Saturday, January 25, 2014

ပြန်ကြားလိုက်ပါသည်

သမားကျင့်ဝတ်ဆိုတာ ဘယ်သူ့မှာဘာဖြစ်နေတယ်လို့ မပြောအပ်ပါ။ ဒါပေမဲ့ မြန်မာပြည်ကြီးမှာ ကယ်ပါယူပါ ဖြစ်နေတာတော့ ပြောပါရစေ။ • ကိုယ်ရေးကိုယ်တာ မေးလာတာတွေရှိလို့၊ • အဝေးမှာနေရပေမဲ့ တွေးစရာမလိုဘဲသိပါသည်။ • မမြင်ကွယ်ရမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ မေးလာလို့၊ • အထဲမှာမနေရပေမဲ့ ထဲထဲဝင်ဝင်သိပါသည်။ • နာမည်နဲ့နေရပ်ကိုမဖေါ်ပြပါနဲ့ သိချင်တာလေးမေးပါရစေဆိုလို့၊ • လာမကြည့်ရပေမဲ့ အထာအတိအကျသိရပါသည်။ • သူများတွေမသိစေချင်တာ မေးလာလို့၊ • အရောက်မလာပေမဲ့ နောက်ကွယ်မှာဘာဖြစ်နေမှန်းသိပါသည်။ • ဒီတခါမှားသွားပါတယ်ဆရာ ကယ်ပါအုံးဆိုလို့၊ • ဖုံးပေးထားရတာတွေရှိပါသည်။ • ဖုံးထားတဲ့နေရာမှာ ဒါဖြစ်နေပါတယ်ဆိုလို့၊ • မပြုံးနိုင်အားတာတွေရှိနေမှန်းသိပါသည်။ • သူများတွေကိုဒုက္ခမပေးချင်ပါဆရာဆိုလာလို့၊ • မုချဘာတွေဖြစ်နေမှန်းလဲသိပါသည်။ • အထဲကလေး ဘာမှမဖြစ်ပါဘူးနော်ဆိုလို့၊ • အတွဲမလှတွေရှိနေကြမှန်းလဲသိပါသည်။ • ယူကြုံးမရတာ မေးလာလို့၊ • လူအဖြစ်ရှုံးနေကြတာလဲသိပါသည်။ • သားသမီးတို့၏ အတွင်းရေးကို မျိုသိပ် ဖုံးဖိတတ်သော အမေကဲ့သို့ ကျင့်ကြံပါအံ့၊ • နီးသောဝေးသောမဟူ အတူထားသည့်မိခင်မေတ္တာမျိုးရှိနိုင်အောင် ကြိုးစားပါအံ့၊ • ပြန်စာရ၍ ကျန်းမာကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၂-၁-၂ဝ၁၄

Wooing the Generals ပြင်သစ်အမြင်

ပြင်သစ်အသင်းကဗိုလ်စွဲသွားတဲ့ ဘောလုံးပွဲသတင်းတွေကနေ အမှတ်ရတာတခုရှိသေးတယ်။ ကျွန်တော် ပြည်ပနိုင်ငံရေးကာလ နယူးဒေလီမှာနေစဉ်က ပြင်သစ်လူမျိုး သုတေသ...