Monday, March 31, 2014

Dermatofibrosarcoma protuberans (DFSP) ရှားတဲ့ ကင်ဆာ

Dermatofibrosarcoma Protuberans (DFSP) အကြောင်းလေး ရှင်းပြပေးပါဒေါက်တာ။

• အရေပြားရဲ့ (ဒါးမစ်စ်) အလွှာကဖြစ်တယ်။ (ဖိုက်ဘရို ဆာကိုးမား) လို့ခေါ်တယ်။
• တနှစ်၊ လူ တစ်သန်းမှာ တယောက်သာဖြစ်တယ်။
• အသွင်အပြင်အရ ကင်ဆာမဟုတ်သလိုဘဲ။ ၂့၅-၅% ကသာ ပြန့်နှံ့တယ်။
• အသက် ၃ဝ ကျော်မှဖြစ်တယ်။ မွေးရာသဘောမဟုတ်ဘူးမပြောနိုင်သလို သိပ်အသက်ကြီးသူမှာလဲ ဖြစ်တာရှိတယ်။
• Biopsy အသားစဖြတ်ယူစစ်ဆေးမှာသာ ရောဂါကိုသိမယ်။
• အရွယ်အစား ၁-၅ စင်တီမီတာ အချဉ်းရှိတယ်။ ကြီးလာတာ အတော်နှေးတယ်။
• ခန္ဓာကိုယ်ပိုင်းမှာ အဖြစ်များတယ်။ ခြေ-လက်နဲ့ တခြားနေရာတွေလဲ နဲနဲဖြစ်တယ်။
• ၉ဝ% က သိပ်စိုးရိမ်စရာမရှိဘူးလို့ ပြောနိုင်တယ်။ ဒါကြောင့် အလတ်တန်းစား (ဆာကိုးမား) အဆင့်အတန်းလို့ သတ်မှတ်တယ်။
• ကုသမှုမှာ ခွဲစိတ်ရတာဖြစ်တယ်။ ကင်ဆာဆေးပေးတာနဲ့ ဓါတ်ကင်တာလဲ လိုနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၄

Limb lengthening methods ရိုးရှည်ခွဲစိတ်နည်းများ

ဆရာခင်များ Bone Lengthening Surgery အကြောင်း သိချင်ပါတယ်။ ကောင်းကျိုး၊ ဆိုးကျိုး၊ ခန့်မှန်း ကုန်ကျစရိတ်၊ ဘာတွေကိုလေ့လာသင့်တယ်၊ သိထားသိတယ်၊ ဘယ်နေရာမှာ ရနိုင်တယ်၊ ဘယ်အရိုးတွေကို လုပ်လို့ရတယ် စသဖြင့်။ ဆရာ ကျန်းမာချမ်းသာပါစေ။ ဆရာဖြစ်လိုသော ကျန်းမာတိုးတက်မျှတသော ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးကို အမြန်ဆုံး မြင်တွေ့ခွင့်ရပါစေ။

(၁) External methods အပြင်ကနေလုပ်ပေးနည်း၊
(၂) Combined methods ပူးတွဲနည်း နဲ့
(၃) Internal methods အတွင်းနည်း။

Bone dissection အရိုးကို ခွဲစိတ်ခြင်းဆိုတာ အရိုးကို တမင်တကာ ကျိုးစေအောင် လုပ်တယ်။ Artificial regeneration process အရိုးကို တမင်တကာ ပြန်အသစ်ဖြစ်ခြင်းနည်းက တနေ့ ၁ မီလီမီတာ ရှည်လောစေဘို့ ရည်ရွယ်တယ်။

ဘယ်နည်းနဲ့လုပ်လုပ် သတိထားရမှာတွေရှိတယ်။ တင်းမာတဲ့အရိုးတွေဟာ အရိုးဖြစ်စဉ်ဖြစ်ပြီးမှသာ နေသားတကျဖြစ်စေရမယ်။ ဖြေးဖြေးခြင်းရှည်စေဘို့ဟာ နုသေးတဲ့အရိုးတွေအတွက် သင့်တော်စေရမယ်။ ဖြစ်စဉ်အတွင်းကာလထဲမှာ ဆက်စပ်နေတဲ့ ကြွက်သားနဲ့ အဆစ်တွေအတွက်လဲ ကောင်းမွန်တဲ့ ဝန်းကျင်ဖြစ်နေဘို့လိုတယ်။

အပြင်ကနေလုပ်ပေးနည်း
• External construction အပြင်ဘက်ကနေ ကိရိယာတည်ဆောက်မှုတွေရှိမယ်။
• Power clusters အားကောင်းတဲ့ ကလပ်စတာရှိမယ်။
• Bone fixation အရိုးကိုတည်ငြိမ်နေအောင်လုပ်တဲ့ Spokes အချောင်းတွေရှိမယ်။
• distraction ဆွဲဆန့်နေစေရမယ်။

ပူးတွဲနည်း
ကိရိယာတွေသုံးမယ်။ ရှည်ထွက်ဖြစ်စဉ်အပြီး ပြန်ဖြုတ်မယ်။

အတွင်းနည်း
အထဲမှာ ကိရိယာကနေ ဆွဲဆန့်ဖြစ်စဉ်နဲ့ တည်းမြဲဖြစ်စဉ်တွေလုပ်ပေးနေစဉ်ဟာ အရေပြား၊ ကြွက်သား၊ အရွတ်ပြားတွေက သူ့ဟာသူနေမယ်။ နည်းတွေ အမျိုးမျိုးရှိတယ်။
1. Method Albizzia
2. Method Guichet
3. Fitbon system

Leg lengthening ခြေတံရှည်နည်းရှိသလို Leg shortening တိုနည်းလဲ ရှိသေးပါတယ်။ တဖက်နဲ့တဖက် မတူတာမှာ လုပ်ပေးရတယ်။ ကလေးတွေကို ၆ လက္မထိရှည်လာအောင်လုပ်နိုင်တယ်။ ရှည်နေတဲ့အရိုးကိုဖြတ်မယ်၊ သတ္တုပင်ချောင်းနဲ့ ဝက်အူတွေ ထည့်မယ်။ သတ္တုကိရိယာကို ပင်ချောင်းမှာဆက်မယ်။ သူကနေ နောင်မှာ ဖြတ်ထားတဲ့အရိုးကို ကားစေမယ်။ ကြားနယ်ဖြစ်လာမယ်။ အရိုးသစ်ဖြည့်လာစေမယ်။ လိုတဲ့အရှည်ရလာချိန်မှာ တခါထပ်ခွဲပြီး၊ ပင်ချောင်းစတာတွေ ထုတ်မယ်။

မော်စကိုကလူတယောက် နယူးယော့ခ်ကိုသွားပြီး အရိုးရှည်အောင်လုပ်လို့ ၃့၃ လက္မ ပိုရှည်တယ်လို့ ၂၁-၆-၂ဝ၁၃ နေ့က သတင်းတပုဒ်မှာ ရေးပါတယ်။ ဒီနည်းကို ဒုတိယကမ္ဘာစစ်ပြန် စစ်သားတွေကို ကုပေးဘို့ ရုရှားပါမောက္ခ (ဂယ်ဘရယ်လီ အီလီဇာရော့ဖ်) ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ (အပင်တာဂွန်) ကလဲ ခြေထောက် ထိခိုက်မိထားသူတွေအတွက် ပိုကောင်းတဲ့ နည်းနာတွေအတွက် ထောက်ပံ့မှုတွေပေးနေပါတယ်။

အခုလို အရိုးရှည်ဘို့ ခွဲစိတ်တာကို မြန်မာပြည်မယ် ဘယ်မှာလုပ်လို့ရသလဲနဲ့ ကုန်ကျစရိတ်တွေ မသိပါ။ ဆုတောင်းပေးတွေအတွက် ကျေးဇူးတင်ပါတယ်။ “ဆုတောင်းပေးသူ ဆုတူရပါစေ”။

ဒေါက်တာင့်ဆွေ
၃၁-၃-၂ဝ၁၄

Sunday, March 30, 2014

Melanoma မှဲ့ကင်ဆာ

မှဲ့ကင်ဆာအကြောင်း ဖြစ်နိုင်ရင် ရေးပေးပါဆရာ။

မှဲ့ကင်ဆာကိုဖြစ်စေတာမှာ နေရောင်နဲ့ထိတွေ့တာ၊ အရေပြား အမျိုးအစား အပြင် မိသားစုရာဇဝင်ကလဲ အရေးကြီးတယ်။ ၃ဝ-၃-၂ဝ၁၄ နေ့ထွက်တဲ့ ကျန်းမာရေးသတင်းမှာ သုတေသနသစ်အရ မျိုးဗီဇမှာ (မြူတေးရှင်း) ခေါ်တဲ့ အသွင်ပြောင်းလဲခြင်းကနေ အရေပြားကင်ဆာဖြစ်တာကို သိလာရတယ်။ အဲဒီ မျိုးဗီဇကို POT1 ခေါ်တယ်။ သူက (ခရိုမိုဇုန်း) ထဲက (ဒီအင်န်အေ) ပျက်စီးမှာကို အကာကွယ်ပေးနေတယ်။ အဲတာက (မြူတေးရှင်း) ဖြစ်လာရင် ကင်ဆာ ဖြစ်နိုင်တယ်။ တခြားပြောင်းလဲမှုတွေလဲရှိမှာဖြစ်ပေမဲ့ ခုထိ မသိကြရသေးပါ။

(ကင်ဆာ) ဆိုတာ နေရာတကာမှာ ဖြစ်နိုင်တယ်။ အရေပြားမှာ ဖြစ်တာထဲက ရှားပေမဲ့ အဆိုးဆုံးက Melanoma မှဲ့ကင်ဆာ။ မှဲ့ဟာ အရောင်၊ အရွယ်၊ ပုံသဏ္ဌာန်၊ အပြော့-အမာ ပြောင်းတာနဲ့ (ကင်ဆာ) ဖြစ်ဘို့ စလာတယ်။ အများဆုံး တွေ့ရတာက မဲနက်-မဲပြာ အရောင်တွေပါ။ နဂိုက မှဲ့ရှိမနေဘဲ အသစ်လဲ ဖြစ်လာနိုင်သေးတယ်။

ကြည့်လိုက်ရင် ညီညီညာညာ မရှိဘူး။ နခမ်းသားကလဲ မတိမကျ-မလှမပရှိတယ်။ အရောင်ကလဲ တညီထဲ မဟုတ်ဘူး။ ကြာလေ ကြီးလာလေ။ ဆိုးပေမဲ့ စောစောသိ စောစောကုရင်ရတယ်။ ကြာလေလေ အထဲရောက် လေလေ ကူးသွားမယ်။

Melanocytes ဆိုတဲ့ အရေပြားကို အရောင်ဖြစ်စေတဲ့ (ဆဲလ်) တွေမှာ (ကင်ဆာ) လာဖြစ်တာပါ။ အရေပြားမဟုတ်ဘဲ အူ နဲ့ မျက်စိမှလဲ ဒီရောဂါမျိုး ဖြစ်နိုင်တယ်။ အမျိုးသမီးတွေက ပိုများတယ်။ တနှစ်မှာ လူနာသစ် ၁၆ဝဝဝဝ တွေ့နေရတယ်။ သေဆုံးရသူပေါင်း တနှစ် ၄၈ဝဝဝ ယောက်ရှိတယ်။ အမျိုးအစားခွဲပေါင်း ၁၃ ခုရှိတယ်။

အသေအခြာ လေ့လာလို့ သိရတာက အလင်းရောင်ထဲက UV photon ကနေ အရေပြားထဲက အရောင်ကို ဖြစ်စေတဲ့ Chromophore ဆိုတာကို လာထိခိုက်ရာကနေ ဖြစ်ရတာတဲ့။ ဒိနောက်မှာ DNA ဆိုတာ ထိခိုက်စေတယ်။ DNA Replication ဆိုတာ ကိုယ်တိုင် ပုံမှန်မဟုတ်ရင်လဲ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် နေရောင်ထိမှသာ အရေပြား-မှဲ့ (ကင်ဆာ) ဖြစ်ရတာ မဟုတ်ပါ။

လက္ခဏာတွေကို ABCDE ဆိုပြီး မှတ်လို့လွယ်အောင် လုပ်ထားတယ်။
• A ညီတူဘာတူ မဟုတ်ဘူး၊
• B နခမ်းသားတွေ မညီဘူး၊
• C အရောင်တမျိုးထဲ မဟုတ်ဘူး၊
• D အချင်းမျဉ်း ၁ လက္မရဲ့ ၄ ပုံ ၁ ပုံကျော်တယ်၊
• E အချိန်နဲ့ အတူပြောင်းလဲနေတယ်။
ဒါ့ပြင် -
• အရေပြားမျက်နှာပြင်အထက် ကြွတက်နေရင်၊
• ထိကြည့်ရင် တင်းနေရင် နဲ့
• ကြီးသထက်ကြီးလာတယ်ဆိုရင် ပိုဆိုးတဲ့အမျိုးအစားဖြစ်မယ်။

ရောဂါ ဟုတ်-မဟုတ်သိအောင် မျက်စိ-လက်နဲ့စမ်းတာတွေအပြင် အသားစဖြတ်ယူ မှန်ဘီလူးနဲ့စစ်တယ်။ Lactate dehydrogenase (LDH) စမ်းသပ်နည်းလဲ လုပ်တယ်။

အဆင့်တွေ ခွဲထားတာမှာ -
1. အဆင့် (ဝ) ဆိုရင် 99.9% အသက်ရှင်မယ်၊
2. အဆင့် (၁) Invasive Melanoma ဆိုရင် Survival ရှင်နှုံး 85-99% ရှိတယ်၊
3. အဆင့် (၂) High Risk Melanoma ဆိုရင် Survival ရှင်နှုံး 40-85% ရှိတယ်၊
4. အဆင့် (၃) Regional Metastasis ဆိုရင် Survival ရှင်နှုံး 25-60% ရှိတယ်၊
5. အဆင့် (၄) Distant Metastasis ဆိုရင် Survival ရှင်နှုံး 9-15% ရှိတယ်။

နေရောင်ထဲက Ultraviolet radiation ခရမ်းလွန်ရောင်ခြည်ဟာ လက်ညှိုးထိုးရမဲ့ တရားခံ ဖြစ်ပါတယ်။ နောက်ပေါ် နေကာ Sunscreen တွေမှာ Avobenzone, Zinc and Titanium တွေပါလို့ UVA နဲ့ UVB ဒီရောင်ခြည်တွေ ရန်ကနေ အတော် ထိရောက်အောင် ကာကွယ်နိုင်တယ်လို့ ယုံကြည်ရတယ်။ ဒါပေမဲ့ Sunscreen ကနေ Melanoma ကိုပါ ကာကွယ်နိုင်မလား မသေခြာသေးပါ။ အသားအရေညိုစေအောင် Tanning လုပ်တာဟာ အရေပြားကင်ဆာ ဖြစ်မှာ နည်းစေမယ်လို့ ထင်ရပေမဲ့ Melanomas ပိုဖြစ်စေနိုင်တယ်။

“အရိပ်တိုချိန် နေပူမထွက်နဲ့” ဆိုတာ ဥပဒေသ ဖြစ်တယ်။ မနက် ၉ နာရီကနေ ညနေ ၃ နာရီအတွက် နေထဲထွက်ရင် မှဲ့-အရေပြား ကင်ဆာဖြစ်ဘို့ အဆိုးဆုံးကာလတွေ ဖြစ်တယ်။

ကုသဘို့ ခွဲစိတ်တာနဲ့စတယ်။
• “အနာကို ဘေး ၁-၂ စတင်တီမီတာ အရေပြား အကောင်းကိုပါ လှီးထုတ်မယ်၊ မှန်ဘီလူးနဲ့ စစ်ဆေးမယ်၊ ရေတို-ရေရှည် ဆက်ကြည့်နေမယ်” ဆိုတာ မလွဲတမ်း လုပ်ရတဲ့ ကုသနည်း ဖြစ်ပါတယ်။ နုသေးရင် အရေပြာအကောင်း နဲနဲသာ လှီးဖြတ်ဘို့ လိုမယ်။
• Melanoma-in-situ အစောဆုံးအဆင့်မှာ ခွဲရရင် ပျောက်နှုန်း ၇၇-၉၈% အထိရှိတယ်။ တက်စေ့တွေပါ ထုတ်ပေမဲ့ သိပ်အကျိုးမများလှတာ တွေ့ရတယ်။
• High risk melanomas ဆိုတာကို Adjuvant treatment ခေါ်တဲ့ ကုသနည်းမှာ High-dose Interferon ဆေး ၁ နှစ် ကြာပေးတယ်။
• ပြန့်နေတဲ့အဆင့် Metastatic melanomas ကို X-rays, CT scans, MRIs, PET and PET/CTs, Ultrasound, LDH testing and Photoacoustic detection နည်းတွေနဲ့ စစ်ဆေးမယ်။
• Chemotherapy ဆေးဝါးနည်းမှာ သုံးတာက Dacarbazine (DTIC) နဲ့ immunotherapy ကုသနည်းမှာ သုံးတာက
• Interleukin-2 (IL-2) ဒါမှမဟုတ် Interferon (IFN) တွေဖြစ်တယ်။
• Radiation therapy ဓါတ်ရောင်ခြည်ကင် ကုသနည်း၊
• Cell and Targeted Therapies နည်းလဲရှိပါသေးတယ်။

Dr. တင့်ဆွေ
၂၄-၁-၂ဝ၁၁
၃ဝ-၃-၂ဝ၁၄

Nutrition Facts အမြစ်-အသဲ ခွဲသိရအောင်

ကြက်-ဝက်-အမဲတို့ရဲ့ အသည်း-အမြစ်-နှလုံးတွေ ပရိုတိန်းဓါတ်ပါလား။ အသားစစ်စစ်နဲ့ ကွာဟာမှု အရမ်းများလား။

ဘယ်အသားမဆို (ပရိုတင်း) ပါတယ်။ တိရစ္ဆာန်တွေကရတဲ့ (ပရိုတင်း) ခေါ်ပါတယ်။ အသီးအနှံတွေကလဲရတာမို့ အသားဓါတ်လို့ ခေါ်ရင် မမှန်ပါ။ အသားတွေထဲမှာ သူ့အစိတ်အပိုင်းနဲ့သူ မတူတာတွေ ရှိပါတယ်။ သဘာဝအရ မတူတာရော လူတွေကနေ ပြုပြင် စီမံတာတွေကြောင့်ပါ မတူကြပါ။ အလေးချိန် တိုးအောင်ထိုးတဲ့ ဟော်မုန်းဆေး စုဝေးနေတဲ့နေရာ သပ်သပ်ရှိတယ်။ သဘာဝ အသားထဲမှာ အဆီကတမျိုး၊ အသားကတမျိုး၊ အရိုးကတမျိုး အာဟာရ ဖြစ်တာတွေ မတူပါ။ ထူးခြားတဲ့ အင်္ဂါအစိတ်အပိုင်းတွေလဲ ရှိတယ်။ ဥပမာ အမြစ်-အသဲ၊ အထီးကောင်တွေရဲ့ ဖိုသတ္တိပါ-အစိ၊ ငါးကြီးဆီ၊ စတာတွေမှာ ထူးခြားတာတွေ ရှိတယ်။

"အသဲစားတာ သွေးအားနည်းရောဂါအတွက် အလွန်ကောင်းတယ်" လို့ နိုဗယ်ဆုရ ပညာရှင် ၃ ဦးကနေ ၁၉၃၄ ကတည်းက ပြောခဲ့တာ ဖြစ်ပါတယ်။ အသဲရဲ့အလုပ်က အဆိပ်အတောက်တွေ ရှင်းပေးပေမဲ့ အဆိပ်အတောက်တွေက သူ့ထဲမှာ စုမနေပါဘူး၊ စားတာ ကောင်းတယ်လို့ ပြောကြပါတယ်။

• အမဲအသဲ
- (ပရိုတင်း) လဲ ကြွယ်ဝတယ်။ ၁ဝဝ ဂရမ်ထဲမှာ ၁၃၅-၁၄၂ (ကလိုရီ) ရပြီး၊ (ကိုလက်စထော) ၂၇၅-၃ဝ၉ မီလီဂရမ် ပါနေတာတော့ မကောင်းပါ။ ဗီတာမင် ဘီ များတယ်၊ အေ များတယ်။ (ဗီတာမင် အေ များလွန်းတာ ကိုယ်ဝန်အတွက် သိပ်မကောင်းပါ။) စီ နဲနဲပါတယ်။ သွေးအားအတွက်လိုတဲ့ ဘီ ၁၂ အတော်များတယ်။ ဓါတ်ဆားတွေလဲ ပါတယ်။ (ဖေါလိတ်)၊ ကြေးနီ၊ (ဖေါ့စဖိတ်)၊ (ဆယ်လင်နီယမ်)၊ သံဓါတ်၊ သွပ်ဓါတ်၊ (မင်ဂနီးစ်) တွေပါတယ်။ နဲနဲ ပါတာတွေက (ပိုတက်ဆီယမ်)၊ (ဆိုဒီယမ်)၊ (ကယ်လ်ဆီယမ်)၊ (မက်ဂနီဆီယမ်)။
- ကောင်းတဲ့ (အိုမီဂါ-၃) အသင့်အတင့်ပါတယ်။ (ကိုလင်း) လဲ အတော်ပါတယ်။ (ကလိုရီ) နည်းလို့ လူကို မဝစေဘူး။
- စားသောက်ဆိုင်တွေရဲ့ (မီနူး) ထဲမှာ Liver pâté, Liver sashimi, Chopped liver, Foie gras, Leberwurst တွေ့ရင် ဒါတွေဟာ အသဲကို အထူးပြုပြင်စီမံထားတဲံ ဟင်းလျာတွေ ဖြစ်တယ်။ ပုံထဲမှာ နွားကလေး-အသဲနဲ့ ကြက်သွန်နီ၊ ပန်းသီး ရောချက်ထားတာပါ။
• ကြက်အသဲ
- (ကလိုရီ) နည်းတယ်။ ၄၇ ကလိုရီ။ (ကိုလက်စထော) များတယ်။ (ပရိုတင်း)၊ ဗီတာမင် အေ၊ စီ၊ ဘီ-၆၊ ဘီ-၁၂၊ သွပ်ဓါတ်၊ သံဓါတ်၊ (နိုင်ယာစင်)၊ (မင်းဂနီးစ်)၊ သွပ်ဓါတ်တွေပါတယ်။
• ဝက်နှလုံး ၁၂၉ ဂရမ်ကနေ
- (ကလိုရီ) ၁၉၁ ရတယ်။ တနေ့တာ လိုအပ်တဲ့ အဆီ ၁ဝ%၊ (ကိုလက်စထော) ၉၅%၊ (ဆိုဒီယမ်) ၂%၊ ဗီတာမင် အေ ၁%၊ စီ ၄%၊ (ကယ်လ်ဆီယမ်) ၁%၊ ဘီ-၁ ၄၈%၊ နိုင်ယာစင် ၂၅%၊ သံဓါတ် ၄၂%၊ ဘီ ၆ ၂၅%၊ (ပရိုတင်း) ၆၁%၊ ဘီ-၂ ၁၂၉%၊ ဘီ-၁၂ ၈၁%၊ (ဖေါ့စ်ဖိုးရပ်စ်) ၂၃%၊ (မက်ဂနီးစ်) ၈%၊ (နိုင်ယာစင်) ၃၉%၊ သွပ်ဓါတ် ၂၇%၊ ဘီ-၆ ၂၅%၊ (ဖေါလိတ်) ၁% တွေရစေတယ်။
• အမဲနှလုံး
- (ဆိုဒီယမ်) နည်းတာ၊ သကြားမပါတာ၊ သံဓါတ်များတာ၊ (နိုင်ယာစင်) များတာ၊ (ဖေါ့စ်ဖိုးရပ်စ်) များတာ၊ (ဆယ်လယ်နီယမ်) များတာ၊ ဘီ-၂ များတာ၊ ဘီ-၁၂ များတာ၊ သွပ်ဓါတ် များတာတွေက ကောင်းတဲ့ အချက်တွေဖြစ်တယ်။
- (ကိုလက်စထော) များတာက မကောင်းတာ ဖြစ်တယ်။
- ကယ်လိုရီ ၄၂၄၊ အဆီ ၁၉% (ထရန့်-ဖက်) မပြောပလောက်အောင်သာ ပါတယ်၊ (ကိုလက်စထော) ၁၈၂%၊ (ဆိုဒီယမ်) ၆%၊ သံဓါတ် ၉၁%၊ (ကယ်လ်စီယမ်) ၁% ရမယ်။ (ထရန့်-ဖက်) ဆိုတာ မကောင်းတဲ့ ဆီအမျိုးအစား ဖြစ်တယ်။
• အသဲဟာ အာဟာရအတွက် ကောင်းတယ်။ ဒါပေမဲ့ Cholesterol (ကိုလက်စထော) ပါတယ်။ (ကိုလက်စထော) က နှလုံးရောဂါအတွက် မကောင်းပါ။ ကြက်အသဲက အမဲအသဲထက် Calories (ကလိုရီ) နည်းပြီး Cholesterol များတယ်။ အမဲအသဲမှာ Protein (ပရိုတင်း) ပိုများပြီး Fat (အဆီ) နည်းတယ်။ အမဲအသဲမှာ Vitamin A ပိုများပြီး၊ ကြက်အသဲမှာ Iron သံဓါတ် နဲ့ Vitamin C ပိုများတယ်။

Dr. တင့်ဆွေ
၂-၃-၂ဝ၁၁

Nutrition အာဟာရ

ကျွန်မနံမည့့် လို့ခေါ်ပါတယ်။ အသက်က ၃၂ ပါ။ လက်ရှိ့ မှာနေထိုင်ပါတယ်။ ကျွန်မရဲ့ ပြသနာကတော့ Vitamin B နဲ့မတည့်တဲ့ရောဂါပါ။ Vitamin B ကို အသက် ၁၈ နှစ်လောက်မှာ Nurobian အနေနဲ့ သောက်ဖူးပါတယ်။ အသက် ၂၄ လောက်မှာ ကိုယ်အလေးချိန်တိုးလာလို့ သူများအပြောနဲ့ ထိုင်းကလာတဲ့ အဝါရောင်ဆေးဆိုတာကို၂ လ လောက် သောက်ခဲ့ပါတယ်။ တစ်ကယ်ပဲကိုယ်အလေးချိန်ကျသွားပေမဲ့ အဲဒီအချိန်ကစလို့ ပြင်းထန်တဲ့ခေါင်းမူးခေါင်းကိုက်ရောဂါ စခဲ့ပါတယ်။ အစားကိုနဲနဲပဲစားပြီး အချိန်ပြည့်အိပ်ချင် အိပ်နေရပါတယ်။ အဲဒီနောက်ပိုင်းမှာ တခါ မနေနိုင်မထိုင်နိုင်အောင် မူးလို့ ညကြီးသန်းခေါင် ဆေးခန်းပြေးရပြန်ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး အာရုံကြောအားဆေးဆိုသောက်လို့ မရတော့ပါဘူး။ Enervon C.ဆို Vitamin B Complex ဖြစ်လို့ လုံးဝ သောက်လို့မရပါဘူး။ အခု အိမ်ထောင်ကျပြီး ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဒုက္ခရောက်တာပါပဲ။ ကျွန်မရဲ့ ရောဂါကို အကြံဥာက်ပေးချင်ပါသလဲရှင်။ ဘယ်လိုကုသနိုင်ပါမလဲရှင့်။

ဟုတ်တယ်၊ တချို့ကမတည့်ဘူး။ မတည့်တာမှာ စားဆေး မတည့်သူ၊ ထိုးဆေးမတည့်သူရှိတယ်။ ဘီအုပ်စုထဲမှာလဲ ဘီ (၁) မတည့်ကြတာက များတယ်။ ဗီတာမင်တွေဟာ အစားအသောက်မှာ လုံလောက်အောင်မစားနိုင်မှသာ လိုအပ်ကြတာ များပါတယ်။

