Monday, August 6, 2018

ကတိသစ္စာ တည်သောခါဝယ်

ကျွန်တော်တို့ငယ်ငယ်ကတည်း အလွတ်ကျက်မှတ်ထားတဲ့စာမှာ မူကွဲတွေတွေ့နေရတယ်။

ကတိသစ္စာ တည်သောခါဝယ်
သြဇာလေးနက် ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏

သစ္စာနှုတ်သီး မာန္တာန်ကြီးကား
သေပြီးသော်မှ ရှင်ပြန်ရ၏

ကတိသစ္စာ တည်သောခါ၌နဲ့ ကတိသစ္စာ တည်သောခါမူလို့ ရေးနေကြတယ်။ သြဇာလေးနက်၊ ပေါ်စီတက်၍လို့ ရေးတာလည်းတွေ့တယ်။ စီ နဲ့ ဆီ မှားနေတယ်။

၁၆-၁-၂ဝ၁၁ နေ့က မေးပါတယ်။ ဆရာ ကတိသစ္စာ တည်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏ထဲက ပေါ်ဆီတက်ရဲ့ အဓိပ္ပါယ်ကိုမသိလို့ပါ။

ပေါ်ဆီတက်ဆိုတာ အပေါ်ကို အဆီကအထက်လာတာ။ အမြင့်ရောက်လာတာ။ ကျိုချက်စတဲ့ အားထုတ်မှုတခုခု လုပ်ပေးရင် ပိုကောင်းတာ၊ ပိုပြီး အာနိသင်ရှိတာကို ရစေတယ်။ အဲလိုရလာတာကို အဆီအနှစ်ထုတ်ယူတယ်လို့ ပြောနိုင်တယ်။ ဆီ၊ အဆီဆိုတာ ပေါ့ပါးလို့ အပေါ်တယ်တယ်။ အတွင်းထဲ အောက်ထဲကနေ အထက် အပြင်ကို ထွက်လာတာကိုလည်း အဆီအနှစ်ခေါ်တယ်။

ဒေါက်တာတင့်ဆွေ

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...