ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Saturday, April 5, 2014

First Aid Sharing on Anroid App ကျန်းမာရေးစာတွေ ထပ်ဆင့်မျှဝေ

• မင်္ဂလာပါ ဆရာ။
ကျွန်တော့်နာမည် ဒေါက်တာ့ ပါ။့ ခုနှစ်မှာ မန္တလေးဆေး တက္ကသိုလ်က ကျောင်းပြီးပါတယ်။ ဆရာ့ဆီကို အရင်တစ်ခါက ဆက်သွယ်ခွင့်တောင်းဖူးပါတယ်။ Android application တစ်ခုလုပ်တာ ဆရာ့ first aid article လေးတွေ ယူသုံးချင်ပါတယ်ဆိုပြီးတော့။ အဲဒီ application ထုတ်ဝေပြီးတော့ အခု google play မှာလည်း download 10000 ကျော်သွားပါပြီခင်ဗျာ။ Version အသစ် လုပ်ချင်လို့ ဆရာရေးတဲ့ အခြားအကြောင်းအရာတွေကိုကော link နဲ့ ထည့်သွင်း ဖော်ပြချင်လို့ပါ။ ထပ်မံခွင့်တောင်းတာပါဆရာ။ နောက်ပြီးတော့ အမေးအဖြေအတွက်လည်း ဆရာ့ email ကိုထည့်သွင်း ပေးလို့ရမလားသိချင်ပါတယ်။ အခုလို ဆေးပညာ knowledge တွေ အများကြီးလည်း ရေးနိုင်၊ ဆေးလည်း ကုနိုင်တဲ့ ဆရာ့ကို အရမ်းလေးစားပါတယ်။

• ဟုတ်ပြီဗျာ။
ကောင်းပါတယ် ဆရာရေ။ အများအကျိုးရှိစေတာကို အဲလိုဘဲ ဝိုင်းလုပ်ကြရမှာဘဲ။ လုပ်ထားတာကိုလဲ ဆရာ့ ဖေ့စ်ဘွတ် ကွန်မင့်မှာဖြစ်ဖြစ် Link ပြောပြပေးပါလား။ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများထဲက စာတွေကလွဲရင် အဆင်သင့်သလိုသာ သုံးပါ။

• ဆရာ ဒေါက်တာတင့်ဆွေခင်ဗျာ
ကျွန်တော် ပြုလုပ်ပြီးသွားရင် ဆရာ့ page မှာ လာတင်ပေးပါမယ်ခင်ဗျာ။ သင်္ကြန် မတိုင်ခင်လောက်ပြီးမယ် မျှော်လင့်မိပါတယ်။ အစက sex education အကြောင်းကို သက်သက်ခွဲထည့်ထားမလို့ လုပ်ပေမယ့် အခု ဖယ်ထားလိုက်ပါမယ်။ ဆရာ့ဆီက ယူသုံးတာတွေတိုင်းမှာ အောက်က အမည်နဲ့ဖော်ပြပေးပါမယ်။ အချို့ အရာတွေကျတော့ တိုက်ရိုက်မယူပဲ အခြား reference တွေနဲ့ တိုက်ပြီး ပြင်ထားတာတွေ ရှိပါသေးတယ်ဆရာ။ အဲဒီလို ပြင်ခွင့်ရှိမရှိလည်း သိပါရစေ။

• ဟုတ်ကဲဆရာ
ပိုကောင်းကောင်ပြင်တာကို သဘောတူပါတယ်။ ဆရာလဲ အရင်ရေးထားတာတွေကို အချိန်ရတိုင်းပြန်ပြင်နေတာပါ။ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများထဲက အများအတွက်အသုံးကျမှာတွေ အများကြီးပါတယ်။ ကိုယ်ဝန်နဲ့ ဆိုင်တာတွေ၊ ဘီပိုး၊ စီပိုး၊ HIV နဲ့ လိင်ကတဆင့်ကူးစက်ရောဂါတွေ၊ ကလေးမရသေးတာတွေ၊ ရာသီနဲ့ဆိုင်တာတွေ အများကြီး။ အများကို အလွယ်တကူဖတ်စေချင်ပါတယ်။ ဒါကြောင့် စာတွေကို ရွေးပြီး ဆရာ့ အပလီကေးရှင်းကနေ ဖြန့်ဘို့ လုပ်တာပေါ့ဗျာ။

https://play.google.com/store/apps/details?id=com.nckk.healthguide ဒေါက်တာတင့်ဆွေ
၅-၄-၂ဝ၁၄