လူ့ခန္ဓာကိုယ်အား ရေ၊ (အမိုင်နိုအက်စစ်)၊ (ဖက်တီးအက်စစ်)၊ (နူးကလီးရစ်အက်စစ်)၊ သကြား၊ (ဖိုင်ဗာ)များ ဖြစ်သည့် (ကာဗွန်ဟိုက်ဒရိတ်) စသည်တို့ဖြင့် တည်ဆောက်ထားသည်။ ယင်းဓါတ်ပေါင်းများသည် (ကာဗွန်)၊ (ဟိုဒရိုဂျင်)၊ (အောက်စီဂျင်)၊ (နိုက်ထရိုဂျင်)၊ (ဖေါ့စ်ဖါးရပ်စ်)၊ သံဓါတ်၊ သွပ်ဓါတ် စသောဓါတ်များပါဝင်သည်။ ၄င်းတို့အား စုပေါင်းလျက် (ဟော်မုန်း)၊ (ဗီတာမင်)စသည်တို့ ဖြစ်လာသည်။ စားလိုက်သည့် အစားအစာများအား အစာခြေစနစ်မှနေ၍ အစာကို သွေးထဲ ရောက်အောင် စုပ်ယူနိုင်သည်အထိ အဆင့်ဆင့် ခြေပေးရသည်။

အာဟာရဓါတ် ၇ မျိုး
1. (ကာဗွန်ဟိုက်ဒရိတ်)၊
2. (ပရိုတင်း)၊
3. အဆီ၊
4. ဗီတာမင်များ၊
5. ဓါတ်ဆားများ၊
6. (ဖိုင်ဗာ) နှင့်
7. ရေ။
(ကာဗွန်ဟိုက်ဒရိတ်)၊ ပရိုတင်း နှင့် အဆီတို့က (အင်နာဂျီ) ခွန်အားကိုရရှိသည်။ (ကလိုရီ) နှင့်တိုင်းတာသည်။ (ကာဗွန်ဟိုက်ဒရိတ်)၊ ၁ ဂရမ် မှ ၄ ကလိုရီ၊ ပရိုတင်း ၁ ဂရမ် မှ ၄ ကလိုရီ၊ နှင့် အဆီ ၁ ဂရမ် မှ ၉ ကလိုရီတို့ အသီးသီးရရှိသည်။ (ကာဗွန်ဟိုက်ဒရိတ်)ဆိုသည်မှာ နေ့စဉ်မစားမနေ စားကြရသည့် ဆန်၊ ဂျုံ၊ ပြောင်း၊ လူး-ဆပ်တို့မှာပါဝင်သည်။

အသားဓါတ်ဟုလူသိများသော ပရိုတင်းတွင် မရှိမဖြစ်သော (အမိုင်နို-အက်စစ်)များ ပါဝင်သည်။ လူ၏ပျက်စီးသွားသော (တစ်ရှူး)များ၊ (ဆဲလ်)များ အစားထိုးရန်၊ အသစ်တည်ဆောက်ရန်အတွက် အသုံးကျသည်။ အသား၊ ပဲ၊ ငါး၊ ဥ၊ အစေ့အဆံ၊ နို့၊ နို့ထွက် ပစ္စည်းများကရရှိသည်။ ကိုယ်အလေးချိန် ၇ဝ ကီလို ရှိသူအတွက် တနေ့လျင် ပရိုတင်း ၇ဝ ဂရမ်လိုအပ်သည်။ (ဖိုင်ဗာ) ဆိုသည်မှာ အသီးအနှံများတွင် ပါဝင်သည်။ ၄င်းကိုမစားက ဝမ်းချုပ်စေသည်။

လူ့ခန္ဓာကိုယ် အလေးချိန်၏ အလေးချိန် ၇ဝ% သည် ရေဖြစ်သည်။ တနေ့လျင် ရေ ၁-၉ လီတာ လိုအပ်သည်။ ရေနည်းပါက ရေခမ်းခြောက်ခြင်း အခြေအနေ ဖြစ်လာမည်။ လိုအပ်သော ဓါတ်ဆားများမှာ ကယ်လ်စီယမ်၊ ကလိုရိုက်၊ မက်ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကောပါး၊ ခရိုမီယမ်၊ မင်းဂနီးစ်၊ နစ်ကယ်၊ ဆယ်လင်နီယမ်၊ ကိုဘော့ခ်၊ အိုင်အိုဒင်း၊ သံဓါတ်တို့ဖြစ်ကြသည်။ (စာတပုဒ်ရေးထားပါတယ်။)

မျှတသော အစားအစာ
အမျိုးအစား စုံလင်အောင် စားရသည်။ သင်တင့် မျှတစွာ ပါဝင်ရမည်။ အာဟာရ လိုအပ်ချက်နှင့်လည်း ပြည့်မီရမည်။ လိုအပ်ချက် အနည်းအများရှိသည်။ အလုပ်ကြမ်း လုပ်ရသူ၊ ကိုယ်ဝန်ဆောင်များက ပို၍စားရမည်။ သန့်ရှင်းရေးနှင့် ကိုယ်လက် လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် လူသည် ကျန်းမာ သန်စွမ်းစေသည်။ ကိုယ်ဝန်ဆောင်စဉ် သံဓါတ်၊ ဖေါလစ်-အက်စစ်၊ ဗီတာမင် ဘီ ၁၂၊ ဗီတာမင်ဘီအုပ်စု၊ ကယ်လ်စီယန် ဓါတ်ဆားများ ပေးရမသည်။ အရက်ကြောင့် အသဲရောင်ခြင်း ဖြစ်လာလျင် (ဗီတာမင်ဆေးပြား + 40 kcal/kg + ပရိုတင်း 1.5-2 G/kg + ဖေါလစ်အက်စစ် + ဘီ ၁) တို့ပေးရသည်။ အာဟာရနှင့် ဆေးကုခြင်းမျိုးဖြစ်သည်။

(ကိုလက်စတီရော) ဆိုသည်မှာ အစားအစာထဲတွင် ပါဝင်သော အဆီတမျိုးဖြစ်သည်။ လိုအပ်သော်လည်း များပါက သွေးကြောလေးများ၏နံရံတွင် လာစုသောကြောင့် သွေးကြောကျဉ်းရောဂါ ဝင်လာသည်။ တိရစ္ဆာန်အဆီ-အရွတ် များ၌ (ကိုလက်စတီရော) ပါဝင်သည်။ (မာဂျရင်း)၊ (ကွတ်ကီးစ်)၊ (ခရက်ကား)တို့မှာလည်း များသည်။ အဆီနည်းသော ဆီများမှာ ပြောင်းဆီ၊ (ကင်နိုလာ) ဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ပံပုပ်ဆီ တို့ဖြစ်ကြသည်။ ကျန်းမာရေးနဲ့ မသင့်သော ဆီများအား (ထရန့်ဖက်) ဟုခေါ်သည်။ ဝါစေ့ဆီ၊ ပဲပုတ်စေ့ဆီများကို ဟိုက်ဒရိုဂျင် ထပ်ပေါင်းထည့် လိုက်ခြင်းဖြစ်သည်။ အသုံးခံ၊ အစားအသောက်ကလည်း အရသာထူးလာစေသည်။ အဆိုး (LDL) နှင့် အကောင်း (HDL) နှစ်မျိုးရှိသည်။ အဆိုးများလျင် နှလုံးသွေးကြောကျဉ်း (စထုပ်ခ်)၊ ဆီးချို အမျိုးအစား ၂ ရနိုင်သည်။ အဝလွန်၊ အသဲ၊ ကင်ဆာ၊ အဇာမိုင်ယားရောဂါ များလည်း ဖြစ်စေသည်။ ပြောင်းရန်မလိုဘဲ နွားနို့၊ အမဲ-ဆိတ်-သိုးအဆီ၊ ထောပတ်၊ မာဂျရင်း များတွင် (ထရန့်ဆီ) ပါနေပြီးဖြစ်သည်။

(ဂျန့်ဖုဒ်) ဆိုသည်မှာ အလွယ် ဝယ်ယူစားသောက်နေကြသော ခေတ်ပေါ်အစာများကို ခေါ်သည်။ အာဟာရတန်ဘိုး နည်းနည်း သာပါဝင်ပြီး။ ကျန်းမာရေး ထိခိုက်စေနိုင်သော ဆား၊ (ထရန့်ဆီ)၊ ကလိုရီများသည်။

အစားအစာများကို အအေးခံခြင်း၊ ရေခဲသေတ္တာထဲထားခြင်းနည်းများဖြင့် သိုလှောင်ထားရာ၌လည်း သတိထားရမည်။ ယင်-ကြွက်-ကြောင်-ပိုးဟပ်စသည်များ မလာစေရန် လုံခြုံအောင် ဖုံးထာရန်လည်း သတိထားရမည်။ ချက်ပြုတ်ရာတွင် လည်း အပူချိန်၊ လှီးဖြတ်သည့်ဓါးစသည်၊ ထည့်-ဆေးသည့် အိုးခွက်စသည်များကိုလည်း သတိထား ရန်လိုသည်။

ဗီတာမင်များ
အမျိုးအစားပေါင်း ၁၂ မျိုးတွေ့ ထားပြီးဖြစ်သည်။ အဆီထဲ ပျော်ဝင်သည့်အုပ်စုနှင့် ရေထဲ ပျော်ဝင်သည့်အုပ်စုဟု နှစ်မျိုး ရှိသည်။ ဘီနှင့်စီ တို့သည် ရေထဲပျော်ဝင်ကြသည်။ အေ၊ ဒီ၊ အီး၊ ကေတို့သည် အဆီထဲ ပျော်ဝင်ကြသည်။ ပိုနေလျင် အသဲထဲ၌ သိမ်းထားသည်။ အီး ကိုမူ အဆီထဲမှာ သိမ်းထားသည်။

ဗီတာမင် (အေ) = ရက်တီနော သည် ငါးကြီးဆီ၊ အသဲ၊ ဥ၊ နို့နှင့် နို့ထွက်အစာများ၊ မုန်လာဥနီမှာ ပါဝင်သည်။ အရေပြားနှင့် အပေါ်ဖုံးလွှာများ ကောင်းစေရန်၊ အရိုးကြီးထွားရန်၊ ဆဲလ်များအသစ်ပြုပြင်ရန်၊ ခုခံအားကောင်းရန်၊ ကြက်မျက်သင့်ရောဂါ ကာကွယ်ရန်။

ဗီတာမင် ဘီ ၁ (သိုင်ယာမင်း) သည် (ရိစ်)၊ ဥ၊ အသဲ၊ အစေ့-အဆံ၊ အသားတို့မှာ ပါဝင်သည်။ (ဗယ်ရီဗယ်ရီ)ခေါ်ထုံနာ-ကျင်နာ ရောဂါကို ကာကွယ်သည်။ ဆန်စေ့၏ အပေါ်ယံလွှာမှာ ပါဝင်သဖြင့် ရေခမ်းချက်စာပါ။

ဗီတာမင် ဘီ ၂ (ရိုင်ဘိုဖလေဗင်း) သည် နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ် တို့မှာပါဝင်သည်။ ချို့ တဲ့ပါက ကျီးကန်းပါးစပ်နာဖြစ်စေသည်။

ဗီတာမင် ဘီ ၆ (ပိုင်ရီဒေါက်ဆင်း) သည် အချို့ဆေးဝါးများကြောင့်၎င်း နည်းစေသည်။ ဥပမာ တီဘီ ဆေး၊

ဗီတာမင် ဘီ ၉ (ဖေါလစ်အက်စစ်) သည် သွေးနီဥသန်စွမ်းစေရန် အသုံးဝင်သည်။

ဗီတာမင် ဘီ ၁၂ (ကိုဘ်ယလမင်း) သည် (ရိစ်)၊ နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ ငါး၊ အသားတို့မှာ ပါဝင်သည်။ ခန္ဓာကိုယ်ကြီးထွား စေရန်၊ (ဆဲလ်) တည်ဆောက်ရန်၊ သွေးနှင့် အာရုံကြော ကောင်းစေရန်အတွက်ဖြစ်သည်။ ၄င်းနည်းပါက (ပါနီးရှပ်စ်) သွေးအားနည်းရောဂါဖြစ်စေသည်။

ဗီတာမင် စီ (အက်စကောဗစ် အက်စစ်) စိမ်းသော အသီးအရွက်များ၊ အသီးအနှံများမှာ ပါဝင်နေသည်။ ချဉ်သောအသီးများ (သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး) အရိုး၊ သွား၊ သွားဖုံး၊ သွေးကြော၊ အရွတ် ကောင်းစေသည်။ ခုခံအားလည်း ကောင်းစေသည်၊ အနာကျက်စေသည်။ ချို့တဲ့ပါက (စကောဗီ) ရောဂါ ရစေသည်။

ဗီတာမင် ဒီ သည် ငါးကြီးဆီ၊ နို့ထွက်အစာများမှာ ပါဝင်သည်။ နေရောင်ကြောင့် Vitamin A မှ Vitamin D ဖြစ်လာစေသည်။ အရိုးတည်ဆောက်ရန် အသုံးကျသည်။ ချို့တဲ့ပါက Rickets အရိုးပြော့ရောဂါဖြစ်စေသည်။

ဗီတာမင် အီး သည် အသီးအရွက်ကရသော ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုံ့ ၊ ဥ၊ အစေ့အဆံများမှာ ပါဝင်နေသည်။ သွေးဥ၊ ကြွက်သား၊ အာရုံကြောများ အလုပ်ကောင်းစေရန် အသုံးကျသည်။

ဗီတာမင် ကေ သည် အသီးအရွက်များမှာပါသည်။ သွေးတိတ်စေသည်။

BMR (ဘီအင်မ်အာ)
လူတိုင်း မည်သည့် အလုပ်အကိုင်မျိုးမှ မလုပ်ဘဲ နေလျင်ပင် အသက်ရှင်နေနိုင်ရန် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အလုပ်လုပ်နေနိုင်ရန်အတွက် လိုအပ်သော အနည်းဆုံး လိုအပ်ချက် (ကယ်လိုရီ)ကို ခေါ်သည်။ ၄င်းကလိုရီမှာ လူတယောက်နေ့ စဉ် လိုအပ်ချက် စုစုပေါင်း၏ ၆ဝ-၇ဝ%ရှိသည်။ ပေါင် ၁၅ဝ လေးသည့် လူကြီး (ယောက်ျား) = ၁၈ဝဝ ကယ်လိုရီ၊ (BMR)၊ ပေါင် ၁၂ဝ လေးသည့် လူကြီး (မိန်းမ) = ၁၃၂ဝ ကယ်လိုရီ၊ (BMR) ရှိသည်။

- ပိန်သောသူတဦး တနေ့လိုအပ်ချက် = (ကိုယ်အလေးချိန် ပေါင်) x ၁၄ ကယ်လိုရီ၊
- မပိန်-မဝသူတဦး တနေ့လိုအပ်ချက် = (ကိုယ်အလေးချိန် ပေါင်) x ၁၇ ကယ်လိုရီ၊
- အလုပ်ကြမ်းလုပ်ရသူတဦး တနေ့လိုအပ်ချက် = (ကိုယ်အလေးချိန် ပေါင်) x ၂ဝ ကယ်လိုရီ၊

ပေါင် ၁၂ဝ လေးသော အမျိုးသမီးတယောက် အောက်ပါအလုပ်တခုကို ၁ဝ မိနစ်ကြာလုပ်လျင် ကုန်မည့် ကယ်လိုရီ၊
• အေရိုးဗစ် သာမန် 45.4
• အေရိုးဗစ် အပြင်းစား 63.6
• ရောဂ-လေ့ကျင်ခန်း သာမန် 22.7
• အလေးမခြင်း 54.5
• စက်ဘီစီးခြင်း ၁၆-၁၉ မိုင်နှုန်း 109
• ကြိုးခုန်ခြင်း 90.9
• ၅ မိုင်နှုန်းပြေးခြင်း 72.7
• ၁ဝ မိုင်နှုန်းပြေးခြင်း 145.4
• တင်းနစ်ရိုက်ခြင်း 72.7
• ပြေး-ခုန်ပစ် 54.5
• ၅ မိုင်နှုန်း လမ်းလျောက် 72.7
• တင်းခွဲ 54.5
• ဥယျာဉ်လုပ် 40.9
• တံပျက်စီးလှည်း 36.3
• ကလေးထိန်း 27.2
• အိမ်သန့်ရှင်းရေး 27.2
• ထမင်းချက် 18.1
• သန့် ရှင်းရေး အပြင်းလုပ်ခြင်း 17.2
• မီးပူတိုက် 20.9
• အိပ်စက်ခြင်း 8.1
• တီဘီကြည့်ခြင်း 9.0
• ကွန်ပြူတာစာရိုက် 13.6
• ကျောက်မီးသွေးမိုင်းအလုပ် 54.5
• လက်သမားအလုပ် 31.8
• ဆောက်လုပ်ရေးအလုပ် 49.9 (ဖိုင်ဘာ) များသည့် အစားအစာများ
• ပန်းသီး အခွံပါ 1 medium 5.00
• ငှက်ပျောသီး 1 medium 3.92
• ဘယ်ရီသီး 1 cup 4.18
• စပျစ်သီး 1/2 medium 6.1
• လိမ်မော်သီး 1 medium 3.40
• မက်မွန်သီး 1 medium 2.00
• သစ်တော်သီး 1 medium 5.08
• ဆီးသီး 1 medium 1.00
• ရက်စ်ဘယ်ရီသီး 1 cup 8.34
• စထောဘယ်ရီ 1 cup 3.98
• မုံလာစိမ်း 1 cup 4.5
• ကွမ်းသီးဂေါ်ဖီ 1 cup 2.84
• မုံလာထုပ် 1 cup 4.20
• မုံလာဥနီ 1 medium 2.00
• ပန်းမုံလာ 1 cup 3.43
• ပြောင်းဖူး 1 cup 4.66
• ပဲသီးစိမ်း 1 cup 3.95
• ကြက်သွန်နီ 1 cup 2.88
• ပဲ 1 cup 8.84
• အာလူးပြုတ် အခွံပါ 1 medium 4.80
• ဟင်းနုနွယ် 1 cup 4.3
• ကန်စွန်းဥ 1 cup 5.94
• ခရမ်းချဉ် 1 medium 1.00
• ပေါင်မုံ့ ၁ ချပ် 2.00
• အုတ်စပါး 1 cup 12.00
• ပါစတာ 1 cup 6.34
• ဆန်လုံးညို 1 cup 7.98
• အယ်မုန်း 1 oz 4.22
• သီဟိုဠ်စေ့ 1 oz 1.00
• ဗိုလ်စားပဲ 1 cup 13.33
• ပဲနီကလေး 1 cup 15.64
• မြေပဲ 1 oz 2.30
• ဖရုံစေ့ 1/4 cup 4.12
• ပဲပုတ် 1 cup 7.62
• နေကြာစေ့ 1/4 cup 3.00
• သစ်ကြားသီး 1 oz 3.08

Dr. တင့်ဆွေ

Friday, March 28, 2014

Gas ဓါတ်ငွေ့

ဂတ်(စ်)နဲ့ချက်ရင် ဘယ်လိုဆိုးကျိုးတွေရှိပါသလဲ ဆရာ။

ဓါတ်ငွေ့ဆိုတာက အမျိုးမျိုးရှိတယ်။
• Natural gas သဘာဝဓါတ်ငွေ့မှာ methane နဲ့ ethane တွေပါတယ်။ ပိုပေါ့တယ်။

• Liquefied petroleum gas (LPG) အပြင် GPL, LP Gas လို့လဲခေါ်တယ်။ propane or butane ဓါတ်ငွေ့တွေ ဖြစ်တယ်။ မီးဖိုအတွက်သာမက ယာဉ်မောင်းရာမှာလဲ သုံးနိုင်တယ်။ ရေခဲသေတ္တာမှာသုံးနေတဲ့ CCF က အိုဇုန်းလွှာကို ပါးစေတာမို့ သဘာဝပတ်ဝန်းကျင်ကိုထိခိုလို့ သူ့အစား aerosol propellant ကိုသုံးလာတယ်။
• LPG ဓါတ်ငွေ့က fossil fuels ကနေရတယ်။ မီးရှို့ရင် ဖန်လုံအိမ်ဓါတ်ငွေ့လို့ခေါ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထွက်တယ်။
• Compressed natural gas (CNG) ကို ကားတွေမှာ အများဆုံးသုံးတယ်။ သဘာဝပါတ်ဝန်းကျင်အတွက် အများကြီး သက်သာစေတယ်။

Gas Vs Electric Ranges ဓါတ်ငွေ့မီးဖိုနဲ့ လျှပ်စစ်မီးဖို
ဓါတ်ငွေ့မီးဖို ကောင်းနည်းချက်များ = ဈေးချိုတယ်။ အိုးကို အောက်ခြေ၊ ဘေးနဲ့ အပေါ်ပိုင်းအထိ အပူအညီအမျှပေးတယ်။ မီးတောက်ကိုထိန်ညှိလို့ရတယ်။ ပိတ်လိုက်တာနဲ့ ချက်ချင်းဆိုသလိုအေးတယ်။ ဒါပေမဲ့ ဝန်ကျယ်တယ်။ ထားသိုစရာ နေရာယူတယ်။ အန္တရာယ်ပိုများတယ်။ ဓါတ်ငွေ့အိုး၊ ပိုင်စတာတွေကနေ ယိုစိမ့်နေနိုင်တယ်။ ပေါက်ကွဲနိုင်တယ်။ ပိုက်နဲ့လာဆိုလဲ ပိုက်ပေါက်တာ၊ စိမ့်ထွက်တာ သတိကြီးရမယ်။ အငွေ့ယိုတာက အဆိပ်ဓါတ်ငွေ့ ဖြစ်တယ်။ လူတွေရော အိမ်မွေးအကောင်တွေပါ သတိထားရမယ်။ အိုဗင်မှာလို အပေါ်အထိ အပူလိုတာ မရနိုင်လို့ ဖုတ်လို့မသင့်ဘူး။ ထွက်တဲ့ အပူကနေ ရေငွေ့ပါလို့ လေမှာ စိုထိုင်းမှုများနေမယ်။ ရို့စ်လုပ်လို့သိပ်မကောင်းဘူး။

လျှပ်စစ်မီးဖို ကောင်းချက်များ = ဈေးမကြီးပါ။ မီးပလပ်တပ်ပြီး ခလုတ်နှိပ်ယုံဘဲမို့ လွယ်တယ်။ သန့်ရှင်းရေးလုပ်ရတာလဲ လွယ်တယ်။ ကျော်လှော်ချက်ပြုတ်မဲ့ ကျောအိုတင်ရတာလဲ ငြိမ်တယ်။ မီအပူကလဲ တသမတ်တည်းရှိတယ်။ မီးခြစ်ပုံးတို့ မီညှိစရာကိရိယာတို့မလိုဘူး။ ဒါပေမဲ့ မီးမလာရင် ဘာမှလုပ်မရ၊ မီးပိတ်လိုက်ပြီး အေးဘို့ စောင့်ရတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၄

Vitamin B12 and Iron supplement ဘီ-၁၂ နှင့် သံဓါတ်လိုအပ်ချက်

အသက် ၄ဝ သို့ ၅ဝ အထက် လူကြီးတစ်ယောက်ဟာ တစ်နေ့ကို B12 ဘယ်လောက် ပမာဏ သောက်သင့်ပါသလဲ။ အမျိုးသမီးနဲ့ အမျိုးသား သောက်ရမယ့် ပမာဏ ကွာခြားပါသလား။ နောက်ပြီး B12 နဲ့အတူ ဖဲရပ်စ်ဆာလ်ဖိတ်လို သံဓာတ် အားဆေးရော တွဲသောက်လို့ ရပါသလား။ တစ်နေ့ကို ဘယ်လောက် ပမာဏသောက် ရမယ်ဆိုတာ ဖြေကြားပေးပါဆရာ။

Vitamin B12 ဗီတာမင် ဘီ ၁၂ နေ့စဉ်လိုအပ်ချက်
• ၆ လအထိ = 0.4 mcg

• ၇-၁၂ လ = 0.5 mcg
• ၁ နှစ်မှ ၃ နှစ်အထိ = 0.9 mcg
• ၄ နှစ်မှ ၈ နှစ်အထိ = 1.2 mcg
• ၉ နှစ်မှ ၁၃ နှစ်အထိ = 1.8 mcg
• ၁၄ နှစ်အထက် = 2.4 mcg
• ကိုယ်ဝန်ဆောင် = 2.6 mcg
• နို့တိုက်မိခင် = 2.8 mcg
• အသက် ၅ဝ ကျော် = ဘီ ၁၂ ပါအစားအစားတွေ + 25-100 mcg
mcg = micrograms = (မိုက်ခရိုဂရမ်)

Iron သံဓါတ်လိုအပ်ချက်
• ဝ-၃ နှစ် = ၆-၈ mg
• ၇-၁၂ နှစ် = ၁ဝ mg
• ၁၈ နှစ်အထိ = ၁ဝ mg
• အရွယ်ရောက် အမျိုးသမီး = ၁ဝ-၁၅ mg
• ကိုယ်ဝန်ဆောင် = ၃ဝ mg
• နို့တိုက်မိခင် = ၁၅ mg

1. Iron supplement and Liver diseases သံဓါတ်နဲ့ အသဲရောဂါ http://dts-medicaleducation.blogspot.com/2011/11/iron-supplement-and-liver-diseases.html
2. Iron supplements သံဓါတ်အားဆေး http://dts-medicaleducation.blogspot.in/2013/01/iron-supplements.html

