Saturday, July 28, 2018

အထက်မှာ ဘာရှိ

တရားရေးကိုပြောနေကြတာ အတော်များတယ်။ ဘာလဲတော့ သေချာမသိ။ မတရားတာဖြစ်မယ်။

ကျွန်တော်နိုင်ငံရေးထဲရောက်ကတည်းက မတရားစီရင်ရေးနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့တယ်။ အစိုးရတွေ ၄ ဆက်ပြောင်းပြီ။

တရားရေးသည် အစိုးရနဲ့မဆိုင်ကတော့ သီအိုရီအရမှန်တယ်။ တရားရေးသည် အစိုးရတွေအထက်မှာရှိသည်လို့ သီအိုရီအသစ် ထွက်နိုင်ပြီပေါ့။

အထက်မှာ ဘာရှိ။ မိုးကောင်းကင်ကြီးရှိ။ ကြယ်တွေလတွေရှိ။ ဂြိုဟ်တုတွေ ဒုံးပျံတွေရှိ။ ဆဲလ်ဖုန်းတာဝါတိုင်တွေရှိ။

ဆဲလ်ဖုန်းတာဝါတိုင်တွေနဲ့ ကျန်းမာရေး မနေ့ကတယောက်က မေးထားတယ်။ ရေးရဦးမယ်။ အမေရိကန်က သုတေသနတွေမှာ မပါတာအထိ သိတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...