Sunday, July 29, 2018

သံဝရပျို့

မြင့်သွန်းတရာ၊ ယူဇနာဖြင့်
ကွန်းချာမှန်ကူ၊ သပြေဟူသား
ဇမ္ဗူရုက္ခ၊ သီးချိုမြကို
စားစရလျှင်၊ စားချင်ချင်သို့
ပုံပြင်စကား၊ တကြိမ်ကြားက
ဖန်များနားဝ၊ နာအီလှသည်
ဆုံးမခံတတ်၊ မင်းသားမြတ်။

ရှင်မဟာရဋ္ဌသာရရေးစပ်ခဲ့တဲ့ သတ်ပုံတွေကိ တင်ပြအပ်ပါတယ်။ မင်းသုဝဏ်ရေးသားတဲ့ မြန်မာစာ မြန်မာမှုစာအုပ်ကဖြစ်ပါတယ်။

ရှင်မဟာရဋ္ဌသာရနဲ့ ဆရာမင်းသုဝဏ်တို့ထက် မြန်မာစာတော်သလိုလို အထင်ရောက်နေသူတွေကတော့ မြင့်သွန်းတစ်ရာ၊ တစ်ကြိမ်ကြားကလို့ ရေးနေကြတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...