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၄

Hepatitis B Antibody Level (ဘီ) ပိုး (အင်တီဘော်ဒီ) အနည်း-အများ

Antibody 700 လောက်ရပြီး ၁ဝ နှစ်လောက်အကြာမှာ ဘီပိုး ကူးစက်ခံရနိုင်ခြေရှိပါသလား။

• အသဲရောင် (ဘီ) ပိုး (အင်တီဘော်ဒီ) တနည်းအားဖြင့် ခုခံစွမ်းအား ဘယ်လောက်များရင် (ဘီ) ပိုးကို ကာကွယ်နိုင်သလဲ။
• ဒီအချက်ကိုသိဘို့ သုတေသနတခုကို အာဖရိကတိုက် (ဂမ်ဘီယာ) မှာ ကလေးပေါင်း ၇ဝဝ ကိုလုပ်ခဲ့တယ်။
• ခုခံအားဆိုတာကို တိတိကျကျပြောရရင် vaccine-induced hepatitis B surface antibody (ဘီ) ပိုး ကာကွယ်ဆေး ထိုးတာလို့ ရလာတဲ့ မျက်နှာပြင် (အင်တီဘော်ဒီ) ဖြစ်တယ်။
• ကလေးပေါင်း ၁ဝ၄၁ ယောက်ကို မွေးကာစကတည်းက ဘီကာကွယ်ဆေးထိုးပေးပြီး ၇ နှစ်အရွယ်ထိ စဉ်တိုက် လေ့လာခဲ့တာ ဖြစ်ပါတယ်။
• အဖြေကနေ ကောက်ချက်ဆွဲနိုင်တာကတော့ ဘယ်လောက်များမှသာ ကာကွယ်မယ်ဆိုတာကို အတိအကျကြီး မပြောနိုင်ပါ။
• ကလေးတွေမှာ ကာကွယ်ဆေးထိုးပြီးနောက် (အင်တီဘော်ဒီ) တွေ ထွက်လာတယ်။ အများဆုံး ⩾10 IU/L ဆိုရင် hepatitis B surface antigen ဘီပိုး မျက်နှာပြင် (အင်တီဂျင်) ကို ကာကွယ်နိုင်တယ်။
• ကူးစက်ခံထားရတဲ့ကလေး ၄၅ ယောက်ထဲက ၃ ပုံ ၂ ပုံမှာ ခဏတာကူးစက်တာတွေ့ရတယ်။ အဲဒီအချက်ရဲ့ သက်သေကတော့ core antibody အဓိက (အင်တီဘော်ဒီ) မရှိတာ့တာဖြစ်တယ်။
• အဲဒီ ယာယီကူးစက်မှုဟာ surface antibody level မျက်နှာပြင် (အင်တီဘော်ဒီ) အနည်း-အများနဲ့ ဆက်စပ်နေတယ်။
• အသဲရောင် (ဘီ) အဖြစ်များရာဒေသတွေမှာ (ဘီ) ကာကွယ်ဆေးထိုးရတာရဲ့ ရည်ရွယ်ချက်က chronic liver diseases နာတာရှည်အသဲရောဂါနဲ့အတူ တွဲနေတဲ့ hepatitis B carrier state ရောဂါသယ်ဆေင်သူအဖြစ်ကို ကာကွယ်ဘို့ ဖြစ်တယ်။
• ကလေးပေါင်း ၁ဝ၄၁ ကိုလိုက်ပေမဲ့ ၇၆၄ ကိုသာလိုက်လို့ရခဲ့တယ်။ ၇ နှစ်အရွယ်ထိလိုက်နိုင်ခဲ့တာက ၇ဝ၄ ယောက် ရှိတယ်။
• ၁ နှစ်ကြာချိန်မှာ ကလေး ၉၄% မှာ surface antibody-positive မျက်နှာပြင် (အင်တီဘော်ဒီ) အပေါင်း (anti-HBs ⩾10 IU/L) ရှိကြပြီး၊ core antibody အဓိက (အင်တီဘော်ဒီ) မရှိပါ။ ဒီကလေးတွေဟာ (၁) ကာကွယ်ဆေးအပြည့်ရထားတယ်။ (၂) ကူးစက်မှုမရှိကြဘူး။
• ၁% ဟာ ကာကွယ်ဆေးကို တုန့်ပြန်မှုမရှိဘူး။
• ၃၃ ယောက် (၄%) မှာ surface antibody မျက်နှာပြင် (အင်တီဘော်ဒီ) ရော core antibody အဓိက (အင်တီဘော်ဒီ) ပါ ရှိနေကြတယ်။
• ဒါပေမဲ့ ၃၃ ယောက်ထဲက ၃၁ ယောက်ဟာ ဒုတိယနှစ်မှာ core antigens အဓိက (အင်တီဘော်ဒီ) မရှိတော့တာ တွေ့ရတယ်။ မိခင်ဆီကနေ passive antibody transfer (အင်တီဘော်ဒီ) ရလာတာလို့ ယူဆနိုင်တယ်။
• ကလေး ၃၃ ယောက်မိခင်တွေ ၁၁ ယောက်ဟာ ဘီပိုးကိုသယ်ဆောင်ပေးနေကြသူတွေဖြစ်တယ်။ ၆ ယောက်ဟာ e antigen-positive (အီ အင်တီဂျင်) အပေါင်းပြသူတွေဖြစ်တယ်။ ဆိုလိုတာက သူတို့သွေးထဲမှာ core antibody အဓိက (အင်တီဘော်ဒီ) တွေ များနေတယ်။
• ကလေး ၄ ယောက်ဟာ surface antibody မျက်နှာပြင် (အင်တီဘော်ဒီ) မရှိဘဲ၊ core antibody အဓိက (အင်တီဘော်ဒီ) ရှိကြတယ်။ သူတို့ထဲက ၂ ယောက်ဟာ surface antigen-positive မျက်နှာပြင် (အင်တီဘော်ဒီ) အပေါင်း၇ နှစ်အရွယ်အထိ ရှိနေကြတယ်။ သူတို့ဟာ carriers ရောဂါသယ်ဆောင်ပေးနေသူတွေ ဖြစ်ကြတယ်။ ဒီကလေး ၂ ယောက်ရဲ့ အမေတွေဟာ e antigen-positive carriers (အီး အင်တီဂျင်) သယ်ဆောင်ပေးနေသူတွေဖြစ်ကြလို့ မီးတွင်းမှာ အမေတွေဆီကနေ ကူးစက်ခံထားရတာဖြစ်မယ်။
• ကာကွယ်ဆေးထိုးပြီး ၇ နှစ်နောက်ပိုင်းမှာ (အင်တီဘ်ေဒီ) ခေါ်တဲ့ ခုခံနိုင်စွမ်းဓါတ်တွေ လျော့နည်းလာတယ်။
• ၅ နှစ်သားမှာ surface antibody-positive မျက်နှာပြင် (အင်တီဘော်ဒီ) အပေါင်းကလေးတွေ ၈၄% ရှိရာကနေ ၇ နှစ်သားမှာ ၆၈% သာ ရှိတော့တာ တွေ့ရတယ်။ Antibody decay(အင်တီဘော်ဒီ) ပျက်သုန်းခြင်းလို့ ခေါ်တယ်။
• ၁ နှစ်အရွယ်မှာ anti-HBs <10 IU/L က ၁% ရှိရာကနေ ၂-၄ နှစ်သားမှာ ၄% ရှိလာတယ်။ ၅ နှစ်မှာ ၁၁%၊ ၇ နှစ်မှာ ၂၅% ရှိလာတယ်။
• core antibody-positive အဓိက (အင်တီဘော်ဒီ) အပေါင်းဖြစ်သူတွေ ၂ နှစ်နောက်မှာများလာတယ်။ သူတို့ဟာ surface antibody-negative မျက်နှညပြင် (အင်တီဘော်ဒီ) အနုတ်ဖြစ်ပြီး၊ core antibody-positive အဓိက (အင်တီဘော်ဒီ) အပေါင်းဖြစ်တယ်။
• ဒါကြောင့် ကူးစက်မှုဟာ ၇ နှစ်အရွယ်မှာ ၇၃ ယောက် (၂့၇%) ထိတက်လာတယ်။
• ကူးစက်မှုခံရတဲ့ကလေး ၄ ယောက်မှာ Surface antigen မျက်နှာပြင် (အင်တီဂျင်) တွေ့ရတယ်။
• ချုပ်လိုက်ရင် အပြည့်အဝကာကွယ်မှုကို antibody level (အင်တီဘော်ဒီ လယ်ဘယ်) ဘယ်လောက်မှာ ရမယ်ဆိုတာ မရှိပါ။
• ဒါပေမဲ့ highest antibody stratum (>10,000) အများဆုံးဖြစ်နေရင် ၉၉% ကာကွယ်မယ်။ ဒီအချက်မှာ လတ်တလောရထားတဲ့ (အင်တီဘော်ဒီ) ကိုပြောတာဖြစ်တယ်။
• ကူးစက်ခံရတဲ့ကလေး အများစုဟာ core antibody ပင်မ အင်တီဘော်ဒီ နောက်မှာ ပျောက်လာတယ်။ Core antibody reversion အဓိက (အင်တီဘော်ဒီ) နောက်ကြောင်းပြန်ခြင်းလို့ ခေါ်တယ်။
• (အင်တီဘော်ဒီ) အနည်း-အများကို ဆရာဝန်တွေကြား ငြင်းခုန်မှုတွေရှိတယ်။ သေချာတဲ့အချက်သိလာရရင် ကာကွယ်ဆေးကို ၃ ကြိမ်ပြည့်အောင်ထိုးပြီးနောက် booster vaccination ကာကွယ်ဆေး ထပ်ထိုးဘို့လို-မလိုကို ဆုံးဖြတ်နိုင်ပါမယ်။ ဒေါက်တာတင့်ဆွေ ၂၈-၃-၂ဝ၁၄

Thursday, March 27, 2014

Alcoholic beverage သောက်စရာအရက်

ရိုးရာခေါင်ရည် သောက်ရင်ရော အတူတူဘဲလားဆရာ။

• Ethanol (အက်သနော) Ethyl alcohol (အီသိုင်း အယ်လ်ကိုဟော) ပါတာကို သောက်စရာအရက်လို့ခေါ်တယ်။ တချို့ထဲမှာ တခြား Alcohols (အယ်လ်ကိုဟော) တွေပါတာလဲရှိတယ်။
• ဓါတုဗေဒအရခွဲခြားထားသလို အခွန်ကောက်ဘို့ ခွဲထားတာ (၃) မျိုးလဲရှိတယ်။ (၁) Beers ဘီယာ၊ (၂) Wines ဝိုင် နဲ့ (၃) Spirits (စပစ်ရစ်) ဖြစ်တယ်။
• နောက်ခွဲခြားနည်းတမျိုးကတော့ အသုံးပြုတဲ့ကုန်ကြမ်းနဲ့ ထုတ်လုပ်နည်း အဆင့်အရ ခွဲထားတာဖြစ်တယ်။ အဆင့်ခွဲတာမှာ (၂) မျိုးရှိတယ်။ (က) Fermented beverages အချဉ်ဖေါက်နည်း နဲ့ (ခ) Distilled beverages ပေါင်းခံရည်ဖြစ်တယ်။
• Fermentation အချဉ်ဖေါက်နည်းဆိုတာ သကြားကနေ Yeasts တဆေးကိုသုံးပြီး၊
• Ethanol (အက်သနော) နဲ့ (ကာဗွန်ဒိုင်အောက်ဆိုက်) ကိုပြောင်းပေးနည်းဖြစ်တယ်။ သကြား 10 kg ကနေ အက်သနော 6.5 L (5.1 kg) နဲ့ ကာဗွန်ဒိုင်အောက်ဆိုက် 4.9 kg (4900L) ရမယ်။ သီအိုရီအရ ပြောတာပါ။ Energy စွမ်းအင် (2.6 MJ/kg of ethanol) လဲရမယ်။
• Yeasts တဆေးဆိုတာ ဆဲလ်တခုထဲပါတဲ့ Fungus ဖန်းဂတ်စ် (မှို) ဖြစ်တယ်။

အရက်ချက်ရာမှာ ကုန်ကြမ်းအမျိုးမျိုးသုံးတယ်။ (က) Fermented beverage အချဉ်ဖေါက်အရက်တွေနဲ့ (ခ) Distilled beverage ပေါင်းခံရည်အရက်တွေ ရတယ်။
• Barley ဘာလီစေ့ကနေ အချဉ်ဖေါက်အရက် ale, barley wine တွေနဲ့ ပေါင်းခံရည်အရက် Scotch whisky, Irish whiskey, shōchū တွေထုတ်တယ်။
• Rye ရိုင်းစပါးကနေ အချဉ်ဖေါက်အရက် rye beer, kvass တွေနဲ့ ပေါင်းခံရည်အရက် rye whiskey, vodka, Korn တွေထုတ်တယ်။
• Corn ပြောင်းစေ့ကနေ အချဉ်ဖေါက်အရက် chicha, corn beer, tesguino တွေနဲ့ ပေါင်းခံရည်အရက် Bourbon whiskey; and vodka တွေထုတ်တယ်။
• Sorghum ကနေ အချဉ်ဖေါက်အရက် burukutu, pito, merisa, bilibili တွေနဲ့ ပေါင်းခံရည်အရက် maotai, gaoliang, baijiu တွေထုတ်တယ်။
• ဂျုံစေ့ကနေ အချဉ်ဖေါက်အရက် wheat beer နဲ့ ပေါင်းခံရည်အရက် horilka, vodka, wheat whiskey, weizenkorn တွေထုတ်တယ်။
• ဆန်စေ့ကနေ အချဉ်ဖေါက်အရက် beer, brem, huangjiu and choujiu, Ruou gao, sake တွေနဲ့ ပေါင်းခံရည်အရက် sonti, makgeolli, chungju, tuak, thwon, aila, rice baijiu, shōchū, awamori, soju တွေထုတ်တယ်။
• Millet ကနေ အချဉ်ဖေါက်အရက် millet beer, tongba, boza တွေထုတ်တယ်။

သစ်သီးတွေကနေထုတ်တဲ့ အရက်တွေရှိတယ်။ စပျစ်သီးကနေ ဝိုင်၊ ဘရန်ဒီနဲ့ ကော့ညက် စတာတွေ ထုတ်တယ်။ ပန်းသီးကနေ Cider ထုတ်တယ်။ သစ်တော်သီး၊ ဆီးသီး၊ ဘယ်ရီသီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ အုန်းသီး၊ ချင်း (ဂျင်း)၊ စတဲ့အသီးတွေကနေ လဲ ထုတ်တယ်။ ချင်း (ဂျင်း) မြစ်၊ အာလူး၊ ကန်စွန်းဥ၊ ကြံ၊ ပျားရည်၊ နွားနို့၊ စတာတွေကနေလဲ ထုတ်တယ်။

အရက်ဘယ်လောက်ပါသလဲဆိုတာ အမျိုးမျိုးရှိတယ်။ (ABV) ထုတည်အလိုက်ရာနှုန်းနဲ့ ဖေါ်ပြလေ့ရှိတယ်။ အရက် ၁ဝဝ စီစီမှာ အက်သနော ဘယ်လောက်ပါသလဲကို ပြောတာဖြစ်တယ်။ အရက်တံဆိပ်မှာ ဖတ်နိုင်တယ်။ စာမပါတာတော့ သောက်ကြည့်မှ သိမယ်။ သောက်ကြည့်ရင် ဘာဖြစ်မလဲ ဆက်ဖတ်ပါခင်ဗျား။

အရက်နဲ့ ကျန်းမာရေး
• ကာလတိုသက်ရောက်မှုတွေကတော့ Intoxication အဆိပ်အတောက်သင့်ခြင်းနဲ့ Dehydration ရေ+ဓါတ်ဆားခန်းခြောက်ခြင်းတွေဖြစ်မယ်။ ရေရှည်မှာ Alcoholism အရက်စွဲလို့အရက်သမားဖြစ်ခြင်း၊ Malnutrition အာဟာရချို့တဲ့ခြင်း၊ Chronic pancreatitis နာတာရှည်သရက်ရွက်ရောင်ခြင်း၊ Alcoholic liver disease အရက်ကြောင့်ဖြစ်တဲ့အသဲရောဂါတွေ၊ Cancer ကင်ဆာနဲ့ ဗဟိုနဲ့အဝေးပိုင်း အာရုံကြောစနစ်တွေ ထိခိုက်ခြင်း။
• Alcohol အရက်ကို အသဲကနေ Carcinogen acetaldehyde ကင်ဆာဖြစ်စေနိုင်တဲ့ဓါတ် ပြောင်းပေးနေတာ ဖြစ်တယ်။
• အရက်နည်းနည်းသောက်တာကနေ နှလုံးရောဂါအန္တရာယ်နဲ့ များများသောက်တာကနေ Stroke (ဆထုတ်ခ်) ခေါ်တဲ့ ဦးနှောက်-သွေးကြောရောဂါ (လေဖြတ်ခြင်း) နဲ့ သွေးတိုး စတာတွေကို ဖြစ်စေမယ်။
• အရက်တိုင်းကနေ (ကယ်လိုရီ) ရစေတယ်။ ကိုယ်အလေးချိန်တိုးစေမယ်။ ဗိုက်ထွက်မယ်။ ဖျင်းစွဲနေရင်တော့ ပိုသိသာမယ်။ (အယ်လ်ကိုဟော) ၁ ဂရမ်ကနေ ပျမ်းမျှ 7.1 kcal ရစေတယ်။ ၁ စီစီ (မယ်လ်) ကနေ 5.6 kcal ရစေမယ်။

ဒေါက်တာတင့်ဆွေ ၂၇-၃-၂ဝ၁၄

SII RABIVAX ခွေးရူးရောဂါကာကွယ်ဆေး

• ဘုရားဖူးသွားတဲ့သူတယောက် ဗုဒ္ဓဂယာ မြန်မာဘုန်းတော်ကြီးကျောင်းတိုက်မှာမွေးထားတဲ့ခွေးကိုက်ခံရလို့ ကာကွယ်ဆေးလာထိုးတယ်။
• အိန္ဒိယကထုတ်တဲ့ Rabies vaccine ခွေးရူးရောဂါကာကွယ်ဆေး ဖြစ်တယ်။ cell culture ဆဲလ်မွေးမြူနည်းနဲ့ ထုတ်လုပ်တာဖြစ်တယ်။ ခွေး (ခွေးရူး) မကိုက်မီနဲ့ အကိုက်ခံရပြီးပါထိုးနိုင်တယ်။ ခွေးရူးရောဂါ ဗိုင်းရပ်စ် Pitman-Moore strain ကနေလုပ်ထားတယ်။ ß propiolactone နဲ့ ဗိုင်းရပ်စ်ကို ရောဂါမရေစေအာင်လုပ်ထားတယ်။ Aluminum Phosphate ကိုထပ်သုံးတယ်။
• အသားဆေးထိုးရမဲ့ 1 ml မှာ Rabies antigen > 2.5 I.U. ပါတယ်။
• ခွေးရုးအန္တရာယ်ရှိသူတွေအတွက် ကာကွယ်ဆေးနဲ့ ခွေးရူးကိုက်ခံရတာအတွက်ပါ သုံးတယ်။
• ကာကွယ်ဆေးရဲ့ ဘေးထွက်-ဆိုကျိုးတွေက မဆိုးပါ။ ဆေးထိုးတဲ့နေရာမှာ နာနေတာကို ၁-၂ ရက်သာ ခံစားရမယ်။ ကိုယ်ပူတာ၊ ပျို့အန်တာ၊ မအီမသာဖြစ်တာနဲ့ ကိုက်ခဲတာတွေနည်းနည်းသာဖြစ်ကြတယ်။
• ကြိုတင်ကာကွယ်ခြင်း = 1 ml ကို ဝ-၇-၂၈ ဖေါ်မြူလာအတိုင်း စုစုပေါင်း (၃) ခါ ထိုးတယ်။ ၁ နှစ်နေရင် တကြိမ် ထပ်ထိုးပါ။ တချို့က ၅ နှစ်နေမှသာ ထပ်ထိုးခိုင်းတယ်။
• ခွေးကိုက်ခံထားရသူတွေကိုထိုးပေးနည်း = 1 ml ကို ဝ-၃-၇-၁၄-၂၈ ဖေါ်မြူလာအတိုင်း စုစုပေါင်း (၅) ခါ ထိုးတယ်။ ၉ဝ ရက်မှာ ထပ်ထိုး၁ ကြိမ်ထိုးမယ်။
• တကယ်လို့ အရင်က ကာကွယ်ဆေးကို အပြည့်ထိုးထားသူက ၁ နှစ်အတွင်းဆိုရင် ကာကွယ်ဆေးကို ဝ-၃ ဖေါ်မြူလာနဲ့ (၂) ကြိမ်၊ ထပ်ထိုးရမယ်။
• ဆိုးဝါးတဲ့ကူးစက်မှုဖြစ်သူတွေကို specific rabies immunoglobulin of human origin (HRG) 20 I.U. per kg ဒါမှမဟုတ် purified rabies, immunoglobulin of equine origin (ERIG) 40 I.U. per kg ကိုပါ ကာကွယ်ဆေးထိုးတဲ့နေ့မှာဘဲ ထိုးရတယ်။
• တကယ်လို့ အရင်က ကာကွယ်ဆေးကို အပြည့်ထိုးထားသူက ၁ နှစ်အတွင်းဆိုရင် ကာကွယ်ဆေးကို ၂ ကြိမ်၊ ၃ ကြိမ် ထပ်ထိုးရမယ်။
• ခွေးကိုက်ခံရတဲ့နေရာကို သန်ရှင်းဆေးကြောပါ။ ရေ + ဆပ်ပြာ + 70% alcohol အရက်ပြန်သုံးပါ။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၄

Wednesday, March 26, 2014

Air pollution လေထုညစ်ညမ်းမှုနဲ့ သေဆုံးမှု

• လေထုညစ်ညမ်းမှုနဲ့ဆက်ပြီး သေးဆုံးရသူပေါင်း ၂ဝ၁၂ ထဲမှာ ၇ သန်း ရှိခဲ့တယ်။
• အဲဒီထဲက ၆ သန်းနီးပါးဟာ မြန်မာနိုင်ငံပါတဲ့ အရှေ့တောင်အာရှ (၂့၃ သန်း) နဲ့ ပစိဖိတ်အနောက်ပိုင်းဒေသ (၂့၈သန်း) က ဖြစ်ပါတယ်။
• အရှေ့တောင်အာရှမှာ ၁့၇ သန်းဟာ အိမ်တွင်းလေထုညစ်ညမ်းလို့ အသက်မကြီးခင်သေခဲ့ကြရတယ်။
• နှလုံးရောဂါ (၆ဝ%)၊ အသက်ရှူလမ်းရောဂါတွေနဲ့ ကင်ဆာတွေဟာ လေထုမသန့်ရှင်းတာနဲ့ ဆက်စပ်ပါတယ်။
• လူပေါင်း ၃့၃ သန်းတို့ဟာ အခန်းတွင်းလေထုမသန့်ရှင်းလို့သေဆုံးကြရတယ်။ အပြင်လေညစ်ညမ်းလို့က ၂့၆ သန်းရှိတယ်။
• အိမ်တွင်းလေမသန့်ဘူးဆိုတာ ချက်ပြုရာသုံးတဲ့မီးဖိုတွေက အများဆုံးပါ။
• ကမ္ဘာမှာ လူပေါင်း ၃ ဘီလျန်ဟာ ထင်းမီး၊ မီးသွေးမီး နဲ့ ကျောက်မီးသွေးမီးတွေကို အသုံးပြုနေကြရပါတယ်။ နွားခြေးမီးကိုပါသုံးနေရတဲ့ အိန္ဒိယမှာ လူဦးရေရဲ့ ၆၃% ဟ အဲလိုလောင်စာကိုသာသုံးနေကြတယ်။ ဒီလိုမီးတွေကနေ ကာဗွန်မိုနောက်ဆိုက်တွေ ထွက်စေပါတယ်။
• ဆင်းရဲနွမ်းပါးသူတွေ (၈ဝ%) က သေဆုံးမှုအများဆုံးဖြစ်တယ်။ အဲဒီအထဲမှာ ဆင်းရဲတဲ့အမျိုးသမီးတွေနဲ့ ကလေးတွေက အများဆုံးဖြစ်ပါတယ်။
• ပြင်ပလေထုညစ်ညမ်းမှုကြောင့်သေဆုံးရတဲ့ရောဂါတွေ
- နှလုံးသွေးကြောကျဉ်းရောဂါ = ၄ဝ%
- နှလုံး-ဦးနှောက် သွေးကြောရောဂါ (စထုတ်ခ်) = ၄ဝ%
- နာတာရှည်အသက်ရှူလမ်းပိတ်ရောဂါ = ၁၁%
- အဆုပ်ကင်ဆာ = ၆%
- ကလေးတွေ ရက်တိုအသက်ရှူလမ်းပိုးဝင်ရောဂါ = ၃%
• အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် သေဆုံးရတဲ့ရောဂါတွေ
- နှလုံး-ဦးနှောက် သွေးကြောရောဂါ (စထုတ်ခ်) = ၃၄%
- နှလုံးသွေးကြောကျဉ်းရောဂါ = ၂၆%
- နာတာရှည်အသက်ရှူလမ်းပိတ်ရောဂါ = ၂၂%
- ကလေးတွေ ရက်တိုအသက်ရှူလမ်းပိုးဝင်ရောဂါ = ၁၂%
- အဆုပ်ကင်ဆာ = ၆%

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၄

Tuesday, March 25, 2014

World Tuberculosis Day ကမ္ဘာ့ တီဘီနေ့

• ၂ဝ၁၄ ကမ္ဘာ့ တီဘီနေ့ ရဲ့ ဆောင်ပုဒ်ကတော့ ‘Reach the 3 million လူ ၃ သန်းဆီ ရောက်ရမည်’ ဖြစ်ပါတယ်။
• တီဘီ ဆိုတာ ကုလို့ရတဲ့ ရောဂါပါ။ ခက်နေတာက တီဘီ ရှိသူတွေကို လိုက်ရှာရတာ၊ ပျောက်အောင် ကုပေးရတာတွေက ပြည့်စုံလုံလောက်မှု မရှိသေးတာဖြစ်ပါတယ်။
• တနှစ်မှာ လူပေါင်း ၉ သန်းက တီဘီရောဂါကူးစက်ခံနေကြရတယ်။ သူတို့ထဲက ၃ ပုံ ၁ ပုံကို ကျန်းမာရေး စောင့်ရှောက်ပေးသူတွေက မတွေ့ကြရဘူး။ အဲဒီ လူနာ ၃ သန်းဟာ ဒုက္ခသည်တွေ၊ ရွေ့ပြောင်း အလုပ်သမားတွေ၊ ကိုယ့်တိုင်းပြည်ထဲမှာဘဲ စစ်ဘေးကြောင့်ဖြစ်ဖြစ်၊ အာဏာပိုင်တွေကနေ အတင်းခိုင်းလို့ဖြစ်ဖြစ် နေရာရွေ့နေကြရသူတွေ၊ အကျဉ်းသားတွေ၊ အစိုးရနဲ့ ဆိုင်ရာတွေကနေ ပစ်ထားခံရသူတွေ၊ လူနည်းစုတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေက အများဆုံးဖြစ်တယ်။
• ကမ္ဘာ့တီဘီနေ့မှာ တီဘီရောဂါကျန်းမာရေးအသိ တိုးများလာစေအောင်လုပ်ပြီး ကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့အတူ၊ ဒီဝန်ထုပ်ဝန်ပိုးကြီး သက်သာလာစေဘို့ ရည်မှန်းပါတယ်။ နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ် နှစ်ရပ်လုံးမှာ လုပ်ရမှာဖြစ်ပါတယ်။
• တီဘီနဲ့ သေဆုံးနေရမှု လျော့ကျရေးရည်မှန်းချက်ဟာ ၁၉၉ဝ ကနေတွက်ရင် ၄၅% ကျဆင်းလာတာဟာ အားရစရာ ကောင်းတယ်။ ဖြစ်ပွါးနှုန်းကလဲ နည်းလာပါသေးတယ်။ နည်းနာသစ်တွေထဲမှာ ရောဂါ အမြန် ရှာဖွေရေးနဲ့ အသက်ကယ်ဆေးတွေ ရရှိရေးလဲ ပါဝင်ပါတယ်။
• ဒါပေမဲ့ ကမ္ဘာကြီးကထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးက ကြီးမားနေဆဲပါ။
• ၂ဝ၁၂ ခုနှစ်စာရင်းတွေအရ - - တီဘီဝေဒနာသည်ပေါင်း ၈့၆ သန်းရှိနေတယ်။ ၁့၃ သန်းက တီဘီကြောင့် အသက်ဆုံးပါးနေရတယ်။ သေဆုံးရသူတွေထဲက ၉၅% ဟာ ဆင်းရဲသားနဲ့ လူလတ်တန်းစားထဲကဖြစ်တယ်။ သိထားဘို့က ဒီလေကတဆင့် ကူးစက်ရောဂါဟာ လေရှူနေသူ ဘယ်သူမဆိုကို ကူးစက်နိုင်ပါတယ်။ - အမျိုးသမီး အသက် ၁၅ နှစ်ကနေ ၄၄ နှစ်အတွင်း သေဆုံးရတဲ့အကြောင်းရင်းတွေထဲမှာ တီဘီ က တတိယ လိုက်တယ်။ - ကလေးတီဘီဖြစ်သူ ကလေးပေါင်း ၅ သိန်းရှိပြီး၊ ၇၄ဝဝဝ သေဆုံးခဲ့ရတယ်။ - MDR-TB ခေါ်တဲ့ ဆေးယဉ် တီဘီ ရှိနေသူတွေထဲက ၃ ယောက်မှာ ၁ ယောက်၊ ရောဂါရှိနေတာကို မသိကြရပါ။ ဒီလိုရောဂါသည်ပေါင်း ၁၆ဝဝဝ က ဆေးကုသမှုမရကြသေးပါ။ - တီဘီ နဲ့အတူ HIV ပါရှိနေလို့ ART ဆေးပေးနေရသူတွေကိုလဲ ပိုဂရုစိုက်ကြဘို့ လိုအပ်နေပါသေးတယ်။

မြန်မာဒုက္ခသည်တွေ၊ မြန်မာရွေ့ပြောင်း အလုပ်သမားတွေ၊ မြန်မာပြည်ထဲမှာဘဲ စစ်ဘေးကြောင့်နဲ့ အာဏာပိုင်တွေကနေ အတင်းခိုင်းလို့ နေရာရွေ့နေကြရသူ နိုင်ငံသားတွေ၊ အကျဉ်းသားတွေ၊ အစိုးရနဲ့ ဆိုင်ရာတွေကနေ ပစ်ပယ်ထားခံရသူတွေ၊ လူနည်းစုတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ တီဘီဘေးက ကင်းဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၄

