Monday, August 6, 2018

Boat People တလှေတည်းစီး

ရှစ်လေးလုံး နှစ်သုံးဆယ်နေ့ရက်တွေမှာ ရှစ်လေးလုံးမှာ တနည်းနည်းနဲ့ပါခဲ့ကြသူတွေ ပြည်ပတနေရာစီမှာ နည်းတမျိုးစီနဲ့ တွေ့ရတယ်။ ကနေဒါမှာတော့ အခမ်းအနားလုပ်တယ်တဲ့။ ကနေဒါကို တကြိမ်သာရောက်ဖူးတယ်။ အလည်သွားတာ မဟုတ်ပါ ဒီမိုကရေစီရေးပါပဲ။ ဖိတ်ကြားဧည့်ခံသူတွေကို အခုထိ ကျေးဇူးတင်နေတယ်။

ကျွန်တော် နော်မန်ဗက်သွန်းအကြောင်းလည်း ခပ်တိုတိုလေး ရေးဘူးတယ်။ တရုပ်ပြည်မှာ စွန့်စွန့်စားစား စေတနာ အပြည့်နဲ့ သွားရောက်ကူညီခဲ့တဲ့ ကနေဒါဆရာဝန်။ ဒုတိယ တရုပ်-ဂျပန်စစ်ပွဲမှာ ခေတ်မီဆေးပညာနဲ့ တရုပ်ပြည် တောပိုင်းကိုသွားပြီး ဆေးကုသပေးခဲ့တယ်။ သူရဲ့ကိုယ်ကျိုးမဖက် တရုပ်ဆင်းရဲသားတွေကို ဆေးပညာနဲ့အကူအညီပေးလို့ မော်စီတုန်းကစပြီး ကနေ့တရုပ်နိုင်ငံသားတိုင်းကပါ ဒေါက်တာဗက်သွန်းကို လေးစားချစ်ခင်နေကြပါတယ်။

ကျွန်တော် ကနေဒါလှေလှော်သီချင်းကိုလည်း ဘာသာပြန်ထားသေးတယ်။
• ညနေဂီတ တိုးညင်းသံ ခပ်ဖေါ့ဖေါ့
• တို့အသံတွေက လှော်တက်သံနဲ့နော့
• ကြာလေကြာလေ တောအုပ်ကမ်းစပ်နဲ့ ဝေးလေပေါ့

A Canadian Boat Song ကနေဒါ လှေလှော်သီချင်း https://doctortintswe.blogspot.com/2015/12/a-canadian-boat-song.html

ဒေါက်တာတင့်ဆွေ
၅-၈-၂ဝ၁၈

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...