ကိုးကွယ်ရာဘာသာမှာ ကြည်ကြည်လင်လင်သာ ယုံကြည်ပါတယ်။ အစွန်းရောက်အသုံးအနှုံးတွေ ပေါ်လာတော့လည်း ယုံကြည်မှုက တိုးမလာ၊ နောက်ကျိလည်း မသွားပါ။
ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်းပြည်ကို ချစ်မြတ်နိုးမှုလည်း တည်တည်ငြိမ်ငြိမ်သာဖြစ်ပါတယ်။ ဆိုင်းဘုတ်ထောင်ပြီး ချစ်လှချည်ရဲ့ အထိတော့ လုပ်မပြတတ်ပါ။ ဘာသာရေးကိုအသုံးချတဲ့နိုင်ငံရေး လုပ်နေကြတယ်။
ပုညရှင်စေတီမှာ ဆွမ်းဦးတင်ချင် ကိုယ့်ထက်အရင်ဦးပြီးသား တွေ့မယ်တဲ့။ တို့ကတော့ သန်းကောင်ကျော်ကတည်းက ကပ်မယ်ကွလို့ သိပ်ကြည်ညိုပြချင်သူများ မှားပါတယ်။ အရုဏ်ဆွမ်းကို အရုဏ်မတက်မီမှာ ကပ်လို့မရပါ။ အခု အဲလို ကိုယ်တော်တွေရော လူတွေပါ တွေ့နေရတယ်။
စစ်ကိုင်းတောင်- Ko Ant Gyi https://www.youtube.com/watch?v=qONQ1fZWnfE
ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၅
၂၇-၇-၂ဝ၁၈