုက်တာက ရုတ်တရက်၊ ပက်လက် အိပ်နေတုံး ဖြစ်တယ်။ အိပ်ရာအထမှာဖြစ်တယ်။ ကိုယ်အနေအထားပြောင်းလိုက်ရင်၊ ကုန်းလိုက်ရင်၊ မတ်လိုက်ရင်၊ ချောင်းဆိုးလိုက်ရင် ပိုဆိုးမယ်။ တခြားလက္ခဏာတွေဆိုတာ ဘယ်လောက်ဆိုးသလဲအပေါ်မှာ မူတည်တယ်။ • သတိတရား လျှော့နည်းခြင်း၊ အိပ်ချင်လာခြင်း၊ သတိလစ်ခြင်း၊ • နားအကြား အားနည်းသွားခြင်း၊ • အရသာ ပျက်လာခြင်း၊ • ထိတာ-ဖိတာ-နာတာ-ပူတာ-အေးတာတွေကို အရင်လို မခံစားနိုင်ခြင်း၊ • ချွေးစီးပြန်ခြင်း၊ • စိတ်မကြည်မလင် ရှုတ်ထွေးလာခြင်း၊ • မှတ်ဥာဏ်နည်းလာခြင်း၊ • အမျိုရခက်လာခြင်း၊ • အရင်လို စာမရေး-မဖတ်နိုင်ဖြစ်လာခြင်း၊ • ခေါင်းမူးခြင်း၊ • ဆီး-ဝမ်း မထိန်းနိုင်ခြင်း၊ • ကိုယ်ကို မထိန်းနိုင်ခြင်း၊ • ပူးတွဲလုပ်ဆောင်စရာတွေ အားနည်းလာခြင်း၊ • ကြွက်သားတွေ အားနည်းလာခြင်း၊ • ထုံကျင်လာခြင်း၊ • စိတ်မူပြောင်းခြင်း၊ ခံစားချက်ပြောင်းခြင်း၊ • လမ်းကောင်းကောင်း မလျှောက်နိုင်ခြင်း။ ဒေါက်တာတင့်ဆွေ

Paresthesia ပါရက်စသီးဇီးယား အာရုံကြောရောဂါ

အများခေါ်လေ့ရှိတာက Pins and needles အပ်တွေဆူးတွေ ဝင်နေသလိုဘဲလို့ ဖြစ်တယ်။ တချို့က အိပ်ပျော်နေတဲ့ ခြေလက်လို့လဲ ခေါ်ကြတယ်။ ကျင်နေ၊ ဆိပ်ထားသလိုနေ၊ အပ်နဲ့ထိုးခံနေရသလိုနေ၊ ပူလောင်သလိုနေတဲ့ အာရုံကြောရောဂါတမျိုးဖြစ်တယ်။ ခဏဖြစ်တာနဲ့ နာတာရှည်ရှိတယ်။ ခဏတာဖြစ်တာဟာ တချို့မှာ Hyperventilation syndrome ခေါ်တဲ့ ပါးစပ်ဟပြီး အသက်တအားရှူရာကနေဖြစ်တယ်။ တချို့မှာ Panic attack ခေါ်တဲ့ ဆောက်တည်ရာမရ အခြေအနေကနေ ဆက်ဖြစ်တယ်။ အာရုံကြောပေါ်မှာ အကြာကြီး ဖိထားလို့လဲ ဖြစ်တယ်။ နာတာရှည်ဖြစ်တာကတော့ အာရုံကြောပြဿနာတခုခုဖြစ်မယ်။ (နူရုန်း) တွေ အလုပ်ကောင်းကောင်းမလုပ်နိုင်တာနဲ့ သွေးမလျှောက်တာကနေ ဖြစ်နိုင်တယ်။ ခြေထောက်မှာဖြစ်ရင် သွေးကောင်းကောင်း မလျှောက်ရာကနေဖြစ်နိုင်တယ်။ • Atherosclerosis သွေးကြောကျဉ်းရောဂါ၊ • Neuropathy အာရုံကြောရောဂါ၊ • ရေခဲကိုက်တာလို့ တိုက်ရိုက်ဘာသာပြန်ရမဲ့ အေးခဲလွန်းတာကြာကြာခံရလို့၊ • Lyme disease လိုင်းမ်ရောဂါ၊ • Benzodiazepine ဆေးဖြတ်လို့လဲဖြစ်နိုင်တယ်။ • Multiple sclerosis နဲ့ SLE ခေါ်တဲ့ ကိုယ်ခံအား ကမောက်ကမဖြစ်တဲ့ရောဂါတွေ၊ • Herpes zoster disease (Shingles) ရေယုံတမျိုး၊ • Demyelinating diseases ရောဂါ၊ • Topiramate, Sultiame, Acetazolamide, beta-alanine, beta blocker ဆေးတွေ၊ • Lomotil ဝမ်းပိတ်ဆေး၊ • ဆီးချို၊ သကြားဓါတ်နည်းလွန်းခြင်း၊ • ပိုတက်ဆီယမ် များခြင်း၊ • မက်ဂနီဆီယမ် နည်းခြင်း၊ • လည်ပင်းကြီးဟော်မုန်း နည်းခြင်း၊ • Lidocaine poisoning ထုံဆေးဆိပ်သင့်ခြင်း၊ • Mercury poisoning ပြဒါးဆိပ်သင့်ခြင်း၊ • Pantothenic acid ဗီတာမင် ဘီ ၅ နဲ့ ဘီ ၁၂ နည်းခြင်း၊ ကုသနည်းတွေဟာ ဘာလို့ဖြစ်သလဲအပေါ်မှာမူတည်တယ်။ ဒေါက်တာတင့်ဆွေ

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖြစ်တဲ့သူရဲ့ ကျား-မ၊ အသက်၊ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဓါတ်ပုံ၊ လိုအပ်ရင် အိမ်ထောင်ရေး၊ ကလေး ရှိ-မရှိ၊ နေတဲ့ တိုင်းပြည် ပါစေချင်ပါတယ်။ ဆေးနာမည်ရေးရင် ဆေးကုမ္ပဏီကပေးတဲ့နာမည် နဲ့ အထဲပါဆေးနာမည် ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။ • ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook Comment/Message box ကနေ မေးတာလဲ တခါတလေ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေလှပါ။ • drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ထပ်မေးတာဆိုရင် အရင်မေးခဲ့တာကနေ ဆက်ရေးပါ။ • စာရိုက်တာမှာ SMS တွေလိုရေးတာ၊ မြန်မာအသံထွက်ကို အင်္ဂလိပ်စာလုံးနဲ့ ရိုက်တာတွေကို မဖတ်တတ်ပါ။ • ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကို သုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။ ဒေါက်တာတင့်ဆွေ

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...