Saturday, July 28, 2018

ရက် နှင့် ယက်

၁။ ဆရာ ဝတ်စုံရက် လုပ် ဝတ်စုံယက်လုပ် ရက်ကန်း ယက္ကန်း အမှန်သိပါရစေဆရာ ကျေးဇူးတင်ပါတယ်ဆရာ

၂။ အထည်ယက်၊ အထည်ရက်၊ မှားတတ်ပါသေးတယ်ရှင်။

ရက်
ဆက်ရက်ငှက်
ထရံရက်
ဖျာရက်သည်
မစားရက် မသောက်ရက်
မုဒရက်သီး
ရက္ခိုက်
ရက်ကန်းစင် (ယက်ကန်းစင် မူကွဲ)
ရက်ကန်းရက်
ရက်ကန်းရှယ်
ရက်ချိန်း
ရက်ချုပ်
ရက်စုံသတ်
ရက်စက်သည်
ရက်တက်ရည်
ရက်မ
ရက်မလျှို
ရက်ခြာဖျား
ရက်ရာဇာ
ရက်လည်ဆွမ်း
ရက်သတ်
ရက်ဖောက်တန်း
ရက်ဖောက်ယောက်
ရက်ရော
သရက်ချဉ်
သရက်ထည်
သရက်သီး

ယက်
ဂယက်ရိုက်သည်
ဂယောင်ဂယက် (ဂယောက်ဂယက်)
ထွန်ယက်
ကြက်ယက်
ယက်၍ကူးသည်
ယက်ကန်ယက်ကန်
ယက်မန်းရည်
ယက်သဲ့ (ငါးဖမ်းကိရိယာ)
ယက်ကြောင်း
လုယက်သည်
ရေယက်
ရွှေကြက်ယက်
ရွှေယက်ပြား
လေယက်

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၈
၂၇-၇-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...