Thursday, July 19, 2018

အတိမ်နဲ့ အနက်

ကျွန်တော်နဲ့ ရွယ်တူတန်းတူတွေဟာ ခေတ်ကောင်းကို မမီကြပါ။ အစစအရာရာ ရှားပါးတဲ့ခေတ်တွေကို ဖြတ်သန်း ရှင်သန်ခဲ့ကြရတယ်။

ကျောင်းနေပြီးမကြာခင် စစ်တပ်ကအာဏာသိမ်းတယ်။ ဆိုရှယ်လစ်လုပ်တော့ ပစ္စည်းအကုန်ရှားသွားတယ်။ ဝတ်စရာသာမက၊ ကျောင်းသုံးစာအုပ်၊ လူသုံးကုန်တွေ ခွဲတမ်းနဲ့သာရတယ်။ အရည်အသွေးကလည်း ညံ့တော့ တချို့ ပြည်သူပိုင်စက်ရုံက ထုတ်တာတွေ သုံးလို့ကိုမဖြစ်ဘူး။

ဆယ်တန်းမှာ အင်္ဂလိပ်လိုမသင်နဲ့တဲ့။ ဆေးကျောင်းရောက်တော့ ဆေးစာအုပ်တွေရှားလို့ ပညာတွင်းနက်ခဲ့တယ်။ ဆရာဝန်ဖြစ်တော့ ဆေးပစ္စည်းတွေ ရှားတယ်။ ဆေးကုရတာ ဆေးကျောင်းမှာမသင်ရတဲ့နည်းတွေ ကြံရဖန်ရတယ်။

နိုင်ငံရေးထဲရောက်ပြန်တော့ ကျွန်တော်က ပြည်ပမှာနေရတယ်။ ရှားနည်းတွေ တိုးလာပြန်တယ်။ အကိုးအကားတွေ လက်လှမ်းမမီတာများတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံ၊ ဒေါ်စုပုံကအစ တကူးတကလိုက်ရှာရတယ်။ အာဇာနည်ကိုးဦးပုံဆို ပိုရှားသေး။

အခုတော့ ပြောင်းပြန်။ လွယ်လိုက်တာမှ ဖုန်းပေါ်မှာ ကလစ်ဆို လိုချင်တာအကုန်ရတယ်။ စစ် မစစ်တော့ ရွေးရတယ်။ ဆေးတွေလည်း ပေါသလားမမေးနဲ့ စစ် မစစ်တော့ ရွေးရတယ်။ စာအုပ်တွေလည်း အွန်လိုင်းမှာပါရှိတယ်။ သတ်ပုံကတော့ မစစ်တော့တာ သေချာတယ်။ ပြည်ပနိုင်ငံရေးလုပ်စဉ်က လာတွေ့ရဲသူ မရှိ။ အဲလိုမရဲသူတွေမှာတော့ အပြစ်မရှိ။ အခုတော့ ဖရင်း ၅ဝဝဝ နှစ်လီ လုပ်ထားတာတောင် မလောက်။ စစ် မစစ်တော့ ရွေးရတယ်။

အခုခေတ်မှာ ပညာတွင်းက မနက်တော့။ မနက်ဖူးဆိုတာ အပ်ါယံလေးသာ။ ပုံထဲက ကျွန်တော့်ဇာတိရွာမှာ သုံးလေးတောင်တူးရင် ရေသန့်ရေကောင်းထွက်တယ်။ တချို့အရပ်တွေမှာ အဝီဇိတွင်း တူးရတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...