Wednesday, August 8, 2018

ဘူရိဒတ် လင်္ကာ

ဘူရိဒတ်နဂါးမင်းမယ်တော်သည် သားတော်ကို မမြင်မတွေ့ရသဖြင့် လွမ်းမှိုင်တွေဝေပုံကို ဖွဲ့ဆိုခြင်း

တရှိုက်မက်မက်၊ တသက်သက်လျှင်၊ စက်လက်မျက်ရည်၊ ဆည်လည်းမတတ်၊ မိန်းသေပြတ်မျှ၊ ကြင်ဆွတ်လေလေ၊ အောက်မေ့ချေသော်၊ မပြေတို့နိုင်၊ ကမ်းနယ်ယိုင်လျက်၊ ရိပ်မြိုင်နန်းထဲ၊ နေစမြဲသား၊ သွေးခဲဘုန်းခေါင်၊ မယ်တော့်မောင်ကို၊ ပြောင်ပြောင်ဝင်းဝင်း၊ ဗိမာန်တွင်း၌၊ ဟင်းလင်းအချည်း၊ မြင်ကတည်းက၊ အူသည်းငြိမ့်ငြိမ့်၊ ကြောခြင်စိမ့်မျှ၊ နှစ်သိမ့်လွမ်းရူး၊ ပက်လက်မူးလျက်၊ အထူးရှေ့နောက်၊ တောင်မြောက်မသိ၊ မျက်စိမိုက်မိုက်၊ မှောင်တိုက်အသွင်၊ ယခုထင်ခဲ့၊ တိုင်ပင်နှိုင်းချက်၊ သားဝမ်းထွက်နှင့်၊ ဆိုတတ်မနီး၊ တဖျင်ကြီးသို့၊ ကိုယ်ထီးကျန်စွာ၊ ငါ့ကြမ္မာကား၊ ဇာတာဂြိုဟ်တန့်၊ မသန့်စန်းလဂ်၊ ရှေးဝိပါတ်ကြောင့်၊ ရေငှက်ဟင်္သာ၊ ရေမဲ့ရာ၌၊ မျက်နှာအောက်ချ၊ မှိုင်လည်တသို့၊ သားလှလုလင်၊ မျိုးလွန်းကြင်ကို၊ ဖူးချင်တောင့်တ၊ မတွေ့ရ၍၊ ကြောင့်ကြညှိုးချုံး၊ မရွှင်ပြုံးသည်၊ ကိုယ်လုံးသမ်းတို့စွတကား။

ရှင်မဟာရဋ္ဌသာရ ရေးသာတဲ့စာမှာ တစ်ရှိုက်မက်မက်၊ တစ်သက်သက်လျှင် မဟုတ်ပါ။ တစ်ဖျင်ကြီးသို့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...