Sunday, August 5, 2018

ရုပ် ရုတ် ယုတ်

၁။ ဒေါက်တာရှင့် အဝတ်အစားတွေကို နေပူလှန်းတယ် စာလုံးပေါင်းသတ်ပုံကို ဇဝေဇဝါဖြစ်နေလို့ပါ ရုတ်/ယုတ်/ရုပ်/ယုတ် ဘယ်စာလုံးနဲ့ ရေးတာပါလဲရှင် ကျေးဇူးပြု၍ဖြေကြားပေးပါ

၂။ ဆရာရှင့်။ စာလုံးပေါင်းသတ်ပုံလေး မေးချင်လို့ပါ။ ရုံးစာရေးတဲ့နေရာမှာကို အမှားတွေမကင်းသေးလို့ပါရှင့်။ အမှန်အမှား ကွဲကွဲပြားပြားမသိသေးတာကပိုတယ် ပြောရမလိုပါပဲ။ ကျွန်မကိုယ်တိုင်ကိုက တခါတလေ အဲလို ဖြစ်တတ်လို့ပါ။ အစည်းအဝေး ရုတ်/ရုပ်သိမ်း ဘယ်စာလုံးကမှန်ပါသလဲရှင့်။ ပသတ်ကို တော်တော်များများ တွေ့နေရပေမယ့် ကျွန်မစိတ်ထဲ မသေချာလို့ပါ။

ရုပ်
တရုပ်စကားပင်
တရုပ်ပြည်
တရုပ်လူမျိုး
တရုပ်ပြေးမင်း
ယဉ်မင်းရုပ် (ယမင်းရုပ်)
ရုပ်ကလာပ်
ရုပ်ဆင်းသဏ္ဌာန်
ရုပ်ဆင်းအင်္ဂါ
ရုပ်တုဆင်းတု
ရုပ်ဓါတ်
ရုပ်နာမ်တရား
ရုပ်ပုံ
ရုပ်ပွါး
ရုပ်ဖျက်
ရုပ်ကြွ
ရုပ်ကြွင်း
ရုပ်ရည်သန့်
ရုပ်လှသည်
ရုပ်ဝါဒ
ရုပ်သိမ်း
ရုပ်သိမ်းသည်
ရုပ်ချော
ရုပ်ဖျောက်
ရုပ်ပြောင်
ရုပ်ပြောင်းရုပ်လွှဲ
ရုပ်ပြောင်းလဲခြင်း
ရုပ်ပြောင်ကာတွန်း
သဒ္ဒါရုပ်
သရုပ်ကွက်
အရုပ်ဆိုး
အရုပ်ထု
အရုပ်ရေး
အဝတ်ရုပ်
ကျောက်ဖြစ်ရုပ်ကြွင်း

ရုတ်
ငရုတ်သီး (ငြုပ်သီး)
ငရုတ်ကောင်း
ပရုတ်ဆီ
ဗရုတ်ဗရက်
ရုတ်ကနဲ
ရုတ်တရက်
ရုတ်တရက်
ရုတ်ခြည်း
ရုတ်ခြည်း
ရုတ်ရက်ခတ်
ရုတ်ရက်ခတ်သည်
ရုတ်ရုတ်မြည်သံ
ရုတ်ရုတ်မြည်သံ
ရုတ်ရုတ်ရက်ရက်
ရုတ်ရုတ်ရက်ရက်
ရုတ်ရုတ်သဲသဲ
ရုတ်ရုတ်သဲသဲ

ယုတ်
ဆုတ်ယုတ်
ယုတ္တိတန်
ယုတ္တိယုတ္တာ
ယုတ်ကန်း
ယုတ်စွအဆုံး
ယုတ်ညံ့
ယုတ်တိယုတ်မာ
ယုတ်ပတ်
ယုတ်မာ
ယုတ်လျော့
အားယုတ်

သင်ပုန်းကြီးစာတွေက မကြာခဏပြောင်းတယ်။ ကျွန်တော်တို့သူငယ်တန်းမှာ င ငပုဏ္ဏား ဟင်းချက်စား။ သတ်ပုံစာအုပ်ဟောင်းတွေမှာ ငရုတ်လည်းမပါ၊ ငြုတ်လည်းမပါ။ မြန်မာ့စွယ်စုံကျမ်းမှာ ငရုတ်လို့ ရေးပါတယ်။ ကြားထဲကာလမှာ ငြုတ်လို့ ရေးကြသေးတယ်။

တရုပ်ကို တသတ်မှမှန်တယ်ထင်တာ မှားတယ်။ တရုပ်ပြည်မှာ ငရုတ်သီးစားတာကို အားယုတ်စေတယ်လို့ မပြောပါ။

ဒေါက်တာတင့်ဆွေ

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...