Sunday, August 5, 2018

ရွှေကြေးစည်

မင်္ဂလာပါ ကျနော်ကတော့ ပုလဲမြို့နယ် စံပြနွားကူးကျေးရွာသားလေးဖြစ်ပါတယ်။ မြန်မာစာနဲ့ပတ်သက်တဲ့ အကြောင်းလေးတခု သိချင်လို့ပါ။ ဒီနေ့ မန္တလေးမြို့တနေရာမှာ ရွှေကျေးစည်ဆိုတဲ့ ဆိုင်နာမည်လေး တွေ့မိတော့ စဉ်းစားကြည့်မိလို့ပါ။ ရွှေကျေးစည်ဆိုတာ ဘယ်လိုအဓိပ္ပာယ်မျိုးလဲသိချင်မိလို့ပါ။

ဘုရားကျောင်းကန်နဲ့ ဘာသာရေးပွဲလမ်းတွေမှာသုံးတာကို ကြေးစည်လို့သာ စာလုံးပေါင်းတယ်။

ကြေး
ကတ်ကြေး
ခိုင်ကြေး
ငါးအကြေးခွံ
ဆက်ကြေး
တန်ရာတန်ကြေး
ထင်ကြေးပေး
ဒဏ်ကြေး
ပျမ်းမျှကြေး
မင်္ဂလာကြေး
လစဉ်ကြေး
အညစ်အကြေး
အကြေးခွံ
ခေါက်ပြန်ကြေး
ငွေကုန်ကြေးကျ
ကြေးချွတ်ဆေး
ကြေးစည်
ကြေးစားမ
ကြေးတမ်းစား
ကြေးတွန်း
ကြေးထမ်းကြီး
ကြေးထူ
ကြေးကြီး
ကြေးနင်း
ကြေးနန်းစာ
ကြေးနီကြေးဝါ
ကြေးမုံ
ကြေးမုံခွက်တာရာ
ကြေးမုံမှန်
ကြေးမုံပြင်
ကြေးရတတ်
ကြေးဝါ
ကြေးငွေဥစ္စာ
ကြေးညှော်
ကြေးနောင်
ကြေနီ
မောင်းကြေးနင်းခတ်
လောင်းကြေး

ကျေး
ငယ်စဉ်တောင်ကျေး
ဒူးဂဏန်းကျေးဂဏန်း
ယဉ်ကျေး
ယဉ်ကျေးမှု
ကျေးကျွန်
ကျေးကျုတ် (ကြက်တူရွေး)
ကျေးငှက်
ကျေးစွပ်
ကျေးဇူးကန်း
ကျေးဇူးဆပ်
ကျေးရွာ
ကျေးလက်
ကျေးသား
ကျေးသန္တာ (ကြက်တူရွေး)
ကျေးနှုတ်ကိရိယာ
ကျေးနှုတ်ပင်
မွေးကျေးဇူး

ဒေါက်တာတင့်ဆွေ
၅-၈-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...