TB ကြောက်လို့ရှိရင် မကြောက်ပါနဲ့

• ပြဿနာကလူတွေရဲ့ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိစိတ်ဓာတ်ပါပဲ။ ၂၁ ရက်နေ့ကရုပ်မြင်သံကြားမှာ ကမ္ဘာ့ တီဘီနေ့ က အင်တာဗျူးတစ်ခုကြည့်ရပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်ပြောသွားတဲ့စကားတစ်ခွန်းပါ။ ကျနော်နားလည်လိုက်သလိုပြောရရင်တော့ “လူတွေမှာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တက်တဲ့စိတ်တွေ ဖြစ်ပေါ်လာအောင် တိုးပြီးလုပ်ပေးဖို့လည်းလိုပါတယ်” တဲ့။
• ပြဿနာက (ကောင်ဆယ်လင်း) ဆွေးနွေးရှင်ပြတာမလုပ်တာ မဟုတ်ပါ။ အထူးသဖြင့် အခြေခံလူတန်းစား တွေမှာပါ (ကောင်ဆယ်လင်း) ကို ကျကျနန လုပ်ပေးပေမယ့် ကိုယ်ပေးချင်တဲ့ (မက်ဆေ့ခ်ျ) သတင်း အချက်အလက်က သူတို့ဆီကို ကောင်းကောင်း မရောက်တာပါ။
• TB သံသယဖြစ်စရာ လူနာလာတယ်ဆိုကြပါစို့ ကိုယ်က ဒီလိုဒီလိုပဲ ခင်ဗျားအနေအထားကတော့TB ဖြစ်နိုင်တဲ့ အလားအလာရှိတယ်၊ ဖြစ်နေတယ်လို့ မဆိုလိုပါဘူး။ အဲ့တော့ အဖြူအမဲကွဲပြားသွားအောင် သလိပ်စစ်၊ ဓာတ်မှန် ရိုက်လုပ်ရအောင်၊ သလိပ်စစ်တာလည်း အခမဲ့ပါ။ ဓာတ်မှန်ကတော့ ၄ဝဝဝိ/လောက် ကုန်ကျမယ်၊ တစ်ကယ်လို့ ဓာတ်မှန်ရိုက်ဖို့ ငွေကြေးအခက်အခဲရှိရင်လည်း ပြေလည်အောင်လုပ်ပေးလို့ရတယ်။ (ကျနော်နဲ့ လက်တွဲ လုပ်နေတဲ့ INGO နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့က ဒါအတွက် ပိုက်ဆံပြန်ပေးပါတယ်။)
• TB ဖြစ်ခဲ့မယ်ဆိုရင်လည်း ကြောက်စရာမလိုပါဘူး။ ဆေး ၆ လသောက်ရင် အရှင်းပျောက်ပါတယ်ပြောပြီး၊ သလိပ်ခွက်ကလေးတွေ ပေးလိုက်တယ်။ နောက်နေ့ ပေါ်မလာတော့ဘူး။ အိမ်အထိ လိုက်ပြောရတော့လည်း ၂ ခါလောက်ဆို တစ်မျိုးမြင်ကြပြီ။ အမှန်တော့ သူတို့တွေက TB နဲ့ ပတ်သက်ပြီး ရင်ဆိုင်ရမှာ ကြောက်တာပါ။ ကိုယ့်ကိုယ်ကို ဒီရောဂါမရှိဘူးလို့ပဲ မျက်စိမှိတ်ပြီးယုံထားကြတယ်။ TB နဲ့ပတ်သက်ပြီး ဆေး ၆ လသောက်ရင် ပျောက်တယ်ဆိုတာလဲ သိတယ်။ ဆေးမတိုးတဲ့ TB ကိုလည်းသိတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလဲ ကျန်းမာရေးပညာပေးကို အတိုင်းအတာတစ်ခုအထိ လုပ်ထားတယ်လို့ ယုံကြည်ပါတယ်။ ကိုယ်ကိုတိုင်က လိုလိုချင်ချင်နဲ့ (ဆခရင်နင်) ဆန်ကာတင်စစ်ဆေးခံတာ လုပ်လာကြရင် သိပ်ကောင်းမှာပါ။
• MDR TB ဆေးယဉ်တဲ့ တီဘီ နဲ့ပတ်သက်ပြီးတော့ အဆင်မပြေတာလေးတွေရှိရင် အထက်မြန်မာပြည်-အောက်မြန်မာပြည် တီဘီ တိုက်ဖျက်ရေးဗဟိုဌာနတွေမှာ ဆက်သွယ်တိုင်ပင်နိုင်ပါတယ်။
• အထူးသဖြင့် ပထမအကြိမ် ဆေးသောက်ပြီးသားTB လူနာတွေ ဆေးထပ်သောက်ရတော့မယ်ဆိုရင် Gene xpert (ဂျင်း အိတ်စပတ်) ဆိုတဲ့ သလိပ်စစ်တာမဖြစ်မနေလုပ်ရပါတယ်။ အဲ့ဒါက MDR TB အတွက် ဆန်ကာတင် စစ်ဆေးနည်းလိုပါပဲ။ မန္တလေးမှာ ဆိုရင် ပြည်သူ့ဆေးရုံကြီးအတွင်းက တီဘီဌာနနဲ့ ပုသိမ်ကြီးတီဘီဆေးရုံတွေမှာ သွားရောက် တိုင်ပင်ဆွေးနွေး နိုင်ပါတယ်။
• ကိုယ့်ပတ်ဝန်းကျင်က မသိသေးသူများကိုလည်း မျှဝေနိုင်ပါတယ်။ (Kyaw Thura Aung)

ဦး/ကို ကျော်သူရအောင်ရဲ့ (ကွန်မင့်) ကို မြန်လည်ဖေါက်သည်ချတာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၄

Exercise after Surgery ခွဲစိတ်ထားပြီးသူ လေ့ကျင့်ခန်းလုပ်ခြင်း

ဆရာရှင့် ဗိုက်ခွဲပြီး ကလေးမွေးထားတဲ့ အမျိုးသမီး တယောက်အနေနဲ့ ဘယ်အချိန်လောက်မှာ လေ့ကျင့်ခန်း စလုပ်နိုင်ပါသလဲ။ ဝိတ်ချတာဘယ်လိုနည်းနဲ့ချနိုင်ပါမလဲ။ အခု ဒုတိယကလေးကို ခွဲမွေးတာ အတွင်းအနာက အခု ၂ လခွဲအထိ သိပ်မကျက်ချင်ဘူး ဖြစ်နေတယ်။ စမ်းမိရင်နာနေတုန်းပါပဲ။ အတွင်းချုပ်ရိုးက အနားစပ်မှာ လုံးလုံးလေး ဖြစ်နေတယ်။ ပြဿနာများရှိနိုင်မလား ဆရာ။ သားဦးတုန်းကတော့ ဘာမှမနာခဲ့သလိုပါပဲ။ သူငယ်ချင်းလဲ သူ့ ဒုတိယကလေး ၂ နှစ်ကျော်တာတောင် နာနေတုန်းလို့ပြောပါတယ်။ ပြီးတော့ ဗိုက်ခွဲကလေးမွေးတဲ့အခါ ချုပ်ရိုး ၃ ခါ ချုပ်ရတယ်လို့ ကြားဖူးပါတယ်။ အသေးစိတ် ဖြေကြားပေးနိုင်မလားရှင့်။

• ကိုယ်အလေးချိန်ချတာကို သပ်သပ်ရေးထားပါတယ်။
• ချုပ်ရိုးမှာ လုံးလုံးလေးတွေလိုစမ်းတွေ့တာက စိုးရိမ်စရာမရှိပါ။ အရေပြားကိုချုပ်တဲ့ အပ်ခြည်၊ အောက်က အလွှာတွေကို ချုပ်တဲ့ အသားဖြစ်ချုပ်ကြိုး (ကက်ဂတ်) တွေက အမာရွတ်ဖြစ်စဉ်မှာ စုနေလို့သာဖြစ်ပါမယ်။ ကြာလေ အသားကျလေဖြစ်မယ်။ တကယ်လို့ နေရာတခုစီလောက်မှာ အနာလို ပန်းရောင်၊ အနီရောင် နေရာလေးတွေ ရှိရင်တော့ အထဲက ချုပ်ရိုးစလေး ထွက်ချင်လို့နေမယ်။ ထုတ်ပေးလိုက်ရင် ပျောက်သွားပါမယ်။
• ဗိုက်ခွဲတာတိုင်းမှာ အရေပြား၊ အဆီ၊ ကြွက်သား၊ အရွတ်လွှာ၊ ဗိုက်ဖုံးလွှာဆိုပြီး၊ ၄ ထပ်၊ အဆင့်ဆင့် ခွဲရ၊ ချုပ်ရတယ်။ ကလေးဖွါးတာဆိုရင် သားအိမ်ကိုလဲ ၃ ထပ်ချုပ်ပေးရတယ်။
• နာတာမှာ ခံစားမှု မတူတာရှိတယ်။ ဗိုက်ကို တခါမကခွဲရသူတွေဆိုရင် သတိထားစရာတခုရှိတယ်။ တခါခွဲတိုင်း တွယ်ကပ်ဖြစ်စဉ် ဖြစ်ကြရတယ်။ တွယ်ကပ်မှုကြောင့် နာတတ်တယ်။ “Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှု ဖြစ်တယ်” စာတပုဒ်သပ်သပ် ရေးထားပါတယ်။ လိုအပ်ရင် စစ်ဆေးပြုပြင်ပေးမယ်။
• ခွဲစိတ်မှုမှာ အသေးစားနဲ့ အကြီးစားရှိတယ်။ ဗိုက်ခွဲရရင်တော့ အကြီးစားထဲမှာပါမယ်။ မေ့ဆေးနဲ့ခွဲတာနဲ့ ခါးထုံဆေးနဲ့ခွဲရတာတွေလဲ အကြီးစားလို့ ယေဘုယျ ပြောနိုင်တယ်။
• အနာ၊ ဒဏ်ရာနဲ့ ခွဲစိတ်နာတွေက အပေါ်ယံအရေပြား ကျက်ဘို့ (၈) ရက်ထက်မစောင့်ရပါ။ ခေါင်းပိုင်းဆို (၅) ရက်သာကြတယ်။ ချုပ်ရိုးဖြေတဲ့ရက်တွေဖြစ်ပါတယ်။ အရိုးကျိုးထားတာက အချိန်ပိုယူပါမယ်။
• အရေပြားအောက်က အဆီ၊ ကြွက်သားနဲ့ အင်္ဂါအစိတ်အပိုင်းတွေလဲ ရက်တူလောက်မှာ အနာကျက်ပါတယ်။
• အကြမ်းဖျဉ်း နှစ်ပါတ် (၁၄ ရက်) ဆိုရင် အနာကောင်းကောင်းကျက်ပြီလို့ပြောနိုင်တယ်။ ပိုးဝင်လို့ အနာရင်းတာ၊ ချုပ်ရိုးကြောင်းဟသွားတာ၊ ပွင့်သွားတာ မဟုတ်ရင်ပြောတာဖြစ်ပါတယ်။
• ဗိုက်ကိုအကြီးစားခွဲစိတ်မှုလုပ်ပြီး ချုပ်ရိုးကြောင်းတခုလုံး ဟထွက်တာမျိုးက ရက်စေ့လို့ ချုပ်ရိုးဖြေတဲ့ရက်မှာဘဲ ဖြစ်တယ်။ ကျွန်တော့်ဆရာဝန်သက်တမ်းအတွင်း အနည်းဆုံး (၃) ယောက်လောက်တွေ့ရဘူးတယ်။ အဲလိုလူမျိုးကတော့ ပိုစောင့်ရမယ်။
• ခွဲစိတ်ပြီးနောက် မေ့ဆေး၊ ထုံဆေးပျယ်တာနဲ့ လှုပ်ရှားမှုစနိုင်တယ်။ စလဲစသင့်တယ်။ (ဟာနီယာ) အူကျတာကို ခွဲစိတ်တာ၊ (ပလပ်စတစ်) ခွဲစိတ်တာစတဲ့ တချို့ ချွင်းချက်ကလွဲရင် ပြောတာဖြစ်ပါတယ်။
• အသက်ကြီးသူတွေဆိုရင် ခြေထောက်လှုပ်ရှားမှုကို မဖြစ်မနေလုပ်စေတယ်။ လမ်းလျှောက်နိုင်တာလဲ ရက်မကြာပါ။
• လေ့ကျင့်ခန်းလုပ်တာမျိုးအတွက် အနည်း-အများနဲ့ အပြင်း-အပြော့ကွာမယ်။ ဘာလုပ်လုပ် ဖြေးဖြေး၊ နည်းနည်းကနေ စသင့်တယ်။
• ၄ ပါတ်ဆိုရင် မခွဲစိတ်ခင်ကလို လုပ်နိုင်ပါပြီ။ ခွဲထားတဲ့နေရာအတွက်သာ စောင့်ကြရတာဖြစ်ပါတယ်။ လက်ကို ခွဲထားသူက ဗယ်လီလေ့ကျင့်ခန်း လုပ်လို့ ရပါတယ်။
• အမျိုးသမီးတွေ တင်ပါးဆုံနေရာ၊ မွေးဖွါးလမ်းမှာ ခွဲစိတ်ရသူဆိုရင် (ကီဂယ်လ်) လေ့ကျင့်ခန်းလိုမျိုးကတော့ (၂) ပါတ်ထက်ပိုပြီး စောင့်စရာမလိုပါ။ သားအိမ်နဲ့ မွေးလမ်း၊ ဆီးလမ်းအားကောင်းစေဘို့လုပ်နည်းကို ဆိုလိုတာပါ။ စာတပုဒ်သပ်သပ်ရေးထားပါတယ်။
• လေ့ကျင့်ခန်းနဲ့အတူ၊ အစားအသောက်နဲ့ လိုမဲ့ဆေးတွေလဲ ကူသင့်တယ်။ ဥပမာ မျှတလုံလောက်တဲ့ အာဟာရ စားသောက်ရမယ်။ (တစ်ရှူး) တွေ အသစ်ဖြစ်စေအောင် (ပရိုတင်း) ဓါတ် မနည်းစေရပါ။ ကြွက်သား အားကောင်းအောင် (ပိုတက်ဆီယမ်) အပိုဆောင်းလိုနိုင်တယ်။ ဗီတာမင် (စီ) လဲ ၅ဝဝ မီလီဂရမ် သောက်တာ ကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၄

Monday, March 24, 2014

TB ကြောက်လို့ရှိရင် မကြောက်ပါနဲ့

• ပြဿနာကလူတွေရဲ့ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိစိတ်ဓာတ်ပါပဲ။ ၂၁ ရက်နေ့ကရုပ်မြင်သံကြားမှာ ကမ္ဘာ့ တီဘီနေ့ က အင်တာဗျူးတစ်ခုကြည့်ရပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်ပြောသွားတဲ့စကားတစ်ခွန်းပါ။ ကျနော်နားလည်လိုက်သလိုပြောရရင်တော့ “လူတွေမှာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တက်တဲ့စိတ်တွေ ဖြစ်ပေါ်လာအောင် တိုးပြီးလုပ်ပေးဖို့လည်းလိုပါတယ်” တဲ့။
• ပြဿနာက (ကောင်ဆယ်လင်း) ဆွေးနွေးရှင်ပြတာမလုပ်တာ မဟုတ်ပါ။ အထူးသဖြင့် အခြေခံလူတန်းစား တွေမှာပါ (ကောင်ဆယ်လင်း) ကို ကျကျနန လုပ်ပေးပေမယ့် ကိုယ်ပေးချင်တဲ့ (မက်ဆေ့ခ်ျ) သတင်း အချက်အလက်က သူတို့ဆီကို ကောင်းကောင်း မရောက်တာပါ။
• TB သံသယဖြစ်စရာ လူနာလာတယ်ဆိုကြပါစို့ ကိုယ်က ဒီလိုဒီလိုပဲ ခင်ဗျားအနေအထားကတော့TB ဖြစ်နိုင်တဲ့ အလားအလာရှိတယ်၊ ဖြစ်နေတယ်လို့ မဆိုလိုပါဘူး။ အဲ့တော့ အဖြူအမဲကွဲပြားသွားအောင် သလိပ်စစ်၊ ဓာတ်မှန် ရိုက်လုပ်ရအောင်၊ သလိပ်စစ်တာလည်း အခမဲ့ပါ။ ဓာတ်မှန်ကတော့ ၄ဝဝဝိ/လောက် ကုန်ကျမယ်၊ တစ်ကယ်လို့ ဓာတ်မှန်ရိုက်ဖို့ ငွေကြေးအခက်အခဲရှိရင်လည်း ပြေလည်အောင်လုပ်ပေးလို့ရတယ်။ (ကျနော်နဲ့ လက်တွဲ လုပ်နေတဲ့ INGO နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့က ဒါအတွက် ပိုက်ဆံပြန်ပေးပါတယ်။)
• TB ဖြစ်ခဲ့မယ်ဆိုရင်လည်း ကြောက်စရာမလိုပါဘူး။ ဆေး ၆ လသောက်ရင် အရှင်းပျောက်ပါတယ်ပြောပြီး၊ သလိပ်ခွက်ကလေးတွေ ပေးလိုက်တယ်။ နောက်နေ့ ပေါ်မလာတော့ဘူး။ အိမ်အထိ လိုက်ပြောရတော့လည်း ၂ ခါလောက်ဆို တစ်မျိုးမြင်ကြပြီ။ အမှန်တော့ သူတို့တွေက TB နဲ့ ပတ်သက်ပြီး ရင်ဆိုင်ရမှာ ကြောက်တာပါ။ ကိုယ့်ကိုယ်ကို ဒီရောဂါမရှိဘူးလို့ပဲ မျက်စိမှိတ်ပြီးယုံထားကြတယ်။ TB နဲ့ပတ်သက်ပြီး ဆေး ၆ လသောက်ရင် ပျောက်တယ်ဆိုတာလဲ သိတယ်။ ဆေးမတိုးတဲ့ TB ကိုလည်းသိတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလဲ ကျန်းမာရေးပညာပေးကို အတိုင်းအတာတစ်ခုအထိ လုပ်ထားတယ်လို့ ယုံကြည်ပါတယ်။ ကိုယ်ကိုတိုင်က လိုလိုချင်ချင်နဲ့ (ဆခရင်နင်) ဆန်ကာတင်စစ်ဆေးခံတာ လုပ်လာကြရင် သိပ်ကောင်းမှာပါ။
• MDR TB ဆေးယဉ်တဲ့ တီဘီ နဲ့ပတ်သက်ပြီးတော့ အဆင်မပြေတာလေးတွေရှိရင် အထက်မြန်မာပြည်-အောက်မြန်မာပြည် တီဘီ တိုက်ဖျက်ရေးဗဟိုဌာနတွေမှာ ဆက်သွယ်တိုင်ပင်နိုင်ပါတယ်။
• အထူးသဖြင့် ပထမအကြိမ် ဆေးသောက်ပြီးသားTB လူနာတွေ ဆေးထပ်သောက်ရတော့မယ်ဆိုရင် Gene xpert (ဂျင်း အိတ်စပတ်) ဆိုတဲ့ သလိပ်စစ်တာမဖြစ်မနေလုပ်ရပါတယ်။ အဲ့ဒါက MDR TB အတွက် ဆန်ကာတင် စစ်ဆေးနည်းလိုပါပဲ။ မန္တလေးမှာ ဆိုရင် ပြည်သူ့ဆေးရုံကြီးအတွင်းက တီဘီဌာနနဲ့ ပုသိမ်ကြီးတီဘီဆေးရုံတွေမှာ သွားရောက် တိုင်ပင်ဆွေးနွေး နိုင်ပါတယ်။
• ကိုယ့်ပတ်ဝန်းကျင်က မသိသေးသူများကိုလည်း မျှဝေနိုင်ပါတယ်။ (Kyaw Thura Aung)

ဦး/ကို ကျော်သူရအောင်ရဲ့ (ကွန်မင့်) ကို မြန်လည်ဖေါက်သည်ချတာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၄

World Tuberculosis Day ကမ္ဘာ့ တီဘီနေ့

• ချောင်းဆိုးနေတာ ၂ ပါတ်ကြာနေပါသလာ။ သလိပ်စစ်ပါ။
• တီဘီ ဆိုတာ ဘယ်သူ့ကိုမဆို ကူးစက်နိုင်တယ်။ ဒါပေမဲ့ ကုသရင်ပျောက်ကင်းပါတယ်။
• အားလုံးမှာ တီဘီ ရှိ-မရှိ စစ်ဆေးပြီး၊ တီဘီ တွေ့တယ်ဆိုရင် အပြည့်အဝ ကုသပါရစေ။

• ၂ဝ၁၄ ကမ္ဘာ့ တီဘီနေ့ ရဲ့ ဆောင်ပုဒ်ကတော့ ‘Reach the 3 million လူ ၃ သန်းဆီ ရောက်ရမည်’ ဖြစ်ပါတယ်။
• တီဘီ ဆိုတာ ကုလို့ရတဲ့ ရောဂါပါ။ ခက်နေတာက တီဘီ ရှိသူတွေကို လိုက်ရှာရတာ၊ ပျောက်အောင် ကုပေးရတာတွေက ပြည့်စုံလုံလောက်မှု မရှိသေးတာဖြစ်ပါတယ်။
• တနှစ်မှာ လူပေါင်း ၉ သန်းက တီဘီရောဂါကူးစက်ခံနေကြရတယ်။ သူတို့ထဲက ၃ ပုံ ၁ ပုံကို ကျန်းမာရေး စောင့်ရှောက်ပေးသူတွေက မတွေ့ကြရဘူး။ အဲဒီ လူနာ ၃ သန်းဟာ ဒုက္ခသည်တွေ၊ ရွေ့ပြောင်း အလုပ်သမားတွေ၊ ကိုယ့်တိုင်းပြည်ထဲမှာဘဲ စစ်ဘေးကြောင့်ဖြစ်ဖြစ်၊ အာဏာပိုင်တွေကနေ အတင်းခိုင်းလို့ဖြစ်ဖြစ် နေရာရွေ့နေကြရသူတွေ၊ အကျဉ်းသားတွေ၊ အစိုးရနဲ့ ဆိုင်ရာတွေကနေ ပစ်ထားခံရသူတွေ၊ လူနည်းစုတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေက အများဆုံးဖြစ်တယ်။
• ကမ္ဘာ့တီဘီနေ့မှာ တီဘီရောဂါကျန်းမာရေးအသိ တိုးများလာစေအောင်လုပ်ပြီး ကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့အတူ၊ ဒီဝန်ထုပ်ဝန်ပိုးကြီး သက်သာလာစေဘို့ ရည်မှန်းပါတယ်။ နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ် နှစ်ရပ်လုံးမှာ လုပ်ရမှာဖြစ်ပါတယ်။
• တီဘီနဲ့ သေဆုံးနေရမှု လျော့ကျရေးရည်မှန်းချက်ဟာ ၁၉၉ဝ ကနေတွက်ရင် ၄၅% ကျဆင်းလာတာဟာ အားရစရာ ကောင်းတယ်။ ဖြစ်ပွါးနှုန်းကလဲ နည်းလာပါသေးတယ်။ နည်းနာသစ်တွေထဲမှာ ရောဂါ အမြန် ရှာဖွေရေးနဲ့ အသက်ကယ်ဆေးတွေ ရရှိရေးလဲ ပါဝင်ပါတယ်။
• ဒါပေမဲ့ ကမ္ဘာကြီးကထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးက ကြီးမားနေဆဲပါ။
• ၂ဝ၁၂ ခုနှစ်စာရင်းတွေအရ -
- တီဘီဝေဒနာသည်ပေါင်း ၈့၆ သန်းရှိနေတယ်။ ၁့၃ သန်းက တီဘီကြောင့် အသက်ဆုံးပါးနေရတယ်။ သေဆုံးရသူတွေထဲက ၉၅% ဟာ ဆင်းရဲသားနဲ့ လူလတ်တန်းစားထဲကဖြစ်တယ်။ သိထားဘို့က ဒီလေကတဆင့် ကူးစက်ရောဂါဟာ လေရှူနေသူ ဘယ်သူမဆိုကို ကူးစက်နိုင်ပါတယ်။
- အမျိုးသမီး အသက် ၁၅ နှစ်ကနေ ၄၄ နှစ်အတွင်း သေဆုံးရတဲ့အကြောင်းရင်းတွေထဲမှာ တီဘီ က တတိယ လိုက်တယ်။
- ကလေးတီဘီဖြစ်သူ ကလေးပေါင်း ၅ သိန်းရှိပြီး၊ ၇၄ဝဝဝ သေဆုံးခဲ့ရတယ်။
- MDR-TB ခေါ်တဲ့ ဆေးယဉ် တီဘီ ရှိနေသူတွေထဲက ၃ ယောက်မှာ ၁ ယောက်၊ ရောဂါရှိနေတာကို မသိကြရပါ။ ဒီလိုရောဂါသည်ပေါင်း ၁၆ဝဝဝ က ဆေးကုသမှုမရကြသေးပါ။
- တီဘီ နဲ့အတူ HIV ပါရှိနေလို့ ART ဆေးပေးနေရသူတွေကိုလဲ ပိုဂရုစိုက်ကြဘို့ လိုအပ်နေပါသေးတယ်။

မြန်မာဒုက္ခသည်တွေ၊ မြန်မာရွေ့ပြောင်း အလုပ်သမားတွေ၊ မြန်မာပြည်ထဲမှာဘဲ စစ်ဘေးကြောင့်နဲ့ အာဏာပိုင်တွေကနေ အတင်းခိုင်းလို့ နေရာရွေ့နေကြရသူ နိုင်ငံသားတွေ၊ အကျဉ်းသားတွေ၊ အစိုးရနဲ့ ဆိုင်ရာတွေကနေ ပစ်ပယ်ထားခံရသူတွေ၊ လူနည်းစုတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ တီဘီဘေးက ကင်းဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၄-၃-၂ဝ၁၄

Thursday, March 20, 2014

Nazi Medical Experiments အော့နှလုံးနာစရာ နာဇီ ဆေးပညာ စမ်းသပ်မှုကြီး

ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမဏီဆရာဝန်တွေကနေ အော့နှလုံးနာစရာကောင်းလှတဲ့ ဆေးပညာစမ်းသပ်မှုတွေကို ဖမ်းထားတဲ့ မဟာမိတ်စစ်သုံ့ပမ်းတွေရဲ့ သဘောတူညီမှု မယူဘဲ စိတ်တိုင်းကျ ပြုလုပ်ခဲ့ကြတယ်။ ကနေ့ခေတ်အရ ဆေးပညာပဋိညာဉ်ကို လွန်လွန်ကျူးကျူး ချိုးဖေါက်ခဲ့တာဖြစ်တယ်။

သူတို့လုပ်ခဲ့တာတွေကို ပြန်ဆန်းစစ်ရင် အတန်းအစား (၃) မျိုးတွေ့ရတယ်။
(၁) ဝန်ရိုးတန်းနိုင်ငံတွေရဲ့ စစ်သည်တွေ အသက်ရှင်ရပ်တည်နိုင်ရေးအတွက်ဖြစ်တယ်။ (ဒါချူအာ) က ဂျာမန် လေတပ်ဆရာဝန်တွေက အင်စတီကျုထောင်ပြီး လုပ်ခဲ့တာဖြစ်တယ်။ လေတပ်သားတွေ အထက်အမြင့်ပေ ဘယ်လောက်ထိ တက်နိုင်ပြီး လေထီးနဲ့ခုန်ချနိုင်မလဲဆိုတဲ့ အများဆုံးကို သိချင်လို့ဖြစ်တယ်။

(၂) ဆေးဝါးနဲ့ ဆေးကုနည်းတွေအတွက်ဖြစ်တယ်။ (ဒါချူအာ)၊ (ဆက်ဆန်ချော်ဆန်)၊ (နဇ်ဝိုင်လာ)၊ (ဘူချန်ဝေါလ်) နဲ့ (ငုယင်ဂါမီး) ထိန်းသိမ်းရေးစခန်းတွေက သုံပမ်းတွေကို သုံးခဲ့တယ်။ ကူးစက်ရောဂါတွေအတွက် ကာကွယ်ဆေးတွေ ထုတ်ဘို့ ရည်ရွယ်တယ်။ ငှက်ဖျား၊ တိုက်ဖွိုက်၊ အဝါရောင်အဖျား၊ ကူးစက်အသားဝါရောဂါတွေ ပါဝင်တယ်။ (ရေဘင်ဗျုခ်) ကင့်မှာ အရိုးအစားထိုးနည်းကို စမ်းသပ်တယ်။ ဆာလ်ဖါဆေး အစွမ်းကိုလဲ အဲဒီမှာဘဲ စမ်းသပ်ခဲ့တယ်။ အကျဉ်းသားတွေကို (ဖေါ့စ်ဂျင်း) နဲ့ မုန်ညင်း အဆိပ်ဓါတ်ငွေ့စမ်းရာမှာသုံးတယ်။

