Saturday, January 25, 2014

Diabetic Food ဆီးချိုနဲ့ အစားအသောက်

ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကြမ်းအားဖြင့် အဓိကအစာအုပ်စု (၃) မျိုး - (၁) လုံးဝရှောင်ကြဉ်ရမဲ့ အစားအစာတွေ = ဂလူးကို့စ်၊ သကြား၊ နို့ဆီ၊ ထန်းလျက်၊ ကြံသကာ နဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊ (၂) အသင့်အတင့်သာ စားသုံးနိုင်တဲ့ အစားအစာတွေ = ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စတဲ့ ကစီဓါတ်များတဲ့ အစာများ၊ ချိုတဲ့ အသီးအနှံများ၊ ပဲအမျိုးမျိုးနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊ (၃) ကြိုက်သလို စားသုံးနိုင်တဲ့ အစားအစာတွေ = အသား၊ ငါး၊ အချိုဓါတ်မရှိတဲ့ အသီးအနှံများ၊ အရွက်များ။ • ပင်မအစားအစာတွေမှာ ဆန်ဖြူ ထက် ဆန်လုံးညိုက သင့်တယ်။ ခေါက်ဆွဲက ပိုသင့်တယ်။ ပေါင်မုံ့က ကြားကြတယ်။ • သစ်ဥ-သစ်ဖုတွေ အစဉ်လိုက်ဆိုရင် (နောက်ကပိုမသင့်) မျောက်ဥ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ အာလူး၊ • ပဲတွေ အစဉ်လိုက်ဆိုရင် (နောက်ကပိုမသင့်) ပဲပုတ်၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ပဲနီလေး၊ ပဲထောပါတ်၊ • သစ်သီး အမျိုးမျိုး အစဉ်လိုက်ဆိုရင် (နောက်ကပိုမသင့်) ပန်းသီး၊ သစ်တော်သီး၊ ဆီးသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ • နို့နဲ့ နို့ထွက်ပစ္စည်းတွေ အစဉ်လိုက်ဆိုရင် (နောက်ကပိုမသင့်) နွားနို့၊ ဒိန်ချဉ်၊ နို့ဆီ၊ ရေခဲမုန့်၊ • သကြား အမျိုးမျိုး အစဉ်လိုက်ဆိုရင် (နောက်ကပိုမသင့်) သစ်သီးသကြား (Fructose)၊ နို့သကြား (Lactose)၊ ကြံသကြား (Sucrose)၊ ပျားရည်၊ ဂလူးကို့စ် (Glucose)၊ • အချိုရည်အမျိုးမျိုး (နောက်ကပိုမသင့်) ပန်းသီးဖျော်ရည်၊ လိမ္မော်ရည်၊ ကိုကာကိုလာ၊ လင်မနစ်၊ “အစားတွေ တတ်နိုင်သမျှရှောင်ပါလေ။ ဆီးချိုရှိလျှက် အသက် ၁၂ဝ ရှည်ပါစေ။ “ Dr. တင့်ဆွေ

Wooing the Generals ပြင်သစ်အမြင်

ပြင်သစ်အသင်းကဗိုလ်စွဲသွားတဲ့ ဘောလုံးပွဲသတင်းတွေကနေ အမှတ်ရတာတခုရှိသေးတယ်။ ကျွန်တော် ပြည်ပနိုင်ငံရေးကာလ နယူးဒေလီမှာနေစဉ်က ပြင်သစ်လူမျိုး သုတေသ...