Friday, July 27, 2018

မြန်မာ ဘာလဲ

မြန်မာကလာတဲ့လို့ရေးထားတာကို ဖတ်တော့ ဒီမှာနေတဲ့သူတွေပြောသလိုပဲ။ ကျမမြန်မာပြည်တုန်းကတဲ့။ ပြောတဲ့သူက ဘာသာပြန်အလုပ် လုပ်နေသူမဟုတ်ပါ။

နာမဝိသေနနောက်မှာ နာမ်လိုက်ရတယ်လို့ နားလည်တဲ့ခေတ်မှာ မြန်မာစာသင်ခဲ့တဲ့ကျွန်တော် ခေတ်သစ်မြန်မာစကားကို နားမလည်နိုင်။

မြန်မာပြည်၊ မြန်မာနိုင်ငံ၊ မြန်မာနိုင်ငံတော်ဆိုမှသာ သဘောပေါက်တယ်။ ကျွန်တော် အောက်သွားပြီ။

ကျွန်တော် ဗမာပြည်ပြန်တုန်းကလို့ စကားအရပြောတယ်။ မြန်မာပြည်ပြန်စဉ်ကလို့ စာလိုရေးလေ့ရှိပါတယ်။

အလုပ်က မြန်မာဘာသာပြန်ကျောင်းဆရာဖြစ်တော့ မြန်မာပြန်တုန်းကလိုသာသွားပြောရင် ကျောင်းဆရာ အလုပ်ပြုတ်မယ်။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...