(၃) နာဇီမျိုးဗီဇနဲ့ အိုင်ဒီယော်လော်ဂျီအတွက် စမ်းတာဖြစ်တယ်။
(ဂျိုးဖက် မင်ဂလေး) ကနေ (အော့ဇ်ဝခ်ျ) မှာ အမွှာ (၁၅ဝဝ) ကို စမ်းသပ်ခဲ့တယ်။ ၂ဝဝ လောက်သာ အသက်ရှင် ကျန်ရစ်တော့တယ်။ (သြဂတ်စ် ဟာ့တ်) ကနေ (စထွက်စ်ဘဂ်) တက္ကသိုလ်မှာ Jewish racial inferiority ဂျူးတွေ ဘယ်လောက် နိမ့်ကျသလဲ ဆိုတာအတွက် စမ်းသပ်တယ်။

အဲဒါတွေအပြင် လူတွေ (ဂျူးနဲ့ ဂျစ်ပစီ) အစုလိုက်အပြုံလိုက် မျိုးဆက်ဖြတ်နည်းတွေကို (အော့ဇ်ဝခ်ျ) နဲ့ (ရာဘင်စ်ဗျုခ်) မှာ စမ်းတယ်။ လက်နက်ဆန်းတွေအတွက်လဲ စမ်းတယ်။

စမ်းသပ်နည်းတွေကို စာရင်းချရရင် -
1. Bone, muscle, and nerve transplantation experiments အရိုး၊ ကြွက်သားနဲ့ အာရုံကြော အစားထိုးနည်း၊
2. Experiments on twins အမွှာ၊
3. Experiments with poison အဆိပ်အမျိုးမျိုး၊
4. Freezing experiments အေးခဲနည်း၊
5. Head injury experiments ဦးခေါင်ဒဏ်ရာရခြင်း၊
6. High altitude experiments အမြင့်ပေစမ်းသပ်မှု၊
7. Immunization experiments ကာကွယ်ဆေး၊
8. Incendiary bomb experiments မီးလောင်ဗုန်း၊
9. Malaria experiments ငှက်ဖျား၊
10. Mustard gas experiments မုန်ညင်းအဆိပ်ဓါတ်ငွေ့၊
11. Sea water experiments ပင်လယ်ရေစမ်းသပ်မှု၊
12. Sterilization experiments မျိုးဆက်ဖြတ်နည်း၊
13. Sulfonamide experiments ဆာလ်ဖါဆေး၊

(အက်ဒဝပ် ဟာ့သ်စ်) က ခေါင်းဆောင်ပြီး အကျဉ်းသားတွေကို ရွေးချယ်တယ်။ (အဲလ်ဗတ် ဟိမ်း) နဲ့ (ကားလ် ဘာနက်) တွေကလဲ ခေါင်းဆောင်တွေ ဖြစ်ကြတယ်။ ဒုတိယလူက လိင်တူသမားတွေကို ဘယ်လိုကုသနိုင်မလဲဆိုတာကို စမ်းသပ်တယ်။

ငှက်ဖျားကိုစမ်းရာမှာ လူကောင်းတွေကို ငှက်ဖျားခြင်မတွေရဲ့ ချွဲအိတ်တွေဆေးထိုးပေးပြီးစမ်းတယ်။ ရောဂါရလာပြီဆိုရင် ဆေးတွေအမျိုမျိုးပေးစမ်းတယ်။ တဝက်မကသေကြရတယ်။

၁၄-၇-၁၉၃၃ မှာ မျိုးဗီဇညံ့သူလို့ သူတို့သတ်မှတ်ထာ ခံရသူတွေကို ဥပဒေလုပ်ပြီး မျိုးဆက်ပွါးတာကိုတားမြစ်တယ်။ ဥာဏ်ရည်နိမ့်သူတွေ၊ ရူးသွပ်နေသူတွေ၊ (စကီဇိုဖရီနီးယား) စိတ်ဝေဒနာသည်တွေ၊ အရက်စွဲနေသူတွေ၊ မျက်စိမမြင်သူတွေ၊ နားမကြားသူတွေ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသူတွေကို စာရင်းထဲမှာ ထည့်တယ်။ Aryan race အာရီယန်မျိုးနွယ်တွေသာ လွှမ်းမိုးစေဘို့ရည်ရွယ်တာ ဖြစ်တယ်။ ၄ နှစ်အတွင်း လူပေါင်း ၃ သိန်းကို မျိုးမပွါးနိုင်တော့အောင် လုပ်ခဲ့တယ်။

စမ်းသပ်ခံရသူတွေဟာ သေချင်သေမယ်။ မသေလဲ ပုံပျက်ပမ်းပျက်ဖြစ်ကြရတယ်။ ရာသက်ပန် ဒုက္ခိတဖြစ်တယ်။ မသေဘဲကျန်ရစ်သူတွေကိုလဲ သတ်ပြစ်တယ်။ တချို့ကို မသတ်ဘဲ တစစီဖြတ်ပစ်သေးတယ်။ အလောင်းတွေကို ခွဲစိတ်ပြီး စစ်ဆေးတယ်။ လိင်ကတဆင့်ကူးစက်ရောဂါတွေရနေတဲ့ ပြည့်တန်ဆာအမျိုးသမီးတွေလဲ စမ်းသပ်ခံရသူတွေထဲမှာ ပါတယ်။

ဓါတ်ပုံ = စမ်းသပ်ခံရတဲ့ကလေးတွေရဲ့ ချိုင်းကတက်စေ့တွေကို ခွဲစိတ်ပြီး တီဘီပိုးတွေ ကူးစက်စေတယ်။ အဲဒီ (ငုယင်ဂါမီး) ထိန်းသိမ်းရေးစခန်းက ကလေးအားလုံးကို နောက်ဆုံးမှာ သတ်ပြစ်လိုက်တယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂ဝ၁၄

Tonsillitis အာသီးရောင်ခြင်း

ကျမသမီးက ငယ်ငယ်ကလေးဘဝထဲက အာသီးခဏခဏရောင်ပါတယ်။ ယခု သူ့အသက် ၂၇ နှစ်ပါရှင်။ အဲဒါနား နှခေါင်းလည်ချောင်းအထူးကုဆရာဝန်ကြီး ဒေါက်တာ့ နဲ့ အာသီးကိုခွဲထုတ်ရပါတယ်။ မခွဲက ကြာလျှင် ကင်ဆာ ဖြစ်နိုင်တယ်လို့ ဆရာဝန်ကြီးက ပြောပါတယ်ရှင်။ သမီးကလည်း အာသီးရောင်တာကနေ့တိုင်းနီးပါးပါး ဆိုတော့ ကျမတို့လည်း ခွဲထုတ်ပြီးရင် ဘာမှမဖြစ်တော့ဘူးလို့ ထင်ခဲ့တာ။ အခုခွဲပြီးတာ ၃ လရှိပါပြီ။ အာသီးခွဲတုံးက အနာကျက်ဆေး ၁ လုံး ၁ဝဝဝ/- တန် ၁ဝ ရက်ထိုးခဲ့ရပါတယ်။ ဒါပေမဲ့ အာသီးခွဲတဲ့နေရာမှာ ပြည်တည်နေပါတယ်။ အရင်လိုဘဲ အာသီးရောင်တဲ့အတိုင်း ခံစားနေရပါတယ်။ ပိုက်ဆံလည်းကုန်၊ လူလည်းနာနဲ့၊ သမီးလည်း တော်တော် စိတ်ဆင်းရဲပြီး သမီးအသက် ၃ဝ ပြည့်အောင်နေရမှာမဟုတ်ပါဘူးလို့ပြောနေပါတယ်ဆရာ။ ကျမတို့ ဘာဆက် လုပ်သင့်ပါသလဲဆရာ။

• လူတိုင်းမှာ အာသီးရှိတယ်။ ဘယ်-ညာ ၂ ခုစီ။ ကောင်းနေရင် မျက်စိနဲ့မြင်ရဘူး။ ရောင်လာမှ ကြီးလာ၊ နီလာ၊ ပြည်တည်တာတွေမြင်ရတယ်။
• ဗိုင်းရပ်စ် နဲ့ ဗက်တီးရီးယားတွေကနေ ရောင်စေတယ်။ ရောင်ရင် လည်ချောင်းနာပြီး ဖျားမယ်။
• Group A β-hemolytic streptococcus ဗက်တီးရီးယားကြောင့်ဖြစ်တာကို strep throat လို့ခေါ်ကြတယ်။
• အများစုက ဆေးမလိုဘဲ ပျောက်တယ်။ ၄ဝ% က ၃ ရက်သာကြာပြီး ၈၅% က တပါတ်သာကြာတယ်။
• ရှားပေမဲ့ ဆိုးတဲ့ Staphylococcus aureus ဗက်တီးရီးယားကနေလဲ ဖြစ်တယ်။ MRSA ဆိုရင်တော်တော့ဆေးကို ယဉ်တယ်။ Streptococcus pneumoniae, Mycoplasma pneumoniae, Chlamydia pneumoniae, pertussis, Fusobacterium, diphtheria, syphilis, and gonorrhea တွေကနေလဲဖြစ်နိုင်တယ်။ ကျန်တာတွေလဲရှိသေးပြန်တယ်။
• ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားတွေက adenovirus, rhinovirus, influenza, coronavirus နဲ့ respiratory syncytial virus တွေဖြစ်ကြတယ်။ Epstein-Barr virus, herpes simplex virus, cytomegalovirus, or HIV ဗိုင်းရပ်စ် တွေကနေလဲ ဖြစ်တယ်။

ပါးစပ်ဟခိုင်းရင် နီရဲ-ရောင်နေတဲ့ အာသီး တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်မြင်ရမယ်။ မျိုရမဲ့လမ်းကို ကျဉ်းရာကနေ ပိတ်လုလုအထိ ကြီးနေနိုင်တယ်။ ရက်တို ရောင်ရာကနေ ပြည်တည်နိုင်တယ်။

• ဆေးကုတဲ့အခါ
- အနာသက်သာဆေး paracetamol/acetaminophen and/or ibuprofen တခုခု ပေးရမယ်။ အနာသာမက အရောင်လဲလျော့၊ အဖျားလဲကျတယ်။
- ဆားရေနွေး၊ ငုံဆေး၊ ရေခဲငုံတာတွေကလဲ သက်သာစေလို့ သုံးသင့်တယ်။ Listerine mouth wash ကောင်းတယ်။
- penicillin or amoxicillin ကို ဗက်တီးရီးယားတွေအတွက် ပဌမတန်းစားအဖြစ်သုံးတယ်။
- Cephalosporins နဲ့ macrolides (erythromycin) တွေကဒုတိယဆေးအုပ်စုတွေဖြစ်တယ်။ ပနယ်စလင်ဆေး မတည့်သူကို Erythromycin ပေးနိုင်တယ်။
- နောက်တဆင့် clindamycin or amoxicillin-clavulanate ဆေးပေးမယ်။
- Abscess ပြည်တည်ရင် ခွဲထုတ်ရမယ်။
• ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ ကြာမယ်။
• ခဏခဏဖြစ်နေသူဟာ အလာဂျီဖြစ်နိုင်တယ်။ ဗက်တီးရီးယားဆေးနဲ့ မရပါ။ Cetrizine ည ၁ လုံးကောက်ပါ။ မတည့်တာကိုရှောင်ပါ။
• နာတာရှည်နေသူကို Tonsillectomy ခွဲစိတ်ရတယ်။

Amoxicillin အမောက်ဆာစလင်
• အသက်ရှူလမ်း အထက်ပိုင်းပိုးဝင်ခြင်း = တခါသောက် 250 - 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 - 875 mg တနေ့ ၂ ခါ၊
• လေပြွန်ရောင်ခြင်း = တခါသောက် 250 - 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 - 875 mg တနေ့ ၂ ခါ၊
• အာသီး-အာခေါင်ရောင်ခြင်း = တခါသောက် 250 - 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 - 875 mg တနေ့ ၂ ခါ၊

Azithromycin (အဇစ်သရိုမိုင်စင်)
Generic ဆေးနာမည်ရင်းဖြစ်တယ်။ (မက်ခရိုလိုက်အုပ်စု) ပဋိဇီဝဆေး ဖြစ်တယ်။ ဆေးကုမ္ပဏီတွေက Zithromax®, Zithromax® TRI-PAK™, Zithromax® Z-PAK®, Zmax™ နာမည်တွေ ပေးထားတယ်။

ပေးနိုင်တဲ့ရောဂါတွေ -
လေပြွန်ရောင်ခြင်း အပါအဝင် အသက်ရှူလမ်းပိုးဝင်ခြင်းများ၊ နားရောင်ခြင်း၊ ဆိုင်းနပ်စ်၊ နူမိုးနီးယား၊ အာသီးရောင်၊ လည်ချောင်းနာ၊ အရေပြားအနာအမျိုးမျိုး၊ PID တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း၊ ခရီးသွား-ဝမ်းပျက်ခြင်း၊ ကြက်ညှာချောင်းဆိုးရောဂါတွေအတွက် ပေးနိုင်တယ်။ STDs လိင်ကတဆင့်ကူးစက်ရောဂါများ = (ဂနိုးရီးယား)၊ (ကလာမိုင်ဒီးယား)၊ (ရှန်ကာရွိုက်)။ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တဲ့ တုပ်ကွေး၊ အစာအိမ်-တုပ်ကွေး၊ အအေးမိခြင်းတွေကို ဒီဆေးက မနိုင်ဘူး။

Azithromycin ဘေးထွက်-ဆိုးကျိုး
ပျို့၊ ဝမ်းပျက်၊ အန်၊ ကြွက်တက်၊ ဗိုက်အောင့်၊ ခေါင်းကိုက်။ ကိုယ်ဝန်ဆောင် နဲ့ နို့တိုက် မိခင်တွေကို သတိဖြင့်ပေးပါ၊ Aluminum နဲ့ Magnesium ပါတဲ့ Antacids လေနာသက်သာဆေးတွေနဲ့ တွဲမသောက်ပါနဲ့။ ဆေးကို အစာနဲ့ နီးနီး-ဝေးဝေး ပေးနိုင်တယ်။ ဆေးကြောင့် ပျို့-အန်ချင်သူတွေက အစာနဲ့သောက်ပါ။ ရေဖန်ခွက်တခွက် သောက်ပါ။ နေ့တိုင်း အချိန်တူမှာသောက်ပါ။ ဆေးသက်တမ်း ကောင်းပါစေ။ Azithromycin extended-release suspension (Zmax™) အမျိုးအစား ဆေးရည်ဆိုရင် အစာမစားခင် ၂ နာရီကြိုတင် သောက်ထားပါ။

• ရက်တို နားအလည်ပိုင်းရောင်ခြင်း၊ လူစုလူဝေးက ရတဲ့ နူမိုးနီးယား၊ အာသီး-အာခေါင်ရောင်ခြင်း၊ အရေပြားအနာများ၊ ဆိုင်းနပ်စ် ရောဂါ။ STD (ကလာမိုင်ဒီးယား) ကြောင့် ဆီးပြွန်အဝ-သားအိမ်အဝ ရောင်ခြင်း၊ = ပဌမနေ့မှာ 500 mg ပေး၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်။
• နာတာရှည် လေပြွန်ရောင်၊ (လိုင်မ်) ရောဂါ၊ လိင်မှတဆင့် ကူးစက်ရောဂါများ၊ နှလုံးအတွင်းသား-အရိုးအဆစ်-အစာခြေလမ်း- သားအိမ်အဝ ရောင်ခြင်း၊ နားပြည်ယိုခြင်း၊ သာမန် တိုက်ဖွိုက်၊ အသက်ရှူလမ်း၊ အရေပြား ပိုးဝင်ခြင်း၊ နူမိုးနီးယား = 250-500 mg Daily (7.5-20 mg/kg) တနေ့တခါသောက်ပါ။
• နာတာရှည် အသက်ရှူလမ်းပိတ် ရောဂါ ပြန်ထခြင်း = 500 mg တရက်ပေး၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်ပေး။
• (ဂနိုရီးယား) ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း = 2 g တခါတည်းပေး။
• လိင်လမ်း (ရှန်ကာ) အနာ၊ (ဂနိုရီးယား) မဟုတ်တဲ့ ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း = 1 g တခါတည်းပေး။
• ဂိုနိုးရီးယားကြောင့် မျက်စိနာခြင်း = 20 mg/kg တခါတည်းပေးပါ။ 1% မျက်စဉ်းခပ်ပါ။
• ရက်တိုဖြစ်တဲ့ တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း = 500 mg IV ကို သွေးပြန်ကြောထဲ ၁ နာရီအတွင်းသွင်းပါ၊ ၁-၂ ရက်။
• STD လိင်ကတဆင့်ကူးစက်ရောဂါ ကာကွယ်ရန် = 1 g တခါတည်းသောက်ပါ။
• STD လိင်ကတဆင့်ကူးစက်ရောဂါ ကာကွယ်ရန် = ဆေး ၃ မျိုးတွဲနည်းအရ (Ceftriaxone or Cefixime + Metronidazole + Azithromycin or Doxycycline) ပေးပါ။

ကလေးတွေအတွက် ဆေးရည်မှာ 100mg/5mL နဲ့ 200mg/5mL လာတယ်။ ထိုးဆေးမှာ 500mg ပါတယ်။ Tablet ဆေးပြာမှာ 250mg, 500mg, 600mg လာတယ်။
• နားအလည်ပိုင်း ရောင်ခြင်း၊ အသက် ၆ လ အထက်ကလေး = 30 mg/kg for 3 days or 10 mg/kg x 1 on day 1 followed by 5 mg/kg 2 – 5 days
• လူစုလူဝေးကနေရတဲ့ နူမိုးနီးယား၊ အသက် ၆ လ အထက်ကလေး = 10 mg/kg x 1 on day 1 followed by 5 mg/kg days 2 – 5 days
• ရက်တို ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ ဆိုင်းနူဆိုက်တစ် = 10 mg/kg oral suspension PO qDay x 3 days
• အာသီး၊ အာခေါင်ရောင်ခြင်း၊ ၂ နှစ်အထက် = 12 mg/kg PO qDay x 5 days; maximum 500 mg/day
• MAC ကာကွယ်ရန်၊ ၆ နှစ်အထက် ကလေး = 20 mg/kg တပါတ်တခါပေးပါ။

Ofloxacin (အိုဖလောက်ဆာစင်)
• Generic ဆေးနာမည်ရင်းဖြစ်တယ်။ ဆေးကုမ္ပဏီတွေက နာမည်တွေပေးထားတယ်။ ဥပမာ Floxin
• ပဋိဇီဝဆေး၊ (ဗက်တီးရီးယား) တွေကိုနိုင်တယ်။
• ဆေးပြား 200mg, 300mg, 400mg နဲ့လာတယ်။
• Haemophilus influenzae နဲ့ Streptococcus pneumoniae ပိုးတွေကြောင့်ဖြစ်တဲ့ နူမိုးနီးယား နဲ့ လေပြွန်ရောင်တာကို အများဆုံးသုံးတယ်။
• Staphylococcus aureus နဲ့ Streptococcus pyogenes ပိုးတွေကြောင့်ဖြစ်တဲ့ အရေပြားနာတွေ အတွက်လဲ သုံးတယ်။
• STDs လိင်ကတဆင့် ကူးစက်ရောဂါများတွေဖြစ်တဲ့ (ဂနိုးရီးယား) နဲ့ (ကလာမိုင်ဒီးယား) အတွက်လဲ သုံးတယ်။ (ဆစ်ဖလစ်) ကို မနိုင်ဘူး။
• E. Coli ပိုးကြောင့်ဖြစ်တဲ့ ဆီးလမ်းရောင်တာနဲ့ ဆီးကျိတ်ရောင်တာတွေအတွက်လဲ သုံးတယ်။
• Streptococcus, Enterococcus နဲ့ Anaerobic bacteria တွေကို ဒီဆေးကမနိုင်ဘူး။
• ပန်းနာအတွက်သုံးတဲ့ Theophylline နဲ့တွဲရင် သတိထားရမယ်။ အတက်ရောဂါရှိသူတွေကိုလဲ သတိထားရတယ်။ အသက် ၁၈ နှစ်အောက်ကေလး မပေးသင့်ဘူး။
• ဒီဆေးသောက်နေချိန်မှာ နေရောင်သိပ်မထိတာကောင်းတယ်။ သွေးယိုတာ နဲနဲဖြစ်နိုင်တယ်။ ဆီးချို နဲနဲတက်နိုင်တယ်။
• ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်တွေမှာ ဒီဆေးမပေးတာကောင်းတယ်။

Ofloxacin ဘေးထွက်-ဆိုးကျိုး
ပျို့၊ ဝမ်းပျက်၊ အန်၊ ခေါင်းကိုက်။ အိပ်မရတာ၊ ခေါင်းမူးတာ၊ ယားတာ၊ အမျိုးသမီးတွေ (ဗဂျိုင်းနား) ရောင်တာတွေဖြစ်နိုင်တယ်။ ဖနောင့်ကြောကိုထိခိုက်နိုင်လို့ ဆေးပေးနေတုံး ပြင်းပြင်းထံထံ လေ့ကျင့်ခန်း-အလုပ်လုပ်တာ ရှောင်ရမယ်။

Ofloxacin အပါအဝင် ပဋိဇီဝဆေးတွေကြောင့် အူတွေထဲမှာ ပုံမှန်နေကြတဲ့ (ဗက်တီးရီးယား) တွေ အခြေအနေ ပြောင်းစေတယ်။ အူမကြီးရောင်တာ ဖြစ်စေနိုင်တယ်။ ဖျားမယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်၊ ရှားရှားပါးပါး (ရှော့ခ်) ရတတ်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၄

Causes of sudden weight loss ကိုယ်အလေးချိန် မထင်မှတ်ဘဲ ဘာလို့ကျသလဲ

မေးခွန်း ဘာသာပြန် = အသက် ၂၃ နှစ် ကျန်းမာနေတဲ့ ယောက်ျားတယောက် အလေးချိန် မထင်မှတ်ဘဲ ကျလာတာ ဘာလို့ပါလဲ။ သွေးသကြားဓါတ်လဲနည်းနေပါတယ်။

1. Diabetes ဆီးချို
ဆီးသွားတဲ့အကြိမ်ပိုများမယ်။ ရေငတ်မယ်။ ဆာလောင်မယ်။ အမျိုးအစား (၂) ဆိုရင် ကိုယ်အလေးချိန်တက်ပြီး (၁) ဆိုရင် ကျမယ်။ အားယုတ်မယ်။ အနာတော်တော်နဲ့မကျက်နိုင်ဘူး။

2. Depression စိတ်ဓါတ်ကျခြင်း
စိတ်မူပြောင်းမယ်။ ဝမ်းနည်းတာများနေမယ်။ စိတ်တိုမယ်။ ကိုယ်အလေးချိန်ကျမယ်။ အလုက်-ကျောင်းပျက်မယ်။ ပျော်ရွှင်မှုနည်းမယ်။ အိပ်မပျော် ဒါမှမဟုတ် အကြာကြီးအိပ်မယ်။ အနုတ်သဘောသာထင်မြင်ပြောဆိုနေမယ်။ သတ်သေချင်စိတ်ဝင်လာမယ်။

3. Overactive thyroid လည်ပင်းကြီးဟော်မုန်းများခြင်း
လည်ပင်းကြီးအကျိတ်ကနေ ဟော်မုန်းတွေထုတ်ပေးနေတယ်။ သူ့ကြောင့် နှလုံးခုန်နှုန်းနဲ့ ကယ်လိုရီ အသုံးပြုမှုတွေကို သက်ရောက်စေတယ်။ ဒါ့ပြင် ကယ်လ်စီယမ်ကိုထိန်ချုပ်ပေးတဲ့ဟော်မုန်းလဲ ထုတ်ပေးတယ်။ အဲလိုများနေသူတွေမှာ နှလုံးခုန်မြန်နေမယ်။ ရင်တုန်မယ်။ မူမမှန်ဖြစ်မယ်။ မျက်နှာနီမြန်းနေမယ်။ ချွေးပိုထွက်မယ်။ ကိုယ်အလေးချိန်ကျမယ်။ အသက်ရှူတာတိုမယ်။ ဆောက်တည်ရာမရလုပ်တတ်တယ်။ အားယုတ်မယ်။ စိတ်တိုမယ်။ ပူတာမကြိုက်ဖြစ်မယ်။ မျက်လုံးပြူးလာမယ်။ ကလေးမရနိုင်ဖြစ်မယ်။ လိင်စိတ်နည်းမယ်။

4. Tuberculosis တီဘီ
တီဘီဟာ နာတာရှည်ရောဂါဖြစ်တယ်။ အဆုပ်၊ ခါးရိုး၊ အူ၊ ကျောက်ကပ်နဲ့ ဦးနှောက်မှာဖြစ်နိုင်တယ်။ ချောင်းဆိုးမယ်။ သလိပ်ထဲသွေးပါနိုင်တယ်။ ရင်ပတ်အောင့်နိုင်တယ်။ ကိုယ်အလေးချိန်ကျလာမယ်။ ကိုပူမယ်။ ညချွေးထွက်မယ်။

5. Chronic obstructive pulmonary disease နာတာရှည် အဆုပ်လမ်းပိတ်ဆို့ရောဂါ
လေသွားလမ်းကို တနည်းနည်းနဲ့ပိတ်စေတဲ့ရောဂါတွေကိုစခေါ်တာဖြစ်တယ်။ အသက်ရှူခက်မယ်။ နာတာရှည် လေပြွန်ရောင်တာလဲ ပါတယ်။ အသက်ရှူသံက စီစီ စီစီသံထွက်နေမယ်။ အသက်ရှူတိုမယ်။ ရင်ကြပ်မယ်။ ပါးစပ်နှုပ်ခမ်းနဲ့ ခြေသည်းလက်သည်းတွေပြာနေမယ်။ မောပန်းမယ်။ ကိုယ်အလေးချိန် နောက်ပိုင်းမှာ ကျလာမယ်။

6. Crohn’s disease (ခရုန်း) ရောဂါ
Inflammatory bowel disease (IBD) အူရောင်တာလို့လဲခေါ်တယ်။ ဗိုက်အောင့်မယ်။ ဆိုးတိုးဝါးဝါးဝမ်းပျက်မယ်။ အာဟာရချို့တဲ့မယ်။ ကြီက်တက်မယ်။ စားချင်စိတ်နည်းမယ်။ ဝမ်းထဲ အနာဖြစ်လို့ သွေးပါမယ်။

7. Addison’s disease (အယ်ဒီဆင်) ရောဂါ
ကျောက်ပ်အထက်မှာရှိတဲ့ (အဒီနယ်) အကျိတ်ကနေထုတ်ပေးနေတဲ့ ဟော်မုန်းတွေနည်းနေတဲ့ရောဂါဖြစ်တယ်။ cortisol နဲ့ aldosterone တွေဖြစ်တယ်။ကိုယ်အလေးချိန်ကျမယ်။ အားယုတ်မယ်။ ကြွက်သားအားနည်းမယ်။ သွေးဖိအားကျမယ်။

8. Cancer ကင်ဆာ
ဆကိုယ်လုံး ဘယ်နေရာဖြစ်ဖြစ်၊ ကင်တာဖြစ်နိုင်တယ်။ အမျိုးအစားအလိုက် ခံစားရမှာ မတူဘူး။ များသောအားဖြင့် ကိုယ်အလေးချိန်ကျမယ်။ အားယုတ်မယ်။ ညချွေးထွက်မယ်။ တက်စေ့တွေရောင်မယ်။

9. HIV / AIDS အိတ်ခ်ျအိုင်ဗွီ
HIV ပိုးဝင်ကာစ တုပ်ကွေးလိုသာခံစားရမယ်။ AIDS ဝင်လာရင်တော့ ရောဂါလက္ခဏာတွေ အမျိုးမျိုးရှိနိုင်တယ်။ ကိုယ်အလေးချိန်ကျမယ်။

