Thursday, July 19, 2018

Operation theatre ခမ်းနားသော ခွဲစိတ်ခန်း

အဲဒီပုံနဲ့စာတပုဒ်အောက်မှာ ကွန်မင့်တခုရတယ်။ OT လည်းမဟုတ်ဘူးနော် ဆရာတဲ့။ သူပြောတာ အမှန်ပါ။ OT ဆိုတာ ခွဲစိတ်ခန်း။

ကျွန်တော့်ဆရာဝန်သက်တမ်းအတွင်းမှာ (၁၉၇၄-၁၉၈၈) ၆ နှစ်တာ မြို့သာတိုက်နယ်ဆေးရုံမှာ OPD ပြင်ပလူနာဌာနကို လူနာရှင်းတာနဲ့ OT ခွဲစိတ်ခန်းအဖြစ်သုံးခဲ့ရတယ်။ ၁၂ နှစ်တာ (၂ဝဝ၂-၂ဝ၁၄) ဒေလီက ယမုန်ဆေးခန်းလေးမှာ သားဖွါးခန်းနဲ့ OT ခွဲစိတ်ခန်း အတူသုံးခဲ့ရတယ်။

မပြည့်စုံတာတွေရေးရရင် အများကြီးပဲ။ တရားစွဲခံရနိုင်တယ်။ ဘုန်းကြီး ခေါင်းခေါက်ပြီးမှ ကန်တော့ပါပြောသလို၊ ဒါးနဲ့ ခွဲစိတ်ဖြတ်တောက်ပြီးမှ ကျွန်တော့်လူနာတွေကို တောင်းပန်ရတယ်။ ဆောရီး။

ကျွန်တော့်တသက်မှာ ခမ်းနားကြီးကျယ်ခြင်းနဲ့ ရေစက်မဆုံဖူးပါ။

ပုံ = ၁၉-၆-၂ဝ၁၂ နေ့က နယူးဒေလီမြို့ ယမုန်နာဆေးခန်း ခွဲစိတ်ကုသမှု

ဒေါက်တာတင့်ဆွေ

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...