Sunday, August 5, 2018

ဆင်းရဲဇာတာ မြန်မာစာ

စောစောက ယောက်ခထီးရှိ မရှိ မေးလို့ ရေးလိုက်တယ်။ မြန်မာစာဆင်းရဲတဲ့အကြောင်း ဆရာမောင်စွမ်းရည်က ရေးထားတယ်။

ကျွန်တော် ဘန်ကောက်ကနေ ချင်းမိုင် ခေါ် ဇင်းမယ်ကိုသွားတဲ့တရီးစဉ်တခုမှာ ချင်းမိုင်းမှာနေတဲ့ လူရွယ်တယောက်ကို လေဆိပ်လာကြိုဖို့ သူ့အမကနေစီစဉ်ပေးတယ်။ ဖုန်းကိုယ်စီပါကြလို့သာ လူချင်းတွေ့တယ်။ တွေ့တွေ့ချင်း လာကြိုတဲ့သူက အတော်အံ့သြနေတယ်။ ဟုတ်မှဟုတ်ရဲ့လားအကြည့်နဲ့။

နောက်မှ ဇာတ်ရေလည်တယ်။ ကျွန်တော့်ချွေးမ သူ့အမက ယောက်ခမလာမယ်။ သွားကြိုလိုက်လို့ပြောတာ၊ ယောက်ခမဆိုပြီး ယောက်ျားကြီးဖြစ်နေလို့တဲ့။

အထီး အမခွဲတာ စကားတွေမှာ စုံအောင်မရှိတတ်ပါ။ အင်္ဂလိပ်စကားမှာလည်း အဲလိုပဲ။ (ယူ) ဆိုရင် ထီးထီးမမ ရသတဲ့။

ကျွန်တော်တို့လူမျိုးတွေကတော့ ဆင်းရဲဇာတာပါကြတယ်။ အခုထိ အယ်လ်ဒီစီ။ ယောက်ခထီးပြောလည်း နားလည်ယူလိုက်ကြတာပဲ။ သမီးနဲ့ အမေအတွဲကိုလည်း သားအမိလို့သာရှိတယ်။

နေရှင်နယ်အသုံးကို အမျိုးသားလို့ပြောတိုင်း အမျိုးသမီးတွေက အထအနကောက်ကြတယ်။ အမိနိုင်ငံတော်လို့ကတော့ သင့်မှန်တယ်။ အဖလုပ်ရင် တမျိုးဖြစ်စေတယ်။ ဖါးသာလင်န်းဆိုတာ အမျိုးသားရေးဆန်လွန်းသူတွေကသာ သုံးတယ်။ နာဇီတွေလည်းသုံးတယ်။

ဒေါက်တာတင့်ဆွေ
၅-၈-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...