10. Parkinson’s disease (ပါကင်ဆန်) ရောဂါ
ဆိုးဆိုးလာတဲ အာရုံကြောရောဂါဖြစ်တယ်။ ကိုယ်နဲ့ မျက်နှမှာ တင်းတောင့်နေမယ်။ သွားလာလှုပ်ရှားမှုနှေးမယ်။ ပျောက်အောင်ကုမရပေမဲ့ ဆေးကုရင် ခံစားရတာတွေကို သက်သာစေမယ်။ ကိုယ်ကိုထိန်းရတာခက်မယ်။ မျက်တောင်ခပ်တာ၊ ရီတာကအစ အလိုလိုထိန်းနိုင်တာတွေ ခက်ခဲလာမယ်။ လမ်းသွားလို့လက်လွှဲတာ၊ စကားပြောတာတွေ ခက်တာမယ်။ ကိုယ်အလေးချိန်ကျမယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂ဝ၁၄

Rapid breaths 'protect early babies' လမစေ့ဘဲမွေးတဲ့ကလေးတွေအတွက် ဆေးသုတေသနသစ်

Post Before “read more” • လမစေ့ဘဲမွေးလာတဲ့ကလေးတွေကို အလွန်ချင်မြန်လှတဲ့ အသက်ရှူမှုလုပ်ပေးရင် ရေရှည်အဆုပ်လုပ်ငန်းကို ကောင်းစေတယ်လို့ ဆေးသုတေသနသစ်တခုကတွေ့ရှိလိုက်ပါတယ်။
• ၇ လနဲ့မွေးတဲ့ကလေးတိုင်းဟာ ဖွံ့ဖြိုးမှုမပြည့်စုံသေးလို့ အစစဂရုစိုက်ပေးရတယ်။ ယူကေနိုင်ငံမှာ လမစေ့ဘဲမွေးတဲ့ကလေး တနှစ်မှာ ခြောက်သောင်းလေယက်ရှိတယ်။
• အသက်ရှူနှုန်းကို တမိနစ်မှာ အကြိမ် ၃ဝ ရှိစေအောင်လုပ်ပေးသင့်တယ်လို့ လက်ခံထားပြီးဖြစ်တယ်။ အခု သုတေသနသစ်အရ တမိနစ်မှာ အကြိမ် ၆ဝဝ လုပ်ပေးတယ်။
• လန်ဒန် ဘုရင့်ကောလိပ်ကနေ တွေ့ရှိတာပါ။ ကိုယ်ဝန် ၂၉ ပါတ်နဲ့မွေးလာတဲ့ကလေးပေါင်း ၃၁၉ ယောက်ကို အရွယ်ရောက်တဲ့အချိန်ထိ စစ်ဆေးဆန်းစစ်ခဲ့တာဖြစ်ပါတယ်။ အဲလိုကလေးတွေကို မွေးပြီးချင်း တနာရီအတွင်းမှာ high-frequency oscillatory ventilation (HFOV) အသက်ရှူစက်နဲ့လုပ်ပေးတာဖြစ်ပါတယ်။
• အဲဒီကလေးတွေကို အသက် ၁၁ နှစ်ကနေ ၁၄ နှစ်အထိပြန်စစ်ဆေးတဲ့အခါ အသက်ရှူလမ်းပိုကောင်းနေတာကို တွေ့လာရတယ်။ လေထုထည်နည်းနည်းလေးကို အဆုပ်တွေထဲကို အားနဲ့သွင်းပေးခြင်းကြောင့် ပျက်စီးမှု နည်းစေတာကြောင့် ဖြစ်မယ်လို့ ယုံကြည်ရတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂ဝ၁၄

Wednesday, March 19, 2014

Health Vs Politics ကျန်းမာရေး၊ နိုင်ငံရေးနဲ့ ကြံ့ခိုင်ရေး

ဆရာရှင့် ကျွန်မပို့တဲ့ မေးလ်မှာရိုက်ထားတဲ့ စာတွေကို့ ဘလော့မှာတွေ့လို့ပါ။့ ကလည်း ဆရာပဲလားဆရာ။ မဟုတ်ပါ။ ဆရာက နာမည်ရင်း ‘ဒေါက်တာတင့်ဆွေ’ ဆိုတာဘဲ ကျန်းမာရေးမှာရော နိုင်ငံရေးမှာပါ သုံးပါတယ်။ ခွင့်တောင်းပြီး ကူးတင်တာရှိသလို အများစုက ဆရာမသိဘဲသုံးကြတယ်။ စာသားမူရင်းနဲ့ ပုံမူရင်းကို သုံးတာတော့ ပြောစရာမရှိပါ။ ပိုပြီးသင့်မြတ်မဲ့ပုံနဲ့တင်တာလဲ ပြောစရာမရှိပါ။ ဖြန့်ဝေပေးသူတွေကို ကျေးဇူးတင်ရမှာပါ။ ကျန်းမာရေးနဲ့ ဆေးပညာစာတွေကို ၃ဝ-၉-၂ဝဝ၈ နေ့ကတည်းက ရေးနေတာ ကနေ့အထိ (ပို့စ်) ပေါင်း ၈၄၄ ခုရှိပါပြီ။ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများကတော့ အခုထိ ၅၇၈ ပုဒ် ရှိနေပါပြီ။ ဒါတွေကို (ဘလော့ခ်) မှာသာ ရေးတာပါ။ ရေးကာစက (ဘလော့ခ်) ထဲကို မြန်မာပြည်ကလူတွေ ဝင်မရဘူးဆိုလို့ (ဝက်ဘ်ဆိုက် ဒိုမိန်း) တခု ဝယ်ပြီး လုပ်ရပါသေးတယ်။ ၂ နှစ်နေတော့ မတတ်နိုင်တာရော၊ (ဘလော့ခ်) ထဲကို ဝင်လို့ ရလာကြတာမို့ပါ၊ အခုတော့ (ဝက်ဘ်ဆိုက်) ကို မတတ်နိုင်တာမို့ ဖြုတ်လိုက်ပါပြီ။ ဖေ့စ်ဘွတ်က အစားဝင်လာပါတယ်။ (ဘလော့ခ်) တွေမှာ ကျွန်တော်ရေးထားတာတွေကို ကူးယူပြီး၊ တခြား (ဘလော့ခ်) နဲ့ (ဝက်ဘ်ဆိုက်) တွေမှာတင်တာ တချို့တော့သိပါတယ်။ ခွင့်တောင်းသူရှိတယ်၊ မတောင်းတာကများတယ်။ အခုတော့ မေတ္တာရပ်ခံစရာ ပေါ်လာပါတယ်။ တလောက (ဆိုက်) တခုမှာ တင်ထားတာကို မိတ်ဆွေတယောက်က (လင့်ခ်) ပေးလို့ ကြည့်မိပါတယ်။ ကျွန်တော် ရေးထားတဲ့ စာတပုဒ်ကို ရုပ်သေနဲ့ ဗီဒီယို အပိုင်းအစတွဲပြီး တင်ထားတာ တွေ့လိုက်ရပါတယ်။ အဲလိုလုပ်တာ မကောင်းပါ။ ဆေးပညာပေးရည်ရွယ်ချက် တမျိုးဖြစ်သွားပါတယ်။ (ဘလော့ခ်) မှာ စည်းကမ်းထားပါတယ်။ Adult Content လူကြီးများသာ ဖတ်စရာ အတန်းအစားလို့ ရှိပါတယ်။ အဲလို လုပ်မထားရင် အဲဒီ (ဘလော့ခ်) ဟာ ကြာကြာအသက်မဝင်နိုင်ပါ။ ကျွန်တော့်စာတွေမှာ သုံးတဲ့ရုပ်ပုံတွေကို သတိထား ရွေးပါတယ်။ ရုပ်ပုံနဲ့ ဗီဒီယိုပါတွဲတင်ရင် ပိုကောင်းမှန်းသိပေမဲ့ မိသားစုတပြိုင်နက်ကြည့်နိုင်တာမျိုး မဟုတ်လောက်ရင် မတင်ပါ။ တချို့ (ဝက်ဘ်ဆိုက်) တွေမှာ အဲလိုစည်းကမ်းမရှိပါ။ (ဖေ့စ်ဘွတ်) မှာလဲ ဘာစည်းကမ်းမှ မထားလို့ ကျွန်တော့် ဖေ့စ်ဘွတ်မှာ အဲတာမျိုးတွေကို လုံးဝမတင်ပါ။ အခုစာရေးနေချိန်မှာ Medical Writings ဆေးပညာစာများ စာဖတ်သူပေါင်း ၁,၄၂ဝ,၄၂၇ ယောက်နဲ့ Medical Writings for Over 18 အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ စာဖတ်သူပေါင်း ၆၈၅,၂၅၄ ယောက်ရှိပါပြီ။ အမေး-အဖြေ အရေအတွက်ကိုတော့ မရေတွက်အားသေးပါ။ ဆေးပညာနယ်ပယ်တွေမှာ မြင်အပ်တာတွေ၊ မမြင်အပ်တာတွေ ရှိပါတယ်။ မမြင်အပ်လို့ ရောဂါမရကြတာ မဟုတ်ပါ။ ဆေးစာတွေရေးရင် ရောဂါဗေဒစနစ်ပေါင်းစုံပါမှသာ ပြည့်စုံတယ်။ မျိုးပွါးလမ်းကြောင်းရောဂါဆိုတာ ယောက်ျား-မိန်းမ အဖြစ်များတယ်။ ချန်ထားခဲ့လို့ မဖြစ်သင့်တာတွေ ပိုဖြစ်ခဲ့တယ်ထင်ပါတယ်။ ဆေးပညာရှင်တိုင်းက ဆရာဝန်ပဋိညာဉ်ကို လိုက်နာကြရပါတယ်။ လူနာရဲ့လျှို့ဝှက်အပ်တာကို ကိုယ့်ဆီလာပြ-လာပြောတာမှန်သမျှ သူများကို ထုတ်မပြောရပါ။ သူများ (ဆိုက်) မှာ ဝေဝေဆာဆာတင်ထားတဲ့ ကျွန်တော့်စာအောက်မှာ (ကွန်မင့်) တွေကို အပြေးအလွှား ဖတ်ကြည့်တော့ စာရေးသူကျွန်တော့်ကို ရစရာမရှိအောင် ရေးထားတာကို ဖတ်ရပါတော့တယ်။ “ဒီလိုစာမျိုးရေးတာ ကျွန်တော့်မှာ သိက္ခာမရှိဘူး၊ သားသမီး မရှိဘူးလား” စသဖြင့်။ ဒီထက်ဆိုးတာကတော့ ကျွန်တော့်နိုင်ငံရေး၊ ကျွန်တော် ဝင်ထားတဲ့ နိုင်ငံပါတီအထိ အပြစ်တွေဖို့ ထားပါတယ်။ ကျွန်တော့်နိုင်ငံရေးကိုပါ ထည့်ပြောလာသူမျိုးဟာ ကြံ့ခိုင်ရေးဘက်သား ဖြစ်ဘို့များပါတယ်။ ကောင်းပြီဗျာ့ ကျွန်တော့် ကျန်းမာရေး၊ ကျွန်တော့်နိုင်ငံရေးနဲ့ ကြံ့ခိုင်ရေး ပြိုင်ကြသေးတာပေါ့။ ဆရာလဲ ဒိထက်မတတ်နိုင်ဘူး။ ဒေါက်တာတင့်ဆွေ ၂-၈-၂ဝ၁၃ ၁၉-၃-၂ဝ၁၄

Dry eye syndrome မျက်ရည်ခြောက်နေခြင်း

ကျမ လွန်ခဲ့သော လေးလခန့်မှစ၍ မျက်ရည်ခမ်းခြောက်သည့် ရောဂါဖြစ်ပါတယ်။ မျက်စိ နီရဲ ယားပြီး ကျိန်းစပ်လို့ သွားပြရာမှ မျက်ရည်ခမ်းခြောက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ အသက်မှာ ၃၁ နှစ်ဖြစ်ပြီး ကွန်ပျူတာဖြင့် အလုပ် အမြဲလုပ်နေရပါတယ်။ ယခု အခါ Systane Ultra ကို တစ်နေ့ တစ်ဘူး ခပ်နေရပါတယ်။ မျက်ရည်အတုကို ၁၀ မိနစ် တစ်ကြိမ်နီးပါး မျက်စိ နှစ်ဖက်လုံးကို ခပ်နေရပါတယ်။ အလုပ်အကိုင်ပျက် ဝါသနာပါသော အလုပ်များလည်း လုပ်မရသည့်အပြင် ငွေကုန်ကြေးကျ များလာပါတယ်။ မျက်စိဆရာဝန်ကတော့ ပျောက်ကင်းသည့်နည်းလမ်း မရှိလို့ ပြောတယ်။ လေဆာဖြင့်မျက်ရည် ဝင်ပေါက်ကို ပိတ်လို့ရနိုင်တယ်လို့ပြောပါတယ်။ မည်သို့ ဆောင်ရွက်သင့်သလဲ နှင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ရှင်းပြပေးစေလိုပါတယ်ရှင်။

မျက်ရည်ခြောက်ရောဂါ အဖြစ်မနည်းပါ။ နောက်ဆက်တွဲတွေ ဆက်ဖြစ်လာနိုင်တယ်။ မျက်စိဆိုတာ အမြဲစိုစွပ်နေရတ်ာမို့ ဒီရောဂါရှိနေရင် အမြဲဆေးသုံးနေရပါမယ်။

မျက်ရည်လွှာဆိုတာ (၃) ထပ်ရှိတယ်။ အတွင်းဆုံးကအပါးဆုံး။ (မြူးကပ်စ်) ပါတယ်။ မျက်လုံးကို ဖုံးထားတဲ့ (ကွန်ဂျယ်တိုက်ဘာ) အလွှာကနေထုတ်ပေးနေတယ်။ အလယ်လွှာ (အကွီးယပ်) ကအထူဆုံးနဲ့ အကြီးဆုံး။ ဆားရည် အပျော့စားဖြစ်တယ်။ အပေါ်မျက်ခွံက မျက်ရည်အိတ်တွေနဲ့ အပိုဆောင်း မျက်ရည်အိတ်တွေကနေ ထုတ်ပေးနေတယ်။ မျက်လုံးကို စိုစွပ်နေစေတယ်။ နေရတာသက်သာစေတယ်။ အမှုံအမွှားဝင်လာရင် ရှင်းထုတ်ပေးမယ်။ ဒီအလွှာ မကောင်းခြင်းကြောင်း မျက်စိခြောက်တာကို အများဆုံးဖြစ်စေတယ်။ Keratoconjunctivitis sicca လို့ခေါ်တယ်။ အပြင်ဆုံးလွှာကတော့ ပါးတယ်။ ဆီနဲ့ အဆီပါတယ်။ မျက်ခွံမှာရှိနေတဲ့ Meibomian glands (မီဘိုမီယန်) အိတ်လေးတွေနဲ့ Zeis (ဇိုက်စိ) အိတ်လေးတွေကနေထုတ်ပေးတယ်။ ဆားရည်လွှာကို ခမ်းခြောက်တာကနေ ကာကွယ်ပေးတယ်။

ဒီရောဂါရှိနေသူတွေမှာ ကိုယ်တိုင်လုပ်နိုင်တာတွေရှိတယ်။ Humidifier လေးစိုထိုင်းမှုထိန်းပေးတဲ့စက်သုံးနိုင်တယ်။ အခန်းလေအေးစက်က မကောင်းတတ်ပါ။ လေတိုက်များတာလဲ မကောင်းပါ။ မျက်လုံးကို အပူကပ်ပေးတာနဲ့ မျက်ခွံကို ကလေးသုံးခေါင်းလျှော်ရည်သုံးပြီး နှိပ်နယ်ပေးတာက အဆီလွှာအတွက် ကောင်းစေတယ်။

• Artificial tears မျက်ရည်တု နဲ့ Lubricating eye drops and gels မျက်စိချောမျက်စဉ်း သုံးနေရမယ်။ အနည်းဆုံး တနေ့ ၄ ကြိမ်ခပ်ရတယ်။
• Preservative free solutions အမျိုးအစားဆိုရင် တနေ့ အနည်းဆုံး ၆ ကြိမ်ခပ်ရတယ်။
• Lubricating eye ointments မျက်စိချောဆီကော်မျက်စဉ်းက အရည်နဲ့ ဂျဲလ်ထက် ပိုထူတယ်။ ညမှာချပ်တာပိုသင့်မယ်။
• နေ့ခင်းမျက်စိသုံးရတဲ့အလပ်လုပ်ရသူတွေက မျက်စိကို မကြာခဏ အနားပေးရမယ်။ ၁ဝ မိနစ်တခါ ၁ဝ စက္ကန့် နားပါ။ မျက်တောင်ပိုခတ်ပေးပါ။
• Fish oil ငါးကြီးဆီနဲ့ Omega-3 fatty acids အိုမီဂါ-သရီး သောက်ပါ။
• သုံးနိုင်တဲ့မျက်စဉ်းတွေကတော့ 20/20 Tears, Celluvisc, Comfort Tears, Dry Eyes, Murine, Refresh, and Tears Naturale တွေဖြစ်တယ်။
• မျက်ကပ်မှန်နဲ့ဆင်တူတဲ့ Lacrisert ကိုထည့်နည်းလဲ မျက်စိဆရာဝန်တွေ ညွှန်နိုင်တယ်။ တနေ့မှာ ၁-၂ ခါ ထည့်ရတယ်။ အထဲမှာ Cellulose ပါတယ်။
• Cyclosporine A 0.5% (Restasis) ဆေးက မျက်စိရောင်ရမ်းတာကိုသက်သာစေတယ်။ တနေ့ ၂ ကြိမ် သုံးရတယ်။
• Corticosteroid drops (Lotemax, Alrex, FML, Vexol) စတီရွိုက်ပါတဲ့ဆေးလဲ သူ့ချည်းဖြစ်ဖြစ် cyclosporine နဲ့ရောပြီးဖြစ်ဖြစ် သုံးနိုင်တယ်။ ခံစားနေရတာကို သက်သာမေယ်။
• Voltaren, Acular, Nevanac, Xibrom အနာသက်သာမျက်စဉ်းလဲသုံးနိုင်တယ်။ ရောင်ပြီးရင်းလာချိန်မှာ ပိုးသေဆေးပါတဲ့ မျက်စဉ်သုံးရမယ်။


ခွဲစိတ်ကုသနည်း
Punctal occlusion မျက်ရည်ထွက်လမ်းကို တမင်တကာပိတ်နေတာမျိုး လုပ်ပေးနိုင်တယ်။ သိပ်ဆိုးတဲ့သူကို မျက်ရည် ဆင်းလမ်းကို ရာသက်ပန် လျှပ်စစ်ဖြစ်ဖြစ် လေတာနဲ့ဖြစ်ဖြစ် ပိတ်ပေးနိုင်တယ်။ မျက်နှာတဖက်လေဖြတ်လို့ မျက်လုံးတဖက် မပိတ်နိုင်သူကို Lateral tarsorrhaphy ခွဲစိတ်နည်းလုပ်ပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၄

Sunday, March 16, 2014

Doxycycline (ဒေါက်ဆီဆိုက်ကလင်း)

(၁) Doxycycline ကို နှစ်ရှည် သောက်ရင် side effect ရှိပါသလား ဆရာ။ တစ်နေ့ ၂ လုံး (သို့) ၁ လုံး ဘယ်ဟာက ပိုပြီးသင့်တော်ပါသလဲရှင့်။ အိမ်ထောင်ပြုပြီးရင်ရော ဆက်သောက်လို့ ရပါသလားဆရာ။ ဆရာကျန်းမာပါစေ ဆုတောင်းလျက်။
(၂) Doxycycline 100mg BP ကကော ဘာဆေးပါလဲဆရာ။

Doxycycline (HCl) ဆိုတာ Achromycin, Vibramycin တွေလိုဘဲ Tetracycline (တက်ထွာဆိုက်လင်း) တမျိုး ပိုးများစွာကိုနိုင်တဲ့ ပဋိဇီဝဆေး၊ဖြစ်တယ်။
• ဂနိုးရီးယား၊ 100 mg တနေ့ ၂ ကြိမ်၊ ၅ ရက်။ ဒါမှမဟုတ် 300 mg ချက်ချင်းပေးပြီး၊ နောက် ၁ နာရီမှာ တခါသောက်ပါ။
• ဆစ်ဖလစ် အဆင့် ၁ + ၂၊ 100 mg တနေ့ ၃ ကြိမ်၊ ၁ဝ ရက်သောက်ပါ။
• ဆစ်ဖလစ် အဆင့် ၃၊ 200 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက် + Ceftriaxone 1 Gm နေ့စဉ်၊ ၁၄ ရက်သောက်။
• Urethral, Endocervical, or Rectal infection ဆီးသွားလမ်း၊ သားအိမ်ဝနဲ့ အစာဟောင်းအိမ်ပိုးဝင်ခြင်း 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်။
• Anthras ဒေါင့်သန်းနာ၊ 100 mg တနေ့ ၂ ကြိမ်၊ ၅ ရက်၊ သွေးကြောထဲထိုးပါ၊ ဒါမှမဟုတ် ပါးစပ်က တနေ့ ၂ ကြိမ်သောက်ပါ။
• လူစုလူဝေးမှရသည့် နူမိုးနီးယား၊ 100 mg သွေးကြောထဲထိုးပါ၊ ဒါမှမဟုတ် ပါးစပ်ကတနေ့ ၂ ကြိမ်သောက်ပါ။ + Cefotaxime 2 Gm သွေးကြောထဲ တနေ့ ၃ ကြိမ်ထိုးပါ။
• နူမိုးနီးယား၊ 100-200 mg တနေ့ ၂ ကြိမ်၊ ၁ဝ ရက်။ ဒါမှမဟုတ် 100 mg သွေးကြောထဲထိုးပါ၊ ဒါမှမဟုတ် ပါးစပ်က တနေ့ ၂ ကြိမ်သောက်ပါ၊ + Cefotaxime 1-2 Gm သွေးကြောထဲ တနေ့ ၃ ကြိမ်ထိုးပါ။
• ဗက်တီးရီးယား မျက်စိနာ၊ 300 mg ချက်ချင်းသောက်ပြီး၊ 100 mg တနေ့ ၁ ကြိမ်၊ ၂ ပါတ်သောက်ပါ။ + Sulfonamide 10% မျက်စဉ်း၊ ၂-၃ ရက်ခပ်ပါ။
• သာမန် ဘေးထွက်ဆိုးကျိုးတွေ = ပျို့-အန်၊ ဗိုက်အောင့်၊ အရေပြားယား၊ မွေးလမ်းကြောင်းယား၊ မွေးလမ်းကြောင်း အဖြူဆင်း။
• ဆိုးဝါးတဲ့ ဘေးထွက်ဆိုးကျိုးတွေ (အဖြစ်နည်းပါတယ်) = ခေါင်းအကြီးအကျယ်ကိုက်ခြင်း၊ ခေါင်းမူး၊ မျက်စိ ကြည့်မကောင်း၊ ကိုယ်ပူ၊ ချမ်း၊ ကိုက်ခဲ၊ ဆုပ်ကွေးလိုခံစား၊ ဆီးနည်း၊ ဝမ်းပျက်၊ ဆီးအရောင်ရင့်၊ ဗိုက်နာ၊ ပျို့-အန်၊ နှလုံးခုန်မြန်၊ အစားပျက်၊ အသားဝါ၊ လည်ချောင်းနာ။

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၃
၁၆-၃-၂ဝ၁၄

Betel nut with Tobacco ဆေး-ကွမ်းယာ နဲ့ ကျန်းမာရေး

မြန်မာနိုင်ငံသားတွေ မျိုးရိုးစဉ်ဆက် စားသုံးလာခဲ့ကြတဲ့ ကွမ်းယာဟာ ကာလရွေ့လျားလာတာနဲ့ အစပ်အဟပ်တွေ ပြောင်းလာတယ်။ ငါန်းမြာကဆေးလဲ မဟုတ်တော့တာ များလာပြီး၊ တံတားဦးက ကွမ်းနုဝါလဲ စာထဲသာသာ ရှိတော့တယ်။ အပြင်ကနေ ဝင်ချင်တာမှန်သမျှ ဒလဟော နေရာယူလာတယ်။ ကောင်းမှန်း-ဆိုးမှန်း မသိတာတွေက များတာအမှန်ဘဲ။ ပွင့်လင်းမှုက တစက်မှမရှိ၊ လေ့လာမှုကိုလဲ လိုက်ကာချ၊ သုတေသနဆိုတာလဲ ဘွဲ့ရဘို့ လုပ်တဲ့စာတမ်း သာသာလောက်သာ ရှိနေခဲ့တာ နှစ်ပေါင်း လေးငါးဆယ် ကြာနေခဲ့တယ် မဟုတ်ပါလား။

ကျန်းမာရေးအတွက် မကောင်းဘူး၊ မသင့်ဘူးလို့ သိထားပေမဲ့ အခုမှပိတ်ပင်လာနေရတယ်။ အခုမှပိတ်တာက ထိရောက်ရင်တော့ နောင်မှာ ဖြစ်ချင်မှ ဖြစ်ပါမယ်။ အရင်ကမှားတာတွေ၊ ဝါးတာတွေကနေ ရောဂါတွေဖြစ်မှာ လူဘယ်လောက် များသလဲ မသိနိုင်ကြတာဟာ ဝမ်းနည်းစရာဘဲ။ ခံတွင်း-ကင်ဆာ နဲ့ ကွမ်းစားတာ ပတ်သက်နေပါတယ်။

ကွမ်းယာမှာ မပါမဖြစ်တဲ့ ကွမ်းရွက်က ဆေးဖြစ်ဝါးဖြစ် အသုံးကျတာကို ဆရာဝန်တွေကလဲ မငြင်းကြပါ။ ကွမ်းသီး နဲ့ ဆေး ကိုတော့ သုတေသနတွေ တလှေကြီးလုပ်ပြီး တားဆီးတာတွေ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကွမ်းစားတာရော ကွမ်းသီး ဝါးတာပါ တကမ္ဘာလုံးမှာ လူဦးရေရဲ့ ၁ဝ% ရှိတယ်။ Betel nut ကွမ်းသီးကို ရုက္ခဗေဒလို Areca catechu လို့ ခေါ်တယ်။ ဓါတုဗေဒလို ပြောရရင် (အရီကိုလင်း)၊ (ပိုင်လိုကာပင်း) နဲ့ (မတ်စကရင်း) ခေါ်တဲ့ (အယ်လ်ကာလွိုက်) ၃ မျိုး ပါတယ်။ စိတ်ကို ပြောင်းလဲစေနိုင်တဲ့သတ္တိ ရှိတယ်။

၂ဝဝ၄ က ကျင်းပခဲ့တဲ့ နိုင်ငံတကာ ကင်ဆာ သုတေသန အေဂျင်စီ (ကွန်ဖရင့်) တခုမှာ “ကွမ်းသီးကြောင့် တိရစ္ဆာန်တွေမှာ ကင်ဆာ ဖြစ်စေတယ်။ လူကို ကင်ဆာ မဖြစ်မီအဆင့်ကို ဖြစ်စေတယ်” လို့ စာတမ်း ဖတ်ခဲ့တယ်။ Tobacco (Nicotiana genus) ဆေးကနေ Genetic mutations မျိုးဗီဇ ပြောင်းလဲမှု ဖြစ်စေနိုင်တယ်။ အဲလို ဖြစ်တာဟာ ကင်ဆာကို ဦးတည်စေပါတယ်။

