Sunday, August 5, 2018

Anti-Cardiolpin မရေရာတာကို မဖြေချင်ပါ

အသိတယောက် မိန်းကလေး အသက် ၃၇ နှစ်ပါ လွန်ခဲ့တဲ့လက ကိုယ်တစ်ခြမ်း လေဖျန်းသွားတာ ခုတော့ ပြန်ကောင်းနေပါပြီ အေးတဲ့အခါ ထုံကျင်တာတော့ရှိသေးတယ် ဆရာဝန်ပြောတာက သွေးအရမ်းပြစ်နေတဲ့အတွက် သွေးကျဲဆေး အမြဲစားပေးရမယ် ဆေးတွေက ဈေးကြီးတော့ ရေရှည်ဝယ်သောက်နိုင်ပါ့မလားလို့ပြောပါတယ် အဲရာကြောင့် နေစဉ်စားသုံးတဲ့ အစားအစာတွေထဲက ဘယ်အစားအစာကို အမြဲစားပေးသင့်သလဲ သိချင်လို့ပါ ဆရာ

ဆေးစစ်ချက်စာ (ပုံ မဟုတ်) သိမှသာ ရောဂါအမည်ကိုသိနိုင်။ ရမ်းမဖြေပါ။

ဟုပ်ကဲ့ဆရာ

လေဖျန်းဆိုတာ သိပ်နာမလည်။ တယောက်တမျိုးပြောကြတယ်။ လေဖြတ်တာက ခြေလက် မလှုပ်နိုင်တာ။ ကိုယ်ရောင်တာကိုလည်း ပြောသူတွေရှိတယ်။ မေးခွန်းပါအမျိုးသမီး အိမ်ထောင်ရေး မသိ။ ရာသီ မသိ။

ဆေးစစ်ချက် ၃ ခုထဲက သည်တခုသာ ဖတ်လို့ရ။ ကျန်တာ ဖတ်မရ။ Anti-Cardiolpin များနေ။ အဆီတမျိုးဖြစ်တယ်။ များနေသူ သွေးခဲဖြစ်စဉ် ပုံမှန်မဟုတ်။ ကိုယ်ဝန်မကြာခဏပျက်ကျတတ်။

သွေးပျစ်တဲ့ရောဂါက တမျိုး။
Thick Blood သွေးပျစ်ခြင်း https://doctortintswe.blogspot.com/2017/08/thick-blood.html

မရေရာတာကို ဖြေရတာ မှားတတ်တယ်။ မဖြေချင်ပါ။

ဒေါက်တာတင့်ဆွေ

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...