Friday, May 2, 2014

Hepatitis B vaccine အသဲရောင် (ဘီ) ပိုး ကာကွယ်ဆေး ဘယ်သူတွေက ဘယ်တော့မှာ ထိုးသင့်ကြသလဲ

မိသားစုဝင်တစ်ယောက် အသည်းရောင် (ဘီ) ရောဂါရှိနေ၍၊ တစ်အိမ်တည်းနေဖခင် အရက်သောက်ပြီး အသဲတခြမ်း ပျက်နေသူ (လက်ရှိအချိန်ထိသွားနိုင်လာနိုင်) အသက် ၆၃နှစ်၊ ကျား အတွက် ဘီပိုးကာကွယ်ဆေး ထိုးသင့် မထိုးသင့် သိချင်လို့ပါ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။

ကလေးတွေ
• မွေးကာစကလေးတိုင်း = မွေးမွေးခြင်း (ပ)၊ ၁-၂ လမှာ (ဒု)၊ ၆-၁၈ လမှာ (တ)။
• မိခင်မှာ (ဘီ) ပိုးရှိနေရင် မွေးမွေးချင်း Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေးပါထိုးပါ။
• အသက် ၁၈ နှစ်အောက်ကလေးတိုင်း ငယ်တုံးက မထိုးရသေးရင်ထိုးပါ။

လူကြီးတွေ = ပဌမအကြိမ်ထိုး၊ နောက် ၄ ပါတ် (တလ) မှာ ဒုတိယအကြိမ်ထိုး၊ နောက် ၅ လမှာ တတိယအကြိမ်ထိုးပါ။
• လိင်အတူနေဖက်မှာ (ဘီ) ပိုးရှိနေရင်၊
• လိင်တူဆက်ဆံယောက်ျားတိုင်း၊
• မူးယစ်ဆေးဝါးထိုးသူ၊
• လိင်အတူနေဖက် တယောက်မကထားသူ၊
• နာတာရှည် အသဲရောဂါရှိသူ၊ နာတာရှည်ကျောက်ကပ်ရောဂါရှိသူ၊
• ဆီးချိုရှိတဲ့ အသက် ၆ဝ ကျော်သူ၊
• လူ့သွေးနဲ့ အရည်တွေကို လုပ်ငန်းခွင်မှာ ကိုင်တွယ်နေကြရသူ၊
• (ဘီ) ပိုးရှိသူနေဲ့ တအိမ်ထဲနေရသူ၊
• အင်္ဂါမသန်စွမ်းသူတွေကို ကူညီစောင့်ရှောက်နေကြရသူတွေ၊
• ကျောက်ကပ်ဆေးနေရသူ၊
• (ဘီ) ပိုးအဖြစ်များရာဒေသကိုခရီးသွာရသူ၊
• HIV ပိုရှိနေသူ၊
• ကိုယ်ဝန်ဆောင်တွေ ထိုးချင်ရင်။

ဒေါက်တာတင့်ဆွေ
၂-၅-၂ဝ၁၄

Wooing the Generals ပြင်သစ်အမြင်

ပြင်သစ်အသင်းကဗိုလ်စွဲသွားတဲ့ ဘောလုံးပွဲသတင်းတွေကနေ အမှတ်ရတာတခုရှိသေးတယ်။ ကျွန်တော် ပြည်ပနိုင်ငံရေးကာလ နယူးဒေလီမှာနေစဉ်က ပြင်သစ်လူမျိုး သုတေသ...