• ဆေးလိပ်၊ စီးကရက် မသောက်ဘဲ ဆေးငုံတာကို Smokeless tobacco “အငွေ့မထွက်တဲ့ ဆေးသုံးခြင်း” လို့ ခေါ်ကြတယ်။
• Smokeless, Not Harmless “အငွေ့မပါပေမဲ့ အန္တရာယ်မကင်းပါ” လို့ သတိပေးထားတယ်။
• အကျင့်က စွဲတယ်။ ဖြတ်ဘို့ မလွယ်တတ်ဘူး။
• ခံတွင်းနံ့မကောင်း ဖြစ်တယ်။ တံတွေးများများလာလို့ ခဏခဏ ထွေးနေရမယ်။
• ယဉ်ကျေးမှုဘက်ကကြည့်ရင် ရိုင်းတယ်။ တီဗွီ တင်ဆက်သူတွေက တင်းနစ် ကစားတဲ့ မိန်းကလေးတွေကို ကင်မရာ ရိုက်ချက်ကို ရွေးပြီးမှာ ပြလေ့ရှိတာတော့ ယဉ်ကျေးပါတယ်။ ဘောလုံးပွဲတွေကြည့်ရင်း ကိုယ်အားပေးတဲ့ အသင်းကဖြစ်ဖြစ် ဘောလုံးသမားကနေ တံတွေးထွေးတာကို မြင်ရရင်တော့ မကြည့်ချင်ဘူး။
• ဖြူဖွေးနေရတဲ့ သွားတွေလဲ မဲလာမယ်။ သွားကို ဘယ်လောက်တိုက်တိုက် ဖြူမလာလို့ သွားဆရာဝန်ဆီ ခဏခဏ သွားနေရလိမ့်မယ်။ သကြားဓါတ်တွေပါတာ မနည်းလို့ သွားအခေါင်း ဖြစ်စေနိုင်တယ်။ သွားပိုးစားမယ်။
သွားဖုံးရောဂါတွေ ဖြစ်စေနိုင်တယ်။
• နှလုံးခုန်မြန်စေမယ်၊ သွေးတိုးတက်စေမယ်။
• ကင်ဆာ မဖြစ်ခင်အဆင့် ခံတွင်းရောဂါတွေ ဖြစ်လာစေနိုင်တယ်။
• ခံတွင်း ကင်ဆာတွေထဲမှာ လည်ချောင်း၊ ပါး၊ သွားဖုံး၊ နုတ်ခမ်းတွေနဲ့ လျှာကင်ဆာတွေ ပါဝင်တယ်။ သရက်ရွက်-ကင်ဆာ နဲ့ ကျောက်ကပ်-ကင်ဆာ၊ အစာမျိုပြွန်-ကင်ဆာ၊ အစာအိမ်-ကင်ဆာတွေလဲ သုတေသန စာရင်းထဲမှာ နောက်နားက ပါသေးတယ်။

အငွေ့မထွက်တဲ့ဆေးထဲမှာ (ကာစီနိုဂျင်) ကင်ဆာကို ဖြစ်စေနိုင်တဲ့ ဓါတ်စုစုပေါင်း ၂၈ မျိုးပါနေတယ်။ ဒါတွေထဲမှာ အဓိက ပစ္စည်းက (နိုက်ထရိုဆမင်း) ဖြစ်တယ်။ ဆေးထဲမှာပါတဲ့ (နီကိုတင်း) ဓါတ်ဟာ စွဲစေတယ်။ ဒီဓါတ်ကို ခံတွင်းကနေ စုပ်ယူတာဟာ စီးကရက် သောက်တာထက်တော့ နှေးပေမဲ့ သွေးထဲကို ၃ ဆကနေ ၄ ဆ ပိုဝင်တယ်။ သွေးထဲမှာလဲ ပိုပြီး ကြာကြာ နေတယ်။ ပါးစောင်မှာ အဖြူကွက်ပေါ်တဲ့ (လူကိုပလီးကီးယား) ရောဂါ ရလာနိုင်တယ်။ ဒါမျိုးကနေ တချိန်မှာ ကင်ဆာကို ပြောင်းသွားနိုင်တယ်။

Gutkha (ဂူရခါး) ကွမ်းသီးခြောက်ထုပ်
ဆေးမပါဘဲ ကွမ်းသီးကို ပြုပြင်ထားတာကို အထုပ်ငယ်လေးတွေနဲ့ ကွမ်းယာဆိုင်တိုင်းမှာ ဈေးချိုချိုနဲ့ ဝယ်လို့ရတယ်။ အိန္ဒိယမှာ များလွန်းလို့ “နှစ်ပြားတန်ကနေ ကင်ဆာဖြစ်စေမယ်” လို့ သတိပေးကြတယ်။ ကွမ်းသီးကို ပြုပြင်နည်းတွေ အမျိုးမျိုးရှိတယ်။ အမွှေးနံ့တွေလဲ မတူကြဘူး။ လေးညှင်း၊ ဖါလာ၊ စတာတွေအပြင် ချောကလက်နံ့ပါတာလဲ ရှိသေးတယ်။ ခံတွင်း-ကင်ဆာဆိုတာ ဖြစ်လာဘို့ရာ ဆယ်နှစ်ကြာလို့ ကွမ်းသီးခြောက်ကို ၄-၅ နှစ် စားသုံးနေလို့ ဘာမှမဖြစ်ဘူး မထင်သင့်ပါ။ ဒါကြောင့် အိန္ဒိယမှာ ခံတွင်း-ကင်ဆာ အဖြစ်အများဆုံးဘဲ။ ၂ဝဝ၈ ခုနှစ်တုံးက အမေရိကားမှာ ၂ သောင်း ၃ ထောင်သာရှိခဲ့ပေမဲ့၊ အိန္ဒိယမှာ ခံတွင်း-ကင်ဆာ လူနာပေါင်း ၇ သောင်း ရှိခဲ့တယ်လို့ နိုင်ငံတကာ ကင်ဆာ သုတေသန အေဂျင်စီကနေ ထောက်ပြထားပါတယ်။ ဆေး-ဆေးလိပ်၊ အရက်၊ (ကေဖင်း) နောက်မှာ ကွမ်းသီးဟာ စတုတ္ထမြောက် အများဆုံး တလွဲသုံးနေကြတယ်။

(ကိုကာ-ကိုလာ) ထဲမှာ ဘာတွေကို ဘယ်လောက် အတိအကျထည့်ပြီး ဖျော်စပ်တယ်ဆိုတဲ့ Coca-Cola formula ဟာ ကုမ္ပဏီရဲ့ လှို့ဝှက်ချက် ဖြစ်တယ်။ အလားတူဘဲ (ဂူရခါး) ထဲမှာလဲ သူများ မသိတာတွေ ပါနေတယ်။ ဥပမာ Jhee (ဂျီး) ဆိုတဲ့ အမျိုးအစားထဲမှာ ကွမ်းသီး ၇၅%၊ ဆေး ၁၂% နဲ့ သူများမသိတာ ၁၃% ပါတယ်လို့ ပိုင်ရှင်ကိုယ်တိုင်က ပြောတယ်။ ၂ဝဝ၈ တုံးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လေ့လာမှုတခုအရ (ဂူရခါး) ထဲမှာ (ခရိုမီယမ်)၊ (နစ်ယ်လ်) နဲ့ (အာဆင်းနစ်) တွေ ပါတယ်။ ဒါတွေက ကင်ဆာကို ဖြစ်စေနိုင်တယ်။

ကွမ်းယာကို အထားခံအောင် စီမံထားတာတွေထဲမှာ မှိုမတက်အောင်၊ စားကောင်းအောင် ဓာတုဗေဒပစ္စည်း တစ်ခုခု ထည့်ထားရတာမို့ ကင်ဆာဖြစ်စေတဲ့ (ကာစီနိုဂျင်) တွေပိုပြီးပါတယ်။ ကမ္ဘာပေါ်မှာ ဆေးပါတဲ့ကွမ်းယာ စားသုံးတာ မြန်မာနိုင်ငံက ၅၁့၎% ရှိတယ်။ ဒါကြောင့် “လျှာဖြတ်မခံလိုလျှင် ကွမ်းယာ မစားပါနှင့်” ဆိုပြီး လျှာကင်ဆာ အတွက် ကျန်းမာရေးသတိပေးချက် ရှိတယ်။

ကွမ်းယာစားသူတွေက ဆေးလိပ်သောက်တာ များတယ်။ တဆက်တည်း အရက်သောက်တာလည်း များတယ်။ ဆေးလိပ်နဲ့ ကွမ်းစားတာတွဲရင် ကင်ဆာဖြစ်နိုင်ချေ ၆ ဆလောက်ပိုများပြီး၊ အရက်ပါတွဲရင် ၁၂၃ ဆ များသွားပါတယ်။ ဒီလို အလေ့အကျင့်မျိုးတွေဟာ ပတ်ဝန်းကျင်စေ့ဆော်မှု၊ သူငယ်ချင်းတွေ ဆွဲဆောင်မှု၊ အတုမြင် အတတ်သင်မှုဆိုတဲ့ အကြောင်းခံတွေကနေ အကျင့်ကူးစက်တယ်။ အခြေခံကတော့ စိတ်ပါဘဲ။ သူ့ဘေးက နိုင်ငံရေး။

မြန်မာပြည်မှာ လူငယ်-လူရွယ်တွေ ဒီအလေ့အကျင့် ပိုများလာတာက လွန်ခဲ့တဲ့ (မဆလ) ခေတ်မှာ ဖက်ရှင်တခုလို တဆင့် တက်လာခဲ့တယ်။ အဲဒီခေတ်တုံးက အရာရာ ရှားပါးတဲ့အပြင် လူတွေကိုလဲ မှိုင်းတိုက်ထားတယ်။ မျက်စိတွေ၊ နားတွေ၊ ပါးစပ်တွေကို ပိတ်ထားခဲ့တယ်။ လွတ်လပ်ခွင့်တွေ အားလုံးကို ချုပ်ကိုင်ထားခဲ့တယ်။ ဒီတော့ လူငယ်တွေက ထွက်ပေါက် ရှာကြရတယ်။ အခိုက်အတန့်လေးဖြစ်ဖြစ် ကိုယ်ပိုင်၊ ကိုယ်တိုင် လုပ်နိုင်တာတွေထဲမှာ ဆေးလိပ်၊ ကွမ်းယာ နဲ့ အရက်ကို တွေ့တယ်။ အနှိပ်ခမ်း၊ အပျော်ခမ်းတွေဆိုတာ စစ်အုပ်ချုပ်မှုအောက်ရောက်မှ ပိုများလာတာပါ။ အခုလို နည်းနည်းပါးပါး ဖြစ်တော့ ပြောင်းလာတာတွေ ရှိလာချိန်မှာ လူငယ်တွေ ကိုယ်ပိုင်-ကိုယ်တိုင် လုပ်နိုင်လာတာလေးတွေ ရှိလာချိန်မယ် ဘာသာရေးနဲ့ ကိုက်ညီတာ၊ နိုင်ငံရေးနဲ့ လမ်းမှန်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကိုသာ ရွေးသင့်၊ ရှာသင့်ကြပါတယ်။

ဟိုတခါတုံးက အမေရိကန် ကျောင်းသားတွေ အရှေ့ဖက် နယ်စပ်ကို လေ့လာဘို့ လာကြဘူးတယ်။ မြန်မာပြည်က ကျောင်းသားတွေ ဆန္ဒပြကြလို့ ထွက်ပြေးရပြီး မကြာခင်ကပေါ့။ မြန်မာပြည် နယ်စပ်လမ်းတွေပေါ်က နီနီရဲရဲ အကွက်တွေမြင်တော့ “ဒါ ကျောင်းသားတွေရဲ့ သွေးလား” လို့ မေးကြတယ်။ သွေးတော့သွေးပါ။ အမှန်က “ရွှေဗမာတွေ ထွေးထားတဲ့ ကွမ်းသွေးတွေ” ဖြစ်ပါတယ်။

မဖြစ်နိုင်တာကို မလုပ်ပါနဲ့လို့ အကြံပေးတာဟာ အချည်းအနှီးသာဖြစ်လို့ “ဆေးနဲ့ ကွမ်းယာ ကျန်းမာအောင် စားတတ်ကြပါစေ။”

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၂

Kidneys ကျောက်ကပ်ကို ကိုယ်တိုင်စောင့်ရှောက်ခြင်း

ချစ်ခင်လေးစားရပါသောဆရာ။ ဆရာ့ကိုအရင်က migraine အကြောင်းတော့ email ကတစ်ဆင့်မေးဖူးပါတယ်။ ဆရာပြန်ဖြေပေးပြီး စိတ်ဓါတ်ခွန်အားတစ်ခုလည်းရခဲ့ပါတယ်၊ ကျေးဇူးအရမ်းတင်ပါတယ်ဆရာ။ အခု သမီး သူငယ်ချင်း တစ်ယောက်အတွက် မေးချင်လို့ပါဆရာ။ ကျောက်ကပ်အကြောင်းလေးသိချင်လို့ပါဆရာ။ သူ့ကျောက်ကပ်က efficiency ကျနေပြီး၊ ဆရာဝန်က ကျောက်ကပ်သက်တမ်းက နောက် ၁ဝ နှစ်လောက်ထိပဲ ရတော့မယ်လို့ ပြောပါတယ်။ သူကတော့ စိတ်ဓါတ်ကျပြီင်္း အိမ်လည်းမပြောဘူး၊ ဆေးလည်းမကုဘူး ဒီတိုင်းပဲပေနေပါတယ်။ အသက်က ၃ဝ ကျော် ယောက်ကျားလေးပါ။ အစားထိုးကုဖို့မလွယ်ဘူး၊ ကုလည်းမကုချင်ဘူးပြောပါတယ်။ တစ်ခြား ဘယ်လိုနည်းလမ်းများရှိမလဲ သိချင်ပါတယ်။ ဆေးသောက်ယုံနဲ့ ကျောက်ကပ်အချိန်တိုတိုအတွင်းမှာ ပျက်စီးမသွားအောင်ရော ထိန်းလို့ရပါသလား။ ဘာတွေစားပြီး ဘယ်လိုနေထိုင်စားသောက်ရမလဲ သိချင်ပါတယ်ဆရာ။

လူတွေမှာရှိတဲ့ ကောင်းနေတဲ့ ကျောက်ကပ်နှစ်လုံးက စစ်ထုတ်ပေးနေတာဟာ အသက် ၃ဝ-၄ဝ ကျော်လာတာနဲ့ လျော့နည်း ကျဆင်းလာတယ်။ နောက်ထပ် ၁ဝ နှစ်ရှိတိုင်း ၁ဝ% ကျလျော့လာတယ်။ အဲဒီဇရာဖြစ်စဉ်ကို ကိုယ်တိုင် ဆင်ခြင်ပြီး ကျောက်ကပ်ကို ရောဂါတွေမရစေအောင် ထိန်းသိမ်းနိုင်ကြပါတယ်။

၁။ Manage diabetes, high blood pressure and heart disease ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါတွေရှိနေရင် စနစ်တကျ ဆေးဝါး + အစားအသောက် + လူနေမှုပုံစံ ပြုပြင်နေပါ။ ကျောက်ကပ်ရောဂါ အများစုဟာ မူရင်းရောဂါတခုခု ဥပမာ ဆီးချို၊ နှလုံးရောဂါ နဲ့ သွေးတိုးကနေဆက်ဖြစ်တယ်။ ထိန်းရမှာတွေကတေ့ သကြားဓါတ်၊ (ကိုလက်စထော) နဲ့ ဆားဖြစ်တယ်။ ရောဂါရှိနေရင်တော့ သက်ဆိုင်ရာဆေးတွေကိုလဲ ပုံမှန်သောက်နေရမယ်။

၂။ Reduce the intake of salt ဆား (ဆိုဒီယမ်) လျော့ပါ။ သွေးတိုးတက်စေတယ်။ ကျောက်ဖြစ်ဘို့ အလားအလာ ရှိတယ်။

၃။ Drink lots of water every day ရေကိုနေ့တိုင် သောက်နိုင်သမျှသောက်ပေးပါ။ ကိုယ်ထဲကအဆိပ်အတောက်တွေကို ဆီးထဲစွန့်ထုတ်ပေးတဲ့အလုပ်ကို အထောက်အကူရစေမယ်။ သွေးထုထည်ကိုလဲ မနည်းစေဘဲ၊ သွေးစေးပျစ်တာကိုလဲ ကာကွယ်ရာကျတယ်။ အစာချေတာကိုလဲ ကူညီမယ်။ ကိုယ်အပူချိန်လဲ ထိန်းထားပေးမယ်။ တနေ့ ရေ (၁ဝ) ခွက် သောက်ပါ။

၎။ Don’t resist the urge to urinate ဆီးသွားချင်လာရင် အောင့်မထားပါနဲ့။ သွေးကိုစစ်ထုတ်မှု လုပ်ရာကနေ ဆီး ဖြစ်လာတယ်။ ဖြစ်လာတဲ့ဆီးကို ဆီးအိမ်ထဲမှာသိုလှောင်ထားတယ်။ ဆီးအိမ်တင်းလာရင် ဆီးသွားချင်လာမယ်။ ဆီးအိမ်က ဆီတွေအများကြီးဆန့်ပေမဲ့ ၁၂ဝ-၁၅ဝ စီစီရှိလာတာနဲ့ ဆီးသွားချင်စိတ်ဖြစ်လာမယ်။ အဲဒီအခါ ဆီးသွားလိုက်ပါ။

၅။ Eat right အစားအသောက်မှန်ကန်ပါစေ။ ပြုပြင်စီမံထားတဲ့၊ ဆိုင်မှာအလွယ်ရအစားအသောက်တွေ၊ Junk food ခေါ် ခေတ်ပေါ်အစားအသောက်တွေ၊ ပိုးသတ်ဆေး၊ ဟော်မုန်းဆေးသုံးပြီး စိုက်ထား၊ မွေးထားတဲ့ အသားနဲ့ အသီးအရွက်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါ။ ငါး၊ ကညွတ်၊ အစေ့အဆံတွေ၊ ကြက်သွန်ဖြူ၊ စတာတွေသင့်တယ်။

၆။ Drink healthy beverages သောက်စရာရွေးပါ။ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေသောက်ပါ။ ကော်ဖီ၊ ကေဖင်းပါဖျော်ရည်တွေ ရှောင်ပါ။ (အောက်ဇဲလစ်အက်စစ်) ပါတာမျာတဲ့ ဟင်းနုနွယ်ရွက်၊ မရမ်းရောင်မုံလာဥ၊ မသင့်ပါ။ ကျောက်ဖြစ်စေနိုင်တယ်။ အုန်းရည်ကောင်းတယ်။

၇။ Avoid alcohol and smoking အရက်နဲ့ ဆေးလိပ်ဖြတ်ပါ။ အရက်ကနေ ဓါတ်ဆားအချိုးအဆကို ပြောင်းစေတယ်။ ကျောက်ကပ်ကို သက်ရောက်စေမဲ့ ဟော်မုန်းကိုလဲ ပြောင်းလဲစေတယ်။ ဆေးလိပ်ကနေ ကျောက်ကပ်ကို တိုက်ရိုက် မသက်ရောက်ပေမဲ့ ကျောက်ကပ်အလုပ်ကို နှေးစေတယ်။ တခြားရောဂါရလာရင် ပိုဆိုးစေမယ်။

၈။ Exercise daily ကိုယ်လက်လှုတ်ရှားမှု ပုံမှန် (နေ့စဉ် ဒါမှမဟုတ် တပါတ်မှာ ၅ ရက်) လုပ်ပါ။ ကိုယ်အလေးချိန်များတာ ကျောက်ကပ်အတွက်လဲ မကောင်းစေပါ။

၉။ Avoid self medication ဆေးကို ကိုယ်ကြိုက်သလိုသောက်တာ မလုပ်ပါနဲ့။ ဆေးတွေကို များသောအားဖြင့် ကျောက်ကပ်ကနေ စစ်ထုတ်ပေးနေတယ်။ ဆေးအဆ (အလေးချိန်)၊ ဘယ်လောက်ကြာကြာသောက်မယ်ဆိုတာကို စနစ်တကျသိထားပြီး လိုက်နာပါ။

၁ဝ။ Think before you take supplements and herbal medicine အားဆေးတို့ ဟာဗယ်ဆေးတို့သုံးချင်ရင် နှစ်ခါပြန် စဉ်းစားပါ။ ဗီတာမင် များတာကအစ မသင့်ပါ။

ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၄

Saturday, March 15, 2014

HIV နောက်ဆုံးရသတင်းများ

• HIV protection gel for women 'comes a step closer' အမျိုးသမီးများ HIV ကာကွယ်ပေးနိုင်မဲ့ ဂျဲလ် ပေါ်ထွက်ဘို့ နီးစပ်ပြီ http://www.bbc.com/news/health-26535398
• Rare 'likely' female-to-female HIV case reported in US အမျိုးသမီးချင်း အတူနေလို့ HIV ကူးစက်မှု မရှိသလောက်ရှိ http://www.bbc.com/news/world-us-canada-26571161
• Early treatment 'cures' second US HIV-positive baby ဒုတိယမြောက် အမေရိကန် ကလေးတယောက် HIV ပိုးကင်းပျောက် http://www.bbc.com/news/world-us-canada-26460221
• How older people with HIV are facing the future ကျွန်တော့်မှာ HIV ပိုးရှိနေခဲ့တာ ၂၈ နှစ်ရှိပြီ http://www.bbc.com/news/health-25041911

ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၄

MDR-TB ဆေးယဉ်တဲ့ တီဘီ

Multi-drug-resistant tuberculosis ဆိုတာ တီဘီအတွက်အများဆုံး (အကောင်းဆုံး) သုံးနေတဲ့ ဆေး ၂ မျိုးဖြစ်ကြတဲ့ Isoniazid (INH) နဲ့ Rifampicin (RMP) တွေနဲ့ကုလို့မရတဲ့ တီဘီ ရောဂါကိုဆိုလိုပါတယ်။

ဘာလိုကနေဖြစ်စေသလဲ -
• လူနာကသက်သာလာပြီ ဆေးမလိုလောက်ဘူးထင်ပြီး ဆေးရပ်လိုက်လို့၊
• ဆေးလုံလောက်အောင်မရနိုင်တာကြောင့် ဆေးရပ်လိုက်လို့၊
• ဆေးသောက်ဘို့ မေ့သွားလို့၊
• ဆေးဘယ်လောက်ကြာကြာပေးရမယ်ဆိုတာ သတ်မှတ်ခဲ့တာက ကာလတိုသွားလို့။

ပေးရမဲ့ဆေးတွေကို ဒုတိယတန်းစာလို့သတ်မှတ်ထားတယ်။ ဈေးလဲကြီးတယ်။ မကုနိုင်လို့နေရင် ကူးစက်ပြန့်နှံ့ပြီး တခြား လူတွေပါ ဒုက္ခရောက်ကြရတယ်။ ၂ဝ၁၃ မှာရထားတဲ့စာရင်းတွေအရ ၃့၇% တိုးလာတယ်။ ၂ဝ၁၁ တုံးက WHO ခန့်မှန်းချက်အရ လူနာပေါင်း ဝ့၅ သန်း ရှိနိုင်တယ်။ ဒုတိယတန်းစားဆေးတွေက ဆက်ပြီး ဆေးယဉ်တာလဲရှိတယ်။ XDR-TB လို့သတ်မှတ်လိုက်တယ်။

Extensively drug resistant TB (XDR TB) ဆိုတာ Isoniazid နဲ့ Rifampin သာမက Fluoroquinolone နဲ့ Amikacin, Kanamycin, Capreomycin ထိုးဆေး ၃ မျိုးထဲက တမျိုးကိုဆေးယဉ်နေတာကိုသတ်မှတ်တယ်။ DOTS-Plus ဆိုတာ DOTS ရက်တို တီဘီဆေးကို အထူးပြုပြင်ထားတာဖြစ်တယ်။ တီဘီဆေးတွေနဲ့ ဆေးယဉ်-မယဉ် စမ်းသပ်မှုလုပ်ရတယ်။ INH နဲ့ RMP တွေကို ဆေးယဉ်တာသိလာရရင် ဒုတိယတန်းဆေးတွေထဲကနေ (၅) မျိုးကို ရွေးပေးမယ်။ ဆေးသုံးသင့်မှုရွေးသင့်တာကို အစီအစဉ်အတိုင်းက ဒီလိုဖြစ်တယ်။
1. Aminoglycoside (Amikacin, Kanamycin) သို့မဟုတ် Polypeptide (Capreomycin)
2. Pyrazinamide
3. Ethambutol
4. Fluoroquinolone = Moxifloxacin (Ciprofloxacin ကိုမသုံးပါ)
5. Rifabutin
6. Cycloserine
7. Thioamide = Prothionamide or Ethionamide
8. PAS
9. Macrolide = Clarithromycin
10. Linezolid
11. INH (High-dose)
12. Interferon-γ
13. Thioridazine
14. Ampicillin

နောက်ဆေးတွေထိရောက်မှုသိရအောင် Sputum cultures သလိပ်စစ်နေရမယ်။ ဖြစ်နိုင်ရင် တလတကြိမ်။ ဆေးတွေကို အနည်းဆုံး (၁၈) လကြာပေးတယ်။ အတိအကျဆိုရင် သလိပ်မှာပိုးမတွေတာ ၉ လ ရှိတဲ့အထိပေးရတယ်။ တချို့က ၂ နှစ် အထိကြာနိုင်တယ်။ ဆေးရုံမှာကုသတာဆိုရင် ဖြစ်နိုင်ရင် သီးခြားနေစေသင့်တယ်။ HIV ပိုးရှိနေသူတွေနဲ့ တခြားစီ ဖြစ်ရပါမယ်။

Supplements ဆေးအပိုဆောင်းပေးဘို့လိုတာတွေလဲရှိတယ်။
• Arginine
• vitamin D
• Dzherelo
• V5 Immunitor
တချို့နေရာတွေမှာ ဒီဆေးမျိုးတွေကိုသုံးတာလဲရှိတယ်။
• Imipenem
• Co-amoxiclav
• Clofazimine
• Prochlorperazine
• Metronidazole
• Bedaquiline
သုတေသနလုပ်ဆဲဆေးတွေလဲရှိတယ်။
• PA-824
• Delamanid

သိပ်ဆိုးနေသူတွေကို ရောဂါဖြစ်နေတဲ့အဆုပ်နေရာကို ခွဲစိတ်ထုတ်ပြစ်တာလုပ်ပေးမယ်။

မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ စောစောသိ၊ စောစောဆေးကုသမှုခံယူပါ။ ဆေးပါတ်လည်အောင် ကုသပါ။ HIV/AIDS ရှိနေသူတွေက ပိုသတိထားရမယ်။ မိသားစုဝင်တွေ၊ အတူနေသူကို ဆေးစစ်ရမယ်။ ဆေးသုတေသနတွေ ဆက်လုပ်ဘို့လိုတယ်။ ဆင်းရဲသူတွေမှာသာ အဲတာဖြစ်နိုင်တာမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၃

Kyaw Thura Aung ကျေးဇူးပါဆရာ။ ကျနော်က PSI ( population service international ) နဲ့လက်တွဲပြီးလုပ်နေတဲ့ General practioner တစ်ယောက်ပါဆရာ TB project တွေမှာလဲ ကိုယ်တိုင်ပါဝင်ဆေးပေးနေရတဲ့ဆရာဝန်တစ်ယောက်ပါဆရာ ပြီးခဲ့တဲ့ ရက်၂၀လောက်က meeting တစ်ခုမှာ NTP (National TBcontrol Programme)မှာ MDR TB နဲ့ပတ်သက်ပြီး massages တွေတော်တော်လေးသိခဲ့ရပါတယ်ဆရာ ကျန်းမာရေးဝန်ကြီးဋ္ဌာနအနေနဲ့ MDR TB case တွေကိုအပြင်ဆေးခန်းတွေမှာ ကုသခွင့်လုံးဝခွင့်ပြုမထားပါဘူးဆရာ။

ဒါကလဲ XDR TB case တွေများလာမှာကို စိုးရိမ်တဲ့အတွက်ဖြစ်တယ်လို့ဆိုပါတယ် MDR TB treatment အတွက်ကုသချိန်၂နှစ်ဆိုတာလဲဟုတ်ပါတယ်ဆရာ စုစုပေါင်း ကုန်ကျငွေ ၇ သိန်းလောက်ထိရှိတယ်။ ဒါပေမယ့် အခမဲ့ပါ။ အပြင်မှာ ကုခွင့်မပေးတာက MDR TB အတွက်သုံးတဲ့ ဆေးတစ်ချို့က ဈေးကွက်ထဲမှာလုံလုံလောက်လောက် မရနိုင်လို့ရယ်၊ နောက်ပြီ Guidline အတိုင်းအတိအကျ လုပ်ရတာမို့ရယ်ပါ။ ပြီးတော့ MDR TB တွေကိုကုတဲ့အခါ တရားဝင်ကော်မတီဖွဲ့ပြီးမှ ကုရတယ်ပြောပါတယ်။ Complication များတယ်ပြောပါတယ်။ Liver, Renal, Electrolyte စတဲ့ laboratory monitoring တွေတစ်ပတ်တစ်ခါ ၂ ရက်တစ်ခါဆိုသလို လုပ်ရပါတယ်။ Psycological problem တွေလဲများပြီး၊ Sucidal tendency လည်း အရမ်းကိုတက်လာတယ်ပြောပါတယ်။

