ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, January 31, 2014

Why coat apple fruits ဖယောင်းသုတ် ပန်းသီး

“Myanmar CNN: တရုတ်မှ ဖယောင်းသုတ် ပန်းသီးများ ဈေးကွက်အတွင်း ဝင်ရောက်” သတင်းကို ကနေ့မနက် ဖေ့စ်ဘွတ်မှာ ဖတ်ရပါတယ်။ ပန်းသီးပေါ်မှာ ဖယောင်းသုတ်ပြီးရောင်းတာကိုစားရင် ဘာဖြစ်နိုင်သလဲ ဖယောင်းသုတ်ရတဲ့အကြောင်းတွေ တခုမကရှိတယ်။ အထားခံအောင်နဲ့ အမြင်လှအောင် အတွက်ဖြစ်တယ်။ ပန်းသီးမှာ နဂိုအတိုင်း သဘာဝဖယောင်း ပါနေပြီးသာဖြစ်တယ်။ ဒါကြောင့် ပန်းသီးဟာ ထားတာကြာပေမဲ့ ရှုံ့တွမသွား၊ အလေးချိန်လဲ မလျော့ပါ။ ဖယောင်းအတုသုတ်ကြတာက မရောင်ချမီ၊ မတင်ပို့မီ၊ ထုပ်ပိုးမီမှာ သဘာဝဖယောင်းကို ပွတ်တိုက် ဆေးကြောလိုက်တာမို့ ဖယောင်းအတု ထပ်သုတ်တာဖြစ်တယ်။ ဒီလိုလုပ်လိုက်ရင် ၅ဝ% ကုန်သွားနိုင်တယ်။ ဆေးကြောနည်းအပေါ်မှာမူတည်တယ်။ ဖယောင်းအတုဆိုတာ တိရစ္ဆာန်ဖယောင်းနဲ့ အသီးအနှံဖယောင်းဖြစ်မယ်။ ဒါမှမဟုတ် ဓါတ်ဆားနဲ့ ဓါတ်ခွဲခန်းကထုတ်တာ ဖြစ်မယ်။ အများဆုံးသုံးကြတာက အသီးအနှံကရတဲ့ canauba wax နဲ့ shellac ဖြစ်တယ်။ ဆူပါမားကက်တွေမှာဝယ်ရင် ဖယာင်းသုတ်တာ မလွတ်ပါ။ ပန်းသီးထဲမှာနေပါတဲ့ ရေဓါတ်မခမ်းစေအောင်အတွက်လဲ ဖယောင်းသုတ်ကြတယ်။ အလေးချိန်လဲမလျော့စေပါ။ အရည်ရွှမ်းတာကိုလဲ ထိန်းထားမယ်။ အဝေးကိုတင်ပို့ရောင်းချဘို့ဆိုရင် ပိုအပ်တယ်။ ဒါမှ မှည့်မှာကို နှေးစေမယ်။ ပန်းသီးကို ဖယောင်းသုတ်လို့ အနုတ်သဘောဆောင်တာတွေရစေနိုင်တယ်။ လေမရတဲ့ အသက်ရှူဖြစ်စဉ်ဖြစ်စေမယ်။ ပန်းသီးရဲ့ ပင်ကိုယ်အရည်အသွေးကို လှည့်ဖျားစေမယ်။ ကြည့်လိုက်ရင်တော့ ပန်းသီးဟာ တောက်ပြောင်၊ တင်းတင်းရင်းရင်း ရှိနေမယ်၊ စားချင်စဖွယ်ဖြစ်မယ်။ ဒါပေမဲ့ စားကြည့်လိုက်ရင် ကြွတ်ဆတ်မှုနည်းနေမယ်။ ပန်းသီးကိုဖယာင်းသုတ်ထား-မထားဘယ်လိုသိနိုင်လဲ။ ပန်းသီးကို အပင်ကနေ ခူးဆွတ်ပြီး လက်နဲ့ပွတ်လိုက်ရင် လက်မှာ အဖြူရောင်အမှုံပေလာတာတွေ့ရမယ်။ အဲဒါက သဘာဝဖယောင်းဖြစ်တယ်။ အဲလိုဘဲ ဖယောင်းအတုသုတ်ထားတဲ့ ပန်းသီးကို ပွတ်လိုက်ရင် အလွှာတခုကွာကျလာတောတွေ့ရမယ်။ ကျန်းမာရေး ၁၆-၈-၂ဝ၁၂ နေ့က ကနေဒါကလာတဲ့သတင်းတခုမှာ Ottawa to review fruit wax after reports of cancer link အသီးတွေမှာ ဖယာင်းပါတာနဲ့ ကင်ဆာ ဆက်စပ်မှု သတင်းထွက်လို့ ဆန်းစစ်မှုလုပ်မယ်လို့ဆိုပါတယ်။ ဖယောင်းထဲမှာ morpholine ပါနေရင်ကို ဆိုလိုတာဖြစ်တယ်။ ဒီဓါတ်ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ N-nitrosomorpholine ဖြစ်တယ်။ သဘာဝဖယောင်းရော ဖယောင်းအတုရော စားလို့ ကျန်းမာရေးမှာ ဘာထိခိုက်သလဲ တိတိကျကျ မပြောနိုင်ပါ။ တိတိကျကျ မပြောနိုင်တာမို့ ကျန်းမာရေးအတွက် စိုးရိမ်ရင် ဒါတွေလုပ်နိုင်ပါတယ်။ မစားခင်မှာ ပန်းသီးကို ရေခပ်နွေးနွေးလေးနဲ့ ပွတ်ဆေးပါ။ ဖယောင်းသာမက ကျန်တဲ့ မလိုလားအပ်တာတွေလဲ ပြောင်စေပါမယ်။ ဆပ်ပြာလိုဟာ မသုံးသင့်ပါ။ အပေါက်ပါနေတာအတွက်လဲ မသုံးပါနဲ့။ ဗနီဂါရည်သုံးချင် သုံးနိုင်ပါတယ်။ ပြီးရင် စက္ကူနဲ့သုတ်ပါ။ အရှင်းဆုံးနည်းကတော့ ပန်းသီးကို အခွံနွှာပြီးမှ စားသုံးပါ။ ဒေါက်တာတင့်ဆွေ ၁၉-၁-၂ဝ၁၄