Sunday, February 16, 2014

Flight medicine အမြင့်ပျံ ကျန်းမာရေး

မေးခွန်း (ဘာသာပြန်)
ဒေါက်တာရှင့် ကျမက မြန်မာ့လေကြောင်းရဲတပ်ဖွဲ့က အရာရှိတဦးပါ။ တနေ့မှာ အနည်းဆုံး ၁၂ နာရီ လေယာဉ်နဲ့ လိုက်ပါနေရပါတယ်။ ဆေးစစ်ရတာမျိုးလဲ မရှိပါ။ ကျမသိချင်တာက ကမ္ဘာမြေဆွဲအားဆန့်ကျင်ပြီး သွားရသူတွေအတွက် လုပ်သင့်တာတွေနဲ့ မလုပ်သင့်တာတွေကိုပါ။ ကျမတို့မှာ အဲလိုသာပျံသန်းနေရပေမဲ့ ကျန်းမာရေး ထောက်ကူမှုဆိုတာ ဘာမှမရှိပါရှင့်။

• (Aviation medicine) (Aerospace medicine) လေကြောင်းဆေးပညာဆိုတာ ရှိတယ်။
• လေယာဉ်ခရီးမှာ Aircrews လေယာဉ်အမှုထမ်းတွေက ကျန်းမာရေး ထိခိုက်တာကို အခံရဆုံးဖြစ်တယ်။ မေးတဲ့သူလို တာဝန်အရလိုက်နေရသူတွေလဲ အတူတူပါဘဲ။
• Atmospheric physics လေကြောင်းရူပဗေဒအရ လေယာဉ်မှာ လိုက်ပါသူ ဘယ်သူမဆိုဟာ အမြင့် 9100–18,300 m (30,000–40,000 ft) ရောက်တာနဲ့ အပူချိန်ကျလာမယ်။ 2°C (3.6°F) per 305 m (1000 ft) နှုန်းနဲ့ကျတယ်။ မြေပြင်အပူချိန်ဟာ 16°C (60°F) ရှိချိန်မှာ လေယာဉ်က အမြင့် 10,700 m (35,000 ft) ရောက်ရင် −57°C (−70°F) သာ ရှိမယ်။
• Pressure ဖိအားနဲ့ Humidity စိုထိုင်းမှုလဲပြောင်းလာတယ်။ Radiation ဓါတ်ရောင်ခြည်၊ Vibration တုန်ခါမှု နဲ့ Acceleration forces (G forces) အရှိန်အားတွေရဲ့ဒဏ်တွေကိုပါ ရင်ဆိုင်ကြရတယ်။
• Aircraft life support systems လေယာဉ်အသက်ကယ် ထောက်ပို့စနစ်ကနေ Oxygen အောက်စီဂျင်၊ Heat အပူနဲ့ Pressurization ဖိအားတွေလုပ်ပေးပါတယ်။
• အဆင့်မြင့်လေယာဉ်တွေကနေတော့ G-suits ပေးပြီး အရှိန်နဲ့ ဖိအားသုံး အသက်ရှူစနစ်ကို လုပ်ပေးတာရှိတယ်။
• လေယာဉ်ထဲက Cabin pressure ဖိအားဟာ Atmospheric pressure ပတ်ဝန်းကျင်ဖိအားနဲ့ အတူမဟုတ်ပါ။ သက်တောင့်သက်သာရှိစေအောင် တမင်ဖန်တီးပေးထားပါတယ်။ ဖိအားသက်ရောက်မှုကြောင့် ရေပုလင်းတွေကို ကြည့်ရင် ရှုံ့သွားတာတွေ့ရပါမယ်။
• အမျိုးသမီးတွေမှာ ဒီလို ဖိအားအပြောင်းအလဲများပေမဲ့ မျိုးပွါးနိုင်စွမ်းမှာ သက်ရောက်မှုမရှိတာ တွေ့ရပါတယ်။ အားမနာတမ်း ပြောပါရစေ။ တာရှည် (၂ဝ-၂၅ နှစ်) တာဝန်ထမ်းရသူအမျိုးသမီးတွေမှာ ဗဂျိုင်းနား ကြွက်သားတွေဟာ ပျော့တွဲမှုဖြစ်စေပါတယ်။ ဖြစ်လာရင်လဲ သက်သာအောင် Vagina-muscle toning လေ့ကျင့်ခန်းနဲ့ ကောင်းနိုင်ပါတယ်။
• နောက်ပြဿနာတခုက ခြေထောက်မှာဖြစ်တယ်။ လေထဲကနေ ပြန်ဆင်းလာလာချင်း ရေနွေးနဲ့ ရေမချိုးပါနဲ့။ ခြေထောက်ပိုင်းကို ကိုယ့်နှလုံးအထက်မှာထားပြီး နားနေလိုက်ပါ။
• Air-conditioned (အဲယားကွန်း) မှာကြာခဲ့လို့ Over-drying of skin အရေပြားတွေပိုခြောက်သွေ့နေမယ်။ လှချင်သူတွေအတွက် မျက်နှာက ပိုပြီး အိုစာစေတယ်။ Moisturize စနစ်နတကျသုံးပါ။
• ခြောက်လို့ အနေရခက်လာရင် လေယာဉ်ထဲမှာဘဲ Mineral water mist ကို Full make-up ပေါ်မှာလိမ်းပါ။
• လေထဲမှာ မြင့်မြင့်ပျံသန်းရတဲ့ အမျိုးသမီးတွေက ကိုယ်ဝန်ရဘို့ ပိုလွယ်တာလဲ သိလာရတယ်။ ရောဂါရတာလဲ နည်းသေးပါသတဲ့။
• အကြံပြုချက် (၅) ချက်
(၁) လတ်ဆပ်တဲ့အစားအသောက် တတ်နိုင်သလောက်သယ်လာပါ။
(၂) ရေသောက်မနည်းပါစေနဲ့။
(၃) လက်ကို မကြာမကြာ ဆေးကြောပါ။
(၄) အအေးမိနေတုံး လေယာဉ်ခရီးသွားတာ ရှောင်ပါ။
(၅) လေယာဉ်းစီးနေစဉ်မှာ (အက်တစ်) ဖြစ်နေပါ။

ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၄

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...