Thursday, July 19, 2018

ရသက ချိုင်သည်

မြန်မာဆိုရိုးစကားတခု ရှိတယ်။ မရ ရသက ချိုင်သည်။ တချို့က ဒသက ချိုင်သည်လို့ မှားပြီး ပြောဆိုကြတယ်။

မဟာသုတသေမ ဇာတ်တော်ထဲမှာ လူသားစားတဲ့ ပေါရိသာဒ ဗြဟ္မဒတ်မင်းဟာ သူ့တပည့်လူယုံတော် ရသကကို လူသားရှာခိုင်းတယ်။ တပည့်ကလည်း ဘုရင်အလိုရှိတိုင်း လူခြေတိတ်မှာ လူသားရှာပေးတယ်။ ကြာတော့ တိုင်းသူ ပြည်သားတွေ ရိပ်စားမိပြီး အထိန့်တလန့်ဖြစ်ကြလို့ တယောက်တည်းတည်း သွားလာတာမျိုး မလုပ်ကြတော့ပါ။ တနေ့မှာ လူသားက ရှာမရ။ ဘုရင်ကလည်း စာချင်တော့ ရသကိုပဲ သတ်စားပါသတဲ့။

အဲဒီဇာတ်လမ်းကို ရည်ညွှန်းပြီး လိုချင်တာတခုကို ရအောင်ယူပေမယ့် မရတဲ့အခါ ရရာကိုပဲယူတာမျိုးမှာ ဒီစကားကို သုံးစွဲ ပြောဆိုကြပါတယ်။ ပြုသင့် မပြုသင့်ကို ထည့်မစဉ်းစားတော့ပဲ ကိုယ်လိုချင်တာကိုသာ အရယူတဲ့အခါမှာ သုံးပါတယ်။

ဒေါက်တာတင့်ဆွေ

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...