အပေါ်က လူနာရဲ့အသက်အနေအထားနဲ့ဆိုရင် complication တွေရှိဖို့များပါတယ်။ ဒါပေမယ့်လဲ လူထုထဲမှာ သလိပ်ပိုး (+++) နဲ့ MDRTB case တစ်ခုကို မကုဘဲထားမယ်ဆိုရင်တော့ အန္တရာယ်များပါတယ်။ စောင့်နေရတယ်ဆိုတာကတော့မဖြစ်သင့်ပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနရဲ့အားနည်းချက်ပါပဲ။ ကျနော်သိတာလေးပြန် share တာပါဆရာ။

TB အသစ်လား အဟောင်းလား

(တီဘီ) ဖြစ်နေတာ အသစ်လား၊ အဟောင်းလား

Sat, May 26, 2012 at 1:10 PM
(တီဘီ) ရောဂါဟာ ဆရာဝန်ညွန်ကြားတဲ့အတိုင်း ၆ လ ဆေးသောက်ပြီးပါပြီ။ အဲဒီ ၆ လ အတွင်းမှာလဲ ပုံမှန်ဆေးသောက်၊ စမ်းသပ်မှုကိုလဲ ခံယူခဲ့ပါတယ်။ ၆ လကျော်သွားတဲ့ အချိန်မှာ တစ်ခြားနေရာ ရောက်နေလို့ ပြန်ပြီး မစမ်းသပ်ခဲ့ပါဘူး။ အခုဆို ၂ နှစ်နီးပါး ရှိနေပါပြီ။ လူကတော့ ကျန်းကျန်းမာမာ ဝဝဖြိုးဖြိုးပါပဲ။ အခု တစ်ခြားနေရာမှာ ဆေးစစ်တာ ဆရာဝန်က (တီဘီ) ရှိတယ်လို့ ပြောပါတယ်။ ဓါတ်မှန်မှာပဲ တွေ့တာပါ။ သွေးမှာ အောင်ပါတယ်။ ကျွန်တော် သိချင်တာက (တီဘီ) ဖြစ်ဘူးတဲ့လူဟာ ဆေးစစ်တိုင်း ကျနေမှာလား။ ဆေး ၆ လ မှန်မှန်သောက်ရုံနဲ့ လုံးဝပျောက်ကင်းသွားပြီလား သိချင်ပါတယ်။

• (တီဘီ) ရောဂါ မရှိသူ၊ ရှိနေသူ၊ ကုသပြီးသူ၊ ပြန်ဖြစ်သူ၊ ကုသလို့ မပျောက်သေးသူ ဆိုပြီး ခွဲပြောကြတယ်။ ဆေးစာနဲ့ ဆိုရင် Active tuberculosis (TB) လတ်တလော ရောဂါဖြစ်နေသူ၊ Inactive TB ရောဂါဟောင်း ရှိထားသူ၊ Extra-pulmonary TB အဆုပ်မဟုတ်တဲ့ နေရာမှာ ဖြစ်နေသူ၊ Latent TB ရောဂါငုပ်နေသူ ဆိုပြီး သတ်မှတ်တယ်။
• အဆုပ် (တီဘီ) ရောဂါကို ဓါတ်မှန်နဲ့ စစ်တယ်။ သလိပ်လည်း စစ်မယ်။ အရေပြားကို ဆေးထိုးပြီးလည်း စစ်ပါတယ်။ အဖြေက တမျိုးထဲမှာပြမယ်။ နှစ်မျိုးမှာပြမယ်။ သုံးမျိုးလုံးမှာ ပြနေတာလဲ ဖြစ်နိုင်တယ်။
• (တီဘီ) ဆေးကို တမျိုးမကပေးရတယ်။ အများဆုံး သုံးနေတဲ့ ဆေးအတွဲကတော့ Rifampin + Ethambutol + Pyrazinamide + Isoniazid (INH) ဖြစ်တယ်။ ၆ လ ပေးတာ နဲ့ ၉ လအထိပေးတာ ရှိတယ်။
• Drug regimens ဆေးအတွဲ၊ Dose ဆေးအဆ နဲ့ Course ဆေးကို ဘယ်လောက် ကြာကြာ ပေးမလဲဆိုတာ နေရာတခုနဲ့ တခု၊ လူနာတယောက်နဲ့ တယောက်မှာ မတူပါ။ ပေးကာစမှာ တမျိုး လုပ်ထားရာကနေ ဆေးပါတ်မပြီးခင် ပြောင်းရတာလဲ ရှိတယ်။
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ တကမ္ဘာလုံးကိုခြုံပြီး လမ်းညွှန်ချက်ထုတ်ထားတယ်။ တိုင်းပြည်တခုမှာလဲ သူ့တိုင်းပြည် အခြေအနေအလိုက် လမ်းညွှန်ချက် သပ်သပ်ရှိမယ်။ ဆေးပေးနည်း-ဆေးရောနည်းသာမက ဓါတ်ခွဲခန်းနဲ့ ဓါတ်မှန် အထူးကု-ဆရာဝန်တွေလဲ မတူကြတာ ရှိနိုင်တယ်။

Chest X-ray ရင်ပတ် ဓါတ်မှန်
ဓါတ်မှန်ဆိုတာ အဖြူနဲ့ အမဲသာမြင်ရတယ်။ “အရိုး” ဆိုရင်ဖြူပြီး “လေ” ဆိုရင်မဲတယ်။ ကြားကျတာလဲ ရှိတယ်။ ဥပမာ အသဲ၊ နှလုံး။ (တီဘီ) အတွက် Posterior-anterior (PA) chest X-ray ဓါတ်မှန်ရိုက်နည်းက အကောင်းဆုံး ဖြစ်တယ်။ တခြားနည်း Lateral ဘေးတိုက်ရိုက်နည်း နဲ့ CT scans (စကင်) တွေလဲ လိုရင်လုပ်မယ်။ ဆေးဝေါဟာရတွေကို ခေါင်းအရှုတ်မခံပါနဲ့၊ ထည့်တော့ ရေးပါရစေ။

• လူက ဘာမှမဖြစ်ပေမဲ့ Tuberculin skin test အရေပြား စမ်းသပ်တော့ အပေါင်းပြနေသူတွေကိုသာ အဆုပ် (တီဘီ) ရှိ-မရှိ သေခြာသိအောင် ဓါတ်မှန် ရိုက်ရမယ်။ ဓါတ်မှန်မှာ ပုံမှန်မဟုတ်တိုင်း (တီဘီ) လို့ ပြောမရသေးပါ။
• Active pulmonary TB လောလောလတ်လတ် ဖြစ်နေတဲ့ (တီဘီ) ဆိုရင် Infiltrates or Consolidations တိုးပွါးလာတာ၊ အစိုင်အခဲလို့ခေါ်တာ မြင်ရမယ်။ ဒါတွေက အဆုပ်ရဲ့ အထက်ပိုင်းမှာဖြစ်တာ များတယ်။ Cavities အခေါင်း ရှိချင် ရှိမယ်။ မရှိချင် မရှိဘူး။ Mediastinal or hilar lymphadenopathy အဆုပ် နှစ်ခုကြားနေရာနဲ့ အဆုပ် အဝင်နေရာတွေမှာ တက်စေ့ကြီးနေတာ ရှိချင် ရှိမယ်။ မရှိချင် မရှိဘူး။

• Old healed TB ပျောက်သွားပြီးသား (တီဘီ) ဆိုရင် များသောအားဖြင့် Pulmonary nodules အဆုပ် အစိုင်အခဲတွေကို Hilar area အဆုပ်အဝင်နေရာမှာ နဲ့ Upper lobes အဆုပ်အပေါ်ခန်းမှာ မြင်ရမယ်။ Fibrotic scars အမာရွတ် နဲ့ Volume loss အဆုပ်ထုထည် သေးသွားတာ ရှိချင် ရှိမယ်။ မရှိချင် မရှိဘူး။ Bronchiectasis လေပြွန်ကျယ်-ထူနေတာ နဲ့ Pleural scarring အဆုပ်အဖုံးလွှာ ထူနေတာလဲ ရှိချင် ရှိမယ်။ မရှိချင် မရှိဘူး။ Nodules အစိုင်အခဲတွေ နဲ့ Fibrotic scars အမာရွတ်တွေထဲမှာ တဖြေးဖြေးချင်း ပွါးများလာနေမဲ့ Tubercle bacilli ဗက်တီးရီးယားတွေ ရှိနေနိုင်တယ်။ ဒီအကောင်တွေကနေ နောက်ထပ် Active tuberculosis (တီဘီ) ရောဂါ ပြန်ဖြစ်လာနိုင်တယ်။

• Positive tuberculin skin test အရေပြားစမ်းသပ်တော့ အပေါင်းပြတာရှိနေရင် အသက်ကြီးကြီး၊ ငယ်ငယ် Latent infection (တီဘီ) ငုပ်နေသူအနေနဲ့ ဆေးကုသင့်တယ်။ ဆေးတမျိုးထဲပေးကုသတာ များတယ်။ ဒါပေမဲ့ Calcified nodular lesions (Calcified granuloma) ထုံးဓါတ်ဖြစ်စဉ် ရှိနေသူတွေက အဲလိုဖြစ်လာဘို့ အခွင့်အလမ်းနည်းတယ်။

Exams and Tests စမ်းသပ်-စစ်ဆေးနည်းများ
(၁) Diagnosing active TB in the lungs လောလောလတ်လတ် အဆုပ် (တီဘီ) ကို စမ်းသပ်-စစ်ဆေးနည်းများ
• Medical history ရောဂါ ရာဇဝင်၊ Physical exam အထွေထွေစမ်းသပ်ခြင်း၊ Symptoms ရောဂါလက္ခဏာတွေ ဖြစ်တဲ့ Cough ချောင်းဆိုး၊ Fatigue အားယုတ်၊ Fever ကိုယ်ပူ၊ Night sweats ညချွေးထွက်။
• Chest X-ray ရင်ပတ် ဓါတ်မှန်ရိုက်ခြင်း။
• Tuberculin skin test (TB skin test, PPD test, Mantoux test) အရေပြားစမ်းသပ်နည်းမှာ အပေါင်းပြနေရင် အရင်က (BCG) ကာကွယ်ဆေး ထိုးထားသူတွေနဲ့ ခုခံအားကျနေသူတွေမှာ ရလဒ် မရေရာ ဖြစ်နိုင်တယ်။
• Sputum culture သလိပ်စစ်ခြင်း၊ ၁-ဂ ပါတ်အထိကြာနိုင်တယ်။
• Rapid sputum test သလိပ် အမြန်စစ်နည်းက ၂၄ နာရီသာကြာမယ်။
• Sputum cytology သလိပ်ကို အနုကြည့်စစ်ဆေးနည်း။
• Rapid blood tests အမြန်သွေးစစ်နည်းကို Interferon-gamma release assays (IGRAs) လို့ခေါ်တယ်။

(၂) Diagnosing latent TB in the lungs ငုပ်နေတဲ့ (တီဘီ) ကို စမ်းသပ်-စစ်ဆေးနည်း
• တကယ်လို့ (တီဘီ) ပိုးဝင်တာခံရဘူးရင် Tuberculin skin test အရေပြားစမ်းတာမှာ အပေါင်းပြမယ်။

(၃) Diagnosing TB outside the lungs အဆုပ်မှာ မဟုတ်တဲ့ တခြားနေရာ (တီဘီ) ရောဂါ စစ်ဆေးနည်း
• Biopsy အသားစဖြတ်ယူစစ်နည်း။
• Urine culture ဆီးကို ပိုးမွေးစစ်ဆေးနည်း၊ ကျောက်ကပ် (တီဘီ) ကိုသိနိုင်တယ်။
• Cerebrospinal fluid test ခါးရိုးထဲက စုပ်ထုတ်ယူတဲ့အရည်ကို စစ်ဆေးရင် (တီဘီ) ပိုးကြောင့် ဦးနှောက်မှေး ရောင်တာကို သိမယ်။
• CT scan (စကင်) လုပ်ရင် တကိုယ်လုံးပြန့်နေမဲ့ (တီဘီ) ကိုသိမယ်။
• MRI ရိုက်ရင် ဦးနှောက်နဲ့ ခါးရိုးကြော (တီဘီ) ကိုသိမယ်။

(၄) Tests during TB treatment (တီဘီ) ဆေးကုသနေတုံး စစ်ဆေးနည်း
• Sputum culture သလိပ်စစ်တာ တလ တခါလုပ်မယ်။
• Chest X-ray ရင်ပတ်ဓါတ်မှန်ကို ဆေးပါတ်လည်တာနဲ့ ထပ်ရိုက်မယ်။

(၅) (တီဘီ)ဆေးကြောင့် တခြားနေရာတွေကို ထိခိုက်နေ-မနေသိဘို့ -
• Liver function tests အသဲလုပ်ငန်းသိအောင် သွေးစစ်မယ်။
• Eye tests မျက်စိစစ်တာကို Ethambutol ဆေးပေးနေသူတွေကို လုပ်မယ်။
• Hearing tests နားစစ်တာကို Streptomycin ဆေးထိုးပေးနေသူကို စစ်တယ်။

CDC guidelines for evaluating CXR ရင်ပတ် ဓါတ်မှန်ရိုက် စစ်ဆေးခြင်း လမ်းညွှန်ချက်များ
(တီဘီ) ရောဂါကို တိကျသေခြာမှုရှိအောင် အမေရိကန် ပြည်ထောင်စုကနေ သူ့တိုင်းပြည်ထဲကိုလာရောက် အခြေချ နေထိုင်မဲ့သူတွေကို တိုင်းပြည်ထဲ ဝင်မလာခင် ပြည်ဝင်ခွင့်ဗီဇာအတွက် ဆေးစစ်မှုတွေ တိတိကျကျ၊ မလွဲမသွေလုပ်ဘို့ (တီဘီ) အတွက် ပြဌာန်းချက် လုပ်ထားတာကို ကိုးကားနိုင်ပါတယ်။

ဓါတ်မှန်ရိုက် စစ်ဆေးခြင်း လမ်းညွှန်ချက်များလို့ ခေါ်တယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ အသိအမှတ်ပြုပေးထားတဲ့ တခြားနိုင်ငံတွေမှာ ဆရာဝန်ပေါင်း ၄ဝဝ နီးပါးကိုသာ စစ်ဆေးခွင့် ပြုထားပြီး၊ သူ့တိုင်းပြည်ထဲမှာတော့ ဆရာဝန်ပေါင်း ၃ဝဝဝ လောက် သတ်မှတ်ထားပါတယ်။ Active tuberculosis လောလောလတ်လတ် (တီဘီ) ရှိနေ-မနေကို စစ်ဆေးတာ ဖြစ်ပါတယ်။ Chest X-ray ရင်ပတ်-ဓါတ်မှန် ရိုက်ပြီး၊ Classification worksheet ဆေးစာရွက်မှာ အဆင့်တွေ သတ်မှတ်ပေးထားပါမယ်။ တချို့ကို ချက်ချင်း ဆေးကုသဘို့နဲ့ တချို့ကို အခြေချနေထိုင်ပြီးနောက် ဆေးကုသပေးဘို့ ပါဝင်ပါတယ်။

(၁) Active TB လောလောလတ်လတ် (တီဘီ) ရှိနေတဲ့သူရဲ့ ဓါတ်မှန်ဆိုတာ -
1. Infiltrate or Consolidation အဆုပ်ထဲက Airspaces လေနေရာမှာ Opacification ပိတ်နေမယ်၊ ထူထဲနိုင်တယ်။ ကွက်ကြားဖြစ်နိုင်တယ်။ အနားသတ်လဲ Irregular margins ညီတူညာတူ ဖြစ်ချင်မှ ဖြစ်မယ်။ Haziness ခပ်ဝါးဝါးနေမယ်။
2. Cavity အဆုပ်ထဲမှာ အခေါင်းဖြစ်နေတာ၊ Darkened area မဲနေတာ။ မညီညာတဲ့ အနားသတ်က ရှိချင်မှ ရှိမယ်။ ရှိချင်လဲရှိမယ်။ သူ့ဘေးမှာ Airspace consolidation လေနေရာ ပိတ်နေတာနဲ့ Infiltrates တိုးပွါးလာတာတွေ၊ Nodular or Fibrotic (Reticular) densities အစိုင်အခဲဖြစ်တာ၊ အမာရွတ်ဖြစ်တာတွေ ရှိနေမယ်။ မဲနေတဲ့နေရာရဲ့ ဘေးကလဲ ထူနိုင်တယ်၊ ပါးနိုင်တယ်။ အခေါင်းဘေးမှာ Calcification ထုံးဓါတ်ဖြစ်စဉ် ရှိချင်ရှိနေမယ်။
3. Nodule with poorly defined margins အဆုပ်ထဲမှာ အနားသတ် မရေရာတဲ့ အစိုင်အခဲ။ ခပ်ဝိုင်းဝိုင်း ဖြစ်နေတာကို Tuberculoma လို့ခေါ်တယ်။ အနားသတ် ထင်ရှားနိုင်တယ်။ ဝေဝါးနိုင်တယ်။ ဘေးမှာ Haziness ခပ်ဝါးဝါး ဖြစ်နေရင် လေနေရာ-ခဲပိတ်နေတာ ဖြစ်မယ်။
4. Pleural effusion အဆုပ်အိတ်ထဲ အရည်အောင်းခြင်း။ သိသိသာသာရှိနေရမယ်။ ချွန်ရမဲ့ ဒေါင့်က တုံးနေရုံသာ မဟုတ်ဘူး။ ကလေးဆိုရင်တော့ ဒေါင့်တုံးနေရင် ရောဂါလောလောလတ်လတ် ဖြစ်နေတာလို့ သတ်မှတ်တယ်။
5. Hilar or Mediastinal lymphadenopathy အဆုပ်အဝင်နေရာ ဒါမှမဟုတ် အဆုပ်နှစ်ခုကြားနေရာမှာ တက်စေ့တွေ ရောင်-ကြီးနေတာကို Bihilar lymphadenopathy လို့ ခေါ်တယ်။
6. Linear, Interstitial disease ကလေးတွေမှာ မျဉ်းကြောင်းတွေလို ထင်ထင်ရှားရှား ဖြစ်ပေါ်နေမယ်။
7. Other တခြားတွေ့ရှိချက်တွေ။ ပျံ့နေတဲ့ (တီဘီ) Miliary TB ဆိုတာ အစိုင်အခဲ-အသီးငယ်လေးတွေ အများကြီး 1-2 mm လောက် အဆုပ်အနှံ့မှာ ရှိနေမယ်။

သတိထားဘို့က (တီဘီ) ရောဂါကို ဓါတ်မှန် တခါတည်း ရိုက်တာနဲ့ မလုံလောက်ပါ။ လိုမယ်ထင်ရင် Sputum smears သလိပ်စစ်ရမယ်။ ဒါကြောင့် ဓါတ်မှန်မှာ အောက်က အချက်တွေ ရှိမနေပေမဲ့
• The presence of signs or symptoms of TB (Class B1) ရောဂါလကဏာတွေရှိနေရင်၊ ဒါမှမဟုတ်
• Sputum smears positive for AFB (Class A) သလိပ် ပိုးတွေ့ရင် active TB လောလောလတ်လတ် ရောဂါ ရှိသူလို့ သတ်မှတ်တယ်။

(၂) Inactive TB အရင် (တီဘီ) ဖြစ်ဘူးထားသူ၊ လောလောဆယ် ရောဂါမရှိသူ
1. Discrete fibrotic scar or linear opacity အဆုပ်ထဲမှာ အမာရွတ် ခပ်ဝါးဝါး ဒါမှမဟုတ် မျဉ်းကြောင်းလို ခေါင်းပိတ်ဖြစ်နေတာ။ အနားသတ်က ထင်ရှားတာသိသာမယ်။ ဒါပေမဲ့ Airspace opacification လေနေရာ ပိတ်တာနဲ့ Haziness ဘေးနေရာ ခပ်ဝါးဝါးဖြစ်နေကို မဆိုလိုဘူး။ Calcification ထုံးဓါတ်ဖြစ်စဉ် ရှိချင်ရှိမယ်။ Fibrocalcific scar လို့ ခေါ်တယ်။
2. Discrete nodule(s) without calcification ဆိုတာ Nodular densities အစိုင်အခဲလိုစုဝေးမှု တခုဖြစ်ဖြစ် အများကြီးဖြစ်ဖြစ် ရှိနေမယ်။ Distinct borders နယ်နိမိတ်သပ်သပ်ရှိမယ်။ ဒါပေမဲ့ ဘေးမှာ Airspace opacification လေပိတ်နေတဲ့သဘော မရှိရဘူး။ Nodules အစိုင်အခဲလေးတွေက လုံးဝိုင်းနေမယ်။ Infiltrates ပွါးတိုးလာမှုမျိုး နဲ့ Airspace opacities လေပိတ်နေတဲ့သဘောနဲ့ ခြားနာတဲ့အချက်ဖြစ်တယ်။ Non-calcified ဒီအစိုင်အခဲလေးတွေဟာ ထုံးဓါတ်ဖြစ်စဉ် မရှိဘူး။ ထုံးဓါတ်ဖြစ်စဉ် ရှိနေရင် အတန်းအစား ခြားနားပြီ။ OTHER X-ray findings, No follow-up needed တခြားဓါတ်မှန် တွေ့ရှိချက်များ ဆက်လက်ကုသဘို့ မလိုသူများစာရင်းထဲ ရောက်သွားမယ်။
3. Discrete fibrotic scar with volume loss or retraction ဆိုတာ အဆုပ်အပေါ်ပိုင်းမှာ မျဉ်းကြောင်းလိုက် အမာရွတ်အစိုင်အခဲ ခပ်ဝါးဝါးဖြစ်နေတယ်။ အဆုပ်အပေါ်ပိုင်းမှာ နေရာကျဉ်းနေမယ်။ ဒါနဲ့အတူ Upward deviation of the fissure or hilum အဆုပ်အစိတ်အပိုင်းတွေကြားလွှာနဲ့ အဆုပ်အဝ (အဝင်) နေရာတွေက အထက်ဆီ တက်နေမယ်။ အဆုပ် ဘယ်နဲ့ ညာ မတူဖြစ်နေမယ်။
4. Discrete nodule(s) with volume loss or retraction ဆိုတာ Distinct borders အနား သတ်သတ် မှတ်မှတ်ရှိတဲ့ nodular densities အစိုင်အခဲ လေးတွေ တခု ဒါမှမဟုတ် အများဟာ ဘေးမှာ Airspace opacification လေနေရာ ပိတ်နေတာ မရှိဘူး။ Reduction အဆုပ်အပေါ်ပိုင်းမှာ နေရာကျဉ်းနေတာ မရှိရဘူး။ Nodules အစိုင်အခဲလေးတွေဟာ Round လုံးဝန်းနေမယ်။ Rounded edges အနားသတ်လဲ တုံးနေမယ်။
5. Other တခြားတွေ့ရှိချက်တွေဆိုတာ Bronchiectasis ခေါ်တဲ့ လေပြွန်ကြီးတွေ ကျယ်နေတာနဲ့ နံရံတွေ ထူနေတာ။

(၃) Other Chest X-Ray Findings တခြားဓါတ်မှန် တွေ့ရှိချက်များ
(က) Follow-up needed ဆက်လက်ကုသဘို့ လိုသူတွေ
1. Musculoskeletal abnormalities ရင်ခေါင်းနံရံက အရိုးတွေ ပုံမှန်မဟုတ်တာ။ အရိုးကျိုးနေတာ၊
2. Cardiac abnormalities နှလုံးပုံမှန်မဟုတ်တာ။ နှလုံး ကြီးနေတာ၊ သွေးကြောကြီးတွေ ပုံမှန်မဟတ်ုတာ။
3. Pulmonary abnormalities အဆုပ်ထဲမှာ (တီဘီ) မဟုတ်တာ ဥပမာ အကျိတ် တွေ့တာ။
4. Other အဲဒါတွေ မဟုတ်ဘဲ ဆေးကုသဘို့ လိုအပ်တယ်လို့ ဆရာဝန်ကသတ်မှတ်တာ။

(ခ) No follow-up needed ဆက်လက်ကုသဘို့ မလိုသူတွေ
1. Pleural thickening အဆုပ်အဖုံးလွှာ ထူထဲနေတာ။ ထုံးဓါတ်ဖြစ်နေတာ။
2. Diaphragmatic tenting ရင်ခေါင်း နဲ့ ဝမ်းဗိုက်ကိုပိုင်းခြားထားတဲ့ (ဒိုင်ယာဖရမ်) ကြွက်သားကြီးကို အထက်ကနေ ကြိုးနဲ့ဆွဲထားသလိုဖြစ်နေတာ။
3. Blunting of costophrenic angle နံရိုးနဲ့ (ဒိုင်ယာဖရမ်) ဒေါင့်ချွန်က (ချွန်ရမဲ့အစား) တုံးနေတာ။ တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်၊ လူကြီးမှာဖြစ်နေတာ။ ကလေးမှာဆိုရင် ဒီလိုဖြစ်တာက လောလောလတ်လတ် (တီဘီ) လို့ သတ်မှတ်တယ်။ တကယ်လို့ ဒေါင့်ချွန် တုံးနေတာသာမကဘဲ Large pleural effusion အရည်တွေ များများ အောင်းနေတာပါရှိရင် လူကြီးရော ကလေးပါ လောလောလတ်လတ် (တီဘီ) ဖြစ်နိုင်တယ်။
4. Solitary calcified nodules or granuloma ထုံးဓါတ်အစုအဝေ သန့်သန့်လေးဖြစ်ဖြစ် Calcified lymph node တက်စေ့မှာ ထုံးဓါတ်ဖြစ်နေတာဖြစ်ဖြစ် Lungs အဆုပ်ထဲ၊ Hila အဆုပ်အဝ၊ Mediastinum အဆုပ်ကြား နေရာတွေမှာ ရှိနေတာ။ အနားသားက ထက်နေမယ်။ သိသာမယ်။ သပ်သပ်မှတ်မှတ်ရှိနေမယ်။ ဒါမျိုးကို Class B3 ခေါ်တယ်။ TB in the past အတိတ်ကာလ (တီဘီ) ခေါ်တယ်။
5. Minor musculoskeletal findings တခြား အရေးမပါတဲ့ ကြွက်သားနဲ့ အရိုင်းပိုင်း တွေ့ရှိချက်တွေ။
6. Minor cardiac findings တခြား အရေးမပါတဲ့ နှလုံး တွေ့ရှိချက်တွေ။

လက်တွေ့ကျတာကို ပြောပါရစေ။
မေးတဲ့သူလို စနစ်တကျ ကုသတယ်ဆိုတာ ကောင်းပါတယ်။ ဒါကြောင့် ကျန်းမာ-ဝဖြိုးလာတာပါ။ (တီဘီ) ရောဂါဟာ သက်သာလာတာနဲ့ ကိုယ်အလေးချိန် တက်လာမယ်။ အသားအရေ ညိုတိုတို ဖြစ်လာမယ်။ ဆေးတွေကြောင့်ပါ။ ဆေးတွေ ရပ်ချိန်ကျလို့ ရပ်လိုက်တဲ့နောက်မှာ တဖြေးဖြေးနဲ့ အသားအရေ နဂိုအနေ စိုပြေလာမယ်။ ဆရာဝန်အချင်ချင်း အပြစ်ပြောရာတော့ ကျချင်ကျနေမယ်။ ဓါတ်မှန်တချပ်တည်းနဲ့တော့ အကဲဖြတ်လို့ မရသေးပါ။ Active TB အခုဖြစ်နေတဲ့ (တီဘီ) လား၊ Old TB ကုသထားလို့ ပျောက်နေတဲ့ အမာရွတ်ထင်နေတာလားလို့ ခွဲခြားနိုင်အောင် တခြား စမ်းသပ်မှုတွေ လိုသလို အတွေ့အကြုံလဲ လိုပါတယ်။ ဒုတိယအကြံဥာဏ်လိုတယ်။ အဟောင်းတိုင်း မကောင်းဘူထင်တာ မမှန်ပါ။

• TB (Tuberculosis) တီဘီ http://dts-medicaleducation.blogspot.com/2008/10/tuberculosis-tb.html
• TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ http://dts-medicaleducation.blogspot.in/2012/04/side-effects-of-tb-medicines.html
• TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ http://dts-medicaleducation.blogspot.com/2009/10/tb-no-more-in-medical-curriculum.html

Dr. တင့်ဆွေ
၂၇-၅-၂ဝ၁၂

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...