Sunday, August 5, 2018

စို နှင့် ဆို

၁။ အပြာက ဘာကို ရည်ညွန်ပါသလဲ ခင်ဗျာ။

နားမလည်။ ဆောရီး။ ဘယ်ကအပြာလဲ မသိ။

စာလုံး နောက်ခံ back groung အရောင်ကို စိုလိုတာပါ ခင်ဗျာ။

ဆိုလိုတာလို့ ရေးရတယ်။ အရောင်စိုတယ်လို့ ရေးနိုင်တယ်။

၂။ ဒါစို ဘယ်သွေးအားတိုးဆေးသောက်ရင် အဆင်ပြေမလဲ

၃။ သမီးသားလေးက ခုစိုတတန်းတက်နေတာပါ သူများကလေးတေ တတန်းစို ငယ်သွားလဲနေပြီ

အဲတာတွေက နမူနာ။ စို နဲ့ ဆို မှားရေးရေးကြသူတွေက တပုံတခေါင်း။

စို
စိမ်းလန်းစိုပြေ
စိုစွတ်သည်
စိုစိုပြည်ပြည်
စိုစိုပြေပြေ
စိုရွှဲနေသည်
ရွှန်းရွှန်းစိုစို
အရောင်စိုသည်
ရေစိုနေသည်
မိုးစိုနေသည်

ဆို
စာဆိုတော်နေ့
ဆိုရှယ်လစ်စနစ်
ဝါဆိုလ
သီချင်းဆိုသည်
အဆိုတင်သွင်း
အဆိုအမိန့်
ပြောဆိုသည်
ပြောပြောဆိုဆို
ဆိုကြပါစို့ ခွဲရသည်က ခဏတာ
ဆိုပါအုန်း ဘာကိစ္စလဲ
သူဆိုရင် သိပ်တော်တာပဲ

စိမ်းရောင်စို တောင်ညိုကမှိုင်းဝေ့

မိုးစိုစိုမှာ သီချင်းဆိုနေသည်။

ဒေါက်တာတင့်ဆွေ

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...