Monday, April 28, 2014

Mobile Phone App Could Help Detect Down Syndrome

မိုဘိုင်းဖုန်း ‘အက်ပ်’ သစ်နဲ့ မွေးရာပါ ‘ဒေါင်းဆင်ဒရုမ်း’ ကို သိနိုင်ပြီ

• Down syndrome ‘ဒေါင်းဆင်ဒရုမ်း’ ဆိုတာ အဖြစ်မနည်းလှပါ။ ကလေး ၁ဝဝဝ မှာ ၁ ယောက်လောက်ရှိတဲ့ မျိုးဗီဇချို့ယွင်းမှု မွေးရာပါရောဂါဖြစ်တယ်။ ရုပ်ပိုင်းရော ဥာဏ်ရည်ပါ ချို့ယွင်းနေမယ်။
• ရောဂါနဲ့မွေးလာတာကို စောစောသိရင် ပြုစုကုသမှုအတွက် အကျိုးရှိစေပါတယ်။
• ကိုယ်ဝန်ရှိကတည်းက စမ်းသိနိုင်ပေမဲ့ ဆန်းပြားရှုပ်ထွေးပြီး ကုန်ကျစရိတ်ကြီးမားတယ်။
• မွေးလာတာမှာလဲ တခါတလေ ရုပ်အင်္ဂါကြည့်ပြီး တန်းသိနိုင်ပေမဲ့ ကလေးတိုင်းကို အဲလိုမသိနိုင်ပါ။
• ဒီရောဂါနာမည်ရှာဖွေရေးအတွက် အားတက်စရာ တီထွင်မှုသစ်ကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မှာရှိတဲ့ Sheikh Zayed Institute for Pediatric Surgical Innovation ‘ရှိတ် ဇေယက်’ ကလေးခွဲစိတ်ပညာ အသစ်တီထွင်ရေးဌာနကနေ တီထွင်လိုက်ပါပြီ။
• မွေးပြီးပြီးချင်း ‘စမတ်ဖုန်း’ နဲ့ ဓါတ်ပုံရိုင်ပြီး သိနိုင်ပါမယ်။ ဓါတ်ပုံကို’ ဆော့ဖ်ဝဲ’ အသစ်ကနေ ကလေးမျက်နှာကို သိုလှောင်သိမ်းပေးထားတဲ့ တိုင်းရင်းသားအမျိုးမျိုးသော ကလေးတွေရဲ့ ဓါတ်ပုံပေါင်းထောင်နဲ့ ယှဉ်ကြည့်မှာပါ။
• သုတေသနခေါင်းဆောင် Linguraru ‘လင်ဂူရာယူ’ က တိကျမှု ၉၇% ရှိတယ်လို့ဆိုပါတယ်။
• ကလေးအထူးကုဆရာဝန်တွေသာမကပါ၊ သူနာပြုတွေ၊ သားဖွါးဆရာမတွေတောင်မှ ရောဂါကို ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂ဝ၁၄

Wooing the Generals ပြင်သစ်အမြင်

ပြင်သစ်အသင်းကဗိုလ်စွဲသွားတဲ့ ဘောလုံးပွဲသတင်းတွေကနေ အမှတ်ရတာတခုရှိသေးတယ်။ ကျွန်တော် ပြည်ပနိုင်ငံရေးကာလ နယူးဒေလီမှာနေစဉ်က ပြင်သစ်လူမျိုး သုတေသ...