ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, April 4, 2014

Newborn baby ကလေးမွေးတော့မယ်ဆိုရင်

ဒေါက်တာရှင့် ကျမ အခုပထမကိုယ်ဝန်လွယ်ထားတဲ့သူပါ။ မွေးခါနီးပါပြီ။ ကလေးအတွေ့ အကြုံ ဘာမှမရှိတဲ့အတွက် ဒေါက်တာကို စာရေးအကူအညီတောင်းရတာပါ။ ကလေးမွေးပြီးရင် ကလေးကိုဘယ်လို ကြည့်ရမယ်။ တစ်နေ့ ရေ ဘယ်နှစ်ကြိမ် ချိုးပေးရမလဲ။ ရေများများတိုက်ရမှာလား။ မွေးခါစကလေးကို သေးခံဝတ်ပေးသင့် မသင့်။ ကလေးနဲ့ပတ်သတ်တဲ့သိသင့်သိထိုက်တဲ့အရာတွေကိုသိချင်ပါတယ်ရှင့်။ ဒေါက်တာမှာ new born နဲ့ ပတ်သတ်တဲ့ စာတွေရေးထားတာရှိရင်လည်း ဖတ်ချင်ပါတယ်ရှင့်။ ဒေါက်တ့ ကျန်းမာရေး ပိုစ့်တွေကိုလည်းဖတ်ဖြစ်ပါတယ်။ အများအတွက်အကျိုးရှိတဲ့ ကျန်းမာရေးအသိတွေကို ဝေမျှပေးတဲ့ဒေါက်တာလည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာ ပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်။

• သိပ်မပူပင်ပါနဲ့။
• မွေးမွေးချင်း ကလေးကို ရေချိုးလဲရတယ်။ ရာသီဥတုနဲ့ နေရာထိုင်ခင်းအရ နောက်မှချိုးလဲရတယ်။ ချက်ကြိုးကို Cipladine/Betadine cream ဆေးလိမ်းပေးပါ။ ချက်နေရာကို ခြောက်နေအောင်ထားရင် ကြွေတာမြန်မယ်။
• မွေးကတည်းက ကလေးကိုနို့တိုက်ပါ။ ကနဦးရည်ကြည်ကို ညှစ်မပြစ်ပါနဲ့။
• မွေးကတည်းက ကာကွယ်ဆေး ထိုး-တိုက်ပါ။ BCG, Hepatitis B, OPV, Eye drop
• နောက်မှာလဲ ဇယားအတိုင်းထိုး-တိုက်ပါ။
• ကလေးကို ရေတိုက်သင့်တယ်။ တချို့က ၆ လအထိမတိုက်ဘူး။ ကိုယ်ပူရင်၊ ရာသီဥတုပူရင်၊ အသားဝါ မြန်မြန်ပျောက်အောင် ရေတိုက်သင့်တယ်။ မိခင်တခါသောက်ရင် ကလေးကို တခါတိုက်ပါ။
• Diaper ကို သုံးနိုင်ပါတယ်။ သတိထားရမှာက မလောင်စေဘို့ဘဲ။ အချိန်နဲ့ လဲပေးရမယ်။
• အလားတူ ကလေးပေါင်ဒါသုံးရင် ကလေးနဲ့ မတည့်တာမျိုး ရှိတယ်။ ပြောင်းသုံးနိုင်တယ်။
• ကလေးငယ်တုံးမှာ ဆေးမတိုက်လေ ကောင်းလေဘဲ။
• ပိုးသေဆေးတိုက်ရင် ဆရာဝန်ညွှန်မှသာ တိုက်ပါ။ ပါရာစီတမောအရည်ကို တိုက်စရာလိုရင် ကိုယ်အလေးချိန်နဲ့ ချိန်ဆရမယ်။

ဆရာ့ဘလော့ခ်ထဲမှာ ရေးထားတာတွေကို မာတိကာထဲက ခေါင်းစဉ်ရွေးဖတ်နိုင်ပါတယ်။ http://dts-medicaleducation.blogspot.in/

• Baby Care ကလေးဗိုက်နာရင် http://dts-medicaleducation.blogspot.com/2011/05/may-25-2011-at-803-am-air-x-drop-air-x.html
• Gripe Water ကလေး လေဆေး http://dts-medicaleducation.blogspot.com/2011/12/gripe-water.html Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ http://dts-medicaleducation.blogspot.in/2012/08/newborn-baby-and-water.html
• Neonatal jaundice မွေးစကလေး အသားဝါခြင်း http://dts-medicaleducation.blogspot.com/2012/01/neonatal-jaundice_24.html
• Paracetamol Syrup (ပါရာစီတမော) အရည် http://dts-medicaleducation.blogspot.com/2011/11/paracetamol_29.html
• Vaccines ကာကွယ်ဆေးများ http://dts-medicaleducation.blogspot.in/2012/02/pentavalent-vaccine.html
• Immunization Chart ကာကွယ်ဆေးထိုးဇယား၊ (ကာကွယ်ဆေးအလိုက်) http://dts-medicaleducation.blogspot.com/2010/06/immunization-chart.html
• Immunization Chart ကာကွယ်ဆေးထိုးဇယား၊ (အသက်အလိုက်) http://dts-medicaleducation.blogspot.com/2010/06/child-immunization-chart.html

ဓါတ်ပုံ = ၁၉-၉-၂ဝဝ၈ နေ့က ယမုန်နာဆေးခန်းလေးမှာမွေးခဲ့တဲ့ကလေး။

ဒေါက်တာတင့်ဆွေ
၎-၄-၂ဝ၁၄