Sunday, August 5, 2018

ဥပဇ္ဈယ်ဆရာ နှင့် ဟီရိသြတ္တပ္ပ

ကွန်မင့်တခုရတယ်။ တချို့မသိလို့ တချို့ နားမလည်လို့ပါဆရာ ခွင့်လွတ်လိုက်ပါဆရာ

ခွင့်လွှတ်ပါဆိုတာ ဘာကိုပြောလိုသလဲ မသိပါ။ မှားတာ လွဲတာ ရိုင်းစိုင်းတာတွေကို ထောက်ပြ ပြင်ဆင်ပေးမှသာ ပြင်ရကောင်းမှန်းသိကြတယ်။ အဲလိုလုပ်နေလို့ နည်းနည်းလာတယ်။ ဆဲတာတွေကိုတော့ ရှင်းထုတ်ပါတယ်။ လူသစ်တွေက မကုန်နိုင်။

ဒီကွန်မင့်က နမူနာသာဖြစ်ပါတယ်။ တချို့ကလည်း သည်းခံလိုက်ပါတဲ့ ကျွန်တော်ကို ဆုံးမကြတယ်။ မှားတဲ့ ရိုင်းတဲ့သူတွေကိုတော့ ဘာမှမပြောကြပါ။

ပေယျာလကန် = လျစ်လျူရှုသည်၊ စကား၊ စာ မြှုပ်ချန်သည်။

ဥပေက္ခာ = လျစ်လှူရှုခြင်း။

ဥပဇ္ဈယ်ဆရာ = တပည့်ရဟန်းသာမဏေအား ကြည့်ရှုဆုံးမရသော ဆရာရင်း။

ဆရာရင်းတွေကညံ့ခဲ့ကြလို့ တပည့်တွေညံ့ကြတယ်။ ဆရာတွေသာမက၊ မိဘတွေ၊ စာရေးသူတွေလည်းပါတယ်။ ပို့်စ်တင်သူတွေနဲ့ ရှယ်တဲ့သူတွေလည်းပါတယ်။

ဟီရိသြတ္တပ္ပ

ကျွန်တော်က မြန်မာစာအဓိကနဲ့ ကျောင်းပြီးခဲ့ပါတယ်။ ၁၉၉၅ လောက်ကဆယ်တန်းအောင် ကျောင်းတွေ အကြိမ်ကြိမ်ပိတ် ခေတ်ပျက်ကြီးထဲက ကျောင်းသားပေါ့။ ယနေ့ခေါတ် လူအတော်မျာများနှင့် စာပေနယ်က ဂျာနယ် မဂ္ဂဇင်း Online အတော်များများလူတွေ သုံးနေသောအသုံး ဟီရိသြတပ္ပ။ ကျွန်တော် သင်ခဲ့သောဘာသာမှာ ဟိရီသြတ္တပ္ပ။ ခြားနားပုံ သိချင်ပါတယ် ဘယ်ဟာအမှန် ဘယ်ဟာအမှား။

ဟီရိသြတ္တပ္ပ = မကောင်းမှုကိုပြုရန် ရှက်ခြင်း၊ ကြောက်ခြင်း။
ဟီရိသြတ္တပ္ပ = အရှက်အကြောက်။

မြင်းဟီသည်
ဗာဟီလမ်း
ဟီဟီဟားဟားရယ်သည်
ဟီးဟီးဟားဟားမလုပ်နှင့်

မေးတဲ့သူပြောတာမှန်တယ်။ စစ်အစိုးရခေတ်မှာ ကျောင်းတွေ ခဏခဏပိတ်ရတယ်။ စာရင်းတခုလုပ်ထားတာရှိတယ်။ အဲတော့ ပညာရေးညံ့စေတယ်။ အခုခေတ်မှာ ကျောင်းတွေ ပုံမှန်ဖွင့်နိုင်ပြီ။ ခေတ်ပျက်မှာသင်ခဲ့ရတဲ့ပညာတွေကို မဟုတ်ကြီးမှတ်နေကြတယ်။ သတ်ပုံတွေ သောက်သောက်လဲ မှားနေကြတယ်။ ဟိုထိပ်ကစမှားတာ။ ပြင်သင့်ကြပါပြီ။

ဒေါက်တာတင့်ဆွေ
၎-၈-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...