Tuesday, August 7, 2018

လှိုင် နှင့် လိုဏ်

ဆေးကျောင်းသူငယ်ချင်းတယောက်က သူနေတဲ့အရပ်က အပူချိန်ကိုတင်ထားတယ်။ သူနေတာက လန်ဒန်နားမှာ။ အပူပြိုင် ဂူလှိုင်ထဲမှာ မဟုတ်လို့ ရေးလိုက်တယ်။ သူက ဂူလိုဏ်လည်းမဟုတ် ဂျူလိုင်လည်းကုန်ပြီ၊ မစံမှီပြောသလို ဆွေမတော် မျိုးမတော် ပူနိုင်ရန်ကောတော်တဲ့။

ကျွန်တော်ရေးတဲ့စာ သတ်ပုံမှားတာ ဖုန်းကနေရေးမိလို့ ခပ်ပေါ့ပေါ့ရိုက်မိတာလို့ အိတ်စကျုစ် မပြောလိုပါ။ ဂူလိုဏ်က မှန်တယ်။

သတ်ပုံမှာသူတွေက လှိုင်ပေါလယ်များတယ်။
လှိုင်မြို့ကို မရောက်ဖူးပါ။
ဖရင်းတွေကတော့ လှိုင်လှိုင်ပေါများတယ်။
မီးဖိုထဲက ဟင်းနံ့တွေ ကြိုင်လှိုင်နေပြီ။
ယောအတွင်းဝန် ဦးဘိုးလှိုင်စာတွေဖတ်ရတာ တန်ဖိုးရှိလှတယ်။
လှိုင်ထပ်ခေါင်တင်ရဲ့ စိန်ခြူးကြာညောင်ကို နားထောင်ချင်တယ်။

စိန်ခြူးကြာညောင် တီး - စောင်းဦးမြင့်မောင်၊ ဆို - ရီရီသန့် https://www.youtube.com/watch?v=sS-8JhUUxSg

ဒေါက်တာတင်ဆွေ

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...