Monday, August 6, 2018

တိုင်းပြည်ကို

ရေဒီယိုတခုကမေးလို့ တိုတိုလေးဖြေရတယ်။ သိတာကလည်း နည်းနည်းသာ။ ရှစ်လေးလုံးနှစ်ပတ်လည် အမြင်။

ရှစ်လေးလုံးကနေ မွေးပေးလိုက်တာ တိုင်းပြည်ရဲ့လူဦးရေ ငါးပုံလေးပုံ ရှိမယ်။ မပါတာက လေးပုံတပုံ မဟုတ်ပါ။

အင်နယ်လ်ဒီက တိုင်းပြည်တာဝန်ယူနေနိုင်ပြီ။ တချို့လည်းလွှတ်တော်ထဲမှာ။ တချို့လည်း တခြားနိုင်ငံရေးပါတီတွေ ထူထောင်ထားကြတယ်။

အမတ်ဖြစ်မှ ဝန်ကြီးဖြစ်မှသာ ရှစ်လေးလုံးမှာပါခဲ့လို့ နေရာရတယ်လို့ ထင်ကြတာ မဟုတ်ပါ။

တခြားပါတီငယ်တွေ နေရာမရသေးတာက အချိန်မကောင်းသေးလို့။ တိုင်းပြည်အခြေအနေက ၇၅% ထက် လျော့လို့ကို မဖြစ်သေးလို့။ လူတော်တွေပါမှန်းသိပေမဲ့ နေရာမပေးနိုင်ကြသေး။

အမတ်တယောက်ထက်ပိုပြီး လုပ်နိုင်ကိုင်နိုင်သူတွေ တွေ့ပါတယ်။ မီဒီယာထဲမှာ၊ အနုပညာလောကထဲမှာ၊ စာပေနယ်ပယ်ထဲမှာ၊ လူမှုရေးလုပ်ငန်းတွေထဲမှာ။ တိုင်းပြည်ကို လွှတ်တော်တခုတည်းကနေသာ ကောင်းအောင် လုပ်ရတာမဟုတ်။

ရှစ်လေးလုံးကနေ မျိုးဆက်ကောင်းတခုကို မွေးထုတ်နိုင်ခဲ့တာကတော့ အမှန်။ နိုင်ငံရေးသတ်ပုံ မှန်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၅-၈-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...